Impression of Myanmar-IMM

Impression of Myanmar-IMM Childish interest

ဒီမိုးပေါ့...ပတ်ဒုက္ခပေးနေတာ😌
22/09/2024

ဒီမိုးပေါ့...ပတ်ဒုက္ခပေးနေတာ😌

ဖေဖေမေမေတို့ရေ ...  😍အင်ဂျင်နီယာ လုပ်ရတာ ကိုဝါသနာပါတဲ့ လေးဘီလေး‌တို့အတွက် ခိုင်ခံ့ပြီး ချစ်စရာကောင်းတဲ့ ‌ေမြကော်ကားများက...
30/08/2023

ဖေဖေမေမေတို့ရေ ... 😍

အင်ဂျင်နီယာ လုပ်ရတာ ကိုဝါသနာပါတဲ့ လေးဘီလေး‌တို့အတွက် ခိုင်ခံ့ပြီး ချစ်စရာကောင်းတဲ့ ‌ေမြကော်ကားများကို Impression of Myanmar မှာဝယ်ယူရရှိနိုင်ပြီနော် ။ 😊

ဆက်သွယ်မှာယူလိုပါကImpression of Myanmar page ရဲ့messanger မှာဝယ်ယူအားပေးနိုင်သလို Hotline -09-686-150-499သို့ဆက်သွယ်မှာ ယူအားပေးနိုင်ပါတယ်နော်။

ကလေးက ထမင်းမစား လို့စိတ်ညစ်နေတဲ့ မိဘများအတွက် သတိထားသင့်တဲ့ အချက်တွေ မျှဝေပေးချင်ပါတယ်။ 👉ထမင်း တစ်နပ် နှင့် တစ်နပ်ကြားမှ...
29/08/2023

ကလေးက ထမင်းမစား လို့စိတ်ညစ်နေတဲ့ မိဘများအတွက် သတိထားသင့်တဲ့ အချက်တွေ မျှဝေပေးချင်ပါတယ်။

👉ထမင်း တစ်နပ် နှင့် တစ်နပ်ကြားမှာ ကလေးကို သရေစာ မကျွေးပါနဲ့ (ဘယ်အချိန်ကျွေးရမလဲဆိုတော့ ညစာစားပြီး ကျွေးချင်ရပါတယ်၊ ပြီးလျှင် သွားသေချာတိုက်ခိုင်းပါ။)
👉လူကြိုက်များအောင် တမင်ပြုပြင်ထားသော အရသာ ခပ်ပြင်းပြင်းတွေ ချိုလွန်း ချဉ်လွန်း သောအရာမျိုးတွေ မကျွေးရပါ။ ကလေးက အဲဒါမျိုးတွေ အရသာ တွေ့သွားရင် ပုံမှန် ထမင်း ဟင်းကို ငြီးငွေ့သွားပါတယ်
👉 အစာစားခါနီး ရေအများကြီး မတိုက်ပါနဲ့
👉 ကလေးကို အချို သိပ်မကျွေးပါနဲ့
👉 ကလေးကို လမ်းများများ လျှောက်ခိုင်းပါ။ လှုပ်လှုပ်ရှားရှား နေခိုင်းပါ။ အဲဒါဆို ကလေးက အစာစားချင် လာပါလိမ့်မယ်။

မိဘ တွေစိတ်ထဲမှာ အမြဲတွေးထားရမှာက "ဗိုက်ဆာလျှင် ဘာမှ မစားတဲ့လူဆိုတာ မရှိပါဘူး" ဆိုတာပါ။

အစာဂျီးများတဲ့ ကလေး ဖြစ်လာတာ မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုပေါ် မှာလည်း အများကြီးမူတည်ပါတယ်တဲ့ ။ ဒါကြောင့် အပေါ်က ဖော်ပြထားတဲ့ အချက်တွေအတိုင်း လုပ်ဖြစ်ရဲ့လား ပြန်ဆန်းစစ်ကြည့်လို့ရပါတယ်။

Credit to Original Uploader

မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မွေးရာပါ အမှတ်တွေများ Birth marks မှ တစ်ခု အကြောင်းလေးကို ဗဟုသုတ အနေနဲ့ knowledge sharing...
27/08/2023

မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မွေးရာပါ အမှတ်တွေများ Birth marks မှ တစ်ခု အကြောင်းလေးကို ဗဟုသုတ အနေနဲ့ knowledge sharing လုပ်ပါရစေ😊

မွေးကင်းစကလေးတွေမှာ မွေးရာပါ အမှတ်လို့ခေါ်တဲ့ birth marks တွေ အများကြီးထဲမှာမှ Port-w**e stain (Nevus Flammeus) လို့ခေါ်တဲ့ မွေးရာပါအမှတ် အကြောင်းလေးပါ၊ သူကဘာလို့ဖြစ်တာလဲဆိုရင် အကြောင်းအရင်း က တော့ vascular anomaly ( capillary malformation of the skin) မွေးရာပါ အရေပြားသွေးကြောများခြင်းကျယ်ခြင်း ကြောင့်ပါ၊ မွေးရာပါဆိုတဲ့အတိုင်း မွေးမွေးပြီးချင်း ကလေးအရေပြားပေါ်မှာ at birth မွေးကတည်းက ပါလာတာပါ ၊ ဒါပေမဲ့ မွေးကတည်းကလို့ဆိုပေမဲ့ တချို့အမှတ်တွေက မွေးပြီး တစ်ပတ်လောက်အတွင်းမှာမှလည်းပေါ်လာတတ်ပါတယ်၊ စပေါ်တုန်းက အနီရောင်ဖျော့ဖျော့လေးကနေမှ ရက်ကြာလာတာနဲ့အမျှ အနီရောင်ပိုရင့်လာပြီး ပိုများ ပိုပွားလာတတ်ပါတယ်၊ တချို့အမှတ်ဆိုရင် ခရမ်းရောင် ပြောင်းပြီး အရေပြား ထူလာတာတွေလည်း ရှိပါတယ်၊ 🍷 w**e လိုမျိုး အရောင်နဲ့တူတဲ့ အမှတ်မို့လို့ Port-w**e stain လို့ခေါ်ပါတယ်၊

မျက်နှာတခြမ်း၊ နှာဖူး၊ မျက်လုံးမှာ ပေါ်တာ ပိုများပါတယ်၊ ခန္ဓာကိုယ်အနှံ ့ မည်သည့်နေရာမှာ မဆိုတွင်လည်း ပိုနိုင်ပါတယ်၊ ဉပမာ လက်၊ ခြေထောက်၊ ကျောကုန်း၊ ဂုတ် အစရှိတဲ့ နေရာတွေမှာလည်း ပေါ်နိုင်ပါတယ်၊

မျက်နှာတခြမ်းမှာ ပေါ်တဲ့ Port-w**e stain တွေက Sturge-Weber Syndrome လို့ခေါ်တဲ့ ရောဂါအစုလိုက်နဲ့ တွဲတတ်ပါတယ် ( အမှတ်ပါမယ် + ကလေးအတက်ရောဂါရှိမယ် + မျက်စိတိမ်ဖြစ်မယ် )
Port w**e stain အတွက်ကတော့ လေဆာကုသမှု၊ ကလေးတက်ရင် ကလေးဆရာဝန်နဲ့ပြ ၊ မျက်စိအတွက် မျက်စိဆရာဝန်ပြရပါမယ်၊

လက်တွေ ခြေတွေမှာ ပေါ်တဲ့ Port- w**e stain တွေကျတော့ Klippel-trenaunay Syndrome တွေနဲ့ တွဲတတ်ပါတယ်၊ နောက်ပိုင်းမှာ ‌ေြခထောက်တဖက်နဲ့ တဖက် မညီတာ၊ လက်တစ်ဖက်နဲ့ တစ်ဖက် မညီတာတွေ ဖြစ်လာတတ်ပါတယ်၊

လက်တွေ ခြေတွေမှာ မွေးမွေးပြီးချင်း မပေါ်ဘဲနဲ့ ၃-၄ ရက်လောက်၊ တပတ်လောက် နေမှ ပေါ်လာတဲ့ port w**e stain မွေးရာပါအမှတ်တချို့တွေသည် မိဘ နဲ့ ဆရာဝန်/ဆရာမတွေကြားမှာ ပြဿနာ၊ နားလည်မှုတချို့ဖြစ်စေတတ်ပါတယ် ၊

ဉပမာ-တချို့က‌ေလး‌ေတွက birth marks က မွေးကတည်းက မပေါ်ဘဲ ၃-၄ ရက်လောက်မှ ပေါ်လာတဲ့ birth marks ဆိုရင် ဒီလို ပြဿနာလေးတွေ ဖြစ်တတ်ပါတယ်၊
သူနာပြု ဆရာမက ကလေးကို တခြား‌ေရာဂါအကြောင်းတခုခုကြောင့် လိုအပ်လို့ သွေးဖောက်လိုက်လို့ သွေးဖောက်တဲ့ လက်ဖက်က နောက် ၃-၄ ရက်မှာ နီလာတယ်၊ကံဆိုးချင်တော့ ဖောက်တဲ့ဖက် နဲ့ birth marks ပေါ်တဲ့ဖက်က သွားတူနေတယ်၊ တဖက်တည်းဖြစ်နေတယ်၊ မိဘတွေ အမြင်မှာ သူနာပြု ဆရာမ လုပ်လိုက်လို့ ကလေးလက်က အဲ့လိုမျိုး ဖြစ်သွားတယ်ပေါ့။ birth marks စပေါ်လာတဲ့ အချိန်နဲ့ သွေးဖောက်တဲ့လက်တိုက်ဆိုင်သွားရင်... ထိုတိုက်ဆိုင်မှု‌ေြကာင့် အထင်လွဲ အမြင်လွဲတွေ ဖြစ်လာနိုင်ပါတယ်၊ သွေးဖောက်ပြီး တပတ်လောက်ကြာမှာ သွေးဖောက်လို့ ဖောက်တဲ့အပ်က မသန့်လို့ ရဲလာတယ်လို့၊ သူနာပြုဆရာမ ဖောက်တာကြမ်းလို့ ကလေးလက်ကနီရဲသွားတယ်လို့ မိဘတွေက အမြင်မှားတတ်ကြပါတယ်၊ birth marks ကလည်း စပေါ်တဲ့ အရောင်ကနေ ရက်ကြာလာရင် တဖြည်းဖြည်းအရောင်ပြောင်းလာတတ်တာဆိုတော့...

သွေးဖောက်လို့ မသန့်လို့ ပိုးဝင်သွားရင် cellulitis ဖြစ်သွားရင် အရမ်းသိသာပါတယ်၊ ကလေးက ဖျားမယ်၊ နို့မစို့နိုင်ဘူး၊ နာတဲ့အတွက် တချိန်လုံးငိုမယ်၊ အသားဝါမယ်၊ အဖျားကြီးမယ်၊ မလန်းဘူး၊ အီမယ်၊

ခုနကပြောတဲ့ တိုက်ဆိုင်မှုကြောင့်ဆိုရင်တော့ အမှတ်ပါတဲ့ လက်က နီနေတာပိုများလာတာ၊ တခါတလေ ခရမ်းရောင်ဖက်ပြောင်းသွားတာကလွဲလို့ ကျန်တဲ့ ဖျားခြင်း၊ နာခြင်း၊ နို့မစို့နိုင်ခြင်းအစရှိတဲ့ လက္ခဏတွေကို ကလေးမှာ တွေ့ရာမှာ မဟုတ်ပါဘူး၊ Port w**e stain ရှိတာကလွှဲပြီး ကျန်တာဘာလက္ခဏာမှ ကလေးမှာ ရှိမှာ မဟုတ်ပါဘူး၊ ဒါကြောင့် မိဘများအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာပြသသင့်ပါတယ်၊ ရက်ချိန်းပုံမှန်ပြသင့်ပါတယ်၊

နောက်ပြီး ထို birth marks အမှတ်တွေကို ရွာတွေနယ်တွေမှာ မသိတဲ့ နားမလည်တဲ့ ရမ်းကုတွေနဲ့ ပြသမိရင် ရောဂါရှိတယ် ပိုးဝင်တယ်ဆိုပြီး အပ်တွေထပ်ထိုး ၊ ပိုးသတ်ဆေးတွေထိုး၊ မြန်မာဆေးလိမ်းဆေးတွေ၊ ဆေးတို့ပတ်လျှောက်လိမ်းရင်တော့ ကလေးရောဂါပိုဆိုးဖို့ပဲဖြစ်လာမှာပါ၊

Port w**e stain မွေးရာပါအမှတ်ကို laser therapy နဲ့ အရောင်ဖျော့အောင် ကုသလို့ရပါတယ်၊ သူ့ဘာသူတော့ မပျောက်ပါဘူးတဲ့၊ အသက်ကြီးတဲ့အထိ ပါပါတယ်၊ တခါတလေ ပိုထူ ပိုမည်း ပိုများလာတတ်ပါတယ်၊ တချို့သော မွေးရာပါအမှတ် Port w**e stain သည် ကြည့်ရတာ အမြင်တမျိုးဖြစ်နေတာကလွဲလို့ အန္တရာယ်မရှိပါဘူး၊ တခြားသော မွေးကင်းစမွေးရာပါအမှတ်လေးတွေလည်း အများကြီးရှိပါသေးတယ်တဲ့ဗျာ။



ရန်ကုန်၊ မန္တလေး၊ မကွေး မြို့မှ မှာယူအားပေးသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏 ...
24/08/2023

ရန်ကုန်၊ မန္တလေး၊ မကွေး မြို့မှ မှာယူအားပေးသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏




ဖေဖေမေမေတို့ရေ .....ဘေဘီလေး တို့ စိတ်ကြိုက်စီးလို့ရတဲ့ Three Wheel Bike တွေကို IMM မှာပစ္စည်း မှန်‌စျေးနှုန်းမှန် ဖြင့်ဝ...
22/08/2023

ဖေဖေမေမေတို့ရေ .....

ဘေဘီလေး တို့ စိတ်ကြိုက်စီးလို့ရတဲ့ Three Wheel Bike တွေကို IMM မှာပစ္စည်း မှန်‌စျေးနှုန်းမှန် ဖြင့်ဝယ်ယူရရှိနိုင်ပါပြီနော် 😊

ဆက်သွယ်မှာယူလိုပါက
Hotline: 09-686 150 499 သို့ ဆက်သွယ်မှာယူနိုင်တဲ့အပြင်
Impression of Myanmar page ရဲ့ Messenger မှာလည်းဆက်သွယ်မှာယူအားပေးနိုင်ပါတယ်နော်။


ကလေး ချက်ကြိုးကို မိဘတွေအနေနဲ့ ဘယ်လို ပြုစု ကုသရမလဲ?ဖေဖေမေမေ တို့ရေ....ကလေးချက်တိုင်ကို မကိုင်မီ လက်ကို သေချာ သန့်စင်စွာ...
20/08/2023

ကလေး ချက်ကြိုးကို မိဘတွေအနေနဲ့ ဘယ်လို ပြုစု ကုသရမလဲ?

ဖေဖေမေမေ တို့ရေ....

ကလေးချက်တိုင်ကို မကိုင်မီ လက်ကို သေချာ သန့်စင်စွာ ဆေးကြောဖို့လိုပါတယ် ။ မွေးကင်းစကလေးတွေရဲ့ ချက်ကြိုးကို သန့်ရှင်းပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်တဲ့ဗျာ။ ရေသန့်နဲ့ ဂွမ်းလုံးလေးတွေ သုံးပြီးတော့ ချက်ကြိုးရှိတဲ့ တစ်ဝိုက်ကို သန့်စင်ပေးရပါမယ်။ ချက်ကြိုးဟာ ကလေးရဲ့မစင်တွေ ရှူးတွေနဲ့ ပေခဲ့မယ်ဆိုရင်တော့ PH မျှတစွာ ပါတဲ့ cleanser တစ်မျိုးနဲ့ ဆေးကြောပေးသင့်ပါတယ်။ ပိုးသတ်ဆေးတွေ အရက်ပြန်တွေ သုံးဖို့ မလိုပါဘူး။ အရက်ပြန်တွေ၊ ဆေးရည်တွေက ချက်ကြိုးကြွေတာကို ပိုကြာစေလို့ပါပဲ။
ချက်ကြိုးကို Diaper နဲ့ တတ်နိုင်သမျှ မဖုံးပဲထားရင် ပိုကောင်းပါတယ်။ ချက်တိုင်နေရာက ရောင်းရမ်းမယ်၊ အနံ့နံမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်တဲ့ဗျာ ။
ကလေးတွေရဲ့ချက်ကြိုးဟာ အများအားဖြင့် တစ်ပါတ် 10ရက် လောက်မှာ ကြွေလေ့ရှိကြပါတယ်။



ဖေဖေမေမေတို့ရေ....ကလေးတွေဟာ  ငိုတိုင်း ဗိုက်ဆာလို့ ငိုတာမဟုတ်ပါဘူးတဲ့ဗျာ။ သူတို့ တခုခုကြောင့် နာကျင်နေလို့ပဲဖြစ်ဖြစ်၊ သူ...
19/08/2023

ဖေဖေမေမေတို့ရေ....

ကလေးတွေဟာ ငိုတိုင်း ဗိုက်ဆာလို့ ငိုတာမဟုတ်ပါဘူးတဲ့ဗျာ။ သူတို့ တခုခုကြောင့် နာကျင်နေလို့ပဲဖြစ်ဖြစ်၊ သူတို့ မေမေ ကိုခေါ်ချင်လို့ပဲ ဖြစ်ဖြစ် ငိုရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်တဲ့ ။ မိဘအများစုက ကလေးငိုပြီဆိုလျှင် အစာကျွေး/နို့တိုက်ပြီး နှစ်သိမ့်တတ်တာများပါတယ်။ အဲလိုပြုလုပ်ခြင်းက အလွန်အကျွံ ကျွေးမိတာမျိုးဖြစ်စေနိုင်ပြီး အစာအိမ် မအိမသာဖြစ်ခြင်း၊ လေထိုးခြင်း နှင့် အစာ/ နို့အန်ခြင်းများ ဖြစ်စေပါတယ်။

ဒါကြောင့် ငိုနေပေမဲ့ အစာမစားချင်/ နို့မစို့ချင်ဘူး ထင်ရလျှင် အတင်း မကျွေးနှင့်။ ကလေးငိုတဲ့အခါ တခြားအကြောင်းအရင်း တွေလည်းစဉ်းစားကြည့်ပါ။



မန္တလေး မြို့တွင်း နှင့် ရန်ကုန် မြို့မှ  မှာယူအားပေးသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်ခ...
17/08/2023

မန္တလေး မြို့တွင်း နှင့် ရန်ကုန် မြို့မှ မှာယူအားပေးသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏




Address

68st, Myawaddy Mingyi Road, Pyigyidagon Tsp, Mandalay
Madaya

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+9595231096

Website

Alerts

Be the first to know and let us send you an email when Impression of Myanmar-IMM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category