M & T Online shop

M & T Online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M & T Online shop, Shopping & retail, Magway.

06/12/2023
မြန်မာ၀တ်စုံ❤️❤️
30/07/2023

မြန်မာ၀တ်စုံ❤️❤️

" အရင်ကတော့ သူ့ကောင်မလေးကို သူတော်တော်ချစ်တဲ့ပုံဟဲ့ ၊အခုတော့ ကောင်မလေးကပဲ ပြတ်မှာကြောက်လို့ လိုက်တွယ်ကပ်ရတဲ့ပုံဖြစ်နေပြီ...
05/07/2022

" အရင်ကတော့ သူ့ကောင်မလေးကို
သူတော်တော်ချစ်တဲ့ပုံဟဲ့ ၊
အခုတော့ ကောင်မလေးကပဲ ပြတ်မှာကြောက်လို့ လိုက်တွယ်ကပ်ရတဲ့ပုံဖြစ်နေပြီ " တဲ့။

အဲ့စကားကြားတော့ တော်တော်သံဝေဂရမိတယ်။

လောကမှာ မစောင့်ပေးတတ်တဲ့လူတွေရှိသလို
မစောင့်ပေးသင့်ခဲ့တဲ့လူတွေဟာလည်း ‌
ဧကန်အမှန်မှရှိပါတယ်။

ငွေကြေးမချမ်းသာလို့ ၊ မပြည့်စုံလို့ဆိုတဲ့အကြောင်းပြချက်များစွာနဲ့ ထားရစ်ထွက်ပြေးသွားတတ်တဲ့လူတွေကြောင့် ကြိုးစားဆဲ
၊ရုန်းကန်နေဆဲလူတွေဟာ ဘဝပျက်ရသလို၊

ငါ့ချစ်သူက ကြိုးစားဆဲမို့ပါ၊
ငါ့ချစ်သူက ငါ့အပေါ်စေတနာရှိပါတယ်။
သူမတတ်နိုင်လို့ပါ၊ သူတတ်နိုင်တဲ့အခါ
ငါနဲ့ပဲဘဝကိုတည်ဆောက်မှာလို့ ယုံကြည်ချက်ထားပြီး စောင့်နေပေးခဲ့တဲ့လူတွေအတွက်ကျလည်း
တစ်ချို့သောချစ်ခြင်းမေတ္တာတွေဟာ
မထိုက်တန်လွန်းအားကြီးတယ်။

ဒီစကားဟာ အားလုံးပေါ်ဆိုလိုတာမဟုတ်ပါဘူး။
ဒါပေမယ့် တွေးကြည့်လိုက်။

အရင်က လစာ ၃ သိန်းပဲရမယ်
အခုလစာ သိန်း ၃၀ရတယ်။
အရင်ကမနက်စာ ထမင်းကြမ်းခဲနဲ့ ရေနွေးကြမ်း၊
အခုမနက်စာ ဆီဦးထောပတ်။

ဒါကြောင့်ဘဝက ကြိုးစားရင်ကြိုးစားသလို
အမြဲပြောင်းလဲနေလိမ့်မယ်လို့ပြောလို့ရတာပဲ။

သို့သော်. . . . .
အဲ့အရာတွေအပေါ် ခံစားချက်ပါလိုက်ပြောင်းလဲပြီး သွေးကြီးသွားတတ်တဲ့လူတွေကြောင့်တော့
တကယ်သိက္ခာရှိရှိ စောင့်နေပေးခဲ့သူတွေမှာ
အချိန်တွေရော၊ နှစ်တွေရော၊ ခံစားချက်တွေနဲ့ပါရင်းပြီး အရာရာဆုံးရှူံးသွားရတာဟာ
တကယ်နှမြောစရာကောင်းလွန်းတယ်။

ရှင်းတယ်. . . . .

" အရင်စိတ်၊ အရင်ပုံစံနဲ့ပဲ ပြန်မလာနိုင်ရင်
မစောင့်ခိုင်းနဲ့ "

စောင့်နေပေးခိုင်းပြီးရင်လည်း အချိုးတွေပြန်ပြောင်းမလာနဲ့။

" လောကမှာ ချစ်ခြင်းမေတ္တာစစ်နဲ့
စောင့်ကြိုနေမယ့် လူတစ်ယောက်ရှိတာလောက်
အပန်းပြေနွေးထွေးစေတာ မရှိဘူးဆိုတဲ့အကြောင်း

တစ်နေ့နေ့မှာ ငွေထုတ်ကြီးပိုက်ပြီး
လူတွေဆီက ရှောင်ပြေးနေရတဲ့အချိန် သိလိမ့်မယ် "

ထွက်သွားတဲ့သူ ၊
တိုးထွက်ပျံသန်းနိုင်သွားခဲ့သူတွေဟာ တန်ဖိုးတက်သွားသလို
ဒါကလည်း ရပ်စောင့်နေခဲ့သူ၊
မပြောင်းမလဲရှိနေပေးခဲ့သူတွေရဲ့ နှစ်ခါပြန်မရနိုင်တဲ့ အရည်အချင်းပါပဲ။

ပြန်လာချိန်ကျမှ . . . . .
ငွေကြေးကြောင့် စိတ်ဓာတ်နဲ့၊စရိုက်တွေ
အစစအရာရာ ပြောင်းလဲသွားတာတော့
အပေါစားဆန်ပြီး လွယ်လွန်းပါတယ်။

#နေမီကျော်

မေတ္တာတရားရှိတဲ့အရပ်မှာပဲအားနည်းချက်တွေကို ငါချပြလိုတယ်။ငါမှားခဲ့ရင်တောင် မဝေဖန်ဘဲအကျိုးအကြောင်းထောက်ပြ လမ်းမှန်ပို့တတ်တ...
23/06/2022

မေတ္တာတရားရှိတဲ့အရပ်မှာပဲ
အားနည်းချက်တွေကို ငါချပြလိုတယ်။

ငါမှားခဲ့ရင်တောင် မဝေဖန်ဘဲ
အကျိုးအကြောင်းထောက်ပြ လမ်းမှန်ပို့တတ်တဲ့ လူတွေကြားမှာပဲ ငါဆိုးဝံ့တယ်။

လူတွေအကြောင်းကို သိလာလေ
ငါစိတ်လွတ်လက်လွတ် နေရတဲ့ ရပ်ဝန်းလေးဟာ ကျဉ်းမြောင်းလာလေပဲ။

အားနည်းတဲ့လူဘက်က ရပ်မဲ့လူမရှိတဲ့ကမ္ဘာမှာ
ငါဟာ အားကြီးအောင်ကြိုးစားသင့်တယ်ဆိုပေမဲ့ တစ်ကိုယ်ကောင်းသမားတော့ ငါမဖြစ်လိုဘူး။

နာကျင်အောင်လုပ်ပြီးခါမှ နာသွားသလားဆိုပြီး
မျက်ရည်တုတွေနဲ့ မေးတဲ့လူတွေကြား အဆင်ပြေပါတယ်လို့ ဖြေတတ်အောင် လေ့ကျင့်ရမယ်။

‌ကမ္ဘာပေါ်မှာလူတွေအများကြီးရယ်
ဘယ်လိုအခြေအနေဖြစ်ပါစေ ကိုယ့်ဘက်မှာရှိမယ့်သူက လူနည်းစုသာရှိတယ်မဟုတ်လား။

ဘေးကလူတွေကိုတန်ဖိုးထားရင်း
ပြိုလဲမှပြုံးနိုင်မယ့် ရန်သူတွေကို အံတုရင်း နေသားကျအောင်နေရမှာပဲ ဘဝဟာဒီလိုပါပဲ...။

မသိခြင်းဟာ ချမ်းသာ​​ခြင်း တစ်မျိုးပဲ...တခါတလေ တချို့ကိစ္စတွေဟာမသိခဲ့ရင်ပိုကောင်းမှာပဲလို့ တွေးမိတယ်။သို့ပေမဲ့ မသိခဲ့ရင်လ...
27/04/2022

မသိခြင်းဟာ ချမ်းသာ​​ခြင်း တစ်မျိုးပဲ...
တခါတလေ တချို့ကိစ္စတွေဟာမသိခဲ့ရင်
ပိုကောင်းမှာပဲလို့ တွေးမိတယ်။

သို့ပေမဲ့ မသိခဲ့ရင်လည်း ဆက်လက်ပြီးအရူးလုပ်ခံနေရရုံပဲပေါ့။သိသွားတော့ကောဘာဖြစ်လဲ
အဲ့တစ်စုံတစ်ယောက်နဲ့ပတ်သက်သမျှ
ချစ်စိတ်တွေ၊လေးစားစိတ်တွေ၊ယုံကြည်စိတ်တွေ အားလုံး ပျက်ပြယ်ခဲ့ရတယ်။

ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်းဟာ
အမြဲတမ်း လမ်းဆုံကျတယ်
ခွင့်မလွှတ်နိုင်တဲ့အခါ စွန့်လွှတ်လိုက်ရတယ်။

21/04/2022

သုံးပွင့်ဆိုင်မှာ
ဖောက်ပြန်လိုက်တဲ့သူကပဲ
အဓိက အပြစ်ရှိတာနော်

ဒီနေ့ တွေ့လိုက်တဲ့ ဖောက်ပြန်မှု တစ်ခုမှာ
တဖက် မိန်းမက အတင်းတိုးဝင်တာ
အဆင့်အတန်း မရှိဘူးဆိုပြီး
ပထမ အမျိုးသမီးရဲ့ ညီအစ်မတွေက
ဝိုင်းပြီး အပြစ်တင်နေကြတာ ။

သူတို့ ခဲအိုဟာ သိပ်တော်ပြီး သိပ်ကောင်းတယ်
ဒုတိယ အမျိုးသမီးက ဘယ်လို မြူဆွယ်လို့
ဘယ်လိုတွေ လုပ်ပြလို့ ပါသွားတာလဲ မသိဘူး တဲ့ ။

သိပ်တော်ပြီး သိပ်ကောင်း သိက္ခာရှိတဲ့ သူက
မြူဆွယ်တိုင်း မပါဘူး ။ လာရောတိုင်း မသာယာဘူး ။
အစထဲက ဗီဇ ရှိတဲ့သူမို့ ဖောက်ပြန်တာ
ဖောက်ပြန်ချင်တဲ့သူမှာ အကြောင်းပြချက် မရှိဘူး

လက်ရှိလူထက် နောက်လူက ပိုချောလို့လည်း မဟုတ်ဘူး
လက်ရှိလူထက် နောက်လူက ပိုသာလို့လည်း မဟုတ်ဘူး
နောက်လူက အမြှူကောင်းလို့လည်း မဟုတ်ဘူး
ဘာကြောင့်မှ မဟုတ်ဘဲ
သူ့စိတ်ကိုက လူတစ်ယောက်နဲ့ ကြာကြာ လက်မတွဲချင်တာ ။

ကုန်ကုန်ပြောရရင်ကွယ်
အဆင့်အတန်း မရှိလို့ဖောက်ပြန်တာ
အောက်တန်းစားစိတ်မို့ ဖောက်ပြန်တာ
တစ်ယောက်ထဲ မလုံလောက်လို့ ဖောက်ပြန်တာ

သူက ကိုယ့်ဆီက လုယူသွားတာ မဟုတ်ဘူး
ကိုယ့်လူက ငမ်းငမ်းတက်သွားချင်နေတာ
သူက ကိုယ့်ဆီက စနှိုက်ကြော်သွားတာ မဟုတ်ဘူး
ကိုယ့်လူကိုက ခြံခုန်ချင်နေတာ

ဖောက်ပြန်ခံလိုက်ရတာနဲ့ သိထားရမှာက
ငါ မကောင်းလို့ မဟုတ်ဘူး
သူက ပိုကောင်းလို့ မဟုတ်ဘူး
ကိုယ့်လူကိုက တိရစ္ဆာန် စိတ်ပေါက်နေလို့
ဆိုတာလေးပါပဲ ။

အရင်က ရေးဖူးသလိုပေါ့
စနှိုက်ကြော်ဖို့အတွက် တဏှာကို
သိက္ခာထက် ဦးစားပေးတဲ့ ယောက်ျား တစ်ယောက်ပဲ လိုတာ

သိက္ခာရှိပြီး လူကြီးလူကောင်းဆန်တဲ့
အမျိုးသားတွေဟာ လူမှုရေးဖောက်ပြန်တာမျိုး
ဘယ်တော့မှ မလုပ်ကြဘူး ။

မြူဆွယ်လို့ ပါတယ်ဆိုထဲက
အဲဒီလူရဲ့ အဆင့်အတန်းကို
ခန့်မှန်းကြည့်လို့ ရနေပြီ မဟုတ်လား

အောက်တန်းကျတဲ့ လူဟာ
သူနဲ့ အဆင်ပြေ သင့်တော်တဲ့ နေရာမှာပဲ
အခြေချမှာ ။ စနှိုက်ကြော်နဲ့ ပါသွားတယ်ဆိုထဲက
ကိုယ့်လူက သိက္ခာမဲ့တဲ့ လူမို့လို့ပဲ ။

တန်ဖိုးနဲ့ သိက္ခာနဲ့ နေတဲ့သူကို
ဘယ်စနှိုက်ကြော်ကမှ မချဉ်းကပ်ရဲဘူး
ချဉ်းကပ်လာသည်ပဲ ထားအုံး
အဲဒီ မိန်းမတွေဆီ ပါသွားမှာ မဟုတ်ဘူး

အဲဒီတော့ ငါ့အမျိုးသား နုနုထွက်ထွက်ကလေးကို
အောက်တန်းစားမ က စနှိုက်ကြော်သွားတယ် လို့
ပြောရင် ကျွန်မ အရမ်းရယ်ချင်တာ ။

တူရာ တန်ရာပဲ သွားတာလေ
တူလို့ တန်လို့ရတာ
သူများပိုင်နာမ်ကိုမှ တက်မက်နေတဲ့ အမျိုးသမီးရယ်
လစ်ရင် လစ်သလို ဖောက်ပြန်ချင်နေတဲ့ အမျိုးသားရယ်
ဘယ်သူက ဘာတန်ဖိုးများရှိလို့လဲ
အတူတူ အနူနူတွေချည်း ။

တူလို့ စုတာ
တူလို့ ရတာ
တူလို့ တွေ့ကြတာ
Level မတူရင် ကွဲမှာပဲ
တန်ရာ တန်ရာပဲ ညားတာ ။

#သက်ထားခင်(THK)
်ဆိုနာမည်ဖြုတ်ခွင့်မရှိပါရှင်

ဖောက်ပြန်ခြင်းဆိုတာ ဗီဇနဲ့ပဲ ဆိုင်တာပါ။ယောက်ျားနဲ့မိန်းမ ဘယ်သူက ပိုပြီး ဖောက်ပြန်တတ်သလဲလို့ မတွေးနဲ့ … ဖောက်ပြန်ခြင်းဆို...
18/04/2022

ဖောက်ပြန်ခြင်းဆိုတာ ဗီဇနဲ့ပဲ ဆိုင်တာပါ။

ယောက်ျားနဲ့မိန်းမ ဘယ်သူက ပိုပြီး ဖောက်ပြန်တတ်သလဲလို့ မတွေးနဲ့ …
ဖောက်ပြန်ခြင်းဆိုတာ ဖိုမ သဘာ၀နဲ့ မဆိုင်ဘူး တကယ်တော့ ဗီဇနဲ့ပဲ ဆိုင်တာပါ။
ဖောက်ပြန်တတ်တဲ့ ဗီဇပါလာတဲ့သူက နီးတာဝေးတာတွေ မဆိုင်ပဲ ဖောက်ပြန်မြဲ ဖောက်ပြန်တတ်ပါတယ်။

ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ရင်တော့
ပြင်လာမှာပါဆိုပြီး အမှားတွေကို အမှန်ပြင်စေချင်နေတာလား အဲ့လောက်မလွယ်တတ်ဘူးနော် ။
တစ်ခါဖောက်ပြန်ဖူးတဲ့သူက
နောက်တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်အခါခါ ဖောက်ပြန်နေဖို့ ၀န်မလေးတတ်ကြဘူးလေ ။
ကိုယ် ခွင့်လွှတ်လိုက်မယ်ဆိုရင်
ကိုယ်ကိုယ်တိုင် နောက်တစ်ကြိမ်နာကျင်ဖို့ လမ်းဖွင့်ပေးလိုက်သလိုပဲ ဖြစ်သွားတာပါ ။

ဘာလို့ ဖောက်ပြန်ရတာလဲဆိုတဲ့ မေးခွန်းမျိုးတွေလဲ မတွေးနဲ့ …
တကယ်တမ်းကျတော့ ဖောက်ပြန်ချင်လို့ကို ဖောက်ပြန်နေကြတာပါ ။
ဝေးခြင်းနီးခြင်းတွေဟာ တကယ်တမ်းကျတော့ အဖြေ မဟုတ်လှဘူး ။
တကယ်ချစ်တဲ့ သူက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေကိုယ်တစ်ယောက်တည်းကိုပဲ ချစ်မှာပါပဲလေ ။

☞𝙲𝚛𝚎𝚍𝚒𝚝

ဟိူလူနဲ့ဆိုရင်‌‌တော့ ပျော်ရွှင်ရမှာပါ ၊ဒီလူနဲ့ဆိုရင်‌တော့ ပျော်ရွှင်ရမှာပါ ဆိုပီး ၊ မျှော်လင့်ချက်တွေ သိပ်မထားနဲ့ ။လူတို...
21/02/2022

ဟိူလူနဲ့ဆိုရင်‌‌တော့ ပျော်ရွှင်ရမှာပါ ၊
ဒီလူနဲ့ဆိုရင်‌တော့ ပျော်ရွှင်ရမှာပါ ဆိုပီး ၊ မျှော်လင့်ချက်တွေ သိပ်မထားနဲ့ ။

လူတိုင်းက သူပျော်ရာသူ လုပ်နေကြတာပဲ ။

အမှန်တိုင်းပြောရရင် ၊
လူတွေအားလုံးက သူတို့စိတ်ကျေနပ်အောင်
ဆော့ကစားဖို့ ကိုယ်ပိုင်အရုပ်ကလေးတွေ
လိုအပ်နေကြရုံပဲ ။

ဒီလိုနဲ့ ၊ သူတို့ကို ပိုပျော်ရွှင်စေတဲ့ အရုပ်ကလေးရှာတွေ့သွားတဲ့အခါ ၊
မင်းကို စွန့်ပစ်လိုက်ကြမှာ ။

မင်းပျော် ၊ မပျော် ဘယ်သူမှ ဂရုမစိုက်ဘူး ။
သူတို့ ပျော်ရင်ရပီ ။

ထပ်ပြောပြမယ် ။
ဘယ်သူမှ မင်းကို ပျော်အောင်မထားဘူး ။
ကို့ယ့်ဟာကိုယ် ပျော်အောင်နေ .. ။

🅔ⓓⓦⓐⓡⓓ 🪐 ။

" သေချာတဲ့ တခေါက် "ဒီတခေါက်ရော မင်းက သေချာလို့လား ၊ဒီတ​ခေါက်တော့ အတည်လား ဆိုပြီး စသလိုလိုနဲ့ ပြောလာကြတဲ့တချို့ကြောင့် စိ...
15/01/2022

" သေချာတဲ့ တခေါက် "

ဒီတခေါက်ရော မင်းက သေချာလို့လား ၊
ဒီတ​ခေါက်တော့ အတည်လား ဆိုပြီး စသလိုလိုနဲ့ ပြောလာကြတဲ့တချို့ကြောင့် စိတ်မကောင်းဘူးလို့ အမှတ်မထင် သူပြောလာတော့ ကိုယ်ရော မသေချာခဲ့တဲ့ အခေါက်ပေါင်း ဘယ်လောက်ရှိခဲ့ပြီလဲ လို့ ပြုံးမိတယ်...

လူတိုင်းလဲ ဘဝမှာ ဒီလိုပဲမလား...
အကြောင်းအမျိုးမျိုးကြောင့် သူစိမ်းတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်...
အိမ်မက်တွေ မက်ခဲ့ကြတယ်...
သေချာပြီလို့ ထင်မှတ်ခဲ့တဲ့လူတွေရဲ့ လက်ကို ဆုပ်ကိုင်ခဲ့ကြတယ်...
And then....?
ငါတို့အရှက်တကွဲ လွဲချော်ခဲ့ကြဖူးတာပဲ
မဟုတ်လား...

ငါတို့ဟာ အတိတ်မှာ အကြီးကြီး
ချစ်ခဲ့ကြဖူးတယ်...
အိမ်မက်တွေအကြီးကြီး နဲ့ လေထဲတိုက်အိမ်ဆောက်ခဲ့ ကြဖူးတယ်...
Gallery ထဲက ပုံအဟောင်းတွေက All Delete တချက်နှိပ်ရုံပါပဲ...
ကတိတွေဟာ မေ့ပျောက်လွယ်ခဲ့ပါတယ်...
ဆုံးရှုံးခြင်းတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ...
ငါတွေးမိတယ်...
လူတယောက်ဟာ ဘဝမှာ လမ်းခွဲခြင်း
ဘယ်နှခုနဲ့ ထိုက်တန်ပါသလဲ🙂
You never know.
And This's life,honey🖤
ဒါဘဝပဲ...

ဒါဆိုရင် ငါတို့ နောက်ဘယ်​တော့မှ
ထပ်မချစ်တော့ဘူးတဲ့လား🖤
Well....
တနေ့မှာတော့ တစုံတယောက်ကို မင်းထပ်တွေ့
ပါလိမ့်မယ်...
မင်း ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူးလို့ ဆုံးဖြတ်ပြီးသွားတဲ့အချိန်မှာပေါ့...
အဲ့ဒီတစုံတယောက် မင်းဘဝထဲကို ရောက်လာတဲ့နေ့ကစပီး ဘယ်တုံးကမှ မသေချာခဲ့တဲ့
မင်းဟာ ဒီတခေါက် ငါသေချာသွားပြီလို့ ဘယ်သူ့ကိုမှ confirm လုပ်စရာ မလိုတော့ဘူး...
တသက်လုံးစာ သေချာသွားတဲ့ စိတ်ချမှုတခုကို အလိုလို ရရှိသွားလိမ့်မယ်...

ဒါကြောင့် ဒီတခေါက်မှာတော့ မင်းမကြောက်တော့ဘူး...
မင်းသတ္တိရှိနေပါလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုရင် ဘယ်သူတွေ ဘာပြောပြော
မင်းကို သေချာဆုပ်ကိုင်ထားမယ့် လူတယောက် ၊ မင်းနဲ့အတူတူ အသက်ကြီးသွားချင်တဲ့ လူတယောက် ၊ မင်းအတွက်ပဲ မွေးဖွားလာခဲ့တဲ့ လူတယောက်ကိုနောက်ဆုံးမှာတော့ ဘုရားသခင်က မင်းဆီ ပို့ပေးခဲ့လိုက်လို့ပဲ...

ဒီတခေါက်ရော မင်းက သေချာပါ့မလား လို့
လူတွေ မေးကြလိမ့်မယ်...
မင်း ပြန်မဖြေတော့ဘူး...
မင်းပြုံးနေပါလိမ့်မယ်...
မင်းတစုံတယောက်လက်ကို ရဲရဲကြီးဆုပ်ကိုင်ထားရင်း တီးတိုးလေးပြောတယ်...

လူတိုင်းအတွက် ဘဝမှာ
သေချာတဲ့တခေါက်ဆိုတာ
သိပ်ကို ရှိပါတယ်တဲ့

10/01/2022

မောင် ငါ့ကို ဖွင့်ပြောတဲ့နေ့က
ပုံစံကလေးကို ငါဖြင့် ချစ်လိုက်တာ ။

လက်ကလေးများဆိုတုန်ပြီး
ဆောင်းတွင်းဆိုတော့ မျက်နှာကလေးကိုရဲလို့
တကယ့်အူယားစရာလေးရယ် ။

ချစ်ဖို့ကောင်းလွန်းတဲ့မောင့်ကို ငါ မငြင်းရက်ခဲ့ဘူး
ဒီနှစ် ဆောင်းတွင်းရောက်တော့လည်း
မောင်က စကားတွေပြောဖို့ တုန်ရီနေပုံပဲ ။

ဒီတစ်ခါကတော့ ထူးထူးဆန်းဆန်း
မောင့်မျက်ဝန်းအိမ်မှာ
မျက်ရည်စလေးတချို့လည်း တွဲခိုလို့....

ငါဖြင့် မောင့်မျက်ဝန်းညိုတွေဆီမှာ
နေရာယူနေတဲ့ မျက်ရည်တွေကို မနာလိုရှိလိုက်တာ
အဲဒီနေ့မှာ မောင်ကတုန်ရီလို့
လမ်းခွဲစရာတွေ ဆိုလာတယ် ။

ဒီတစ်ခါလည်း ငါ မငြင်းမိပေါင်
မောင့်မျက်နှာရဲရဲလေးကို တစ်ဝကြီးကြည့်လို့
မောင့်မျက်ရည်တွေကိုတောင် သုတ်ပေးနေမိတာ
အကြောင်းပြချက်တွေလည်း ငါ မမေးဖြစ်ခဲ့ဘူး ။

မောင် ငါ့ဆီမှာ မပျော်လို့ဖြစ်မှာပါလေလို့သာ
ဖြည့်တွေးမိခဲ့တယ် ။

မောင်… မောင့်စကားတွေအပေါ်
အမိန့်တစ်ခုလို ခံယူထားတဲ့မိန်းမမို့

မောင် ယုယတဲ့အခါ....
အလိုက်တသိနေမယ့် မိန်းမဖြစ်သလို
မောင်ထားခဲ့တဲ့အခါလည်း
အလိုက်တသိကျန်ခဲ့မဲ့ မိန်းမပါ မောင်ရယ်…

06/01/2022

မရှိလို့ မဖြစ်ဘူးဆိုတဲ့ ဘဝတွေက စပြီး
မရှိလဲ ဖြစ်တယ်ဆိုတဲ့ အခြေအနေရောက်ဖို့
အချိန်အတိုင်းအတာ တစ်ခုပဲ လိုပါတယ်။

မပျော်ရွှင်တဲ့ အတိတ်ကို ပစ်ချပြီး လှပမယ့် အနာဂတ်မှာ တစ်ဦးထဲ ရှေ့ဆက်ဖို့ တချို့တွေ အဆင်သင့် ဖြစ်နေပြီ။

တချို့စွန့်လွှတ်မှုတွေက ပျော်ရဖို့ အတွက်ပါပဲ။
စွန့်လွှတ်ဖို့ ဝန်မလေးပါနဲ့ ။
ကိုယ့်ကို နာကျင်စေတဲ့ အရာမှန်သမျှ လွှတ်ချလိုက်ပါ။

မျက်ရည်စတွေနဲ့အတူ မပျော်ရွှင်မှု မှန်သမျှ
တစ်ခါထဲ သွန်ချခဲ့ပါ။
နောင်တမရမယ့် ဆုံးဖြတ်ချက်ကို ချပါ။

ချစ်နိုင်သလောက် ချစ်ပေးပါ
ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်နဲ့ပဲ ။

တချို့ ချစ်ခြင်းတွေက သူမရှိရင် မဖြစ်နိုင်မှန်း
ရိပ်မိလာတဲ့အခါ အနိုင်ယူချင် လာတော့တာပါပဲ။

အစွဲအလန်းကို လိုသလို ပြုပြင်နိုင်လောက်အောင်ပဲ ထားပါ။

ကိုယ်ကို အလိုမရှိတဲ့အရပ်က ရုန်းထွက်ပါ။
ကိုယ့်ကို ကြိုဆိုတဲ့ ရပ်ဝန်းမှာ ကိုယ့်ဘဝကို မြှုပ်နှံပါ။

အသွားအပြန်မညီတဲ့ အချစ်ခရီးက ငရဲမီးလိုပါပဲ။
အသွားရှိပြီး အပြန်မရှိတဲ့ ခရီးမျိုးကို ရှောင်သလို တန်ပြန်မလာတဲ့ ချစ်ခြင်းတွေကို ရှောင်ပါ။

#သွေးသစ်မာန်

Address

Magway

Opening Hours

Monday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when M & T Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share