Amara garden glory အမရာ

Amara garden glory အမရာ This page is selling the indoor plants, ceramic pots, plastic pots, cement pots, fertilizer, flower stands and other supporting things for gardening.

လှလို့ပါဆို 💚
10/07/2023

လှလို့ပါဆို 💚

လှလိုက်တာ ဂရုမစိုက်ချင်ရင် ဒါလေးစိူက် 🥰အုန်ဆံတိုင်လေးနဲ့ဆို ပိုအကြီးမြန်တယ် 💚 ☎️09408333770
10/07/2023

လှလိုက်တာ ဂရုမစိုက်ချင်ရင် ဒါလေးစိူက် 🥰

အုန်ဆံတိုင်လေးနဲ့ဆို ပိုအကြီးမြန်တယ် 💚


☎️09408333770

ပန်းအိုးလာမဝယ်ကြတာ ဒါ့ကြောင့်ဂိုး 🙄photo crd
06/07/2023

ပန်းအိုးလာမဝယ်ကြတာ ဒါ့ကြောင့်ဂိုး 🙄

photo crd

၂ ပတ်တောင်မကြာဘူး နောက်တစ်ကြိမ်သုပ်စားပြီနော် 😝
06/07/2023

၂ ပတ်တောင်မကြာဘူး

နောက်တစ်ကြိမ်သုပ်စားပြီနော် 😝

EDIT - ကုန်သွားပါပြီ ❌ခဏခဏပွင့်ပေးသော 💜 ပန်းပွင့်ကြီးတွေကလည်းနည်းတာမဟုတ်💜
04/07/2023

EDIT - ကုန်သွားပါပြီ ❌

ခဏခဏပွင့်ပေးသော 💜 ပန်းပွင့်ကြီးတွေကလည်းနည်းတာမဟုတ်💜

💚
03/07/2023

💚

💛
03/07/2023

💛

ဆိုင်ကသဘာဝအကောင်လေးတွေချစ်စရာကောင်းလို့ 🪺
01/07/2023

ဆိုင်ကသဘာဝအကောင်လေးတွေချစ်စရာကောင်းလို့ 🪺

   #ဆိုင်သစ်ဖွင့်ပွဲလေးအတွက် ပန်းအိုးလေးတွေ  #ပန်းစင်လေးတွေ အလှဆုံးစီစဉ်ပေးဖြစ်ပါတယ်ရှင့်အခန်းထဲထားမှာဖြစ်လို့  #လေသန့်ပ...
29/06/2023

#ဆိုင်သစ်ဖွင့်ပွဲလေးအတွက် ပန်းအိုးလေးတွေ #ပန်းစင်လေးတွေ အလှဆုံးစီစဉ်ပေးဖြစ်ပါတယ်ရှင့်

အခန်းထဲထားမှာဖြစ်လို့ #လေသန့်ပင်လေးတွေပါ ပါအောင် စိုက်ပေးဖြစ်ပါတယ်ရှင့်

#ဈေးသင့်သင့်နဲ့အလှဆုံးဖြစ်ချင်လည်းရတယ် 💚

ွေချည်းအလှဆုံးဖြစ်အောင်ဖန်တီးပေးဆိုလည်းOk နော် 👌

#မျက်စိမှိတ်ပြီးသာယုံလိုက်နော် 😚

#အားပေးသူတစ်ဦးချင်းစီတိုင်းစီးပွားလာဘ်လာဘတွေတိုးတက်ကြပါစေရှင့်🙏


☎️09408333770

နဂါးစက် ဂမုန်းSnake  Plants~~~~~~~~~~~~~~~~~~~~~စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူး ၃ ချက်အင်္ဂလိပ်အမည် - Snake Plantသိပ္ပံ...
29/06/2023

နဂါးစက် ဂမုန်း

Snake Plants
~~~~~~~~~~~~~~~~~~~~~

စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူး ၃ ချက်

အင်္ဂလိပ်အမည် - Snake Plant

သိပ္ပံအမည် - Dracaena trifasciata

ယောက္ခမလျှာ အပင်ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်ဘူး ထင်ပါတယ်။ မြွေတူပင်၊ မြွေပန်းပင်၊ နဂါးစက်ပင် ဆိုပြီးတော့လည်း ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ရန်ကုန်လို မြို့ပြတွေမှာတော့ နေအိမ်၊ ရုံးခန်း၊ စားသောက်ဆိုင်တွေမှာ အလှဆင်စိုက်ပျိုးကြတာ ဖြစ်ပြီး နယ်ဘက်တွေမှာတော့ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိကြတာ ဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဒေသတွေကတော့ အာဖရိက ဒေသတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသနဲ့ ကွန်ဂိုနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ သူဟာ လေသန့်ပင် အမျိုးအစားထဲမှာပါဝင်နေပြီး အကြမ်းခံကာ ရေငတ်တဲ့ဒဏ်ကိုလည်း ကောင်းစွာခံနိုင်ရည်ရှိတဲ့ အပင်ဖြစ်ပါတယ်။ အကျိုးကျေးဇူးများစွာရှိပြီး စိုက်ပျိုးပြုစုရ လွယ်ကူတဲ့ အိမ်တွင်းအလှစိုက် အပင်တစ်ပင်ကို ရှာဖွေနေတယ်ဆိုရင် ယောက္ခမလျှာ အပင်ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

ဒီအပင်ဟာ ရှည်လျားကျဉ်းမြောင်းတဲ့ အရွက်တွေရှိပြီး အစိမ်းနဲ့ အဖြူရောင် အစင်းကြောင်းတွေ ပါနေတာလည်း ဖြစ်ပါတယ်။ အမြင့်အားဖြင့် ၄ ပေ အထိ ကြီးထွားနိုင်ပြီး အကျယ်အားဖြင့် ၂ ပေအထိ ဖြန့်ကျက် ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ အပင်ဟာ သူ့အတွက် ကောင်းမွန်သင့်တော်တဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ အမြင့်အားဖြင့် ၆ ပေ လောက်အထိကို ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ ဒီအပင်တွေဟာ သင့်အိမ်အတွင်းမှာရှိတဲ့ လေထုကိုသန့်စင်စေပြီး သင့်အားပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်မှာဖြစ်သလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုနဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ပြုပြင်ထိန်းသိမ်းမှုနည်းပြီး အကျိုးသက်ရောက်မှုများတဲ့ အိမ်တွင်းအလှစိုက်အပင်ကို ရှာဖွေနေတယ်ဆိုရင် ယောက္ခမလျှာ အပင်ဟာ ထည့်သွင်းစဉ်းစားသင့်တဲ့ အပင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယောက္ခမလျှာ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး အားသာချက် ၃ ချက်ကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူပေးခြင်း

ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူမှုအားကောင်းတဲ့ အခြားသောအပင်တွေနဲ့ ယှဥ်လိုက်ရင် ယောက္ခမလျှာ အပင်တွေက အကောင်းဆုံးပါပဲ။ အပင်အများစုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးပြီး ယောက္ခမလျှာအပင်ဟာ အဆိုပါလုပ်ငန်းစဥ်ကို ညအချိန်မှာပြုလုပ်တဲ့ အပင်အနည်းငယ်ထဲမှ တစ်ပင်ဖြစ်ပါတယ်။

ယောက္ခမလျှာအပင်တွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူမှု အလွန်ကောင်းတဲ့ အကြောင်းရင်းတစ်ခုကတော့ ၎င်းတို့ရဲ့ လေရှူပေါက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ Stomata လို့ခေါ်တဲ့ လေရှူပေါက်တွေဟာ အရွက်ရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ သေးငယ်သော အပေါက်လေးတွေဖြစ်ပြီး အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်းကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ယောက္ခမလျှာအပင်တွေဟာ အစိုဓာတ်ထိန်းထားဖို့အတွက် နေ့ဘက်မှာ လေရှူပေါက်တွေကိုပိတ်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူဖို့အတွက် ညဘက်မှာ လေရှူပေါက်တွေကို ဖွင့်ထားတာ ဖြစ်ပါတယ်။ ညဘက်လေရှူပေါက်တွေ ဖွင့်တဲ့အချိန်မှာ အောက်စီဂျင်ကိုပါ ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်ဆီဂျင်ပေးစွမ်းနိုင်တဲ့ အပင်တစ်ပင်ကို ရှာဖွေနေတယ်ဆိုရင် ယောက္ခမလျှာအပင်ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

၂။ လေသန့်စင်ပေးနိုင်ခြင်း

အိမ်အတွင်းမှာရှိနေတဲ့ လေထုကိုသန့်စင်စေနိုင်တဲ့ အပင်အနည်းငယ်ထဲမှာ ယောက္ခမလျှာအပင်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါစွမ်းရည်ကြောင့်ပဲ လေထုအရည်အသွေးကို မြှင့်တင်လိုတဲ့ အိပ်ခန်းတွေနဲ့ အခြားသေးငယ်တဲ့ နေရာတွေအတွက် စံပြအပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အိမ်အတွင်းမှာရှိနေတတ်တဲ့ အဆိပ်အတောက်တွေထဲမှာ အတွေ့ရများဆုံးတစ်ခုကတော့ ဖော်မယ်လ်ဒီဟိုက် (formaldehyde) ဆိုတဲ့ အဆိပ်တစ်မျိုးဖြစ်ပါတယ်။ ၎င်းအဆိပ်ငွေ့ဟာ စီးကရက်မီးခိုးတွေကနေ သစ်သားကြမ်းပြင်အထိ အိမ်အတွင်း နေရာတိုင်းလိုလိုမှာ တွေ့ရှိရတဲ့ အဆိပ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ယောက္ခမလျှာအပင်တွေဟာ အိမ်အတွင်း လေထုထဲမှာရှိနေတဲ့ ဖော်မယ်လ်ဒီဟိုက်တွေကို ဖယ်ရှားရာပေးမှာ ထိရောက်မှုရှိတာကြောင့် မိမိရဲ့အိမ်မှာ ဆေးလိပ်သောက်တတ်သူတွေရှိနေတာ (သို့မဟုတ်) သစ်သားကြမ်းပြင်နဲ့ သစ်သားပရိဘောဂတွေရှိနေတဲ့ အိမ်တွေအတွက်ဆိုရင် အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာ သေချာပါပဲ။

နောက်ထပ် အိမ်အတွင်းမှာ တွေ့ရတတ်တဲ့ အဆိပ်ငွေ့တစ်မျိုးကတော့ Benzene ဆိုတဲ့အဆိပ်ဖြစ်ပြီး ၎င်းဟာလည်း တွေ့ရများတဲ့ အိမ်တွင်းအဆိပ်အတောက်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ယောက္ခမလျှာအပင်တွေဟာ အိမ်တွင်းလေထုထဲမှာရှိနေတဲ့ benzene ဓာတ်တွေကို ဖယ်ရှားရာမှာလည်း ထိရောက်မှုရှိတာကြောင့် ဒီအပင်တွေကို လတ်လတ်ဆတ်ဆတ် ဆေးသုတ်ထားတဲ့ အိမ်တွေနဲ့ သန့်ရှင်းရေး ထုတ်ကုန်များစွာကို အသုံးပြုထားတဲ့ အိမ်တွေမှာ ရွေးချယ်စိုက်ပျိုးသင့်တဲ့ အပင်ဖြစ်ပါတယ်။

ဒါ့အပြင် ယောက္ခမလျှာအပင်တွေဟာ လေထုထဲမှာရှိနေတဲ့ trichloroethylene၊ xylene နဲ့ toluene ကဲ့သို့ အဆိပ်တွေကို ဖယ်ရှားရာမှာလည်း ကူညီပေးနိုင်တာကြောင့် အိမ်အတွင်းမှာရှိတဲ့ လေကိုသန့်စင်စေပြီး အသက်ရှုဖို့ ပိုလုံခြုံစေနိုင်တဲ့ အပင်တစ်ပင်ကို ရှာဖွေနေတယ်ဆိုရင်တော့ ယောက္ခမလျှာအပင်တွေက အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

၃။ စိုက်ပျိုး ပြုစုရ လွယ်ကူခြင်း

စိုက်ပျိုးပြုစုရလွယ်ကူတဲ့ အိမ်တွင်းအလှစိုက် အပင်တစ်မျိုးကို ရှာဖွေနေတယ်ဆိုရင်‌တော့ ယောက္ခမလျှာအပင်ဟာ အံ့သြဖွယ်ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ယောက္ခမလျှာအပင်တွေဟာ အလင်းရောင်နည်းတဲ့ အခြေအနေကို ခံနိုင်ရည်ရှိတာကြောင့် အလုပ်များတဲ့သူတွေနဲ့ ဥယျာဉ်ခြံမြေ ပန်းပင်စိုက်ပျိုးမှုအတွေ့အကြုံ များစွာမရှိသေးတဲ့ သူတွေအတွက်လည်း သင့်တော်တဲ့ အပင်ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ အိမ်အတွင်း အပြင် ပူနွေးတာရော အေးတဲ့ အခြေအနေတွေမှာပါ ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ရေလိုအပ်ချက်လည်း နည်းတဲ့ အတွက် အိမ်အတွင်းမှာလည်း အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ရေကို နေ့တိုင်းလောင်းပေးစရာ မလိုဘဲ ၁ ပတ်လျှင် ၁ ကြိမ်ခန့်လောင်းပေးရင် လုံလောက်ပြီဖြစ်ပါတယ်။ နေ့စဥ် ရေအများကြီးလောင်းမိရင်တော့ အမြစ်ပုပ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ စိုက်ပျိုးပြုစုရတာလည်း လွယ်ကူပြီး အပေါ်ယံမြေဆီလွှာ ကောင်းစွာခြောက်သွေ့သွားပြီဆိုမှ ရေလောင်းပေးလို့ရပါတယ်။ အလင်းလိုအပ်ချက် နည်းတယ်ဆိုပေမယ့် အိမ်အတွင်းမှာစိုက်မယ်ဆိုရင်တော့ အလင်းရောင်ကောင်းစွာရှိပြီး နေရောင်တိုက်ရိုက်မကျတဲ့နေရာမျိုးမှာ ထားရှိရင်တော့ ပိုပြီးသင့်တော်ပါတယ်။ အပင်ကို ဖြတ်ပြီးတော့ဖြစ်ဖြစ်၊ မြေအောက်ပင်စည်ကနေ ခွဲယူပြီးတော့ ဖြစ်ဖြစ် ပြန်လည်မျိုးပွား စိုက်ပျိုးနိုင်ပါသေးတယ်။
Crd

စိုက်ပျိုးရလွယ်ကူလို့ အိမ်တ်ုင်းမှာစိုက်ဖို့ တ်ုက်တွန်းလ်ုက်ပါတယ်ရှင့်

ချစ်တဲ့ Amara 💚🫶

Address

Magway
04011

Telephone

+959408333770

Website

Alerts

Be the first to know and let us send you an email when Amara garden glory အမရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share