20/08/2016
(တခါကပါးစပ်ဖျားကချစ်သူ)
တွေဝေနေသူ တယောက်ရဲ့ ရင်ဘတ်ထဲဝင်ကြည့်
နင် အကြောင်းက လွဲပြီး တခြားဘာမှ မရှိ ဘူး .......
စတွေ့ကတည်းက ခိုင်လုံတဲ့ မကြောင်းပြချက် မရှိ
ပါးစပ်ဖျားက အချစ်တွေ နဲ့ စက္ကူလှေတစင်း လုပ်ပြီး
ကမ္ဘာတပတ် ပတ်ပြမယ်ဆိုတဲ့ စိတ်ကူးယဉ် ဆန်ဆန်
အချစ်ကို ထူထောင်ဖို့ နှလုံးသားမပါပဲ ဝင်လာရဲတဲ့
နင် ....သာယာတဲ့ စိတ်ကို ထိန်းချုပ်ဖို့ မေ့သွားလောက်
အောင် ညို့ချက်တွေအောက်မှာ တခါးတချပ်ကို တွန်းဖွင့်ရင်း ကြိုဆိုဖို့ တဒင်္ဂ သာယာစိတ်ကို ရှေ့တန်းတင်မိတဲ့ ငါ..... နင် နဲ့ ငါ
ဇာတ်လမ်း အစမ်းသပ်ခံဖို့ ရင်းနှီးခဲ့တဲ့ ဘဝတခု
သတိရလို့ ပြန်ကြည့်မိတော့မှ အစိတ်စိတ်အမွမွ ကျန်ရစ်နေသူက ငါပါ့လား.... ပျော်ရွှင်မှု့ တခုကို
အချစ်လို့ထင် သာယာတဲ့စိတ်တခုကို အသွေးအသားအတွက် နတ်ဘုရားတပါးလို ကိုးကွယ်
ရိုး ရှင်းတဲ့ဘဝ အစိတ်အပိုင်း မြောက်များစွာ ပေးဆပ်ပြီးမှ
ရင့်ကျက်မှု့တွေ ကို ဆုတ်ကိုင်ပြီး နင်ပေးခဲ့တဲ့
lesson တွေ ကို ကြေညက်စွာ မှတ်သားဖို့
မနက်ဖြန်ပေါင်းများစွာ ငါမျော်လင့်နေတာ
ငါ သိလိုက်ရတဲ့ အချစ်စစ် တခုကို ပေးချင်လို့
နင်အတွက် အသက်ဆက်ရှင်သန်ရအုံးမယ်
(တခါက ပါးစပ်ဖျားက ချစ်သူ)
Dmoe aung