Daily Care - The Bamboo Accessories shop

Directions

Daily Care - The Bamboo Accessories shop Bamboo accessories shop

မမသက် : "မိချိုရေ.....နင်တို့အိမ်မှာ ဘာမျက်နှာသုတ်ပုဝါ သုံးလဲအေ""အိမ်က သားတော်မောင် မျက်နှာသုတ်ပုဝါက ဟိုတလောကမှ ဝယ်တာ၊ ခ...
14/02/2025

မမသက် : "မိချိုရေ.....နင်တို့အိမ်မှာ ဘာမျက်နှာသုတ်ပုဝါ သုံးလဲအေ"

"အိမ်က သားတော်မောင် မျက်နှာသုတ်ပုဝါက ဟိုတလောကမှ ဝယ်တာ၊ ခုရေလျှော်တော့ အသားက ဖွာပြီး၊ အမွှေးတွေ ထွက်ကုန်လို့အေ 🥹"

မိချို : "ဪ ဒါများ မမသက်ရယ် မိချိုပြောပြမှာပေါ့ 🤭"

"မိချိုတို့အိမ်မှာတော့ Zhuzhen ကထုတ်တဲ့ သဘာဝဝါးမျှင်နဲ့ပြုလုပ်ထားတဲ့ ဝါးမျက်နှာသုတ်ပုဝါကိုပဲ အသုံးပြုတာ မမသက်ရဲ့ 🎍"

မမသက် : "ဝေ ဝါးမျက်နှာသုတ်ပုဝါပါလားအေ?"

မိချို : "ဟုတ်တယ် မမသက်ရဲ့ ဝါးပင်ကရတဲ့ ဝါးမျှင်ကြမ်းကနေ တစ်ဆင့်ပြီးတစ်ဆင့် ပေါင်းတင်၊ ပိုးသတ်ပြီး နောက်ဆုံးမှာ နူးညံ့ပြီး ပျော့ပြောင်းတဲ့ မျက်နှာသုတ်ပုဝါကို ပြုလုပ်တာတဲ့ မမသက်ရဲ့"

"ဪ ပြီးတော့ သူက လျှော်ဖွတ်ရတဲ့အခါမှာလည်း လူသက်သာစေတဲ့အပြင် အချိန်ခဏလေးအတွင်းမှာ အခြောက်မြန်သေးတယ်တဲ့။

ဒါတင်မကဘူး။ စိုထိုင်းမှုကိုလည်း လျှော့ချပေးတာကြောင့် ဘက်တီးရီးယားတွေ ကပ်နေမှာ၊ ပေါက်ဖွားမှာကိုလည်း စိုးရိမ်စရာ မလိုဘူးတဲ့နော်"

မမသက် : "ဪ အဲ့လိုလား?"

မိချို : "အဲ့လို အဲ့လို မမသက်ရဲ့။ မိချိုတို့ တစ်အိမ်လုံးကတော့ ဝါးမျှင်မျက်နှာသုတ်ပုဝါနဲ့ အဆင်ပြေတော့ တခြား မျက်နှာသုတ်ပုဝါဆို သုံးတောင် မသုံးတတ်တော့ပါဘူးကွယ်။"

ကဲ မိချိုကတော့ လုံးဝ Recommend ပေးနေပြီ...

✨ Daily Care က ကာကာလေးတို့ရော
နူးညံ့ပျော့ပြောင်းတဲ့ မျက်နှာသုတ်ပုဝါနဲ့ အသုံးပြုချင်တယ်ဆို Zhuzhen ရဲ့ ဝါးမျှင်မျက်နှာသုတ်ပုဝါကို ဝယ်ထားလိုက်တော့နော် 🙆🏻‍♀️🫶🏻

Daily Care - Bamboo Accessories တွေကို မှာယူလိုပါက
✉️ Page Messenger မှာလည်း Order တင်နိုင်ပြီး
☎️ 092018177 ကို ဆက်သွယ်၍လည်း မှာယူနိုင်ပါတယ် 🤗







#မျက်နှာသုတ်ပုဝါ

တစ်ကိုယ်ရည်သုံး မျက်နှာသုတ်ပုဝါတွေအတွက် ကျန်းမာရေး ဗဟုသုတ ‼️Daily Care ရဲ့ ချစ်မိတ်ဆွေများကို ဒီနေ့မှာ မျက်နှာသုတ်ပုဝါနဲ...
30/01/2025

တစ်ကိုယ်ရည်သုံး မျက်နှာသုတ်ပုဝါတွေအတွက် ကျန်းမာရေး ဗဟုသုတ ‼️

Daily Care ရဲ့ ချစ်မိတ်ဆွေများကို ဒီနေ့မှာ မျက်နှာသုတ်ပုဝါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတကို မျှဝေပေးချင်ပါတယ်ရှင့်။

မင်မင်တို့ရဲ့ နေ့စဉ်ဘဝမှာ မနက်မိုးလင်း မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာသုတ်တာဟာ သိပ်ကိုအရေးကြီးလှပါတယ်။

ဒီလို အရေးကြီးလှတဲ့ ကိုယ့်ရဲ့ မျက်နှာသုတ်ပုဝါကို လက်လွတ်စပယ်၊ ပြီးစလွယ် ထားနေတုန်းလား?

ဒီလိုမျိုး ပြီးစလွယ် ဟိုနေရာ ပစ်တင်၊ ဒီနေရာမှာထား လုပ်နေပြီဆိုရင် နောက်ပိုင်းမှာ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် မျက်နှာသုတ်ပုဝါ အများဆုံးထိတဲ့ မျက်နှာမှာ အရေပြားဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် မင်မင်က ဒီနေ့မှာ မျက်နှာသုတ်ပုဝါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတအနေနဲ့ အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

1️⃣ မျက်နှာသုတ်ပုဝါကို သီးခြားစီ အသုံးပြုပါ။
မိသားစုနဲ့ပဲဖြစ်ဖြစ် မျက်နှာသုတ်ပုဝါတစ်ခုတည်းကို အတူတူ အသုံးပြုခြင်း ရှောင်ကြဉ်သင့်ပါတယ်။ တစ်ကိုယ်ရည်သုံးအဖြစ် တစ်ယောက်ကို တစ်ခုစီအဖြစ်သာ ခွဲသုံးသင့်ပါတယ်။

2️⃣ ခေါင်းလျှော်တဲ့အခါ သုတ်တဲ့ သဘက်နဲ့ မျက်နှာကို မသုတ်ပါနဲ့။
အပေါ်ကလိုမျိုးပဲ ထပ်ခွဲသင့်တာကတော့ ခေါင်းလျှော်တဲ့အခါ သုတ်ဖို့အတွက် မျက်နှာသုတ်ပုဝါတစ်ခုကို သက်သက်စီ ခွဲထားသင့်ပါတယ်။

3️⃣ မျက်နှာသုတ်ပုဝါတွေကို ရေနွေးဖြင့် တစ်ပတ်တစ်ခါလျှော်ပါ။
နေ့စဉ် အသုံးပြုရတဲ့ မျက်နှာသုတ်ပုဝါမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် တစ်ပတ်ကိုတစ်ခါ ပုံမှန်လျှော်ပေးသင့်ပါတယ်။ လျှော်တဲ့အခါမှာလည်း ရေနွေးနဲ့စိမ်ပြီး လျှော်ခြင်းက ပိုးမွှားတွေကို ဖယ်ရှားနိုင်ပါတယ်။

4️⃣ ဝါးတန်း၊ ပိုက်တန်းများတွင် မလှန်းပါနဲ့။
ဝါးတန်းတွေ၊ ပိုက်တန်းတွေဟာ လမ်းမမှာ ရှိတာကြောင့် လေထဲက ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဝါးတန်းတွေ၊ ပိုက်တန်းတွေမှာ လှန်းတော့မယ်ဆိုရင် ချိတ်ကလေးနဲ့ လှန်းတာက အကောင်းဆုံးပါပဲ။

5️⃣ မျက်နှာသုတ်ပုဝါကို နှစ်နဲ့ချည်ပြီး မသုံးပါနဲ့။
မျက်နှာသုတ်ပုဝါတစ်ခုကို အနည်းဆုံး (၆) လ လောက်ပဲ သုံးသင့်ပါတယ်။ (၆) လတစ်ခါ အသစ်လဲတာ၊ ဒါမှမဟုတ် တစ်နှစ်ကို တစ်ခါ လဲတာ စသဖြင့် ပုံမှန်အလဲအထပ်လေးနဲ့ အသုံးပြုသင့်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ မျက်နှာသုတ်ပုဝါကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ်ရှင့် 🫶🏻🙌🏻

နောက်ထပ်လည်း ကျန်းမာရေးဗဟုသုတ ရစရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ Daily Care Page လေးကို Like and Follow လုပ်ခဲ့ဖို့ ပြောချင်ပါတယ်ရှင့် 🤗✨




လစဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းရပါ့မလဲ 😞အမျိုးသမီးတွေအတွက် လစဉ်လတိုင်း ကြုံတွေ့နေရတဲ့ ဓမ္မတာရာသီသွေးလာ‌သောက...
22/01/2025

လစဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းရပါ့မလဲ 😞

အမျိုးသမီးတွေအတွက် လစဉ်လတိုင်း ကြုံတွေ့နေရတဲ့ ဓမ္မတာရာသီသွေးလာ‌သောကာလကို ကျော်ဖြတ်ဖို့ သဘာဝ ဝါဂွမ်းသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ Zhuzhen Pad ရှိပါတယ် 😍

Zhuzhen အမျိုးသမီးလစဉ်သုံး ပစ္စည်းမှာဆိုရင်
✅ သဘာဝအတိုင်း ရှင်သန်ကြီးထွားတဲ့ ဝါဂွမ်းသား စစ်စစ်ကို အသုံးပြုထားခြင်းကြောင့် အရေပြား ယားယံခြင်း၊ ဘက်တီးရီးယားများ အလွယ်တကူ ပေါက်ပွားခြင်းတွေကို လုံးဝ မဖြစ်စေပါဘူး 🙅🏻‍♀️

✅ ဝါဂွမ်းသားကြောင့် ခန္ဓာကိုယ် အရေပြားနဲ့ ထိတွေ့တဲ့အခါ နူးညံ့မှုရှိခြင်း၊

✅ လေဝင်လေထွက် ကောင်းစေတာကြောင့် အသားလောင်ခြင်း၊ ပေါင်ပွန်းခြင်းတို့ မဖြစ်စေတာကြောင့် အမျိုးသမီးတွေအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။

ဒါ့အပြင် Zhuzhen ရဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဟာ အမေရိကန်နိုင်ငံ Cotton Incorporated အဖွဲ့အစည်းကနေလည်း ရာနှုန်းပြည့် ဝါဂွမ်းသားစစ်စစ်နဲ့ ပြုလုပ်ထားကြောင်း အသိအမှတ်ပြု လက်မှတ်ကို ရရှိထားတဲ့ Product လည်းပဲဖြစ်ပါတယ်။

Zhuzhen Pad မှာ ရွေးချယ်စရာအနေနဲ့
📌 Zhuzhen Pantyliner (30 ခု)
📌 Zhuzhen Ultra-thin Mini (18 ခု)
📌 Zhuzhen Ultra-thin Normal (16 ခု)
📌 Zhuzhen Ultra-thin Heavy (14 ခု)
📌 Zhuzhen Night Ultra (4 ခု) ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။

📌 ဝါဂွမ်းသားနဲ့ လေဝင်လေထွက်ကောင်းစေမယ့် Zhuzhen ရဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းနဲ့အတူ လစဉ်ကြုံတွေ့နေရတဲ့ အခက်ခဲကို ကျော်ဖြတ်လိုက်ပါ 💯✅

Daily Care - Bamboo Accessories တွေကို မှာယူလိုပါက
✉️ Page Messenger မှာလည်း Order တင်နိုင်ပြီး
☎️ 092018177 ကို ဆက်သွယ်၍လည်း မှာယူနိုင်ပါတယ် 🤗




ယနေ့ကျရောက်သော (ပြာသိုလပြည့်နေ့) အမေများနေ့တွင်မိခင်များအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပ...
13/01/2025

ယနေ့ကျရောက်သော (ပြာသိုလပြည့်နေ့) အမေများနေ့တွင်
မိခင်များအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း Daily Care မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်


#အမေများနေ့
#ပြာသိုလပြည့်နေ့

" 2️⃣ ဆရမယ့် Daily Care ရဲ့ "အမေများနေ့" အထူးအစီအစဉ်" 🥳လာမယ့် ၁၃ ရက်နေ့က ပြာသိုလပြည့်နေ့ (အမေများနေ့) ဖြစ်တာကြောင့် မင်မ...
11/01/2025

" 2️⃣ ဆရမယ့် Daily Care ရဲ့ "အမေများနေ့" အထူးအစီအစဉ်" 🥳

လာမယ့် ၁၃ ရက်နေ့က ပြာသိုလပြည့်နေ့ (အမေများနေ့) ဖြစ်တာကြောင့် မင်မင်တို့ Daily Care ကနေ အထူး Promotion အစီအစဉ်လေး ပြုလုပ်ပေးထားပါတယ်။

ဒါကတော့ နှစ်သစ် ၂၀၂၅ မှာ 2️⃣ ဆ ရရှိမယ့် Promotion လေးပဲဖြစ်ပါတယ် 📢

ဘာကို 2️⃣ ဆ ရမှာလဲဆိုတော့

⭕️ ပထမဆုံးတစ်ခုကတော့ Daily Care ရဲ့ ဝါးထုတ်ကုန်တွေကို ဘာ ဝယ်ဝယ် 10% Discount ရရှိပါမယ်။

⭕️ ‌ဒုတိယတစ်ခုကတော့ "အမေများနေ့" Promotion အတွက် ဝယ်ယူရင်း ၂၀,၀၀၀ ဖိုးအထက်ဆို Delivery FREE နဲ့ ပို့ပေးမှာပဲဖြစ်ပါတယ် 🥳

ကဲ ဘာဝယ်ဝယ် 10% Discount ကလည်းရမယ်၊
၂၀,၀၀၀ ဖိုးအထက်ဆို Delivery FREE ကလည်း ရမှာဆိုတော့ တစ်ခါဝယ်ရင် Double Promotion တောင်ရမှာပဲဖြစ်ပါတယ်ရှင့် 💯😍

ဒီ Double Promotion လေးကိုတော့
📌 ၁၁.၁.၂၅ ကနေ ၃၁.၁.၂၅ အထိ ပေးသွားမှာဖြစ်လို့ Promotion ကာလအတွင်း လာဝယ်လိုက်တော့နော် 😘

Daily Care - Bamboo Accessories တွေကို မှာယူလိုပါက
✉️ Page Messenger မှာလည်း Order တင်နိုင်ပြီး
☎️ 092018177 ကို ဆက်သွယ်၍လည်း မှာယူနိုင်ပါတယ် 🤗




2024 မှာ ဝါးနဲ့ပြုလုပ်တဲ့ သဘာဝပစ္စည်းတွေ ဘယ်ဟာကို အများဆုံးသုံးခဲ့လဲ?၂၀၂၄ လည်း ကုန်ပြီဆိုတော့ ပြန်ပြီးစဉ်းစားကြည့်ရအောင်...
06/01/2025

2024 မှာ ဝါးနဲ့ပြုလုပ်တဲ့ သဘာဝပစ္စည်းတွေ ဘယ်ဟာကို အများဆုံးသုံးခဲ့လဲ?

၂၀၂၄ လည်း ကုန်ပြီဆိုတော့ ပြန်ပြီးစဉ်းစားကြည့်ရအောင် 👀

နှစ်သစ် ၂၀၂၅ လည်းရောက်ပြီဆိုတော့ Daily Care ကို အားပေးကြတဲ့ ကာကာလေးတွေကို ၂၀၂၄ မှာ ဘာ‌တွေလုပ်ခဲ့လဲဆိုတာ ပြန်တွေးဖို အချိန်ကြပြီပေါ့နော် 🤭

ဆိုတော့ မင်မင်က မေးခွန်းလေးတွေ အနည်းငယ်‌ပြင်ထားပါတယ်။

မေးခွန်းလေးတွေကတော့
📌 ၂၀၂၄ မှာ Daily Care ကနေ ဘယ် Product တွေ အများဆုံး ဝယ်ယူခဲ့လဲ?
📌 ဝါးနဲ့ပြုလုပ်တဲ့ သဘာဝပစ္စည်းတွေထဲမှာ ဘာကိုအကြိုက်ဆုံးလဲ?
📌 ဝါးပစ္စည်းတွေသုံးပြီး ကိုယ်ဘာတွေပြောင်းလဲခဲ့လဲ?
📌 အမြဲသုံးဖြစ်နေတဲ့ Product?
📌 အသုံးနည်းခဲ့တဲ့ Product ? စတဲ့မေးခွန်းလေးတွေကို Comment မှာ ဖြေပေးခဲ့ကြပါဦးနော် 🫶🏻




Happy New Year 2025 ✨နှစ်ဟောင်း ၂၀၂၄ ခုနှစ်ကို ကုန်လွန်ပြီး နှစ်သစ် ၂၀၂၅ ခုနှစ်ကို ရောက်ရှိလို့လာပါပြီ။ ၂၀၂၅ နှစ်သစ်မှာ ...
01/01/2025

Happy New Year 2025 ✨

နှစ်ဟောင်း ၂၀၂၄ ခုနှစ်ကို ကုန်လွန်ပြီး နှစ်သစ် ၂၀၂၅ ခုနှစ်ကို ရောက်ရှိလို့လာပါပြီ။ ၂၀၂၅ နှစ်သစ်မှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး စီးပွားရေးအလုပ်အကိုင်တွေ ဒီရေအလား တိုးတက်ကြီးပွားကြပါစေလို့ Daily Care မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏



Merry Christmas 🎄🎊ပျော်ရွှင်စရာ Christmas အချိန်အခါလေးမှာ ချစ်ရတဲ့မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရကောင်းတွေ ဖန်...
25/12/2024

Merry Christmas 🎄🎊

ပျော်ရွှင်စရာ Christmas အချိန်အခါလေးမှာ ချစ်ရတဲ့မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ကြပါစေလို့ Daily Care Team မှ Christmas ဆုတောင်းပေးလိုက်ပါတယ် 🫶🏻





ချွေးပေါက်ကျယ်ပြီး မျက်နှာမှာ အမဲစက်တွေ ထနေလို့ စိတ်ညစ်နေရပြီလား‼️ဒီပြဿနာအတွက် ဖြေရှင်းနည်းကို Daily Care ကနေ မိတ်ဆက်ပေး...
20/12/2024

ချွေးပေါက်ကျယ်ပြီး မျက်နှာမှာ အမဲစက်တွေ ထနေလို့ စိတ်ညစ်နေရပြီလား‼️

ဒီပြဿနာအတွက် ဖြေရှင်းနည်းကို Daily Care ကနေ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ သဘာဝ ဝါး‌မီးသွေးနဲ့ နို့ တို့ကို ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ Natural Handmade Soap နဲ့ မျက်နှာသစ်ခြင်းပဲဖြစ်ပါတယ်။

🧼 သာမန်မျက်နှာသစ်ဆပ်ပြာမျိုးမဟုတ်ဘဲ သဘာဝဝါးမီးသွေးဆပ်ပြာဖြစ်တာကြောင့်

👉🏻 ချွေးပေါက်ကျယ်ခြင်းကို ကျဉ်းစေခြင်း၊
👉🏻 မျက်နှာအဆီပြန်ခြင်းကို ထိန်းချုပ်ပေးခြင်း၊
👉🏻 မျက်နှာပေါ်က အမဲစက်များ၊ ဆားဝက်ခြံများကို ဖယ်ရှားပေးခြင်း
👉🏻 အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းလက်စေခြင်း၊
👉🏻 အရေပြားတင်းရင်းခြင်းတို့ကို ပေးစွမ်းနိုင်တဲ့ Handmade Soap ပဲဖြစ်ပါတယ်။

ဒီဆပ်ပြာမှာ Activated Carbon ပါဝင်ခြင်းကြောင့် မျက်နှာအသားအရေကို သဘာဝအတိုင်းဖြစ်ပေါ်စေပြီး၊ အသားအရေ ထိခိုက်မှာကို စိုးရိမ်စရာမလိုပါဘူး။

📍ဒါကြောင့် မျက်နှာမှာ အဖုအပိန့်တွေ များနေတယ်ဆို Bamboo Charcoal Milk Soap လေးနဲ့ တစ်နေ့ကို နှစ်ကြိမ်လောက် မျက်နှာကို သေသေချာချာလေး သစ်ပေးမယ်ဆိုရင် ရက်ပိုင်းအတွင်း သိသိသာသာကို ပြောင်းလဲလာမှာကို ခံစားရစေမှာပါ 😍

ဈေးနှုန်းကတော့ တစ်ခဲကို ၁၀,၀၀၀ ကျပ်ပါရှင်။

အွန်လိုင်းကနေ မှာယူမယ်ဆို
📌 အမည်၊ ‌ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံနဲ့ Page Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင့် 🫶🏻

DailyCare

BambooAccessories

Bamboo

🎍ဝါးပင်တစ်ပင်ရဲ့အစိတ်အပိုင်းတွေက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ ⁉️မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆိုရင် ဝါးပင်ပေါင်း‌ မြောက...
11/12/2024

🎍ဝါးပင်တစ်ပင်ရဲ့အစိတ်အပိုင်းတွေက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ ⁉️

မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆိုရင် ဝါးပင်ပေါင်း‌ မြောက်များစွာရှိတဲ့နေရာ‌တွေထဲမှာ အဆင့်သုံးအ‌နေနဲ့ ရပ်တည်နေတဲ့နိုင်ငံပဲဖြစ်ပါတယ်။

ဒီလိုမျိုး ဝါးပင်တွေပေါများတဲ့နိုင်ငံမှာ ဝါးပင်ဟာ ဘယ်လိုမျိုး ကိုယ့်ရဲ့ ကျန်းမာရေးကိုအထောက်အကူပြုလဲဆိုတာကို‌တော့ သိတဲ့သူ ခက်ရှားရှားပါ။

ဒါကြောင့် ဒီနေ့မှာ ဝါးတစ်ပင်က ဘယ်လိုမျိုး ကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

🎍 ဝါးမြစ်
ဝါးမြစ်မှာ Vitamin A, B6, E, သံဓာတ် (Iron), ဖောလစ်အက်စစ် (Folic Acid)၊ မက်ဂနမ်ဆီယမ် (Magnesium) တို့ အချိုးကျစွာ ပါဝင်တာကြောင့် Cholesterol (ကိုလက်စထရောလ်) Level ကိုလျှော့ကျစေပြီး၊ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ပြီးတော့ ဝါးမြစ်မှာ အချဉ်ဓာတ်ပါတာကြောင့် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

🎍ဝါးရွက်
ဝါးရွက်ကို ရေနွေးပူပူထဲထည့်ပြီး ရေနွေးကြမ်းပုံစံသောက်မယ်ဆို ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ကျစေပြီး အဆီဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးတဲ့အပြင် ဝါးရွက်မှာ အိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်နိုင်တဲ့ဓာတ်ပါ ပါဝင်တာကြောင့် အသားအရေ တောက်ပမှုကို ပေးစွမ်းနိုင်ပါတယ်။

🎍ဝါးအဆီ
ဝါးပင်ကထွက်တဲ့ ဝါးအဆီက အစာအိမ်လမ်းကြောင်းနဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်လည်ပတ်အောင် ကူညီပေးပြီး၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတို့ကိုလည်း သက်သာစေပါတယ်။

🎍ဝါး‌မီးသွေး
ဝါး‌မီးသွေးအမှုန့်ကိုတော့ ရေနဲ့ရောသောက်မယ်ဆိုရင် ခန္ဓာကိုယ်အဆိပ်အတောက်တွေကို လျှော့ကျစေပြီး၊ သွားတိုက်ဆေးနဲ့ ရောသုံးခြင်းဖြင့်လည်း သွားကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။နောက်ပြီး ဝါးမီးသွေးကို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာအရေပြားပေါ်ရှိ အဆီနဲ့အဆိပ်အတောက်တွေကိုကင်းရှင်းစေပါတယ်။

ဆိုတော့ ဝါးပင်ကထွက်တဲ့ ပစ္စည်းတွေနဲ့ ဝါးပင်အစိတ်အပိုင်းတွေက ဘယ်လိုမျိုး ကျန်းမာရေးကို အကျိုးပြုလဲဆိုတာ သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

🎍ဝါးပင်ကထွက်တဲ့ ပစ္စည်းတွေနဲ့ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူချင်တယ်ဆိုရင် Daily Care Accessories ရဲ့ Page Messenger ကိုသာ ဆက်သွယ်လိုက်ပါ 💢

DailyCare
BambooAccessories
Bamboo
health

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Daily Care - The Bamboo Accessories shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share