Khaing Thiri, Trading

Khaing Thiri, Trading Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Thiri, Trading, Shopping & retail, Mandalay.

05/02/2026

ဝယ်ယူအားပေးသူများကို ကျေးဇူး တင်ပါတယ်
ကြီးပွား တိုးတက် ချမ်းသာ ကြပါစေ 🥰

05/02/2026
22/01/2026

ရောက်တာ နဲ့ ကုန်လို့ အော်ဒါလေးတွေ ကြိုးတင်ပါ 🥰 ဘာဘဲလိုလို လာခဲ့ ပါ😍

22/01/2026

ဘာဘဲလိုလို သတိရပါ 🥰

ဒီနေ့အဝင်လေးပါလိုအပ်ရင်မှာပေးပါခင်မျာ09215039986*31ဒေါင့်   မန်းလေးကပါ
19/01/2026

ဒီနေ့အဝင်လေးပါ
လိုအပ်ရင်မှာပေးပါခင်မျာ
092150399
86*31ဒေါင့် မန်းလေးကပါ

ပစ္စည်း လေးတွေ ပုံ မှန် ဝင်နေပါပီ 😊ရောက် တာနဲ့  တန်ပြီးကုန်တာမို့ ကြိုပီး အော်ဒါ တင်ထားပေးပါဝယ်ယူအားပေးသော တစ်ဦးတစ်ယောက...
22/12/2025

ပစ္စည်း လေးတွေ ပုံ မှန် ဝင်နေပါပီ 😊
ရောက် တာနဲ့ တန်ပြီးကုန်တာမို့ ကြိုပီး အော်ဒါ တင်ထားပေးပါ

ဝယ်ယူအားပေးသော တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကျေးဇူးတင်ပါတယ်🙏

01/12/2025

ကြီးမားတဲ့ အန္တရာယ် ကိုယူပြီး အကြီးအကျယ်မြတ်ဖို့ ကြိုးစားတာထက်၊ အခြေအနေကို လက်ခံပြီး အန္တရာယ်နည်းနည်းနဲ့ အမြတ်အစွန်းအနည်းငယ်ကို ရယူလိုက်ခြင်းက ပိုပြီးပညာရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဘာမှမရဘဲ အရင်းပါဆုံးရှုံးသွားခြင်းထက်၊ အမြတ်အနည်းငယ်ရရင်တောင်မှ အဲ့ဒါဟာ ရေရှည်တည်တံ့မှုအတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုပဲ။

လောဘကြီးခြင်းကို ရှောင်ရှားပြီး၊ လက်ရှိအခြေအနေကို လက်ခံကာ တည်ငြိမ်စွာ ရှေ့ဆက်ဖို့လိုပါတယ်။

#စာတို

18/04/2025

အားလုံး အားတင်ပြီး
နှစ်သစ်ကို
အားအင်အပြည့် နှင့်
ကြိုးစား လုပ်ကြမယ်နော်

27/07/2024

လူတော်တော်များများ
လူပျို၊ အပျော်ဘော်ဝင်လာတာနဲ့ သွေးသားဆန္ဒပဲ ဖြစ်ဖြစ်၊ ဒီ့ထက်ပိုတဲ့ အကြောင်း အရာများစွာနဲ့ အရွယ်ရောက်လာပြီဆိုတာနဲ့ စိတ်ကစားလာကြတော့တာပါပဲ

ဒါပေမဲ့ အရွယ်ရောက်လာတယ်လို့သာ ပြောတာပါ
အရွယ်မရောက်သေးသော်ငြားလည်း လင်ယူ၊ သားမွေးနေကြတဲ့ သူတွေ (အထူးသဖြင့် အောက်ခြေလူတန်းစား လောက တွေမှာ) ဒုနဲ့ ဒေးပါပဲ

လူလေးတွေက အရွယ်ရောက်လာတာနဲ့
အတန်းပညာဆိုတဲ့ အရာတွေ သင်ကြားရင်း အတတ်ပညာဆိုတဲ့ နေရာကိုပင် မရောက်သေး ရည်းစားက ထားချင် လာပြီ။

ရည်းစား ထားပြီ ဆိုတာနဲ့ ခေတ်ကာလတွေအရ
ဒီအရွယ်၊ ဒီအသိဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ထိုက်တန်တဲ့ အသိနဲ့ပဲ အချို့က အိမ်ထောင်ပြုကြတယ်။

ပြီးတော့
ဒုက္ခဆင်းရဲတွေနဲ့ ကွဲကြ၊ ပြဲကြ
ကလေးတွေ တွဲလောင်းနဲ့
နောက်ဆက်တွဲ ကိုယ့်ရဲ့ မဆင်မခြင်မှုတွေက ကိုယ်ရော ကိုယ့်မျိုးဆက်ပါ ဒုက္ခတွင်းထဲ ဆင်းကြရတာပါပဲ

အချို့ကြတော့လည်း မြဲကြပါတယ်
ဒါပေမဲ့လည်း အရွယ်လေးတွေက ငယ်ငယ်၊ လောကဓံရိုက်ခတ်မှုတွေနဲ့ နှစ်လိုဖွယ်ရာ အဆင်းတောင် ပျက်ယွင်းနေကြတာတွေ မြင်နေ၊ တွေ့နေရတာပါပဲ

ဒါပေမဲ့လည်း
ဒါက အပြစ်တင် ဖို့တော့ ခက်တယ်
ဘာလို့လဲ ဆိုတော့ ကိုယ်တိုင်လည်း ဒီအရွယ်တွေ ဖြတ်သန်းခဲ့ဖူးတယ်။

ထိုက်သင့်တဲ့ အတန်းပညာတွေ သင်ကြားနေရပေမဲ့ မွှန်လာပြီဆို ဘာမမြင်တော့

ပိုက်ဆံလည်း ကောင်းကောင်း ရှာဖို့နေနေသာသာ ဘာမှကို လက်ကြောတင်းအောင် မလုပ်တတ်သေးဘူး
ဒါပေမဲ့
ဆယ်ကျော်သက်လောက်တုန်းက ခိုးပြေးမယ် တကဲကဲနဲ့ နေဖူးတယ်

အဲတုန်းက အတူနေမယ်၊ ချစ်တယ်
ဒီလောက်ပဲတွေးတယ်
ငါတို့ ဘာတွေလုပ်စားမယ်၊ ဘယ်လိုဆိုတဲ့ အနာဂတ် သိပ်မသိဘူး။ အဆင်မပြေ မိဘဆီ လက်ဖြန့်ကောင်း၊ လက်ဖြန့်တောင်းရင် တောင်းမှာပဲလေ

ဒါဟာ
ဒီအရွယ်၊ ဒီဖြတ်သန်းမှု ဒီအသိလောက်ပဲ ရှိတာ အပြစ်တင်ကောင်းတဲ့ အရာတော့ မဟုတ်ဘူး

ဒါပေမဲ့လည်း
ကာလတစ်ခုကို ဖြတ်သန်းလာရတဲ့ အခါ
ဇွတ်ရော၊ အတင်းရော ယူချင်တဲ့ ဆယ်ကျော်သက်လွန်လာရင် မေးကြည့် တော်တော်များများက အိမ်ထောင်ပြုဖို့ နည်းနည်း တွေးလာကြပြီ။

ပြောချင်တာက
ပထမအရွယ်ဆိုတဲ့ ကာလတစ်ခု အသိပညာသာမက၊ အတတ်ပညာတစ်ခု ဆည်းပူးသင့်တဲ့ ကာလမှာတော့ အိမ်ထောင်ပြုခြင်းဟာ စောလွန်းပါတယ်

အိမ်ထောင်မပြုဖို့ ပြောတာမဟုတ်ပါဘူး
ပြီးတော့ အချို့ပြောကြတယ်
မင်းတို့ အဲ့လိုတွေးနေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ သူ့ဘာသာ အဆင်ပြေသွားလိမ့်မယ်

နှစ်ယောက်ယူပြီး စုစုဆောင်းဆောင်းနဲ့ အဆင်ပြေသွားကြတာတွေ အများကြီးပဲ ဆိုတာတွေလည်း အမြဲ မြင်နေ၊ ကြားနေရတာပါပဲ။ ဒါတွေ အဆင်ပြေကောင်း ပြေနိုင်ပါတယ်

ဒါပေမဲ့
ဖြတ်သန်းမှု အရပဲ ဖြစ်ဖြစ်
ဘယ်သူ့ကို မဆို ကိုယ့်ညီ၊ ကိုယ့်ညီမလေးလိုပဲ မြင်ပြီး ငယ်ငယ် ရွယ်ရွယ်လေးတွေမှာ လှလှပပ ကောင်းကောင်း မွန်မွန်လေးတွေနဲ့ နေစေချင်သေးတယ်

မုဒိတာ ပွါးလွန်းတာ မတတ်နိုင်ရင်တောင်
ဒီအရွယ်လေးတွေ ကိုယ့်အသိ၊ ကိုယ့်အတတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သပ်သပ်ရပ်ရပ် နေထိုင်နေတာလေးတွေ မြင်ချင် တွေ့ချင်ပါသေးတယ်

ဒါ့ကြောင့်
ဘဝမှာ ပထမဆုံး
အတန်းပညာ သင်ပါ
အလားတူ အတတ်ပညာ သင်ပါအုံး

ပြီးတော့
ကိုယ့်ခြေထောက်ပေါ် ခဏ တစ်ဖြုတ် ရပ်နိုင်တာမျိုး မဟုတ်ပါဘူး
အကောင်းပဲ ကြုံကြုံ၊ အဆိုးနဲ့ပဲ ဆုံဆုံ ဘယ်အခြေအနေမှာမဆို မတ်မတ်ရပ်နိုင်အောင် ကြိုးစားပါအုံး

ကိုယ့်လုပ်စာနဲ့
ကိုယ့်မိဘကို ကျွေးဖူးတယ်ရှိအောင် ကျွေးပါအုံး

ကိုယ်တိုင် အချမ်းသာကြီးမဟုတ်တောင် ကိုယ့်လိုအင် ကိုယ်ဖြည့်ပြီး လူတန်းစေ့လေး ဝတ်၊ စား၊ နေထိုင်ပါအုံး

ကိုယ့်ကိုယ်ကိုယ် တောက်ပြောင်အောင် ထားနိုင်လာတဲ့ အခါ အိမ်ထောင်ဖက်လည်း မရှားဘူး
ဒါတင်မက
ကိုယ်နဲ့ ထိုက်တန်တဲ့အရာလေးတွေလည်း ကောင်းကောင်း မွန်မွန်တွေ့နိုင်ပါသေးတယ်

အိမ်ထောင်ပြုဖို့ အလျင်မလိုပါနဲ့
အိမ်ထောင်ပြုတယ်ဆိုမှတော့ အတင်းအကြပ် ပေးစားတဲ့ ခေတ်တွေလည်း ကုန်နေပါပြီ။ ကိုယ်ချစ်လို့၊ ကိုယ်ကြိုက်လို့ ယူကြတာ ပိုများပါတယ်

ဒီတော့ အဆင်ပြေပြေ မဟုတ်ဘဲ အဆောတလျင် အိမ်ထောင်ပြုတဲ့အခါ သာယာလည်း ခဏပဲ
သူ့လိုအင်လည်း မဖြည့်နိုင်
ကိုယ့်လိုအင်လည်း မပြည့်နိုင်တဲ့အခါ နားလည်မှုခိုင်ခိုင်မာမာသာ မရှိရင် အချိန်ကြာကြာ တည်တံ့ဖို့ တော်တော်လေးကို ခဲယဉ်းပါတယ်

ပိုက်ဆံ ရှိတိုင်း အိမ်ထောင်ရေး အဆင်မပြေပါဘူး
မှန်ပါတယ်
သူ့အကျိုးပေးနဲ့ သူဆိုပေမဲ့
ပထမအရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်သေးဘဲ
ချစ်တာ တစ်ခုနဲ့
စိတ်မချတာ တစ်ခုနဲ့
အတူနေချင်တာ တစ်ခုနဲ့ အိမ်ထောင်မပြုကြပါနဲ့

လူငယ် သဘာဝ
ကိုယ်တိုင်ကြိုးစားပြီး ခရီးတွေ သွားပါအုံး

ကိုယ့်ဝါသနာဘာလဲ ကိုယ်တိုင်ပြန်မေးပြီး
ရည်မှန်းချက်တွေ ဖော်ပါအုံး

လူဖြစ်လာတဲ့ အခိုက်အတံ့
ကောင်းကောင်းမွန်မွန် ဝတ်စားနေထိုင်ပါအုံး

မျိုးဆက်တွေ ချန်ထားဖို့အတွက် အိမ်ထောင်ပြုပါဆိုသော်ငြား ဥပမာပေးရရင်
ကိုယ်ထားခဲ့မယ့် မျိုးဆက်ဆိုတာ
ခြင်တွေလို ပွါးဖို့ မလိုပါဘူး
ခြင်အစား ဆင်တွေလို အားနဲ့ အင်နဲ့ထားနိုင်ခဲ့ရင် ပိုတန်ဖိုးရှိပါတယ်

ဒါ့ကြောင့်
အိမ်ထောင်ပြုဖို့ ဆန္ဒမစောပါနဲ့
အိမ်ထောင်ပြုဖို့ မလောပါနဲ့


ြာချစ်

Address

Mandalay

Telephone

+9592150399

Website

Alerts

Be the first to know and let us send you an email when Khaing Thiri, Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share