A Linn Yaung - Store

A Linn Yaung - Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Linn Yaung - Store, 55st Street, Mandalay.

03/12/2022
26/11/2022
26/11/2022

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

26/11/2022

ဘိလပ်မြေ မပေါ်ပေါက်မီ
ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို
သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း
မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။

ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့
အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့
အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ
နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ
ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊
တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီး
အင်္ဂတေကို ပြုလုပ်ကြပါတယ်။

နောက်တစ်နည်းကကျွဲကော်၊ ရေ၊ အုံတုံ၊
ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊
ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး
လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့
အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။

နောက်တနည်းကကျွဲကော်ရည် အုံတုံ၊
ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊
ထမနဲပျားရည်၊ တင်လဲဖုတ်ခြောက်ချင်ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုး
ကိုဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဉ်စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ

အထက်ဖော်ပြပါအလင်္ကာသည်
အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ
များစွာသော ဖော်စပ်နည်း များမှ
ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

ကမ္ဘာကျော်ရွှေတိဂုံစေတီတော်ကြီး တည်ရာမှာ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့
ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊
ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆ
ကို ရောပြီး ကော်ရည် ကိုစပ်ပါတယ်။
ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ)
သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း
အဲ့ဒီမှာ အင်္ဂတေရပါတယ်
အဲ့ဒီမယ်ကြဇုသီးကိုသုံးတာက
ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊
တင်လဲ ကြတော့အင်္ဂတေကိုမာစေဖို့၊ ဥသျှစ်ကြ
တော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။

မြန်မာ့ အင်္ဂတေသည်လည်း
အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့်
Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင်
အခြေခံပါသည်။
သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ
အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာ
တွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံ
ခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊
အစရှိသော Organic Glue များနှင့် ကောင်းစွာ
သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။

ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံ
ဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို
သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။
ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်
တဲ့အခါ အဓိကသုံးရမဲ့အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့
ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။

အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း
ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟု
သုတရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

UNL Construction Group

လတ်ဆတ်တဲ့ဒန်ဘိုကိတ်လေးတွေရပါပီရှင်🥞🍔🍩
26/11/2022

လတ်ဆတ်တဲ့ဒန်ဘိုကိတ်လေးတွေ
ရပါပီရှင်🥞🍔🍩

ရေဘူးလေးတွေလဲတစ်နေ့တစ်မျိုးမရိုးရဘူးနော်😍😘
17/11/2022

ရေဘူးလေးတွေလဲတစ်နေ့တစ်မျိုးမရိုးရဘူးနော်😍😘

ဖန်ခွက်အစုံရပါတယ်🍺🍻ဖျော်ရည်ခွက်အစုံ🍓🍊🥑ငါးကြင်းဖန်ခွက်အကြီးအသေးဘုရားသောက်တော်ရေခွက်ဆိုက်စုံဝိုင်ခွက်အမျိုးးမျိုး🍸🍷🍷ကိုင်း...
17/11/2022

ဖန်ခွက်အစုံရပါတယ်🍺🍻
ဖျော်ရည်ခွက်အစုံ🍓🍊🥑
ငါးကြင်းဖန်ခွက်အကြီးအသေး
ဘုရားသောက်တော်ရေခွက်ဆိုက်စုံ
ဝိုင်ခွက်အမျိုးးမျိုး🍸🍷🍷
ကိုင်းပါခွက် ကိုင်းမပါခွက်🍺🥃
ဆိုက်အကြီးသေးစုံစုံလင်လင်
တနေရာထဲမှာဝယ်ယူလို့ရပါတယ်ရှင်❤❤

ဖိုးဖိုးဖွားဖွားတို့ရေဆောင်းတွင်းရောက်လို့အေးလာပီဆိုတော့🥃🍹ဖန်ခွက်အကြည်ရောင်လေးနဲ့ရေနွေးကြမ်းလေးထည့်ပီးအူနွှေးကြမယ်နော်။ဖ...
17/11/2022

ဖိုးဖိုးဖွားဖွားတို့ရေဆောင်းတွင်းရောက်လို့အေးလာပီဆိုတော့🥃🍹
ဖန်ခွက်အကြည်ရောင်လေးနဲ့ရေနွေးကြမ်းလေးထည့်ပီး
အူနွှေးကြမယ်နော်။ဖန်သားလေးကအကြည်ရောင်
ကွာလတီကလဲကောင်းရှယ်မှရှယ်ပဲ☺😁

သားသားမီးမီးလေးတွေတွက်ဖန်ရေဘူးလေးတွေလဲရောက်ပါတယ်👫👯‍♂️
17/11/2022

သားသားမီးမီးလေးတွေတွက်ဖန်ရေဘူးလေးတွေလဲရောက်ပါတယ်👫👯‍♂️

ရေချိုးခန်းသုံးလိုက်ကာတွေလဲအစုံရောက်ပါတယ်ဒီဇိုင်းစုံကာလာစုံကွာလတီရှယ်ကောင်း😘😍
17/11/2022

ရေချိုးခန်းသုံးလိုက်ကာတွေလဲအစုံရောက်ပါတယ်ဒီဇိုင်းစုံကာလာစုံကွာလတီရှယ်ကောင်း😘😍

အိမ်မှာနေရင်းအိမ်ထဲမှာပဲ🏤ဖန်ခွက်လှလှလေးတွေနဲဲ့ Ro ကြမလား🍷🍸လက်ဆောင်ပေးလို့လဲလှတယ်နော်😍6 လုံးပါကင်လေးတွေနဲ့ဆိုတော့လက်ဆောင်...
17/11/2022

အိမ်မှာနေရင်းအိမ်ထဲမှာပဲ🏤
ဖန်ခွက်လှလှလေးတွေနဲဲ့ Ro ကြမလား🍷🍸လက်ဆောင်ပေးလို့လဲလှတယ်နော်😍
6 လုံးပါကင်လေးတွေနဲ့ဆိုတော့
လက်ဆောင်ပေးလို့လဲအဆင်ပြေတာပေါ့❤

Address

55st Street
Mandalay

Telephone

+959446446510

Website

Alerts

Be the first to know and let us send you an email when A Linn Yaung - Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share