နဂါးစာပေ

နဂါးစာပေ ☎️Online Phone-09-894162200

စိတ် စေတသိက်တို့၏ ဖြစ်ပုံဖြစ်ရာ၊ မှီရာတည်ရာများ၊ ဖြစ်တည်ရာ ဘုံဘဝတို့နှင့် ဆက်စပ်ရာများကို သိရှိနားလည်လိုသူများအတွက် .......
06/09/2026

စိတ် စေတသိက်တို့၏ ဖြစ်ပုံဖြစ်ရာ၊ မှီရာတည်ရာများ၊ ဖြစ်တည်ရာ ဘုံဘဝတို့နှင့် ဆက်စပ်ရာများကို သိရှိနားလည်လိုသူများအတွက် ...........

မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ပကိဏ်း ဝီထိ ဝီထိမုတ် ]
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

စာမျက်နှာ ၄၅၆၊ ၁၅.၅×၂၂.၅ စင်တီ (ခန့်ချုပ်)
တန်ဖိုး - ကျပ် ၃၂၀၀၀ကျပ်

☎️Online phone 09-89416 2200

အာရုံကို သိခြင်းလက္ခဏာတစ်ပါးသာရှိသော စိတ်နှင့် စေတသိက် ၅၂ ပါး၊ ပေါင်း ၅၃ ပါးသော စိတ် စေတသိက်တရားတို့ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရမ္မဏ၊ ဝတ္ထုအပြားအားဖြင့် ခြောက်မျိုးကို ရောပြွမ်း၍ ပြသောကြောင့် 'ပကိဏ္ဏကသင်္ဂဟ-ပကိဏ်းပိုင်း' ဟု ခေါ်၏။

စိတ် စေတသိက်တို့ကို ဝေဒနာသုံးပါး ငါးပါး စသည် အပြားအားဖြင့် သင်္ဂြိုဟ်ရေတွက်ပြရာ ဝေဒနာသင်္ဂဟ၊ ဟိတ်ခြောက်ပါးအားဖြင့် ရေတွက်ပြရာ ဟေတုသင်္ဂဟ၊ ကိစ္စ-ဌာနအားဖြင့် တပ်ရာ-တည်ရာကို ပြသော ကိစ္စသင်္ဂဟ၊ ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဒွါရခြောက်ပါးအားဖြင့် ရေတွက်ပြရာ ဒွါရသင်္ဂဟ၊ စိတ် စေတသိက်တို့ လာရောက်မွေ့လျော်ရာ-အာရုံပြုရာကို ရေတွက်ပြသော အာရမ္မဏသင်္ဂဟ၊ စက္ခုစသည် ဝတ္ထုခြောက်ပါးဖြင့် စိတ် စေတသိက်တို့ကို သင်္ဂြိုဟ်ရေတွက်ရာ ဝတ္ထုသင်္ဂဟ။

ရှေးစိတ်၊ နောက်စိတ်၏ ဖြစ်ပုံအစဉ်အတန်းကို ပိုင်းခြားသတ်မှတ်ပြရာ အပိုင်းကို 'ဝီထိပိုင်း' ဟု ခေါ်၏။ ပဝတ္တိအခါ၌ ပဉ္စဒွါရာဝဇ္ဇန်း- စက္ခုဝိညာဏ်- သမ္ပဋိစ္ဆိန်းစိတ် ဖြစ်သည်ဟု စီကာစဉ်ကာ ဖြစ်သောကြောင့်၊ စက္ခုဒွါရ စသော ခြောက်ဒွါရ၌ ထိုက်သည်အားလျော်စွာ ဖြစ်သောကြောင့် ဝီထိပဝတ္တိသင်္ဂဟ ဟူလို။

စိတ်သည် မှီရာ ဝတ္ထုရုပ်၊ ဖြစ်ရာ ဒွါရ၊ ပြုရာ အာရုံတို့ကို သိပြီးလျှင် ဝိညာဏ်၏ ဝီထိ၌ မှတ်သားပုံ၊ ဝီထိကို ခွဲခြားသိပုံ၊ အာရုံ၏ ဖြစ်ပုံဖြစ်ဟန်တို့ကို အချက်ကျအောင် သိမှသာ ဝီထိနှင့် ဆက်စပ်သမျှ အကုန်နားလည်မည်။ ရထိုက်-မရထိုက်သော ပုဂ္ဂိုလ်နှင့် ယှဉ်ထိုက်-မယှဉ်ထိုက်သော စိတ်များကိုလည်း နားလည်ပေမည်။

ပဋိသန္ဓေ-ဘဝင်-စုတိကိစ္စတပ်သော စိတ် ၁၉ ပါးကို (ပဝတ္တိအခါ ဖြစ်သည့် ဝီထိစိတ်တို့မှ အလွတ်ဖြစ်သောကြောင့်) 'ဝီထိမုတ္တ-ဝီထိမုတ်' ဟု ခေါ်၏။ ဘုံနှင့်စပ်သော အခန်းများ ကျယ်ဝန်းစွာ ပါသောကြောင့် 'ဘုံပိုင်း' ဟုလည်း ခေါ်ကြ၏။

ဘုံလေးမျိုး၊ ပဋိသန္ဓေလေးမျိုး၊ ကံလေးမျိုး၊ သေခြင်းတရား လေးမျိုးတို့အကြောင်း အကျယ်တဝင့် ပြုစုထားပါသည်။
* * * * * * * * * *

မှာယူရရှိနိုင်သော အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ စာအုပ်များ။
၁။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ စိတ်စေတသိက်] - ၂၅၀၀၀ ကျပ်
၂။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ရူပကထာ ] - ၂၅၀၀၀ ကျပ်
၃။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ပကိဏ်း ဝီထိ ဝီထိမုတ် ] - ၃၂၀၀၀ ကျပ်
၄။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ သမုစ္စည်း ပစ္စည်း ] - ၃၂၀၀၀ ကျပ်
၅။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ကမ္မဋ္ဌာနကထာ ] - ၃၅၀၀၀ ကျပ်
၆။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ နိဗ္ဗာနကထာ ] - ၃၀၀၀၀ ကျပ်
၇။ မင်္ဂလာရှုခင်း [ ၃၈ ဖြာ မင်္ဂလာအဖွင့်အကျယ် ] - ၄၀၀၀၀ ကျပ်
၈။ ဒါနကထာ သီလကထာ ဘာဝနာကထာ - ၃၂၀၀၀ ကျပ်
၉။ ထေရဝါဒဗုဒ္ဓသာသနာ - ၆၀၀၀ ကျပ်။

#စာအုပ်
နဂါးစာပေ

ကုသိုလ်၊ အကုသိုလ်နှင့် လောကသုံးပါး၏ သံသရာလည်ရာ အကြောင်းတရား၊ အကျိုးတရားများကို နားလည်လိုသူများအတွက်.....မြတ်ဗုဒ္ဓ၏ အဘိဓမ...
06/09/2026

ကုသိုလ်၊ အကုသိုလ်နှင့် လောကသုံးပါး၏ သံသရာလည်ရာ အကြောင်းတရား၊ အကျိုးတရားများကို နားလည်လိုသူများအတွက်.....

မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ သမုစ္စည်း ပစ္စည်း ]
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

စာမျက်နှာ ၄၈၉၊ ၁၅.၅×၂၂.၅ စင်တီ (ခန့်ချုပ်)
တန်ဖိုး - ကျပ် ၃၂၀၀၀ကျပ်

☎️Online phone 09-89416 2200

ပရမတ္ထတရားတို့ကို သဘောတူချင်း ပေါင်းသင်းဖွဲ့စည်း၍၊ တနည်း ဒွါသတ္တတိ= ၇၂ ပါး (စိတ်တစ်ပါး၊ စေတသိက် ၅၂ ပါး၊ နိဖ္ဖန္နရုပ် ၁၈ ပါး၊ နိဗ္ဗာန်တစ်ပါး) ရှိကုန်သော အာရမ္မဏ၊ ဝိဇာနန၊ ဖုသန၊ ကက္ခဠ၊ သန္တီ အစရှိသော မိမိတို့လက္ခဏာနှင့်တကွ ဖြစ်ကုန်သော သဘောတရားတို့ကို ပေါင်းစု၍ ပြရာ အပိုင်းကို 'သမုစ္စည်းပိုင်း' ဟု ခေါ်၏။

အာသဝလေးပါး၊ သြဃလေးပါး၊ ယောဂလေးပါး၊ ဂန္ထလေးပါး၊ ဥပါဒါန်လေးပါး၊ နီဝရဏခြောက်ပါး၊ အနုသယ ခုနစ်ပါး၊ သံယောဇဉ်ဆယ်ပါး၊ ကိလေသာဆယ်ပါး ဟူ၍ အကုသိုလ်သက်သက် တရားတို့ကို အကုသလသင်္ဂဟ။

ဟိတ်ခြောက်ပါး၊ စျာနင်ငါးပါး၊ မဂ္ဂင်ကိုးပါး၊ ဣန္ဒြေ ၁၆ ပါး၊ ဗိုလ်ကိုးပါး၊ အဓိပတိလေးပါး၊ အာဟာရလေးပါးတို့ကို တရားကိုယ်တူရာပေါင်း၍ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့ကို ရောပြွမ်း၍ သင်္ဂြိုဟ်ဖွင့်ပြသော မိဿကသင်္ဂဟ။

လောကီသစ္စာနှစ်ပါး ဖြစ်သော ဒုက္ခသစ္စာ၊ သမုဒယသစ္စာနှင့် လောကုတ္တရာသစ္စာနှစ်ပါး ဖြစ်သော နိရောဓသစ္စာ၊ မဂ္ဂသစ္စာတို့ကို တပြိုင်နက် ထိုးထွင်း၍ သိတတ်သော၊ မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်ကုန်သော ဗောဓိပက္ခိယသင်္ဂဟ။

ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး၊ အာယတန ၁၂ ပါး၊ ဓာတ် ၁၈ ပါး၊ သစ္စာလေးပါး ဟူ၍ အလုံးစုံသော တရားများ (ပရမတ်အားလုံး) ကို သိမ်းကျုံး၍ ပြရာဖြစ်သော သဗ္ဗသင်္ဂဟ။

ဆိုင်ရာအကျိုးများ၏ အကြောင်း- ပစ္စည်း၊ အကြောင်းကြောင့် ဖြစ်သော အကျိုး- ပစ္စယုပ္ပန်တို့ကို ပြရာ အပိုင်းကို 'ပစ္စည်းပိုင်း' ဟု ခေါ်သည်။

ပဋိစ္စသမုပ္ပါဒ် ဝဋ်တရားအပေါင်း၌ အဝိဇ္ဇာနှင့် တဏှာသည် မူလဝဋ်မြစ်နှစ်ပါး။ အဝိဇ္ဇာ စသော အကြောင်းကြောင့်သာ သင်္ခါရ စသော အကျိုးများ ဖြစ်ရသည်ဟု နားမလည်အောင် အပြစ်များကို ဖုံးလွှမ်းထားသောကြောင့် တဏှာက မက်မောမိလေ၏။ ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တို့သည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဝဋ်မြစ်တွင်း ရှေးရှေးအကြောင်းတရားက နောက်နောက်အကျိုးဆက်ကို ကျေးဇူးပြုကာ သံသရာလည်ကြကုန်၏။

ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့် အကြောင်းနှင့် အကျိုး ဆက်သွယ်ပုံ (ပစ္စည်းနှင့် ပစ္စယုပ္ပန်) ကို နားလည်ပြီးလျှင် ပဋ္ဌာန်းနည်းက ကြောင်း-ကျိုး ဆက်သွယ်ရာ၌ မည်သည့် ပစ္စည်းတရားက မည်သည့် ပစ္စယုပ္ပန်တရားအား မည်သည့် ပစ္စယသတ္တိထူးဖြင့် ဆက်သွယ်မိအောင် ကျေးဇူးပြုနေသည်ဟု နားလည်နိုင်ကြပြီး အညစ်အကြေးအနန္တတို့ကို ရှင်းလင်းစေပါလိမ့်မည်။

ပစ္စည်းကြောင့် ဖြစ်သော ပစ္စယုပ္ပန်တွင် မပါဝင်ဘဲ ပစ္စယုပ္ပန်၏ ဆန့်ကျင်ဘက်တရားအပေါင်းကို 'ပစ္စနိက်' ဟု ခေါ်၏။ ပဋ္ဌာန်းနည်းကို လေ့လာရာတွင် ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စနိက် ဟူသော တရားသုံးချက်သည် အခြေခံ လိုရင်းပင် ဖြစ်၏။
* * * * * * * * * *

မှာယူရရှိနိုင်သော အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ စာအုပ်များ။
၁။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ စိတ်စေတသိက်] - ၂၅၀၀၀ ကျပ်
၂။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ရူပကထာ ] - ၂၅၀၀၀ ကျပ်
၃။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ပကိဏ်း ဝီထိ ဝီထိမုတ် ] - ၃၂၀၀၀ ကျပ်
၄။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ သမုစ္စည်း ပစ္စည်း ] - ၃၂၀၀၀ ကျပ်
၅။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ ကမ္မဋ္ဌာနကထာ ] - ၃၅၀၀၀ ကျပ်
၆။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ [ နိဗ္ဗာနကထာ ] - ၃၀၀၀၀ ကျပ်
၇။ မင်္ဂလာရှုခင်း [ ၃၈ ဖြာ မင်္ဂလာအဖွင့်အကျယ် ] - ၄၀၀၀၀ ကျပ်
၈။ ဒါနကထာ သီလကထာ ဘာဝနာကထာ - ၃၂၀၀၀ ကျပ်
၉။ ထေရဝါဒဗုဒ္ဓသာသနာ - ၆၀၀၀ ကျပ်။

#စာအုပ်
နဂါးစာပေ

"စိတ်ဓာတ်ကျဆင်းပြီး လမ်းပျောက်နေတဲ့အချိန်တိုင်း အဖော်ပြုပေးမယ့် စာ​ရေးဆရာမစူးရှ​မေရဲ့စာအုပ်ကောင်းများကို​ ဖော်ပြ​ပေးလိုက...
05/09/2026

"စိတ်ဓာတ်ကျဆင်းပြီး လမ်းပျောက်နေတဲ့အချိန်တိုင်း အဖော်ပြုပေးမယ့် စာ​ရေးဆရာမစူးရှ​မေရဲ့စာအုပ်ကောင်းများကို​ ဖော်ပြ​ပေးလိုက်ပါတယ်ရှင့်..."

📖​တစ်ခါတလေမှာ ကျွန်မတို့အားလုံးဟာ ဘဝရဲ့ မုန်တိုင်းတွေကြားမှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျဆင်းတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စာအုပ်ကောင်းတစ်အုပ်ဟာ မိတ်ဆွေစစ်တစ်ယောက်လိုပဲ စိတ်ကို အေးချမ်းစေပြီး ခွန်အားတွေ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။

📌 မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အင်မတန် သင့်တော်တဲ့ စာအုပ်ကောင်းလေးတွေဖြစ်ပါတယ်ရှင့်။

​📦 မှာယူလိုပါက - Chat Box (Inbox) ကနေတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

☎️Online phone 09-89416 2200

#စာအုပ်ညွှန်း #စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်များ
#စာအုပ်
နဂါးစာပေ

အသစ်​ရောက်စာအုပ်များ🍀📗မန္တ​လေးမြို့​ပေါ် ရှိ နဂါးစာ​ပေဆိုင်ခွဲများတွင် လည်း ဝယ်ယူရရှိနိုင်ပါပြီရှင့်❤📚မန္တ​လေးမြို့အတွင်...
05/09/2026

အသစ်​ရောက်စာအုပ်များ🍀📗

မန္တ​လေးမြို့​ပေါ် ရှိ နဂါးစာ​ပေဆိုင်ခွဲများတွင် လည်း ဝယ်ယူရရှိနိုင်ပါပြီရှင့်❤

📚မန္တ​လေးမြို့အတွင်း အိမ်​ရောက်​ငွေ​​​ချေ စနစ်ဖြင့် deli အပ်​ပေးပါတယ်

📚မြို့တွင်း​နေရာ အနီးအ​ဝေး​ပေါ်မူတည်ပြီး deli ခ ယူပါတယ်ရှင်

📚နယ်ကမှာယူမယ့်သူများအတွက်လဲ ကားဂိတ် အထိ ပို့​ပေးပါတယ်ရှင့်

📚အိမ်အ​ရောက် deli နဲ့လဲ အပ်​ပေးပါတယ်ရှင့်
​
📚ယခုကာလအတွင်းစာတိုက်က​နေမပို့​ပေးပါရှင့်


🤩လက်လီ/လက်ကားယူလိုသူများ အ​သေးစိတ်ကို page chat box က​​နေလဲ ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်

Online မှာရန်ဖုန်း📲09-894162200

နဂါးစာပေ





🏠ပင်ရင်း - အမှတ်(၂၉၀) (ခ) ၊ ၈၃လမ်း ၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ မန္တလေး
☎️ဖုန်း - ၀၂-၄၀၃၅၂၆၇ ၊ ၄၀၃၉၈၆၉ ၊ ၄၀၂၁၅၂၇ ၊ ၄၀၃၆၇၄၅(ယာယီပိတ်ထားပါသည်)

🏠ဆိုင်ခွဲ (၁) -အမှတ်(၁၈၇) ၊ ၂၉လမ်း ၊ ၈၃ လမ်း နှင့် ၈၄ လမ်းကြား ၊ မန္တလေး
☎️ဖုန်း -၀၂-၄၀၂၂၅၅၈၊Viber ၀၉-၉၆၄၃၀၄၂၁၀

🏠ဆိုင်ခွဲ (၂) - အမှတ် ၊(၂၄) ၊ ၆၈ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်း ကြား ၊ မန္တလေး
☎️ဖုန်း - Viber-၀၉-၉၅၂၀၀၄၂၁၀၊၀၉-၄၂၂၀၀၄၂၁၀

🏠ဆိုင်ခွဲ(၃)-စ-၃-၆၇/၇၈၊ ၆၅ လမ်း၊ ၁၀၇ လမ်း နှင့် ၁၀၈ လမ်းကြား၊ ငု​ရွှေဝါလမ်း နှင့် ဇလပ်ဝါ လမ်းကြား၊မန္တလေး
☎️ဖုန်း - Viber ၀၉-၄၀၅၀၅၇၇၀၇

‼️ယခုကာလအတွင်း စာအုပ်​ရောင်း​စျေးများ အ​ပြောင်းအလဲရှိပါသည်။

💡 " သင့်ဘဝရဲ့ နေ့စဉ်ပြဿနာအများစုအတွက် အဖြေဟာ ဒီစာအုပ်​တွေထဲမှာ ရှိနေတတ်ပါတယ်"​​နေ့သစ်တစ်ခုကို စတင်ချိန်မှာ စိတ်ရှုပ်ထွေး...
05/09/2026

💡 " သင့်ဘဝရဲ့ နေ့စဉ်ပြဿနာအများစုအတွက် အဖြေဟာ ဒီစာအုပ်​တွေထဲမှာ ရှိနေတတ်ပါတယ်"

​​နေ့သစ်တစ်ခုကို စတင်ချိန်မှာ စိတ်ရှုပ်ထွေးမှုတစ်ခုက သင့်တစ်နေ့တာလုံးကို ဖျက်ဆီးမသွားစေဖို့ စိတ်ပညာစာအုပ်​တွေနဲ့ စေ့စပ်တိကျတဲ့ အဖြေတွေကို လေ့လာကြည့်လိုက်ပါ။

​📚 ယခုမိတ်ဆက်ပေးချင်တဲ့ စိတ်ပညာနှင့် Self-Improvement စာအုပ်များသည် -

​✅ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း: နေ့စဉ်ကြုံတွေ့ရသည့် စိတ်ရှုပ်ထွေးမှုများကို စနစ်တကျ ဖြေရှင်းနည်း။
✅ Communication ပိုင်း တိုးတက်ခြင်း: အလုပ်ခွင်နှင့် လူမှုဆက်ဆံရေးတွင် ထိရောက်စွာ ပြောဆိုဆက်ဆံနည်း။
✅ Mindset အဆင့်မြှင့်ခြင်း: ဘဝ၏ ပျော်ရွှင်မှု အနှစ်သာရကို ကိုယ်တိုင် ဖန်တီးယူနည်း​တွေ ပါ၀င်ပါတယ်ရှင့်....

​🎯 ဖတ်ရှုရန် သင့်တော်သူများ:
လူငယ်များ၊ Counsellor များ၊ Coach များ၊ကိုယ်တိုင်တိုးတက်လိုသည့် စာပေချစ်သူတိုင်း ဖတ်ရှုရန် အထူးသင့်တော်ပါသည်။

​📌 စာအုပ်မှာယူလိုပါက Messenger ကနေ အမြန်ဆုံး ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

☎️Online phone 09-89416 2200






#စာအုပ်

"ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းဖော်ထုတ်ရင်း ဉာဏ်စမ်းကစားရမယ့် Science Safari Part 1" 🌍🔍🧩✨Price-42000Ksကလ...
05/09/2026

"ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းဖော်ထုတ်ရင်း ဉာဏ်စမ်းကစားရမယ့် Science Safari Part 1" 🌍🔍🧩✨

Price-42000Ks

ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သိပ္ပံပညာဗဟုသုတအတွက် စာအုပ်ဖတ်ရုံနဲ့လုံလောက်ပြီလား❓

တကယ်ကတော့ မလုံလောက်တော့ပါဘူး။ ဒီနေ့မှာတော့ U Book Store ကနေပြီးထွက်ရှိထားတဲ့ Game ကစားရင်းနဲ့ ကမ္ဘာမြေ၊ ရာသီဥတုနဲ့ အပြင်ဘက်အာကာသအကြောင်းတွေကို ပျော်ပျော်ပါးပါး လေ့လာနိုင်မယ့် Science Safari Part 1 Board Game လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။

ဒီ Board Game လေးဟာ အသက် (၉) နှစ်နှင့်အထက် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ကစားသမား (၂) ယောက်ကနေ (၄) ယောက်အထိ ပါဝင်ကစားနိုင်ကာ သိပ္ပံပညာရပ်များကို ဉာဏ်စမ်းမေးခွန်းပေါင်း (၇၂၀) ဖြင့် အသေးစိတ်လေ့လာကစားနိုင်မှာဖြစ်ပါတယ်။ ဒီပို့စ်လေးထဲမှာတော့ Science Safari
Part -1 မှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ကဏ္ဍတွေ ပါဝင်မလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။

📍 Game Topics (ပါဝင်မည့် ကဏ္ဍ (၄) ခု)

Earth: ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်အကြောင်း အဓိကအချက်အလက်များနှင့် ဗဟုသုတများ။

Landforms: ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ ထူးခြားသော မြေမျက်နှာသွင်ပြင်နှင့် သွင်ပြင်လက္ခဏာများ။

Weather: လေထုအခြေအနေများနှင့် ရာသီဥတု ဖြစ်စဉ်ပုံစံများ။

Outer Space: ဂြိုဟ်များ၊ ကြယ်များနှင့် စကြဝဠာအကြောင်းအရာများ။

📍 How to Play (ကစားနည်း)
ကစားသမား တွေက ဘုတ်ပြားပေါ်မှာရှိတဲ့ အရောင်စုံလမ်းကြောင်းအတိုင်း အလှည့်ကျ အန်စာတုံးလှိမ့်ကာ အလှည့်အတိုင်း ရှေ့သို့ရွေ့လျားကစားရပါမည်။
အမျိုးအစားအလိုက် အမှတ်အသားသင်္ကေတပေါ်သို့ ကျရောက်ပါက နောက်လာမည့် ကစားသမားက သက်ဆိုင်ရာ မေးခွန်းကတ်ပြားကို ထုတ်ယူမေးမြန်းရပါမည်။
အဖြေမှန်ကန်ပါက ကစားသမားသည် ရှေ့သို့ ဆက်လက်တက်လှမ်းနိုင်ပြီး အလှည့်ကို ထပ်မံကစားခွင့် ရရှိမှာဖြစ်ပါတယ်။

ဂိမ်းဆော့ရင်းနဲ့ သင်ယူရတာကြိုက်တဲ့ သားသားမီးမီးတို့အတွက် Science Safari Board Game လေးက အသင့်တော်ဆုံးပါပဲ။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးရင်း အသိပညာဗဟုသုတတွေကိုပါ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်မှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ Board Game ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

✨ မှာယူလိုပါက: 💬 page Messenger သို့ စာပို့နိုင်သလို ☎️ Phone Number: 09894162200 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။


ကလေးတို့စိတ်ကြိုက် ပုံဖော်ပေးထားတဲ့ Mind to Mind ရဲ့ "I am a..." Series 🐾 Price-5500Ksမလေးရှားနိုင်ငံထုတ် နာမည်ကြီး ကလေး...
04/09/2026

ကလေးတို့စိတ်ကြိုက် ပုံဖော်ပေးထားတဲ့ Mind to Mind ရဲ့ "I am a..." Series 🐾

Price-5500Ks

မလေးရှားနိုင်ငံထုတ် နာမည်ကြီး ကလေးစာပေအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Mind to Mind ရဲ့ ကမ္ဘာကျော် "I am a..." Series (၁၆ အုပ်တွဲ) ကိုနဂါးစာ​ပေမှာ အစုံအလင် ပြန်လည်ရရှိနေပါပြီရှင့်။

ဒီစာအုပ်အတွဲလေးဟာ စာဖတ်စအရွယ် ကလေးငယ်တွေအတွက် အခြေခံအင်္ဂလိပ်စာရော၊ တိရစ္ဆာန်လေးတွေရဲ့ သဘာဝဗဟုသုတကိုပါ တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်လို့ မိဘတွေ ကြိုက်ကြတဲ့ Series တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးမြင်နေကျ စာအုပ်ပုံစံတွေနဲ့မတူဘဲ ကလေးတွေအကြိုက်ဆုံး တိရစ္ဆာန် ၁၆ ကောင်ရဲ့ ခန္ဓာကိုယ် shape အတိုင်း Die-cut (ပုံဖော်) ဖြတ်တောက်ပေးထားလို့ သားသားမီးမီးတို့ လက်ကမချချင်အောင် ဖြစ်နေမှာပါ။ 🥰🥰🥰

ဒီ Series လေးရဲ့ အဓိက အားသာချက်များ
🌟Premium Quality စက္ကူနှင့် ဆေးသား
မလေးရှားနိုင်ငံထုတ် မူရင်းစာအုပ်စစ်စစ် ဖြစ်လို့ အရောင်အသွေး စုံလင်တောက်ပပြီး ကလေးငယ်တွေ ကိုင်တွယ်ဆော့ကစားပြီး ဖတ်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် Quality အကောင်းဆုံး စက္ကူသားနဲ့ ဘေးကင်းတဲ့ ဆေးသားကိုသာ သုံးစွဲထားပါတယ်။

🌟Early Readers ကလေးငယ်များအတွက် အဆင်ပြေခြင်း
စကားလုံး ရိုးရိုးရှင်းရှင်းနဲ့ စာလုံးကြီးကြီး ရေးသားထားလို့ အင်္ဂလိပ်စာ စတင်လေ့လာနေတဲ့ ကလေးတွေရဲ့ စကားလုံးမှတ်မိနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။

🌟ရင်းနှီးလွယ်သော ပုံပြင်ပြောဟန်
"ငါကတော့ ဆင်ကြီးပါ..." စသဖြင့် တိရစ္ဆာန်လေးတွေက သူတို့အကြောင်းကို ကိုယ်တိုင်မိတ်ဆက်တဲ့ ပထမလူ (First-person) ပုံစံမျိုးနဲ့ ရေးသားထားလို့ ကလေးတွေ နားထောင်ရတာ ပိုပြီး ရင်ဘတ်ထဲ ရောက်စေပါတယ်။

🐾 Series တစ်ခုလုံးမှာ ချစ်စရာတိရစ္ဆာန် ၁၆ ကောင် စုံစုံလင်လင် ပါဝင်ပါတယ် -
🐱 Cat (ကြောင်) | 🐶 Dog (ခွေး) | 🐘 Elephant (ဆင်) | 🐸 Frog (ဖား)
🦛 Hippopotamus (ရေမြင်း) | 🐎 Horse (မြင်း) | 🦁 Lion (ခြင်္သေ့) | 🐒 Monkey (မျောက်)
🐼 Panda (ပန်ဒါ) | 🐧 Penguin (ပင်ဂွင်း) | 🐰 Rabbit (ယုန်) | 🦏 Rhinoceros (ကြံ့)
🐑 Sheep (သိုး) | 🐍 Snake (မြွေ) | 🐯 Tiger (ကျား) | 🐢 Turtle (လိပ်)

တစ်အုပ်ကို စာမျက်နှာ ၁၆ မျက်နှာစီ ပါဝင်ပြီး အရောင်အသွေးစုံလင်လှပတဲ့အတွက် မိဘတွေနဲ့ ကလေးတွေ တူတူဖတ်ရင်း အရည်အသွေးရှိတဲ့ မိသားစုအချိန် (Quality Time) ကို ဖြတ်သန်းနိုင်မှာပါ။ စာအုပ်အတုအပ မဟုတ်ဘဲ Original Series စစ်စစ်ကိုမှ ရှာဖွေနေတဲ့ မိဘများအတွက် U Book Store က​နေထွက်ရှိထားတဲ့ စာအုပ်​လေး​တွေ ကိုနဂါးစာ​ပေမှာ၀ယ်ယူလို့ ရ​နေပါပြီရှင့် ........

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-894162200 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။


#စာအုပ်
နဂါးစာပေ

🙆‍♂️🙆‍♀️Truelearning မှထွက်ရှိထားသည့် က​လေးများအတွက် သင်ယူမှုပိုစတာကားချပ်များ ၁ပုံ-၃၅၀၀ကျပ်မန္တ​လေးမြို့​ပေါ် ရှိ နဂါးစ...
03/09/2026

🙆‍♂️🙆‍♀️Truelearning မှထွက်ရှိထားသည့် က​လေးများအတွက် သင်ယူမှုပိုစတာကားချပ်များ

၁ပုံ-၃၅၀၀ကျပ်

မန္တ​လေးမြို့​ပေါ် ရှိ နဂါးစာ​ပေဆိုင်ခွဲများတွင် လည်း ဝယ်ယူရရှိနိုင်ပါပြီရှင့်❤🍀

📚မန္တ​လေးမြို့အတွင်း အိမ်​ရောက်​ငွေ​​​ချေ စနစ်ဖြင့် deli အပ်​ပေးပါတယ်

📚မြို့တွင်း​နေရာ အနီးအ​ဝေး​ပေါ်မူတည်ပြီး deli ခ ယူပါတယ်ရှင်

📚နယ်ကမှာယူမယ့်သူများအတွက်လဲ ကားဂိတ် အထိ ပို့​ပေးပါတယ်ရှင့်

📚အိမ်အ​ရောက် deli နဲ့လဲ အပ်​ပေးပါတယ်ရှင့်
​
📚ယခုကာလအတွင်းစာတိုက်က​နေမပို့​ပေးပါရှင့်


🤩လက်လီ/လက်ကားယူလိုသူများ အ​သေးစိတ်ကို page chat box က​​နေလဲ ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်

Online မှာရန်ဖုန်း📲09-894162200

နဂါးစာပေ







🏠ပင်ရင်း - အမှတ်(၂၉၀) (ခ) ၊ ၈၃လမ်း ၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ မန္တလေး
☎️ဖုန်း - ၀၂-၄၀၃၅၂၆၇ ၊ ၄၀၃၉၈၆၉ ၊ ၄၀၂၁၅၂၇ ၊ ၄၀၃၆၇၄၅

🏠ဆိုင်ခွဲ (၁) -အမှတ်(၁၈၇) ၊ ၂၉လမ်း ၊ ၈၃ လမ်း နှင့် ၈၄ လမ်းကြား ၊ မန္တလေး
☎️ဖုန်း -၀၂-၄၀၂၂၅၅၈၊Viber ၀၉-၉၆၄၃၀၄၂၁၀

🏠ဆိုင်ခွဲ (၂) - အမှတ် ၊(၂၄) ၊ ၆၈ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်း ကြား ၊ မန္တလေး
☎️ဖုန်း - Viber-၀၉-၉၅၂၀၀၄၂၁၀၊၀၉-၄၂၂၀၀၄၂၁၀

🏠ဆိုင်ခွဲ(၃)-စ-၃-၆၇/၇၈၊ ၆၅ လမ်း၊ ၁၀၇ လမ်း နှင့် ၁၀၈ လမ်းကြား၊ ငု​ရွှေဝါလမ်း နှင့် ဇလပ်ဝါ လမ်းကြား၊မန္တလေး
☎️ဖုန်း - Viber ၀၉-၄၀၅၀၅၇၇၀၇

‼️ယခုကာလအတွင်း စာအုပ်​ရောင်း​စျေးများ အ​ပြောင်းအလဲရှိပါသည်။

အသစ်​ရောက်စာအုပ်များ❤📕မန္တ​လေးမြို့​ပေါ် ရှိ နဂါးစာ​ပေဆိုင်ခွဲများတွင် လည်း ဝယ်ယူရရှိနိုင်ပါပြီရှင့်❤📕📚မန္တ​လေးမြို့အတွင...
03/09/2026

အသစ်​ရောက်စာအုပ်များ❤📕

မန္တ​လေးမြို့​ပေါ် ရှိ နဂါးစာ​ပေဆိုင်ခွဲများတွင် လည်း ဝယ်ယူရရှိနိုင်ပါပြီရှင့်❤📕

📚မန္တ​လေးမြို့အတွင်း အိမ်​ရောက်​ငွေ​​​ချေ စနစ်ဖြင့် deli အပ်​ပေးပါတယ်

📚မြို့တွင်း​နေရာ အနီးအ​ဝေး​ပေါ်မူတည်ပြီး deli ခ ယူပါတယ်ရှင်

📚နယ်ကမှာယူမယ့်သူများအတွက်လဲ ကားဂိတ် အထိ ပို့​ပေးပါတယ်ရှင့်

📚အိမ်အ​ရောက် deli နဲ့လဲ အပ်​ပေးပါတယ်ရှင့်
​
📚ယခုကာလအတွင်းစာတိုက်က​နေမပို့​ပေးပါရှင့်


🤩လက်လီ/လက်ကားယူလိုသူများ အ​သေးစိတ်ကို page chat box က​​နေလဲ ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်

Online မှာရန်ဖုန်း📲09-894162200

နဂါးစာပေ




#စာအုပ်

🏠ပင်ရင်း - အမှတ်(၂၉၀) (ခ) ၊ ၈၃လမ်း ၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ မန္တလေး
☎️ဖုန်း - ၀၂-၄၀၃၅၂၆၇ ၊ ၄၀၃၉၈၆၉ ၊ ၄၀၂၁၅၂၇ ၊ ၄၀၃၆၇၄၅(ယာယီပိတ်ထားပါသည်)

🏠ဆိုင်ခွဲ (၁) -အမှတ်(၁၈၇) ၊ ၂၉လမ်း ၊ ၈၃ လမ်း နှင့် ၈၄ လမ်းကြား ၊ မန္တလေး
☎️ဖုန်း -၀၂-၄၀၂၂၅၅၈၊Viber ၀၉-၉၆၄၃၀၄၂၁၀

🏠ဆိုင်ခွဲ (၂) - အမှတ် ၊(၂၄) ၊ ၆၈ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်း ကြား ၊ မန္တလေး
☎️ဖုန်း - Viber-၀၉-၉၅၂၀၀၄၂၁၀၊၀၉-၄၂၂၀၀၄၂၁၀

🏠ဆိုင်ခွဲ(၃)-စ-၃-၆၇/၇၈၊ ၆၅ လမ်း၊ ၁၀၇ လမ်း နှင့် ၁၀၈ လမ်းကြား၊ ငု​ရွှေဝါလမ်း နှင့် ဇလပ်ဝါ လမ်းကြား၊မန္တလေး
☎️ဖုန်း - Viber ၀၉-၄၀၅၀၅၇၇၀၇

‼️ယခုကာလအတွင်း စာအုပ်​ရောင်း​စျေးများ အ​ပြောင်းအလဲရှိပါသည်။

Address

83rd Between 29th And 30th, Chanayetharzan Township
Mandalay
05024

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959894162200

Website

Alerts

Be the first to know and let us send you an email when နဂါးစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နဂါးစာပေ:

Shortcuts

Share

Category