K-Vibe Notes

K-Vibe Notes 🎬 AI Korean Action Drama
🔥 Original Stories • Cinematic Action
🇰🇷 K-Drama Vibes, Reimagined with AI

Accidentally kiss 💋
06/08/2026

Accidentally kiss 💋

သဝန်တိုနေပြီလေ 🫢
06/08/2026

သဝန်တိုနေပြီလေ 🫢

06/08/2026

"국민" ဘွဲ့ရရှိထားတဲ့ ကိုရီးယားသရုပ်ဆောင်တွေအကြောင်းကို ဒီ video လေးထဲမှာ ပြောပြပေးထားလို့ ကြည့်ရှုအားပေးကြပါဦးနော်
국민(ဂုမင်း) ဆိုတာ ကိုရီးယားမှာ လူတိုင်းက ချစ်ခင်လေးစားတဲ့ အနုပညာရှင်တွေကို ပေးတဲ့ ဂုဏ်ပြုအခေါ်အဝေါ်ပါ။
🇰🇷❤️

05/08/2026

🎬 From Extra to Ratings Queen: ဇာတ်ရုပ်တိုင်းကို အသက်သွင်းနိုင်တဲ့ 'Shin Hye Sun' ရဲ့ အံ့မခန်း အနုပညာခရီးလမ်း ✨ကိုရီးယားဒရာမာလောကမှာ အသံထွက်ပြတ်သားပြီး သရုပ်ဆောင်ချက် ပြစ်ချက်မရှိဆုံးလို့ အားလုံးက တင်စားကြတဲ့ "Diction Fairy" မင်းသမီးချော Shin Hye Sun ကို သိကြမှာပါပဲ။ 👑အခုလို ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်မလာခင် သူမရဲ့ အစက တကယ့်ကို ရုန်းကန်ခဲ့ရတာပါ။ ၂၀၁၂ မှာ ‘School 2013’ နဲ့ အနုပညာလောကထဲ ရောက်လာခဲ့ပေမဲ့ အေဂျင်စီတောင် မရှိခဲ့လို့ ဇာတ်ပို့နေရာလေးတွေ ရဖို့အတွက် ကိုယ်တိုင်ကားမောင်း၊ ကိုယ်တိုင် Audition လိုက်လျှောက်ပြီး နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ 🥺သူမရဲ့ ကြိုးစားမှုတွေဟာ ‘My Golden Life’ ဇာတ်လမ်းတွဲမှာ ကြည့်ရှုသူနှုန်း ၄၅% ကျော်အထိ စံချိန်တင်အောင်မြင်ခဲ့ပြီးနောက် အားလုံးရဲ့ သတိထားခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့—🔹 Still 17 က ကလေးစိတ်မပျောက်သေးတဲ့ အသက် ၃၀ အရွယ် ကောင်မလေး🔹 Angel’s Last Mission: Love က မျက်မမြင် ဘဲလေးကချေသည်🔹 Mr. Queen ထဲက လူတိုင်းရဲ့ အသည်းစွဲ ယောက်ျားစိတ်ဝင်နေတဲ့ မိဖုရားကြီး ဇာတ်ရုပ်တွေနဲ့ သူမရဲ့ သရုပ်ဆောင်ပါရမီကို သက်သေပြခဲ့ပါတယ်။ 💯🔥 ၂၀၂၆ အနုပညာမှတ်တိုင်သစ်လတ်တလောမှာလည်း သဲထိတ်ရင်ဖိုစီးရီးဖြစ်တဲ့ The Art of Sarah မှာ အမိုက်စား Double Life ဇာတ်ရုပ်၊ tvN ရုံးခန်းရိုမန့်ကော်မဒီ Filing for Love မှာလည်း စာရင်းစစ်ချုပ်နေရာတွေနဲ့ ပရိသတ်ကို ဖမ်းစားထားဆဲပါ။ဒါတင်မကသေးပါဘူး! ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတင် ကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် Blue Dragon Series Awards မှာလည်း The Art of Sarah ဇာတ်ကားနဲ့ 'အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (Best Actress)' ကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါပြီ! 🏆🎉ဇာတ်ရုပ်တိုင်းကို အသက်သွင်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ မင်းသမီးချော ရှင်ဟေးဆွန်းရဲ့ ဇာတ်ကားတွေထဲက သူငယ်ချင်းတို့ အကြိုက်ဆုံးကားက ဘာဖြစ်မလဲ? Comment မှာ မျှဝေခဲ့ဦးနော်! ✨ #ရှင်ဟေးဆွန်း

tvN ရဲ့ Drama အသစ် "Four Hands, Two Sonatas" ရဲ့ မင်းသား မင်းသမီးတွေပါဝင်တဲ့ Still ပုံရိပ်သစ်တွေ ထွက်ရှိလို့ လာခဲ့ပါပြီ။...
04/08/2026

tvN ရဲ့ Drama အသစ် "Four Hands, Two Sonatas" ရဲ့ မင်းသား မင်းသမီးတွေပါဝင်တဲ့ Still ပုံရိပ်သစ်တွေ ထွက်ရှိလို့ လာခဲ့ပါပြီ။
ဒရာမာ ခေါင်းစဉ်မှာပါတဲ့ "Four Hands" ဆိုတာကတော့ စန္ဒယားတစ်လုံးတည်းမှာ လူနှစ်ယောက် အတူတူယှဉ်တွဲတီးခတ်ရတဲ့ ဂီတနည်းပညာတစ်မျိုး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အနုပညာအထက်တန်းကျောင်းတစ်ကျောင်းမှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ လူငယ်လေးတွေရဲ့ ချစ်ခြင်း၊ သံယောဇဉ်၊ ပြိုင်ဆိုင်မှုနဲ့ ဂီတလမ်းကြောင်းပေါ်က ကြိုးစားရုန်းကန်မှုတွေကို အထက်တန်းကျောင်းသားဘဝကနေ ပရိုဖက်ရှင်နယ် စန္ဒယားပညာရှင်တွေ ဖြစ်လာကြတဲ့အထိ ရိုက်ကူးပုံဖော်ထားတာပါ။
ဇာတ်ကောင်နဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်များ-
Song Kang (ဆုန်းဂန်) - စန္ဒယားမေဂျာ ကျောင်းသား Kang Bi Oh အဖြစ် ပါဝင်ထားပြီး တည်ငြိမ်အေးဆေးကာ ဂီတအပေါ် အလေးအနက်ထား လေ့လာသူအဖြစ် မြင်တွေ့ရမှာပါ။
Lee Jun Young (လီဂျွန်ယောင်း) - စန္ဒယားမေဂျာ ကျောင်းသား Choi Jung Yo အဖြစ် ပါဝင်ထားပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်နဲ့ ဆုန်းဂန်နဲ့ မတူညီတဲ့ ဆွဲဆောင်မှုမျိုးကို ပြသသွားမှာပါ။
Jang Gyuri (ဂျန်ဂယူရီ) - ဗိုင်အိုလာ (Viola) မေဂျာ Hong Jae In အဖြစ် ပါဝင်ထားပြီး သူငယ်ချင်းနှစ်ယောက်ကြား တောက်ပတဲ့ စွမ်းအင်တွေ၊ ဂီတအပေါ် ထားရှိတဲ့ စိတ်စေတနာတွေကို ဖြည့်ဆည်းပေးမယ့် ကာရိုက်တာပဲ ဖြစ်ပါတယ်။
ကျောင်းစင်္ကြံ၊ လေ့ကျင့်ရေးအခန်း၊ စန္ဒယား အတူတူတီးခတ်ကြတဲ့ အခိုက်အတန့်တွေကနေတစ်ဆင့် သူတို့ သုံးယောက်ကြားက ထူးခြားတဲ့ သံယောဇဉ်နဲ့ သံစဉ်တွေရဲ့ ပေါင်းစည်းမှုကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
"Four Hands, Two Sonatas" ကိုတော့ ဩဂုတ်လ ၂၉ ရက်၊ ည ၉ နာရီ ၁၀ မိနစ် (KST) မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Source:soompi

03/08/2026

🧤 "မထိနဲ့! ထိမိရင် မင်းပါ သရဲမြင်ရလိမ့်မယ်

03/08/2026

TV ရုပ်သံလိုင်းတွေ ဆုပေးပွဲမဟုတ်ဘဲ Netflix နဲ့ OTT ကားတွေကိုပဲ သီးသန့်ရွေးချယ်တဲ့ Blue Dragon Series Awards ရဲ့ သမိုင်းကြောင်းနဲ့ ထူးခြားချက်တွေကို သိပြီးပြီလား? 🤔သမိုင်းတစ်လျှောက် အမြင့်ဆုံး Daesang ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီး (၂) ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာ ဗီဒီယိုထဲမှာ ကြည့်လိုက်ရအောင်!

01/08/2026

"POV: သရဲကိုကြောက်နေတာ...
သရဲကလည်း...
'အဲဒါ ကြမ်းတိုက်တုတ်ကြီးဟ😆😅'

တို့ရဲ့ မျက်မှန်နဲ့ဦးလေးကြီးလည်းဆုရပါတယ်နော်😊
01/08/2026

တို့ရဲ့ မျက်မှန်နဲ့ဦးလေးကြီးလည်းဆုရပါတယ်နော်😊

Address

Mandalay

Telephone

+959983116106

Website

Alerts

Be the first to know and let us send you an email when K-Vibe Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K-Vibe Notes:

Shortcuts

Share