Shwe Ye Fashion HomeShop

Shwe Ye Fashion HomeShop ဈေးနှုန်းချိုသာပြီး ကွာလတီကောင်းစေ ကွာလတီကောင်းဈေးနုန်းချိုသာ

16/07/2023

😶😶

ကင်းမွန်အစပ်ကြော် (ကင်းမွန် ကုန်းဘောင်ကြီးကြော်)☺️☺️ပုံအောက်မှာ ကြော်နည်း ရေးထားတယ်နော်🙂🙂
12/12/2021

ကင်းမွန်အစပ်ကြော် (ကင်းမွန် ကုန်းဘောင်ကြီးကြော်)☺️☺️ပုံအောက်မှာ ကြော်နည်း ရေးထားတယ်နော်🙂🙂

🙂🙂🙂 #လက်ဖက်ကြက်ဥ လုပ်နည်းကြက်ဥ ၁၀လုံးစာ... လုပ်ရတာလွယ်ကူပါတယ်ပါဝင်ပစ္စည်း-ကြက်ဥ၁၀လုံး-လက်ဖက်ခြောက် ထမင်းစားဇွန်း ၂ဇွန်း-...
04/12/2021

🙂🙂🙂 #လက်ဖက်ကြက်ဥ လုပ်နည်း
ကြက်ဥ ၁၀လုံးစာ... လုပ်ရတာလွယ်ကူပါတယ်

ပါဝင်ပစ္စည်း
-ကြက်ဥ၁၀လုံး
-လက်ဖက်ခြောက် ထမင်းစားဇွန်း ၂ဇွန်း
-နာနတ်ပွင့် ၄ပွင့်
-ကရဝေးရွက် ၂ရွက်
-ဂျင်း ၂ပြား
-သစ်ဂျပိုးခေါက် ၁ခု
-ငရုပ်သီးအနီခြောက် ၂တောင့်
-ဟွားကြောင်း (မာလဟင်းထဲက လျှာထုံ) (မရှိလျှင်ငရုပ်ကောင်းလှော်မှုန့်ထည့်) လက်ဖက်ရည်ဇွန်း ၂ဇွန်း
-သကြား ထမင်းစားဇွန်း ၁ဇွန်း
-ပန်းကန်လုံးမှာ ပဲငံပြာရည် အကြည် ၁ပုံ အနောက်၃ပုံရော

လုပ်နည်း
-ကြက်ဥကို ၁၀မိနစ်ပြုတ်
-အအေးခံပြီး ဇွန်းနဲ့ အခွံကို အက်အောင် အသာလေးရိုက်
-ပြုတ်မဲ့အိုးမှာ ရေ(ကြက်ဥနစ်သလောက်) အစာပလာတွေနဲ့ ကြက်ဥနဲ့ရော်ပြီး ပြုတ်
-ပွက်ရင် မီးအေးအေးနဲ့ မိနစ်၃၀ပြုတ်
-ပြီးရင် စားချင်စားလို့ရပါတယ်,
အရသာပိုကောင်းချင်ရင် ရေခဲသေတ္တာမှာ ၁ည ပြုတ်ရည်နဲ့စိမ်ထားပါ ၂ညလောက်ဆိုပိုပြီးကောင်းပါတယ် အရသာက အထဲထိပိုဝင်ပါတယ်

အေးနေတဲ့ကြက်ဥကိုသူ့အရည်နဲ့ ပူအောင် ပြန်ပြုတ်ပြီးပူပူလေးစားလို့ရသလို အေးအေးလေးလည်းစားလို့ကောင်းပါတယ်ခဗျာ....

(ကြက်ဥ ဘဲဥအပြင် ကြက်ဘဲဝက်တို့ ပဲပြားတို့ပြုတ်စားလည်းကောင်းပါတယ်)

မှတ်ချက် -------အရသာ ရှိ ရှိ စားချင်ပါက ၆ နာရီခန့်မျှ ပြုတ်ပေးပါ

Credit@မူရင်းပိုင်ရှငိသို့

🦋🦋 #တစ်လအတွင်းဝိတ်ချဖို့🦋🦋၁။သံပရာသီး အစိမ်း (အမြဲမပြတ်ဝယ်ထားပါ)၂။လက်ဖက်ခြောက် (အမြဲမပြတ် ဝယ်ထားပါ)အခုပြောပြမယ့်နည်းလမ်းက...
29/11/2021

🦋🦋 #တစ်လအတွင်းဝိတ်ချဖို့🦋🦋

၁။သံပရာသီး အစိမ်း (အမြဲမပြတ်ဝယ်ထားပါ)
၂။လက်ဖက်ခြောက် (အမြဲမပြတ် ဝယ်ထားပါ)

အခုပြောပြမယ့်နည်းလမ်းက အမှားမခံတာကို မမေ့ပါ နဲ့ဖြစ်နိုင်ရင် အမှတ်အသားတစ်ခုခု လုပ်ပြီး ( print ) ထုတ်ပြီးပဲ ဖြစ်ဖြစ် အမြဲ မြင်နိုင်မယ့် နေရာမှာ ကပ်ထားပါ။

အကောင်းဆုံးကတော့ မနက် ၆:၀၀ လောက် အိပ်ရာထပါ။တကယ်လို့ နောက်ကျမှ နိုးခဲ့ရင်လည်း နိုးတဲ့အချိန်မှာ လုပ်ပါ ။

- ၁ -

ဘီယာထည့်တဲ့ ငါးကြင်းဖန်ခွက် တစ်ခွက်ယူပါ။
(ဝယ်ပါ)။သံပရာသီးတစ်လုံးကို လှီးပြီး အရည်ညှစ်
ထည့်ပါ ၊ သံပရာစေ့ ၊ သံပရာခွံတွေကိုပါ ထည့်ပါ။
လဖက်ခြောက် နည်းနည်းထည့်ပြီး ရေနွေးပူပူ အပြည့်လောင်းထည့်ပါ။အဖုံးအုပ်ပြီး နွေးနွေးလေး ဖြစ်တဲ့အထိ နှပ်ထားပါ။

အိပ်ရာက နိုးပြီး ၊ မျက်နှာသစ် သွားတိုက်ပြီးလျှင် ၊ ဘာအစာကိုမှ မစားမသောက်ခင် အပေါ်က စိမ်ထားတဲ့ သံပရာရည် တစ်ခွက်ကို ကုန်အောင် သောက်ပါ။

( မနက်တိုင်း ဒီနည်းအတိုင်း သောက်ရပါမယ် )

ပြီးမှကော်ဖီသောက်တာ၊အစာစားတာကို လုပ်ပါ ။
တစ်ရက်လုံး စားချင်တာကိုစားပါ။စိတ်ကြိုက်စားပါ။သေအောင်စားပါ😝😝

-၂ -

ညနေ ၆:၀၀ နောက်ပိုင်း ဘာအစာကိုမှ
မထိမတို့ပါနဲ့။မနက်က သောက်တဲ့အတိုင်း သံပရာရည်တစ်ခွက်သာ သောက်ပြီး ပုံမှန်အိပ်ရာဝင်ချိန် တစ်ခု သတ်မှတ်၍ တိတိကျကျ လိုက်နာပါ။

မှတ်ချက် - ရေမချိုးခင် လေ့ကျင့်ခန်းနည်းနည်း
လုပ်ခြင်းက ပိုပြီး ဝိတ်အကျ မြန်ပါတယ်။

အခု ပြောပြပေးထားတဲ့ နည်းကို အတိအကျ မပျက်မကွက် လိုက်နာ ဖို့ လိုပါတယ်။
မေ့သွားတာမျိုး လုံးဝ မရပါဘူး။

တကယ် ပိန်ချင်ရင် တစ်လပဲ လုပ်ကြည့်ပါ ။
၁၅ ပေါင်ကနေ ၂၀ အထိ အာမခံပါတယ်။
ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
(ထပ်ပြီးပြောချင်တာက လုံးဝ မပျက်မကွက်
လိုက်နာနိုင်ဖို့ပါ။)

သံပရာသီးနဲ့မတည့်သူတွေ ၊ အစာအိမ်သမားတွေ
သွေးပေါင်ကျသူတွေအတွက် အကြံမပေးပါဘူး။
အဆင်ပြေကြပါစေ။
မေတ္တာဖြင့်ပြန်လည်ဝေမျှပါသည်🙏

credit 😘😘😘

🥰ယိုဒယားပင်လယ်စာ +သင်္ဘောသီးထောင်း 😋ပင်လယ်စာ နဲ့ ဂဏန်း ကြိုက်သူတွေ အတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီး ထောင်းပါ။ 🥰ဂဏန်း...
11/10/2021

🥰ယိုဒယားပင်လယ်စာ +သင်္ဘောသီးထောင်း 😋
ပင်လယ်စာ နဲ့ ဂဏန်း ကြိုက်သူတွေ အတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီး ထောင်းပါ။

🥰ဂဏန်းအစိမ်းထည့်ရင် ပုဇွန် အစိမ်းသုတ်လို အရသာပါ။

🥰ဂဏန်းလက်မ သင်္ဘောသီးထောင်း – ၁ပွဲစာ 🦀

💥ပါ၀င်ပစ္စည်းများ

သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
မုန်လာဥနီခြစ် - သင်္ဘောသီး ခြစ်ရဲ့ငါးပုံတစ်ပုံခန့်
ဂဏန်း အကောင်ကြီးကြီး - ၁ ကောင်
ပဲတောင့်ရှည် – ၁ တောင့်
ခရမ်းချဉ်သီး – ၁ လုံး
သံပုရာသီး – ၁ လုံး
ထန်းလျက်ခဲ – ၂ ခဲ
ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်စိမ်းတောင့် နှင့် အနီတောင့် - ၃ တောင့်
(မိမိနှစ်သက်သလို)
ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

💥ပြုလုပ်နည်း

🥰ဂဏန်း တစ်ကောင်ကို ရေ သေချာဆေး ပြုတ်ပြီး စားလို့အဆင်ပြေရုံ ထုထောင်းထားပါ။

🥰အစိမ်း ကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို့တော့လိုပါတယ်။

🥰သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။
သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။

🥰ပွဲပြင်ဆင်တော့မယ်ဆို
ငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။
နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။

🥰သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ့သမအောင်မွေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။

🥰ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။

🥰လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီး နဲ့မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။

🥰နှံ့ပြီဆို မြည်းကြည့်ပါ။ အပေါ့အ ငံလိုချင်တဲ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့်နှစ်သက်ရာထည့်ပါ။ နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူးထည့်ပါ။

🥰ရေခဲစိမ် ထားတဲ့ ကန်စွန်း ရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ဂဏန်း သင်္ဘောသီး ထောင်း စစ်စစ်ကို စားနိုင်ပါပြီ။

Crd to

😁. ကဲ ပျိုမေတွေအားလုံးအတွက် ပိန်ပိန်ဝဝFashion ကျစေမဲ့❤️Flowly Smock Dress တစ်ထည်တော့ ရှာဝယ်ထားလိုက်တော့ နော်😁😁၂၀၂၁ အတွင်...
28/09/2021

😁. ကဲ ပျိုမေတွေအားလုံးအတွက် ပိန်ပိန်ဝဝFashion ကျစေမဲ့❤️Flowly Smock Dress တစ်ထည်တော့ ရှာဝယ်ထားလိုက်တော့ နော်😁😁
၂၀၂၁ အတွင်း အရွယ်စုံဆိုဒ်စုံပျိုမေတွေကြား နေရာယူလာခဲ့တဲ့ Smock Dress ဒီဇိုင်းတွေဟာ ဝတ်ရတာပေါ့ပါးလွတ်လပ်တဲ့အပြင် ခန္ဓာကိုယ်ပေါ် ဝဲဝဲလေးကျသွားတဲ့ ပုံစံကြောင့် Body Type အမျိုးအစားတော်တော်များများနဲ့ လိုက်ဖက်ပါတယ်🙂🙂
crd

😀😀 Page နဲ့ မဆိုင်ပေမဲ့လို သူယူရအောင် မျှဝေမယ်နော်😅😅❤️အိမ်မှာကိုယ်တိုင်အပ်မှိုစိုက်နည်:❤️ဝယ်လာတဲ့ အပ်မှိုကိုစားလဲစား/ပြန...
23/09/2021

😀😀 Page နဲ့ မဆိုင်ပေမဲ့လို သူယူရအောင် မျှဝေမယ်နော်😅😅
❤️အိမ်မှာကိုယ်တိုင်အပ်မှိုစိုက်နည်:
❤️ဝယ်လာတဲ့ အပ်မှိုကိုစားလဲစား/ပြန်လဲ စိုက်ကြစို့နော်😁😁
❤️စိုက်နည်းပုံတွင် ရေးထားတယ်နော်

Credit မူရင်းပုံပိုင်ရှင်

Address

55 (C) လမ်း 117*118 ကြား
Mandalay
မှန်မှန်ကန်ကန်နဲ့ဈေးနုန်းချိုသာ

Telephone

+959428262468

Website

Alerts

Be the first to know and let us send you an email when Shwe Ye Fashion HomeShop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share