U PHYO မာလာမောက်ချိုက်

Directions

U PHYO မာလာမောက်ချိုက် food

မကောင်းရင်ငွေမရှင်းနဲ့နော်ကျနော့်ဆိုင်လာစားတယ့်သူအားလုံးစိတ်ချမ်းသာစေချင်တာပဲသိတယ်
13/12/2022

မကောင်းရင်ငွေမရှင်းနဲ့နော်
ကျနော့်ဆိုင်လာစားတယ့်သူအားလုံး
စိတ်ချမ်းသာစေချင်တာပဲသိတယ်

01/01/2022

နှစ်သစ်ဆုတောင်း🙏🏻

• နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်
ထွန်းတောက်မင်္ဂလာ ရှိပါစေ

• နှစ်သစ်မင်္ဂလာ ဒီချိန်ခါ
စိတ်မှာညစ်မဲ ကင်းပါစေ

• နှစ်သစ်မင်္ဂလာ များသတ္တာ
ချမ်းသာကိုယ်စိတ် မြဲပါစေ

• တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး
ရွှင်ပြုံးကြည်သာ ရှိပါစေ

• ကုသိုလ်ကျန်းမာ ပညာစီးပွား
ဒီရေလား တိုးပွားကြပါစေ

🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

ချမ်းမြေ့ဆရာတော်ဘုရားကြီး

 #ခေါက်ဆင့်ပလာတူး ထမင်းလွတ်ညစာ ခေါက်ဆင့်ပလာတူးလုပ်စားဖြစ်တယ်...တစ်ခါစားဖူးပြီးကြိုက်သွားလို့ ခုမှကိုယ်တိုင်လုပ်စားဖြစ်တယ...
31/12/2021

#ခေါက်ဆင့်ပလာတူး

ထမင်းလွတ်ညစာ ခေါက်ဆင့်ပလာတူးလုပ်စားဖြစ်တယ်...

တစ်ခါစားဖူးပြီးကြိုက်သွားလို့ ခုမှကိုယ်တိုင်လုပ်စားဖြစ်တယ်...😋

ပြင်ဆင်ရန်

ပလာတူးငါး ဝယ်ပြီးရေစင်အောင်ဆေး ဆား၊နနွင်း၊ဟင်းခတ်မှုန့်ထည့်နယ်ပြီး ၁၀ မီးနစ်ခန့်ထားပါ..

မုန်ညှင်းထုတ်၊ဆလပ်ရွက်၊သခွားသီး၊မုန်လာဥနီ၊ရုံးပတီသီး၊ကန်ဇွန်းရိုးနီ၊နံနံပင် ( ဖက်ဖိုင်ရွက်ရှိရင်လဲ နံနံပင်လိုပဲ ထည့်စား ကောင်းတယ်)
အများဆုံးစားဖြစ်တဲ့အရွက်တွေပါ တခြားကိုယ်ကြိုက်တဲ့ အရွက်လဲထည့်လို့ရပါတယ်...

အရွက်အစိမ်းစားရတာမို့ ရေစင်စင်ဆေးဖို့တော့ မမေ့နဲ့နော်...

ပလာတူးငါးကြော်နေစဉ် အရွက်လေးတွေကို ရှာလကာရည်နဲ့ ၅ မီးနစ်စိမ်ပြီးရေနှစ်ထပ် ထပ်ဆေးပါ..

မုန့်ဖတ်နည်းနည်းဝယ်ပါ (၂၀၀ ဖိုးဆိုအများကြီးရ)

အချဉ်အတွက်
စပါလင်နည်းနည်းပါးပါးလှီး၊ဂျင်းနည်းနည်း၊နံနံပင်အမြစ်နည်းနည်းကိုညှက်အောင်ထောင်း၊ ကြက်သွန်ဖြူများများ၊ငရုတ်သီးစိမ်းစားနိုင်သလောက်ထည့်ပြီးထောင်း၊တုံတုံငပိထောင်းလေးတစ်ဇွန်းထည့်၊
နံနံပင်အနေတော်ထည့်ထောင်းပြီး နောက်ဆုံးသံပုရာသီး ၁ လုံးညှစ်ထည့်၊
ဆား၊သကြား၊ငံပြာရည်ထည့်အရသာမြည်းပြီး ထမင်းလွတ်လေးစားလို့ရပါပြီ။ ( ကြက်သွန်ချဉ်လေးကြိုက်ရင်ထည့်စား ပိုးစားမြိန်ပါတယ်)

Credit to original chef&uploader

ကြက်သားလိပ်လုပ်နည်း--------------------ကြက်သား သို့မဟုတ် ဝက်သား နှစ်သက်ရာအသားနဲ့ ကြော်နိုင်ပါတယ်။ အတွင်းဘက်ကအဆာအတွက် ကြက...
26/12/2021

ကြက်သားလိပ်လုပ်နည်း
--------------------
ကြက်သား သို့မဟုတ် ဝက်သား နှစ်သက်ရာအသားနဲ့ ကြော်နိုင်ပါတယ်။ အတွင်းဘက်ကအဆာအတွက် ကြက်သားအပြင် ကြက်သွန်နီနဲ့ ဂေါ်ဖီထည့်ထားတော့ အနံ့အရသာ ပိုကောင်းသွားတယ်။ အဆာကို ကော်ပြန့်ဖက်နဲ့လိပ်ပြီးမှ တမ်ပူရာထဲမှာ နှစ်ကြော်ထားတဲ့အတွက် အတွင်းကအစိုဓာတ် အပြင်ကိုရောက်မလာအောင် ကော်ပြန့်ဖက်က ထိမ်း ထားလိုက်ပါတယ်။ အပြင်ဘက်က ကြွပ်ကြွပ်လေးနဲ့ အတွင်းဘက်က အနံ့အရသာကောင်းပြီး နူးညံ့တဲ့ကြက်သားနဲ့ ဟင်းရွက်တို့ကို
တစ်ကိုက်လောက်ဝါးမိတဲ့အခါ နှစ်သက်ကြမှာ အသေချာပါ။

ပါဝင်သောပစ္စည်းများ(၆ လိပ်)
--------------------
• ကြက်သား - ၂၅ ကျပ်သား
• ချင်း - ပါးပါး ၂ ပြား
• ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်)
• ကြက်သွန်နီ - ၁၅ဝ ဂရမ် ( ၁ဝ ကျပ်သားခန့်)
• ဆား - အနည်းငယ်
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက်
• ဆန်မှုန့်/ ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• တရုတ်မဆလာ - အနည်းငယ်
• ကော်ပြန့်ဖက် - ၆ ရွက်
• အကြော်မှုန့် - ၉ဝ ဂရမ် ( ၆ ကျပ်သားလျှော့လျှော့)
• ကြော်ရန်ဆီ - လိုသလောက်

ချက်နည်း
--------------------
၁။ ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ချင်းထည့်၊ ရေအနည်းငယ်ထည့်ပြီး ကျက် သွားရုံလေး ရေခန်းပြုတ်ပါ။ ကျက်သွားလျှင် အအေးခံပြီး အတုံးလေးတွေလှီးထားပါ။ (ကြက်သားကို ကျက်အောင် ပြုတ်ဖို့လိုပါတယ်။ နူးအောင်တော့မပြုတ်ရပါ)

၂။ ကြက်သွန်နီနှင့် ဂေါ်ဖီကို တစ်လက်မရဲ့ ၃ ပုံ ၁ ပုံအထူ လေးထောင့်အတုံးလေးတွေ လှီးထားပါ။

၃။ ဒယ်အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို နွမ်းသွားရုံလေးကြော်ပါ။

၄။ အသီးရွက်တွေ နွမ်းသွားတဲ့အခါ ကြက်သားထည့်မွှေပါ၊ ကော်ရည်ထည့်မွှေပါ။ နောက်ဆုံးမှာ ဆန်မှုန့်/ဂျုံမှုန့်လေးဖြူး မွှေပေးပြီးတာနဲ့ မီးဖိုပေါ်ကချပြီး အအေးခံပါ၊

၅။ အကြော်မှုန့်ကို ရေ (၁ဝဝ မီလီလီတာ- ၁၃ဝ မီလီလီတာ)ဖြင့်ဖျော်ထားပါ။ သို့မဟုတ် အထုတ်ပါ အညွှန်းအတိုင်း မပျစ်မကျဲဖျော်ထားပါ။ မုန့်ရည်ပျစ်လျှင်
အကြောမာပျဉ်းတွဲဖြစ်မည်။ မုန့်ရည်ကျဲ လွန်းလျှင် ဆီထဲတွင် ပြန့်ထွက်ကုန်မည်။

၆။ ကော်ပြန့်ဖက်ထဲ အဆာများထည့်ပြီး ကော်ပြန့်လိပ်သကဲ့သို့လိပ်ပါ။ အနားကို မုန့်နှစ်ရည်စွတ်ပြီး ပိတ်ပါ။

၇။ ကြော်မည့်အိုးထဲ ဆီ ၃ လက္မအနက်ထည့်ပြီး ဆီပူလာရင် ကြက်သားလိတ်တွေကို အကြော်မှုန့် ရည်ထဲနှစ်ပြီး ဆီပူထဲထည့်ကြော်ပါ။

၈။ အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန်ပေးပါ။ ရွှေအိုရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ထားပါ၊ အေးသွားလျှင် ကတ်ကြေးဖြင့်ညှပ်ပြီး အချဉ်ရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

အချဉ်ရည်
--------------------
၁။ ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်ရည် စားပွဲဇွန်း ၂ ဇွန်း၊ အမျိုးစားကောင်းသော ငရုတ်ဆီ စားပွဲဇွန်း ၃ ဇွန်း ရောမွှေပေးပါ။

၂။ အငန်လိုလျှင် ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပါ။ အပျစ် အကျဲကို မိမိနှစ်သက်သလို ရေနွေး ရောပေးနိုင်ပါသည်။

Credit to original uploader
Credit photos

မုန့်ဟင်းခါးအလွယ်ချက်နည်း 🤩👇🏻👇🏻ငါး စပါးလင် ငံပြာရေ ရေ ထည့်ပြီးပြုတ်ပါငံပြာရေ၂ဆ ရေ၁ဆ သုံးပါပြုတ်ပြီးသားငါးကို အရိုးနွင်စပ...
21/12/2021

မုန့်ဟင်းခါးအလွယ်ချက်နည်း 🤩👇🏻👇🏻

ငါး စပါးလင် ငံပြာရေ ရေ ထည့်ပြီးပြုတ်ပါ
ငံပြာရေ၂ဆ ရေ၁ဆ သုံးပါ

ပြုတ်ပြီးသားငါးကို အရိုးနွင်
စပါးလင်ဂျင်းကြက်သွန်နီ အဖြူထောင်းပြီးဆီသပ်ပါ
စနွင်းနဲ့ငရုတ်စိမ်းမှုန့်ငံပြာရည် ထည့်မွှေပါ
အရိုးနွင်ထားတဲ့ငါးထည့်ပြီးလိပ်နေအောင်ဆီသပ်ပါ

ရေ ငါးပြုတ်ရေထည့်ပြီး တည်ပါ
ပွက်၂ဆူရင် ဆန်လှော်မှုန့် ကြက်သွန်ဥထည့်ပြီးမွှေနေပါ
ဆန်လှော်မှုန့်ပွလာစေဖို့ ဆက်တိုက်၁၀မိနစ်ခန့်မွှေပါ

ဘဲဥပြုတ်ကိုပါးပါးလှီးပြီးထည့်ပါ Or
ဘဲဥခလောက်ထားတာထည့်မွှေပါ 👈🏻ကြိုက်မှထည့်ပါ

ငါးဆီသပ် ဆား အချိုမှုန့် ထည့်ပါ
ဌက်ပျောအူအနုထည့်ပြီးရင် စားလို့ရပါပြီ

Credit KoOo

photo. crd

19/12/2021
17/12/2021
မင်းကတော်ငပိရည်_____________ #ပါဝင်ပစ္စည်းများငပိရည်ကျိုပုဇွန်ထုတ်အသေးတညင်းသီးကုလားအော်သီးကိုင်းခရမ်းချဉ်သီးခရမ်းကဇော့ကြ...
16/12/2021

မင်းကတော်ငပိရည်
_____________

#ပါဝင်ပစ္စည်းများ

ငပိရည်ကျို
ပုဇွန်ထုတ်အသေး
တညင်းသီး
ကုလားအော်သီး
ကိုင်းခရမ်းချဉ်သီး
ခရမ်းကဇော့
ကြက်သွန်ဖြူ+နီ
ငရုတ်သီးစိမ်း
ပုဇွန်ခြောက်
ငရုတ်သီးစိမ်း အကျက်မှုန့်တို့
ဖြစ်ပါတယ်

ပြုလုပ်နည်း
~~~~~~~~

၁•ကြက်သွန်ဖြူ ငရုတ်သီး ကုလားအော်ငရုတ်သီး ကိုလှော်ပါ။ ထောင်းထားပါ။

၂•ပဇွန်ခြောက်ကိုရေစိမ်ပါ ပြီးလျှင်ထောင်းထားပါ။

၃•ပုဇွန်ထုပ်အသေးကိုလှော်ပါ။
အခွံချွတ်ပါ။

၄•ငပိရည်ကိုနနွင်း အနည်းငယ်ထည့်၍
ကျိုပါ။ ပြီးလျှင် ရေစစ်ပါ။

၅•ငပိရည်ထဲသို့လှော့်ထားတဲ့ ပုဇွန်နှင့်
ထောင်းထားတဲ့ ပုဇွန်ခြောက် ကြက်သွန်ဖြူ ငရုတ်သီးများ ထည့်ကာကျိုပါ။

၆•ပြုတ်ထားတဲ့ တညင်းသီးကို အစိတ်လိုက်ဖြစ်စေ အခြမ်းလိုက်ဖြစ်စေ ထည့်၍ကျိုပါ။

၇•ငပိရည်အကျို အဆင်ပြေပြီဆိုလျှင်
ပန်းကန်ထဲထည့်၍ ငရုတ်သီးမှုန့်ထည့်၍
သုံဆောင်နိုင်ပါပြီရှင့်

၈•ကြက်သွန်နီ ကဇော့သီးနှင့် ကိုင်းခရမ်းချဉ်သီးကြိုက်နှစ်သက်လျှင်
တညင်းသီးနှင့်ထည့်၍‌ရောကျိုနိုင်ပါတယ်

Credit ခင်ခင်ကြီး

13/12/2021
12/12/2021

Address

16st86st
Mandalay

Website

Alerts

Be the first to know and let us send you an email when U PHYO မာလာမောက်ချိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share