သံလွင်သူ Book & Baby Store - Mandalay

Directions

သံလွင်သူ Book & Baby Store - Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သံလွင်သူ Book & Baby Store - Mandalay, Book shop, Mandalay.

 #ကလေးကိုစာဘယ်လိုဖတ်ပြရမလဲ #ခေတ်ဘုန်းသစ် ကလေးတို့ရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ကလေးတွေကို စကားမပြောတတ်သေးခင်အရွယ်ကတည်းက စာ...
03/03/2021

#ကလေးကိုစာဘယ်လိုဖတ်ပြရမလဲ
#ခေတ်ဘုန်းသစ်

ကလေးတို့ရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ကလေးတွေကို စကားမပြောတတ်သေးခင်အရွယ်ကတည်းက စာဖတ်ပြတာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။ ဘေဘီအရွယ် ကလေးတွေကို ပေးဖတ်မယ့်စာအုပ်လေးတွေက အထိအတွေ့ကိုသင်ကြားပေးတဲ့စာအုပ်မျိုး၊ ဖိနှိပ်လိုက်ရင် အသံမြည်လာတဲ့စာအုပ်လေးတွေက ပိုသင့်တော်ပါတယ်။

အဲ့လိုစာအုပ်မျိုးတွေ မရှိဘူးဆိုရင်လည်း အရောင်စုံ၊ အရုပ်ရှင်းရှင်းနဲ့ စာအုပ်မျိုးတွေကိုလည်း မေမေတို့က ဖတ်ပြပေးလို့ရပါတယ်။
ဘေဘီအရွယ်ကတည်းက ကလေးတို့ကို စာဖတ်ပြခြင်းဟာ ကလေးတို့ဥာဏ်ကောင်းဖို့အတွက် အဓိကဖြစ်တဲ့၊ အခြေခံကျတဲ့ အချက်တစ်ချက်ဆိုတာကို ဥာဏ်ကြီးရှင် မဂ္ဂဇင်း ဇန်နဝါရီလထုတ်မှာ ဖော်ပြခဲ့တဲ့ "ကလေးကို စာဘယ်လိုဖတ်ပြရမလဲ" ဆောင်းပါး မေမေ၊ ဖေဖေတို့အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။

------------------------------------------------------------------------

ကလေးကို စာဘယ်လို ဖတ်ပြရမလဲ
(ခေတ်ဘုန်းသစ်)

စကား သိပ်မပြောတတ်သေးတဲ့ ကလေး ငယ်လေး များကို စာဖတ်ပြဖို့အတွက် စာဘယ်လို ဖတ်ပြရမလဲ၊ ဘယ်လို စာအုပ်မျိုးတွေ ဖတ်ပြရမလဲ ဆိုတဲ့ မေးခွန်းကို ကလေးမိဘ တော်တော်များမျာက ကျွန်မကို မေးလေ့ရှိပါတယ်။ အနောက်နိုင်ငံများ မှာ တော့ ကလေးတို့ရဲ့ ညဏ်ရေဖွံ့ဖြိုးဖို့အတွက် ကို အခြေခံ တဲ့ မွေးစမှ တစ်နှစ်အရွယ် ကလေးငယ်များ ဖတ်ဖို့ စာအုပ်လေးတွေ အဆင်သင့်ရှိပေမယ့် ကျွန်မတို့နိုင်ငံမှာတော့ ဒီလို စာအ ုပ်မျိုးလေးတွေက ၀ယ်ဖို့ ခက်တဲ့ စာအုပ်မျိုးထဲမှာ ပါနေပါသေးတယ်။
ဘေဘီ အရွယ်လေးတွေမှာ ကလေးကို ပေးဖတ်မယ့် စာအုပ်လေးတွေ က အထိတွေ့ကို သင်ကြားပေးတဲ့ စာအုပ်မျိုး (ကြမ်းတာ၊ပျော့တာ၊မာတာ ၊နူးညံ့တာ စတာလေးတွေ ကို ထိကိုင်လို့ရပါတဲ့ စာအုပ်မျိုး) လေးတွေ ၊ ပြီးတော့ ဖိလိုက်နှီပ်လိုက်ရင် အသံ မြည်တဲ့ စာအုပ်လေးတွေ က ကလေးတို့ အတွက် သင့်တော်ပါတယ်။
ဒီစာအုပ်လေးတွေ မရှိရင်လည်း အရောင် စုံ ၊အရုပ်ရှင်းရှင်းကြီးကြီးနဲ့ စာအုပ်မျိုးလေးတွေ လည်း ဖတ်ပြလို့ရပါတယ်။ ကလေးတို့ကို စာအုပ်ဖတ်ပြတဲ့ အခါမှာပုံလေးတွေ ကို လကလေးနဲ့ထောက်ပြီးတော့ ပုံမှာ ပါတဲ့ အရုပ်လေးတွေအကြောင်းပြောပါ။ ဥပမာ-ခွေး ဆိုပါတော့ ခွေးက အကြီးကြီး၊ ခွေးက သေးသေးလေး နော်က ဆိုတာမျိုးက အစ ၊ ခွေးက ဝုတ်ဝုတ်နဲ့ အော်တယ် ဆိုတာမျိုး ပြောပြ (ဖတ်ပြလို့ရပါတယ်။)
ကလေးတို့ အတွက် ကာရန် (အသံ) ဟာ သိပ်ကိုမှ အရေးကြီးပါတယ်။ ဒီကာရန် ဟာ ညဏ်ရေဖွံ့ဖြိုးဖို့ အတွက်လည်းအေ၇းကြိးသလို အသက်လေးငါးနှစ်အရွယ်မှာ စာဖတ်တတ်ဖို့၊ စာသင်ဖို့ ဆိုတဲ့ အရာများ အတွက်လည်း အခြေခံကျပါတယ်။
သားသား ဘာစား၊ မံမံစား၊
ဖေဖေ စာရေး၊ သား သားရေး ဆိုတဲ့ ကာရန်မျိုးလေးတွေကို ကလေးကို ကိုယ်ဖတ်ပြတဲ့ စာအုပ်ထဲမှ၊ာ မပါပေမယ့် ကိုယ့်ဖာသာကိုယ်ပါးစပ်ကနေ ကလေကို ရွတ်ပြ ဖို့လိုပါတယ်။
ကလေးတို့ကို ဘယ်အရွယ်မှာ စာဖတ်ပြရမလဲ ဆိုတဲ့ေ မးခွန်းကို ဖြေရမယ်ဆိုရင်ဖြင့် မွေးစကတည်းက ဖတ်ပြရပါမယ်။
ကလေးတို့ကို စာဖတ်ပြဖို့ သိပ်ကိုမှ အရေးကြီးပါတယ်။ စာဖတ်ပြခြင်းဟာ ကလေးတို့ ညဏ်ကောင်းဖို့ အတွက် အဓိက ဖြစ်တဲ့ အခြေခံကျတဲ့ အချက် တစ်ချက်ပါ။ စာဖတ်ခြင်း မှတစ်ဆင့် ရတဲ့ အကျိုးကျေးးဇူးတွေက အများကြီးပါပဲ။ ဒါကြောင့် ကလေးတို့ကို နေ့တိုင်း နေ့တိုင်း စာဖတ်ပြ ကြဖို့ လိုပါတယ်။ ညဏ်ကြီးရှင် မဂဇင်း ရဲ့ မွေးစ မှ တစ်နှစ်အရွယ် ကလေးတို့ကို ဖတ်ပြဖို့ အတွက် ဖတ်ပြရမယ့် စာများ ဟာ ကလေးတို့ရဲ့ ညဏ်ရေဖွံ့ဖြိုးမှု ကို အခြေခံတဲ့ ပုံပြင်(ပုံပြလေးတွေ) ဖြစ်အောင်လို့ အားထုတ်ထားပါတယ်။

ဒီတစ်ပါတ်မှာတော့ ကလေးတို့ရဲ့ ဦးနှောက်ညာဘက်ခြမ်း ဖွံ့ဖြိုးမှု မှာ အရေးကြီးတဲ့ အသံ ကို ကလေးတို့ သတိထားမိအောင် (တစ်နည်းပြောရရင် ) အသံအမျိုးမျိုးကို ခွဲခြားနားလည်နိုင်အောင်လို့ သင်ကြားပေးဖို့ အတွက်ရည်ရွယ်ထားပါတယ်။ ကလေးမွေးစကတည်း က ပုံလေးတွေ ပြပြီးတော့ မေမေတို့ ဖတ်ပြလိုရပါတယ်။ ဒီ စာအုပ်ထဲမှာ မပါတဲ့ တခြားအသံလေးတွေကိုလည်း ကလေးတို့ကို နားထောင်ခိုင်းပြီးတော့ ပြောပြ (လုပ်ပြ) လို့ရပါတယ်။ဥပမာ- မိုးရွာသံ၊ ဖားအော်သံ စတဲ့ အသံများ၊ ဂျောက်ဂျက်လေး လှုပ်ပြတဲ့ အသံ၊ ဖန်ခွက်ထဲက ရေခဲတုံးခြင်းတိုးတိုက်မိတဲ့အသံ၊ ရေပုလင်းထဲကို ရေထည့် ပြီးတော့ လှုပ်ပြတဲ့အသံ စတဲ့ အသံမျိုးစုံကို ကလေးတို့ နဲ့ အတူတူ ဆော့ကစားရင်းနားထောင်ခိုင်းလို့ရပါတယ်။

------------------------------------------------------------------

True Learning မှ အသစ်ထွက် Flashcards (၅) မျိုးကို ဝယ်ယူရရှိနိုင်ပါပြီ ၁ဘူး - ငွေ 𝟯𝟱𝟬𝟬 𝗸𝘆𝗮𝘁𝘀 တည်းနဲ့ အရမ်းတန်ပြီ 👀အသက် (၆...
30/01/2021

True Learning မှ အသစ်ထွက် Flashcards (၅) မျိုးကို ဝယ်ယူရရှိနိုင်ပါပြီ

၁ဘူး - ငွေ 𝟯𝟱𝟬𝟬 𝗸𝘆𝗮𝘁𝘀 တည်းနဲ့ အရမ်းတန်ပြီ 👀
အသက် (၆) လကနေစပြီး သုံးနိုင်တဲ့
အစုံတကာ့အစုံဆုံး မေမေတို့ အမေးများဆုံး 𝙁𝙡𝙖𝙨𝙝 𝘾𝙖𝙧𝙙𝙨 (5) မျိုးကို 𝗧𝗥𝗨𝗘 𝗟𝗘𝗔𝗥𝗡𝗜𝗡𝗚 မှ ထုတ်လိုက်ပါပြီ

ရရှိနိုင်သော Flashcards (၅) မျိုးမှာ

(၁) Essential flashcards ( ကခ , ၁၂၃ , 123 , ABC) ၄မျိုးပါ - ၃၅၀၀ ကျပ်
(၂) ကုန်းနေ ၊ ရေနေ သတ္တဝါ များ Flashcards -၃၅၀၀ ကျပ်
(၃) အသီးနှင့်အရွက်များ သိရှိစေရန် Flashcards - ၃၅၀၀ ကျပ်
(၄) ငှက်နှင့် အင်းဆက်များ သိရှိစေရန် Flashcards - ၃၅၀၀ ကျပ်
(၅) ခံစားချက် ၊ ကျန်းမာရေး ၊ နှုတ်ဆက်ပုံ များသိရှိစေရန် flashcards - ၃၅၀၀ ကျပ်
👍မေမေတို့က သားသားမီးမီးတို့ကို ဘာလေးတွေ သိစေချင်တာလဲ ဆိုတာအပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူ လို့ရပါတယ်နော်။

Flash Card ကို ဘာတွေဖွံ့ဖြိုးစေချင်လို့ ပြသင့်တာလဲ?

-🧠 𝙍𝙞𝙜𝙝𝙩 𝘽𝙧𝙖𝙞𝙣 𝙇𝙚𝙛𝙩 𝘽𝙧𝙖𝙞𝙣 🧠 ဉီးနှောက်ရဲ့ ဘယ်နဲ့ညာ အခြမ်းကို အချိတ်အဆက်မိမိ တိုးတက်ဖွံ့ဖြိုးစေခြင်း
လူတစ်ယောက်ရဲ့ ဉီးနှောက်ကိုမှ ဘယ်ဘက်ဉီးနှောက်နဲ့ ညာဘက်ဉီးနှောက်ဆိုပြီး နှစ်ပိုင်းခွဲခြမ်းစိတ်ဖြာလို့ရပါတယ်။ ကလေးအရွယ်မှာ ညာဘက်ဉီးနှောက်က အရင်ဖွံ့ဖြိုးပြီးမှ ဘယ်ဘက်ဉီးနှောက်က ဆက်လက်ဖွံ့ဖြိုးပါတယ်။ ဒီတော့ ဒီဘယ်ဘက်ဉီးနှောက်ရော၊ ညာဘက်ဉီးနှောက်ပါ နှစ်ခုအချိတ်အဆက်မိပြီး တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် flash card တွေက အထောက်အကူအဖြစ် ပံ့ပိုးပေးပါတယ်။
- 𝗠𝗲𝗺𝗼𝗿𝘆 ပုံရိပ်တွေကို ပိုမှတ်သားလာနိုင်ခြင်း၊ စိတ်ခံစားမှု ပိုမိုအားကောင်းလာခြင်း -
ဘယ်ဘက်ဉီးနှောက်ဟာ တွက်ချက်မှုတွေ၊ သတင်းအချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့ သီအိုရီပိုင်းတွေကို မှတ်သားပေးပြီး ညာဘက်ဉီးနှောက်ကတော့ စိတ်ခံစားမှုတွေနဲ့ အာရုံခံနိုင်တာတွေ၊ လျပ်တပျက်သိမြင်ဖြေရှင်းနိုင်တာတွေ စတာတွေကို လုပ်ဆောင်တာမို့ 𝙁𝙡𝙖𝙨𝙝 𝘾𝙖𝙧𝙙𝙨 တွေမှာပါဝင်တဲ့ နှစ်ဖက်မြင် မေးခွန်းနဲ့အဖြေတွေ၊ ရုပ်ပုံအတွက် မှတ်သားမှုတွေ စသည်ဖြင့် မှတ်ဉာဏ်တွေကို တိုးတက်ဖွံ့ဖြိုးစေတာပဲဖြစ်ပါတယ်။
_ 𝗔𝗴𝗲 🧒👶👪 𝙁𝙡𝙖𝙨𝙝 𝘾𝙖𝙧𝙙𝙨 တွေကို ဘယ်အသက်အရွယ်ကနေစပြီး အသုံးပြုနိုင်ပါသလဲ -
အမှန်တကယ်တော့ ဒီကတ်တွေကို မွေးကင်းစကနေ စပြီး အသုံးပြုလို့ရနိုင်ပါတယ်။ သို့သော်လည်း မွေးကင်းစကလေးငယ်တွေမှာ အမြင်အာရုံအားဖြင့် သိမြင်နိုင်စွမ်း မရှိသေးတာကြောင့် သူတို့အတွက်အထူးထုတ်လုပ်ထားတဲ့ အဖြူ၊ အမည်း ကတ်တွေကို အသုံးပြုသင့်ပါတယ်။ မှတ်ဉာဏ်တွေကို ပိုအားကောင်းစေဖို့နဲ့ ခံစားသိရှိနိုင်ခြင်းတွေ တိုးတက်စေဖို့အတွက် 𝙁𝙡𝙖𝙨𝙝 𝘾𝙖𝙧𝙙𝙨 များကို အသက် ၆ လ ကနေစပြီး အသုံးပြုသင်ကြားပေးလို့ ရပါပြီရှင်။
မှာယူချင်တယ်ဆိုရင်း
☎️ 09 452 656 555/ 09899621983 သို့ Cb
Viber contect - 09899621983
🏠 No ဖ-၃ /၃၉ ၊ ၅၇ A ၊ ၁၁၀ x ၁၁၀ A ကြား၊ မနော်ဟရီလမ်း၊ မန္တလေးမြို့
မန္တလေးမြို့တွင်း အိမ်အရောက်ပို့ရှိပါတယ်။🛵
အခုမှထွက်တာမကြားသေးတဲ့အတွက်ရောင်းမလောက်လို့ အော်ဒါစောင့်ရတဲ့ ပစ္စည်းတွေပါနော်။

မြန်မာအက္ခရာများ🌸🌸🌸🌸🌸သရ🌸🌸          မြန်မာဘာသာတွင် အခြေခံသရ ( ၁၁ ) လုံးရှိသည်။ ၄င်းတို့မှာ —         “ အ၊ အာ၊  အိ၊ အီ၊  အ...
30/01/2021

မြန်မာအက္ခရာများ
🌸🌸🌸🌸🌸
သရ
🌸🌸
မြန်မာဘာသာတွင် အခြေခံသရ ( ၁၁ ) လုံး

ရှိသည်။ ၄င်းတို့မှာ —

“ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊

အော်၊ အို “

တို့ ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အ

က္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက်၍ဆို

နိုင်သော အက္ခရာများ ဖြစ်သည်။

ဗျည်း
🌸🌸
ဗျည်းဆိုသည်မှာ သရနှင့် မှီတွဲ ဖက်စပ်မှ

သာ အသံထွက်နိုင်သော အက္ခရာများ ဖြစ်သည်။

မြန်မာဗျည်း ( ၃၃ ) လုံးရှိသည်။ ၄င်းတို့မှာ

က ခ ဂ ဃ င

စ ဆ ဇ စျ ည

ဋ ဌ ဍ ဎ ဏ

တ ထ ဒ ဓ န

ပ ဖ ဗ ဘ မ

ယ ရ လ ဝ သ

ဟ ဠ အ

တို့ ဖြစ်ကြသည်။

သရနှင့် ဗျည်းပေါင်းပုံ
🌸🌸🌸🌸🌸🌸🌸
ဗျည်း ဖြစ်သော “ က် “ ကို သရ ဖြစ်သော

“ အ “ နှင့် ပေါင်းလျှင် “ က “ ဟူ၍အသံထွက်၏။

ထို့နည်းတူ —

က် + အ = က

က် + အာ = ကာ

က် + အား = ကား

က် + အိ = ကိ

က် + အီ= ကီ

က် + အီး = ကီး

က် + အု = ကု

က် + အူ = ကူ

က် + အူး = ကူး

က် + အေ့ = ကေ့

က် + အေ = ကေ

က် + အေး =ကေး
Credit #
📞📞📞09899621983📞📞📞

🖍🖌2in1 ​ဆေးခြယ်ပုံဆွဲစာ​ရေးစားပွဲ🖌🖍ပစ္စည်းအ​ရေး​သွေး​ကောင်းပြီး သားသားမီးမီးတို့အတွကိအဆင်​ပြေ ဖုန်းမကြည့်​​စေမဲ့ စာ​ရေးပ...
28/01/2021

🖍🖌2in1 ​ဆေးခြယ်ပုံဆွဲစာ​ရေးစားပွဲ🖌🖍
ပစ္စည်းအ​ရေး​သွေး​ကောင်းပြီး သားသားမီးမီးတို့အတွကိ
အဆင်​ပြေ ဖုန်းမကြည့်​​စေမဲ့ စာ​ရေးပုံဆွဲစားပွဲ​လေး​နော်
🤗Projectorက​နေထွက်လာတဲ့ပုံ​လေး​တွေကို ​ဆော့ပင်​လေးနဲ့လိုက်ဆွဲရုံပဲ​နော်🖍🖍​ဆေးပါခြယ်လို့ရတယ်
🥰🥰projector ကကဒ်​လေး​တွေ​ပြောင်းထည့်လို့ရတယ် ဘာ​ကဒ်​လေး​တွေလဲဆို​တော့
🛳🚘🛩Vehicle
⚾️🥎🏀Sports
🐸🐧🐇Animals
🍉🍎🍇fruits
🥬🌽🌶Vegetabies
📕✏📏School suppiles
​နောက်ပြီး ABC ​ရော Number ​ရောသံလိုက်ကဒ်​လေး​တွေပါတယ် အသုံးလိုတဲ့သင်​ထောက်ကူ​ပေါ့
White board ​လေးကိုလှန်ပြီး​အောက်မှာ ​ရောင်စုံ​ဆော့ပင်​​တွေ ကဒ်ပြား​လေး​တွေသိမ်းလို့ရ​သေးတယ်​နော်
​🖍🖍🖍​ရောင်စုံ​ဆော့ပင်​လေး​တွေရယ်
​ဆော့ပင်ဖျက်တဲ့duster​လေး​ရောပါတယ်

Price💸💸💸
မှာယူမယ်ဆိုရင်း
☎️☎️☎️ 09899621983/09452656555
🛵🛵🛵မန္တလေးမြို့ အိမ်ရောက်ငွေချေးပါနော်။

👸👸👸 မင်းသမီးလေးတွေလို နန်းဆန်တဲ့ မီးမီးလေးတွေလှလှပြင်ဖို့ 🌟မှော်ဆန်တဲ့ မှန်တင်ခုံလေး🌟 ရောက်ပါပြီ...Price 💸💸💸  🙋‍♀️🙋‍♀️ လ...
21/01/2021

👸👸👸 မင်းသမီးလေးတွေလို နန်းဆန်တဲ့ မီးမီးလေးတွေလှလှပြင်ဖို့ 🌟မှော်ဆန်တဲ့ မှန်တင်ခုံလေး🌟 ရောက်ပါပြီ...

Price 💸💸💸

🙋‍♀️🙋‍♀️ လက်ကလေးဝှေ့လိုက်တာနဲ့ မီးလေးလင်းပြီးအရုပ်လေးတွေ့ရမယ့် 🧚🏻‍♀️Magic မှန်တင်ခုံလေးပါ🧚🏻‍♀️

👩‍🦱 မီးမီးလေးတို့စိတ်ကြိုက်အလှပြင်ဖို့ အံဆွဲလေးလည်းပါပြီး 💨Dryer ဘီး 💄နှုတ်ခမ်းနီ ⛓နားဆွဲ ကလစ် 💅🏻လက်သည်းနီ တို့လည်း အမျိုးမျိုးပါပါတယ်...

ဆိုဒ်လေးကတော့
⬆️ အမြင့် 27”လက်မ ↔️အကျယ် 18”လက်မ
⬆️ ထိုင်ခုံအမြင့် 8”လက်မ

🤗 ပစ္စည်းအသင့်ရှိပြီး စျေးနှုံးချိုသာစွာဖြင့် လက်လီလက်ကား၀ယ်ယူနိုင်ပါတယ်...

🌟🌟🌟 အရည်အသွေးကောင်းမွန်သောပစ္စည်းများကို ကိုယ်တိုင်တင်သွင်းရောင်းချပေးခြင်းကြောင့် သားသားမီးမီးတို့အတွက် ဘေးဥပါဒ်အန္တရာယ်မရှိဘဲ ယုံကြည်စိတ်ချပျော်ရွှင်စွာဆော့ကစားနိုင်ပါသည်..

👑 သံလွင်သူ 👑
ကလေးကစားစရာမျိုးစုံ လက်လီလက်ကားရောင်းဝယ်ရေး
🏠🏠🏠 No(3/39( ခ), 57 Aလမ်း, 110လမ်း နှင့် 110Aလမ်းကြား, ချမ်းမြသာစည်မြို့နယ်, မန္တလေးမြို့
☎☎☎ 09 452656555/ 09899621983
မန္တလေးအိမ်အရောက် Deli ရှိပါတယ်။
နယ်မြို့များသို့လည်း ပို့ဆောင်ပေးပါတယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when သံလွင်သူ Book & Baby Store - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category