25/07/2022
လိုင်းပေါ်တွေ ကျောက်ရောင်းဝယ်နေကြသောသူများအား ဆင်ခြေနိုင်ကြစေရန် ရည်ရွယ်ပြီ တင်ပေးရခြင်းဖြစ်သည်
🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️
ကျောက်ကြည့်တဲ့နေရာမှာ အဓိကလိုအပ်သောပစ္စည်းသည် ကျောက်ကြည့်ဓာတ်မီး ဖြစ်ပါတယ်
- ဓာတ်မီးဖြူနှင့်ထိုးပြပါက မလှသောကျောက်ကိုတောင် လှသွားနိုင်ပါတယ်ဆင်ခြေနိုင်ကြပါစေ
-ဓာတ်မီးဝါ ကိုသာ အသုံးပြုရန် အကြံပြုပါရစေ
လိုင်းပေါ်တွင် ကျောက်ဝယ်တော့မယ်ဆိုလျှင်
မီးဖြူသုံးလား မီးဝါသုံးလား ဆိုတာကို ဦးစွာ ပထမမေးသင့်ပါတယ် မီးဖြူသုံးနေတယ်ဆိုရင် တရည်မကဘူး ဆယ်ရည်လောက် လျော့ကြည့်ရပါမယ်
ဆင်ခြေနိုင်ကြပါစေ
လိုင်းပေါ်မှာရောင်းနေတဲ့ ရေမဆေးဆိုတာက အဆင့်ဆင့်လူပေါင်းများစွာကကြည့်ပြီးသားဆေးပြီးသားဖြတ်သင့်တဲ့အနေအထားမဟုတ်လို့သာလိုင်းပေါ်ရောက်တာအောင်ဖို့အတွက်ကရာခိုင်းနှုန်းအရမ်းကိုနည်းသွားပြီ
ကိုယ်သိထားဖို့ကသူတို့လည်းကျောက်တစ်လုံးကိုဖြစ်သလို
မကြည့်ပဲ ရောင်းလိုက်ကြတာမဟုတ်ဘူး ကျွမ်းကျင်ကြတယ်
အောင်ချင်ကြတယ်ဆိုတာကို သိထားဖို့လိုပါတယ်
ရောင်းသူကတော့သူကျောက်ကို မကောင်းရင်တောင်မှအကောင်းတွေကြီးပဲပြောမှာပဲ ရှင်းပျော့လေးပါကပ်ရှင်းလေးပါ အသားကဆန်းတယ် ယမ်းလေးကလှတယ် မီးပေါက်တယ်
ဆိုပြီး ဖုန်းကင်မရာကောင်ကောင်း နဲ့ စကားချိုချို သုံးပြီး
မီးဖြူနဲ့ထိုးပြရောင်းသွားမှာပဲ
ညဘက် အမှောင်ထဲမှာ ချွမ်လိုမျိုးကာလာအငွေ့ပဲရှိရင်
တောင် မီးဖြူနဲ့ ထိုးလိုက်ရင် အရည်ကရင့်ထော်သွားမှာပဲ
အစိမ်းရောင် အငွေ့လောက်ကို ချဉ်တောက်သွားအောင်
ကြည့်နေတဲ့သူတွေစိတ်ဝင်စားလာအောင် စွဲဆောင်နိုင်တာ
ဖုန်းကင်မရာ နဲ့ အပေါ်ကထိုးထားတဲ့Tiktokမီးဝိုင်း နဲ့ မီးဖြူပဲ
ဝယ်သင့်မဝယ်သင့်ဆိုတာကိုယ်ကကြည့်တတ်နေဖို့
နားလည်နေဖို့ ကျွမ်းကျင်နေဖို့ပဲလိုတယ်
( အခွံကြပ် )တွေ ကို ဝယ်ပြီး အောင်သွားမလားဆိုပြီး
မျှော်လင့်နေလို့တော့မရဘူး
100 မှာ 80 % က ပျက်ဖို့ကသေချာတယ်
(( သေချာတာကကောင်းခဲ့ရင်တောင် ခါးမကျော်ဘူး ))
ဘယ်မှော်ပဲဝယ်ဝယ်အဓိက ( ယမ်း )ကို ကောင်းကောင်း
ကြည့်တတ်မှကိုရပါမယ်
မှော်လည်းကောင်းတယ်
ကျောက်မျိုး ကျောက်သားကလည်းကောင်းတယ်
ကျောက်ဆီကလည်းပြည့်နေတယ်
အနာကလည်း နည်းတယ်
ဝိတ်လေးလည်းရှိတယ် အခွံကာလာကလည်းညီပြီး
ရွရွလေးဖြစ်နေလို့ကတော့ ဖြတ်သာဖြတ်ပြသနာမရှိဘူး
သူများကကောင်းတယ်ဖြတ်သင့်တယ်ပြောလို့
ဘာမှမမြင်ရတာကို ကံကောင်းမလားဆိုပြီးလျှောက်ပြီး
ဝယ် ဖြတ်နေလို့ကတော့အိမ်တောင်ပေါင်သွားရဖို့ပဲရှိတယ်
ယမ်းနဲ့ ဖွဲ့စည်းထားတဲ့အတွက်ယမ်းကတော့မကြည့်တတ်လို့ကိုမရဘူး ယမ်းကို ကျွမ်းကျင် ပိုင်နိုင်နေမှကိုရပါမယ်
ကျနိတာက ခန့်မှန်းခြေတွေနဲ့သွားတာ အဓိက ယမ်းပဲ
👉ယမ်းကြမ်းရင် သေချာတယ် အသားကကြမ်းမှာပဲ
👉ယမ်းကျဲရင် သေချာပေါက် အသားက ကျဲမှာပဲ
👉ယမ်းညှက်ရင် အသားကတော့ ညှက်မှာပဲ
👉ယမ်းလာရာတွေမတူရင်တော့သေချာတယ်ပျက်ဖို့များပြီ
👉ယမ်းလင်းအားဘယ်လောက်ရှိလည်း ကျောက်ဆီရှိမှာပဲ
👉ကျောက်ဆီဘယ်လောက်ရှိလည်း အသားရဲ့အဆင့်ကတက်လာမှာအသားအဆင့်ရှိမှပဲ ကြည်ပေါက်ပြီး
အပွင့်ကထုတ်လို့ရမှာကို
လိုင်းပေါ်က ဆူးခြစ်ဆွဲပြီးသား အဆင်ဆင့်အထပ်ထပ်
ကြည့်ပြီးသားကျောက်ကို အသားဆန်းလာမယ်
အောင်သွားမယ်ထင်ပြီးဝယ်နေလို့ကတော့
မိတ်ဆွေပိုက်ဆံကို ခြင်ထောင်လှန်ပြီအပြည့်ထည့်ပြီးသာဝယ်တစ်လုံးအောင်ဖို့ဆိုတာမလွယ်ဘူး
နောက်တစ်ခုကကျောက်ဆိုတာပိသာချိန်နဲ့ဝယ်ရတဲ့
အမျိုးမဟုတ်ဘူး