Thu Thu's Collection

Thu Thu's Collection စျေးနှုန်းချိုသာစွာနဲ့ ပစ္စည်းမှန်

Instock ရရပါနော်
03/09/2026

Instock ရရပါနော်

Round Lab Sunscreen Review 🦕🥏💭

Moisturizer ပါတယ်ဆိုလို့မလန့်သွားနဲ့... တစ်ချို့ Suncream တွေ Moisrurizer မပါတာတောင် အဆီပြန်သလိုကြီးဖြစ်နေလို့ မကြိုက်ကြတာ သဘောပေါက်တယ်...ဒါပေမဲ့ ဒီ Suncream ရဲ့ Moisturizer ကလုံးဝ Skincare effect လိုပဲ...Oily တောင် Gel Moisturizer လိမ်းရတာပဲမလား...ဒီ Suncream ရဲ့ Textureက Cream မဟုတ်ဘဲ ကကျဲကျဲလေးဖြစ်တာကြောင့် စိတ်မပူနဲ့....

သူ့မှာ SPF 50+PA ++++ ပါလို့ နေကိုမကာကွယ်မှာတော့မပူနဲ့ 🌝

Skinပေါ်တင်လိုက်တာနဲ့ Textureက Lightweight ဖြစ်တယ် တစ်ချက်ဆိုတစ်ချက် အေးအေးလေးနဲ့ စိမ့်ဝင်လွယ်တယ်...တစ်ခုတော့ရှိတယ် ကိုယ့် Skin ကနေလောင်ထားတာတို့ Skin က Exfloating လက်လွန်ကကြက်သွန်လုပ်ထားမိရင်တော့ အဲ့နေရာလေးတွေက စပ်သလိုရှိတယ်...Whitecast လုံးဝမကျန်ဘူး

Moisturizer ကတော့ ပုံမှန် Suncream ဘယ်လောက်ကောင်းကောင်း မSkip ပေမဲ့ တစ်ချို့ရက်ပူတဲ့အိုက်တဲ့ရက်မျိုး
ဆို ကျော်သွားလိုက်တယ်...လိမ်းပြီးပြီးချင်းတော့ Moisturizer လိမ်းထားသလို စိုစိုတင်းတင်းလေးဆိုပေမဲ့ နာရီဝက်လောက်နေတာနဲ့ တစ်သားထဲ ဝင်သွားတာ...Moisturizer ကို အပြင်ရာသီဥတုပူတာတို့ စိတ်လေးနေတာတို့ဆို ကျော်သွားဖို့ပဲနော်...Moisturizer က Moisturizer ပဲ❗

နောက်တစ်ခုက Hydrating ကောင်းကောင်းပေးနိုင်တော့ Makeup လိမ်းရင် ညက်နေစေတာ...Makeup base Sunscreen ဆိုလည်းဟုတ်တယ်...Dermatologist Tested လည်းဖြစ်တယ်

သူက Chemical Sunscreen ဖြစ်တော့ UVA UVB တွေကို absorb လုပ်ပြီးမှ Protect လုပ်ပေးတာ...ဒါကြောင့်နေပူတဲ့ရက်ဆိုရင်တော့ ပူလေ သူ့လုပ်နိုင်စွမ်းက အချိန်ကြာတာနဲ့ ကုန်ခမ်းသွားလို့ အရမ်းပူတဲ့နေနဲ့ ထိတွေ့ရတဲ့နေ့ဆို လက်နှစ်ချောင်းစာ တစ်ကြိမ်ပဲ လိမ်းလို့မရဘူး‼️

သူ့မှာ အသားကြည်ပြီး Skinbarriers အားပြန်ဖြည့်ပေးနိုင်တဲ့ Birch Juce (Birch Sap )ကို Main အနေနဲထုတ်ထားတာတွေ့ရတယ်...သဘာဝ သစ်ပင်ထဲက ထွက်တဲ့အရည် တစ်မျိုးလို့လည်းသိရတယ်...သူက Body ရဲ့ Detox လုပ်တဲ့နေရာမှာကောင်းတယ်... ဒါကတော့မျက်နှာလိမ်းတာပေါ့နော်...ဒါ့အပြင် Vitamin C တို့Mugwort တို့ Niacinamide... တို့လို Antioxidant များစွာပါဝင်တဲ့ Ingeridents တွေထည့်ထားတယ်💞

သောင်းရဲ့ Personlly အရပြောရရင် လက်တလော Normal to Combination skin ဘက်သွားနေတာမို့ တော်တော်လေးအဆင်ပြေတဲ့ Suncream မို့ Super Oily နဲ့ Sensitive ကလွဲရင် Highly Recommend ပါ 🖐🤍

သောင်းကို Skincare နဲ့ပတ်သတ်တာလေးတွေမေးချင်ရင် Commentနဲ့ Chat Box မှာမေးထားနိုင်ပါတယ် 💭

Lotion လေး ရရနော်
02/09/2026

Lotion လေး ရရနော်

ငွေ (၄) သောင်းမကုန်ဘဲ အသားစိုကြည်ဖြူဝင်းချင်သူတွေအတွက်သာ။

(၄) သောင်းလောက်လည်း မသုံးချင်ဘူး၊ ၄ သောင်းလောက်နဲ့ဘာလုပ်ရမှာလဲ ဆိုတဲ့သူတွေတော့ ဘာမှမလုပ်နဲ့ ဖြူဖို့ကံပါမလာလို့ ကျော်သွား 😂

ဒီ Post က (၄) သောင်းလောက်နဲ့ Body Skin ကိုသေချာ Care လုပ်ချင်သူတွေအတွက် ရည်ရွယ်တာမို့ပါ။ အရင်ဆုံး Soap အကြောင်းပြောရရင် BENNETT Extra White Soap က အသားမညီတာ၊ နေလောင်ပြီး ညိုညစ်မွဲခြောက်တဲ့skinတွေအတွက် သုံးကြည့်လို့ကောင်းတဲ့ Soap မျိုးပါ။

Vitamin C နဲ့ Vitamin E ပါတာကြောင့် Cleansing လုပ်ရင်း Body Skin ကိုသန့်ပြီးကြည်ဝင်းလာအောင် လုပ်ပေးနိုင်တယ်။ သုံးတဲ့အခါ Soap တစ်တုံးလုံးကို တစ်ခါတည်းမသုံးဘဲ (၄) စိတ်လောက် စိတ်ပြီးသုံးတာ ပိုကောင်းတယ်။ အဲ့လိုဆို ၂လလောက်အသုံးခံတယ်။

“ခေတ်” ကတော့ မနက်ရော ညပါသုံးတယ်။ အမြှုပ်ထွက်အားလည်းကောင်းတော့ တစ်ကိုယ်လုံးမှာတိုက်ချပြီး ၂မိနစ်လောက်ထား ချေးတွန်းကျောက်နဲ့တွန်းတယ်။ အရမ်းမဖိနဲ့ သာသာလေးဘဲတွန်း အသားပွန်းတတ်လို့ ပြီးမှရေဆေးချ။

အဲ့လိုဆို အသားရေကသန့်ပြီး ပိုကြည်လာသလို ခံစားရတယ်။ပြီးရင် ရေဓာတ်နဲ့ အစိုဓာတ်ပြန်ဖြည့်ဖို့ Vaseline ရဲ့ PDRN Serum Burst Lotion ကို လိမ်းတယ်။ သူ့မှာ PDRN Complex၊ Hyaluron Complexနဲ့ Gluta ပါလို့Body Skinကို Moisture ဖြည့်ပေးပြီး စိုအိတင်းရင်းစေတယ်။ စေးကပ်ကပ်မဖြစ်လို့ လိမ်းရ ပြေတယ်။

တခြား Lotion တွေနဲ့တွဲသုံးတာထက် ဒီ Soap နဲ့ ဒီ Lotion ကိုတွဲသုံးတာက ပိုကြည်ပြီးဖြူလာတာကို သတိထားမိလို့ပါ။ အဓိကပြောချင်တာကတော့ နေလောင်ပြီး Skin Tone မညီတာ/ အသားရေညိုညစ်မွဲခြောက်နေတာ/ Body Skin ကို စိုစိုအိအိနဲ့ ကြည်ဝင်းနေချင်တာဆိုရင် ဒီ Combo ကို Try ကြည့်လို့ရတယ်။

Soap (၁) တုံးနဲ့ Lotion (၁) ဘူးကုန်ပြီဆိုတာနဲ့ ကိုယ့် Body Skin ကသိသာတာကိုသတိထားမိပါလိမ့်မယ်။Budget လည်း မများဘဲ Body Care ကို သေချာ Careချင်သူတွေအတွက်ကတော့ တော်တော်အဆင်ပြေတာမို့ စိတ်ဝင်စားရင် Try ကြည့်ပါ။





အပြာလေးရရနော်
31/08/2026

အပြာလေးရရနော်

မင်မင်ဆီ all instock
31/08/2026

မင်မင်ဆီ all instock

မင်မင်ဆီ ၂မျိုးလုံး ရရနော်
29/08/2026

မင်မင်ဆီ ၂မျိုးလုံး ရရနော်

တကယ်ကောင်းတာ မင်မင်ဆီ ရရ
25/08/2026

တကယ်ကောင်းတာ မင်မင်ဆီ ရရ

Yoonskin ရ / Graymelin ရ / Lancôme ရROundLab ရရ မင်မင်ဆီ
24/08/2026

Yoonskin ရ / Graymelin ရ / Lancôme ရ
ROundLab ရရ မင်မင်ဆီ

၂ခုလုံး ရရ ပါနော်
23/08/2026

၂ခုလုံး ရရ ပါနော်

Instock ရရ ပါနော်
19/08/2026

Instock ရရ ပါနော်

Review ရေးပေးမယ်ဆိုပြီး ပြောထားတာ အကြွေးကျန်နေတယ်နော်📍

ဒီ moisturizer 2ခုကို သုံးနေတဲ့သူတွေရှိကြလား။
Nyi ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်နော်။

Clinique dd gel က သုံးလို့ကောင်းပေမယ့် 'ငါသုံးနေတာ အစစ်ရောဟုတ်ရဲ့လား အတုကြီးများ ဖြစ်နေမလား' ဆိုတဲ့ feel ကို ခဏတိုင်းပေးတယ်။ သုံးလို့ကကောင်းပါတယ် ဒါပေမဲ့ သူ့စျေးနဲ့ယှဉ်ရင် လူတွေ hype နေကြသလောက်တော့ မဟုတ်ဘူး။ Artificial fragrance မပါတာကြောင့် မြေသင်းနံ့ smell သူ့ဆီကထွက်တယ်။ Texture က gel type အေးအေးလေးနဲ့ လိမ်းလို့ကောင်းတယ်၊ စိမ့်ဝင်တာမြန်တယ်။ Hydrating effect ပဲ ရပါတယ်။ အသားအရည်ဘယ်လိုအခြေအနေမျိုးမှာမဆို သုံးလို့အဆင်ပြေတယ်။ စျေးချင်းအတူတူ neutrogena hydro boost gel ကိုတောင် Nyi ပိုကြိုက်သေးတယ် ဒါပေမဲ့ clinique ကတော့ sensitive skin friendly ပိုဖြစ်ပါတယ်။

Derma Factory aquaporin cream က မသုံးကြည့်ခင်ကထိ လူတွေ overhype နေကြတယ်ပဲထင်တာ တကယ်တမ်းသုံးကြည့်တော့မှ အဲ့ထက်တောင်ပိုပြီးပေါက်သင့်မှန်း လက်ခံလာတယ်။ စျေးသက်သာတဲ့အပြင် texture ရော result ရောက အရမ်းမိုက်ပဲ။ 4,5သောင်းတန် hyaluronic acid moisturizer တွေနဲ့ ရင်ဘောင်တန်းနိုင်တယ်။ Hydrating effect အပြင် barrier supportive ဖြစ်တယ်။ Fragrance free မလို့ sensitive skin ကအစ သုံးလို့ရပါတယ်။ 70ml ပါဝင်လို့ ဝယ်မိတာမမှားဘူး အရမ်းတန်တာပဲဆိုတဲ့ခံစားချက်ကို ရပါတယ်။ လက်ဆောင်ရလို့သုံးတာမဟုတ်ဘဲ Nyi စိတ်ဝင်စားတာကြောင့် ဝယ် try တာပါနော်။ သုံးနေတာလဲ အရမ်းကြာပါပြီ။

Disclaimer : Not sponsored, not gifted

Address

Mandalay
4802

Telephone

+95969918850

Website

Alerts

Be the first to know and let us send you an email when Thu Thu's Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Thu's Collection:

Shortcuts

Share