22/09/2022
တစ်ခါတစ်လေကျရင် တစ်စုံတစ်ယောက်အတွက်
အကောင်းဆုံး ချစ်ပေးနေရင်းနဲ့ပဲ ကိုယ့်ကိုကိုယ်
ပြန်ဂရုစိုက်ပေးဖို့ ၊ကိုယ့်ကိုကိုယ် ပြန်ချစ်ဖို့ မေ့သွားတဲ့အခိုက်အတန့်တွေ ရှိတတ်ကြတယ် ။
တစ်ဖက်ကသူအတွက်ပဲ ပေးဆပ်ရင်း
ကိုယ့်ရဲ့ အခွင့်အရေးတွေ ဆူံးရှုံးလာတာမျိုးတွေက
မဖြစ်သင့်ဘူး ။
ကိုယ့်အတွက်ကိုယ်လည်း ပြန်ပြီး
အချိန်ပေးရမယ် ။ ကိုယ့်စိတ်ကိုကိုယ်လည်း
ပြန်ပြီး အကောင်းဆုံးဖြစ်အောင် mental care
လုပ်ပေးနိုင်ရမယ် ။
တစ်စုံတစ်ယောက်ကို ချစ်ပေးနေရခြင်းတွေမှာ
ကိုယ့်ရဲ့ တိုးတက်မှုတွေ ၊ ကိုယ့်ရဲ့ ကျန်းမာရေးတွေ ၊
ကိုယ့်ရဲ့ ခံစားချက်တွေကို အလေးမထားလို့မရဘူးလေ။
အတ္တဆန်တာမျိုး မဟုတ်ပေမဲ့ ကိုယ့်အတွက်ကိုယ်လည်း
ပြန်ချစ်ရမယ် ။
လေ့ကျင့်ခန်းတွေ လုပ်ရမယ် ။
ကျန်းမာရေး ဂရုစိုက်ရမယ် ။
body အတွက် အကောင်းဆုံး take care လုပ်မယ်။
ကိုယ့် skin အတွက် အကောင်းဆုံး skin careမယ် ။
အဖက်ဖက်ကနေ အကောင်းဆုံး တိုးတက်နေခြင်းတွေပဲ
ရှိနေသင့်တယ် ။
တစ်ချို့တွေရှိတယ် ။
တစ်ယောက်ယောက်နဲ့ ချစ်ပြီးသွားရင်
ကိုယ့်ရဲ့ အသွင်အပြင်နဲ့ mental healthအတွက်
ဂရုစိုက်ဖို့ မလိုတော့တဲ့အတိုင်း တွေးနေတတ်ကြလို့ပါ။
အဲ့ဒါက မမှန်ဘူးနော် ။
ကိုယ့်အတွက်ကိုယ် အချိန်ပေးနေခြင်းတွေက
လိုအပ်ပါတယ် ။
ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက်
ကြိုးစားရမှာပဲ။
ကိုယ်ဝါသနာပါတဲ့အရာတွေကိုလည်း
Tryကြည့်နေရမှာပဲ။
ကိုယ့်ရဲ့အချိန်တွေကို တစ်ဖက်ကသူအတွက်ကြည့်ပဲ
ပေးနေဖို့မှ မလိုအပ်တာ။
ကိုယ့်ကိုကိုယ်လည်း ချစ်ပေးတတ်အောင်
လေ့ကျင့်ရပါမယ် ။
to original writter
🌻♥️
-ခဲတံ-
#𝚈𝙰𝙼𝙴ᶻᵐᵗ