Teresa beauty - collection

Teresa beauty - collection USA / Japan / Korea / BKK မှ Authentic Cosmetic အစုံ ကို ဈေးနှုန်းချိုသာစွာဖြင့်
ရောင်းချပေးနေပါပြီ💗

💛နွေနေပူပူ တွ က် မရှိမဖြစ် ဆောင်ထားသင့်တာလေးပါJM solution Sunspray 💚
13/03/2025

💛နွေနေပူပူ တွ က် မရှိမဖြစ် ဆောင်ထားသင့်တာလေးပါJM solution Sunspray 💚

အပူချိန်အရမ်းပြင်းတဲ့ ခုလိုအချိန်မှာ မဖြစ်မနေဆောင်ဖြစ်တာက Sun Spray ပါဘဲ ....🌸✨️

ဆုဆုက နေ့ဘက်အပြင်မှာအနေများပြီး ဆိုင်ကယ်လည်းစီးရသူမို့ sunscreen လိမ်းရုံနဲ့ မလုံလောက်ပါဘူး
ဆိုတော့ နေပူထဲထွက်ခါနီးတိုင်း Sun Spray ဖြန်းပြီးမှ အပြင်ထွက်ဖြစ်တယ်
Especially....အဝတ် ဖုံးမနေတဲ့ မျက်နှာ ၊ လက်ဖမိုး ၊ ခြေဖမိုး တွေကိုဂရုစိုက်သုံးဖြစ်တယ်

သူက Spf 50+ PA++++ ပါဝင်တာမို့ sunscreen ကို ထပ်ထပ်မလိမ်းနိုင်တဲ့ အချိန်မျိုးမှာ နေရောင်ခြည်ဒဏ် ၊ နေလောင်ဒဏ် ကို ကာကွယ်ပေးနိုင်ပြီး
နေလောင်တာကြောင့် အသားရောင်မညီခြင်း ၊ မဲညစ်ခြင်းတွေကို သက်သာစေတာပေါ့

အနံ့မွှေးမွှေးလေးနဲ့ မှုံ့မှုံ့ညက်ညက်လေး ဖြန်းလို့ကောင်းတယ်
ဖြန်းလိုက်တိုင်းအေးနေရောဘဲ
စိုစိုရွှဲရွှဲကြီး ဖြစ်မနေဘူး
Glow Skin လေးဖြစ်စေတာမျိုးပေါ့နော်

ဝက်ခြံ အသားရည်လည်း သုံးလို့ရတယ်
အပန်းမကြီးရင် ဆောင်ထားစေချင်တယ်
တာ့တာ ......🌸🫶


Kojie San Soap Philippines made စစ်စစ်65 g - 9000 ks65 g သုံးတုံး- 25000 ks ✨✨
13/03/2025

Kojie San Soap Philippines made စစ်စစ်

65 g - 9000 ks
65 g သုံးတုံး- 25000 ks ✨✨

အသားတကယ်ဖြူတယ် ဒါပေမဲ့ လူတိုင်းမသုံးသင့်ဘူး📌

Google မှာ အကောင်းဆုံးအသားဖြူဆပ်ပြာဆိုပြီး ရိုက်ရှာကြည့်ရင် ထွက်လာမယ့်ထဲ Kojie San skin lightening soap ပါတယ်။ သူက Philippine ကနေ ထုတ်တာဖြစ်ပြီး Global ထိကို ပေါက်ရောက်တယ်ပေါ့နော် အရမ်းလဲနာမည်ကြီးတယ်။ Nyi သူ့ကို စမ်းသုံးကြည့်နေတာ အချိန်တော်တော်လေးကြာပြီ။ ကြားထဲမှာ ဆောင်းရာသီကြောင့် အသားပိုခြောက်လာလို့ ခဏရပ်ထားဖြစ်တယ်။ ခုရာသီဥတုကလဲ ပူလာပြီဆိုတော့ Nyi ပြန်ထုတ်သုံးနေရင်း အရမ်းသဘောကျလာလို့ ရေးဖြစ်တာပါ။

အမှန်အတိုင်း ဝန်ခံရရင် Nyi က နဂိုထဲက အသားညိုတဲ့ထဲ မပါပါဘူး Whitening soap က မသုံးလဲဖြစ်တဲ့ သူမျိုးပေါ့။ ဒါပေမဲ့လဲ အရင်ကတော့ ရောင်းတဲ့သူသိပ်မရှိလို့ သုံးဖို့ကိုသတိမရပေမယ့် ခုက ကိုယ် follow လုပ်ထားတဲ့ online shop တွေကနေ ရောင်းနေတာတွေ့ရတော့ ဘယ်လောက်ကောင်းလို့ ဒီလောက်နာမည်ကြီးရလဲ သိချင်တဲ့အတွက် try ဖြစ်သွားတယ်။ Kojie San soap က အသားခြောက်တယ်လို့ နာမည်ကြီးတဲ့အတွက် Nyi က တရက်ကိုတကြိမ်ပဲ သုံးဖြစ်တယ်။ Skin ကို exfoliate လုပ်တဲ့ effect လဲ ပါဝင်လို့ ညဘက်ပဲ ရွေးသုံးဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုပဲသုံးရမှာပါနော်။

ပါဝင်ပစ္စည်းတွေကတော့ Kojie San ဆိုတဲ့ နာမည်အတိုင်း Kojic acid အဓိကပါတယ်။ Kojic acid က မှိုကနေရတဲ့ acid တမျိုးဖြစ်ပြီး ဆန်ကိုအချဉ်ဖောက်တာကနေလဲ Kojic acid ရပါတယ်။ သူက အသားအရေရဲ့ Melanin production ကို လျော့ကျစေတယ်၊ skin ကို lighten ဖြစ်စေတယ်၊ Hyperpigmentation တွေကို ထိထိရောက်ရောက် လျှော့ချပေးတယ်။ Anti-acne, Anti-fungal အာနိသင်တွေလဲ ရှိပါသေးတယ်။ Exfoliating effect လဲ ရှိတာမလို့ သူ့ကိုသုံးတဲ့အခါ အသားအနည်းငယ်ခြောက်နိုင်ပါတယ်။ တခြားပါဝင်ပစ္စည်းတွေကတော့ moisture ထိန်းဖို့အတွက် Coconut oil (1st ingredient), Glycerin, Mineral oil, BHA တို့ ပါဝင်တယ်။ Tea tree ပါလို့ body acne ထွက်တဲ့သူတွေအတွက် benefits ရှိပါတယ်။ Body soap မလို့ Fragrance, Colorants ပါပါတယ်နော်။

Nyi အမြင်ကို ပြောရရင်တော့ ကြော်ငြာတွေမှာကိုက အသားခြောက်တယ်ပြောကြတော့ သုံးတဲ့အခါ အသားသိပ်ခြောက်သွားမလားလို့ စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တွေဗမာပြည်က ငယ်ငယ်ထဲက ကာဗော်လစ်ခဲနဲ့ ဖက်ပြီးကြီးပြင်းလာလို့လားမသိ၊ အရမ်းကြီးထူးထွေပြီး ခြောက်သလို မခံစားရဘူး (just my experience) တရက်တကြိမ် ညပိုင်းပဲသုံးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Lotion လိမ်းပေမယ့် အပျင်းတစ်တာနဲ့ ညတိုင်းတော့ နပ်မမှန်ပါဘူး (ကိုယ်လိုတော့မလုပ်ပါနဲ့)။ အသားဖြူလားလို့မေးရင် အဲ့လောက်လဲမဟုတ်ပါဘူးကွာဆိုပြီး လက်မခံချင်ပေမယ့် တကယ်ဖြူတယ်နော်။ တရက်တကြိမ်ပုံမှန်သုံးတာ တပတ်လောက်နဲ့ အရမ်းသိသာလာတယ်။ ကျန်တဲ့ skincare steps တွေ ဘာမှပြောင်းလဲခြင်းလဲမရှိဘူး။

အမြုပ်ထွက်အား အရမ်းကောင်းတယ် လိမ္မော်နံ့သင်းသင်းလေး ရတယ်။ အားနည်းချက်က ဆပ်ပြာအခဲက ပျော့ပြဲလွယ်လို့ တွေ့ကရာပစ်ထားလို့မရဘဲ ခွက်နဲ့သေချာသိမ်းဖို့လိုတယ်၊ အခဲနဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ပွတ်တာမျိုးမလုပ်ဘဲ လက်ထဲမှာ အမြုပ်ထွက်အောင် အရင်ပွတ်ပြီး အမြုပ်ကိုသာ body ပေါ်တင်သင့်တယ်။ Body scrub, peeling များနဲ့ လုံးဝတွဲမသုံးရပါ။ လက်ထဲမှာ body sunscreen, moisturizing lotion အနည်းဆုံး 2ဗူးရှိမှ သုံးဖို့သင့်တော်ပါတယ်။ ဒါကတော့ ဆောင်ရန်ရှောင်ရန်လေးတွေပေါ့နော်။ အသားဖြူချင်ဇောနဲ့ လွန်ရောကြွံရော သုံးရင်လဲ ပိုမဲနိုင်ပါတယ်။

အသားဖြူတယ်ဆိုတဲ့နေရာမှာလဲ Nyi ရဲ့ personal experience ကိုသာ ပြောတာဖြစ်လို့ 100% အပြည့်တော့ မမျှော်လင့်ထားပါနဲ့ဗျ။

Kojie San soap ကို မသုံးသင့်တဲ့သူတွေက
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ် အချိန်နဲ့အချိန် lotion လိမ်း, sunscreen လိမ်းဖို့ထိ ဂရုမစိုက်နိုင်တဲ့သူတွေ
- အလုပ်အကိုင် စားဝတ်နေရေးအရ နေပူထဲမှာ အလုပ်လုပ်ရတယ် အပြင်အမြဲသွားလာနေရတယ် ဆိုတဲ့သူတွေ
- ကိုယ့်ဘာသာကိုယ် သုံးချင်သလို သုံးမယ်၊ scrub နဲ့လဲ တွဲသုံးမှာပဲ မနက်ခင်းလဲ ဆပ်ပြာတိုက်မှာပဲ ဆိုတဲ့သူတွေ

တန်ဆေးလွန်ဘေးရှိသလို ဆောင်ရန်ရှောင်ရန် မလိုက်နာနိုင်ရင် ပိုဆိုးတတ်တာမလို့ Nyi ကတော့ Kojie San soap နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာကို ရေးပေးလိုက်ရပါတယ်။

Nyi ကတော့ တွေးမိတာက အသားဖြူဖို့ Gluta သောက်ရင် တလတလမနည်းမနောကုန်ကျအုံးမှာ၊ ကျောက်ကပ် အသည်းကျန်းမာရေးလဲ ထိခိုက်အုံးမှာ။ ဒီဆပ်ပြာနဲ့က တလအလွန်ဆုံးကုန်မှ 3သောင်းပေါ့၊ moisturizing lotion, soap, body sunscreen ဒီ 3မျိုးရှိရုံနဲ့ ကြိုးစားနိုင်ပြီလေနော်။ အရေးကြီးဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ချစ်တတ် ဂရုစိုက်တတ်တဲ့ စိတ်လေးတော့ မွေးမြူရမှာပေါ့။ Beauty Is Pain လို့ ပြောကြတဲ့အတိုင်း အလကားနေရင်းနဲ့တော့ လှလာမှာမဟုတ်ဘူးလေ ကြိုးစားအားထုတ်မှုလေးတော့ အနည်းငယ်လိုအပ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။

Kojie San soap က အတုအရမ်းထွက်လို့ စိတ်ချရတဲ့ဆီက မှာပါနော်။ Nyi သုံးတာ 🛒 https://www.facebook.com/share/1A1vYb9yvR/?mibextid=wwXIfr ကပါ။

Disclaimer : Not sponsored.


💕အခုနောက်ပိုင်း IG , Tiktok တွေမှာရော အရမ်း Hot ဖြစ်ပီး အမေးများလာသော PRADA Lipstick 💄 B107 Best seller အရောင်လေး🤎သူ့ရဲ့...
11/03/2025

💕အခုနောက်ပိုင်း IG , Tiktok တွေမှာရော အရမ်း Hot ဖြစ်ပီး အမေးများလာသော PRADA Lipstick 💄 B107 Best seller အရောင်လေး🤎

သူ့ရဲ့ အရောင်လေးတွေက တမူထူးခြားပီး တော်တော်လေးလှတာပါ Texture က lightweight ဖြစ်လို့ တခြား matte type တွေလို ခြောက်ခြောက်ကြီးမဖြစ်ပဲအချိန်အတော်ကြာမပျက်ဘူးနော်
နှုတ်ခမ်းသားကို Hydration အပြည့်အဝပေးနိုင်တဲ့ Jojoba oil ပါဝင်လို့ တခြား matte lipstick တွေလို ဆိုးပီးရင် နှုတ်ခမ်းသားခြောက်တာမျိုးမဖြစ်စေပဲ ပိုပီး ချောမွေ့စေပါတယ်

လူကြိက်များပြီး အရမ်းမေးနေကျတဲ့ 𝐌𝐚𝐫𝐲 & 𝐌𝐚𝐲 𝐈𝐝𝐞𝐛𝐞𝐧𝐨𝐧𝐞 𝐛𝐥𝐚𝐜𝐤𝐛𝐞𝐫𝐫𝐲 𝐞𝐬𝐬𝐞𝐧𝐜𝐞 𝐦𝐚𝐬𝐤 𝐛𝐨𝐱 လေး 𝐢𝐧𝐬𝐭𝐨𝐜𝐤ရပါပြီနော် သဲလေးတို့ရေ..🖤✅အသ...
09/03/2025

လူကြိက်များပြီး အရမ်းမေးနေကျတဲ့ 𝐌𝐚𝐫𝐲 & 𝐌𝐚𝐲 𝐈𝐝𝐞𝐛𝐞𝐧𝐨𝐧𝐞 𝐛𝐥𝐚𝐜𝐤𝐛𝐞𝐫𝐫𝐲 𝐞𝐬𝐬𝐞𝐧𝐜𝐞 𝐦𝐚𝐬𝐤 𝐛𝐨𝐱 လေး 𝐢𝐧𝐬𝐭𝐨𝐜𝐤ရပါပြီနော် သဲလေးတို့ရေ..🖤

✅အသားအရေကြည်ပီး ချွေးပေါက်ကျယ်အဆီထိန်းပေးမယ့် 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞

✅အမည်းစက် တင်းတိတ် သက်သာပီး တင်းရင်းစို𝐆𝐥𝐨𝐰စေမယ့်အသားအရေအတွက် 𝐁𝐥𝐚𝐜𝐤𝐛𝐞𝐫𝐫𝐲, 𝐛𝐥𝐮𝐞𝐛𝐞𝐫𝐫𝐲 𝐞𝐱𝐭𝐫𝐚𝐜𝐭

✅ရေဓာတ်ကိုအသားအရေ အတွင်း𝐋𝐚𝐲𝐞𝐫ထဲထိဖြည့်ပေးပီး အဆီဓာတ်/ရေဓာတ်ကို မျှတအောင်ပြုလုပ်ပေးမယ့် 𝐓𝐫𝐞𝐡𝐚𝐥𝐨𝐬𝐞+𝐒𝐨𝐝𝐢𝐮𝐦 𝐇𝐲𝐚𝐥𝐚𝐮𝐫𝐨𝐧𝐚𝐭𝐞+𝐏𝐚𝐧𝐭𝐡𝐞𝐧𝐨𝐥

✅𝐒𝐤𝐢𝐧 𝐛𝐚𝐫𝐫𝐢𝐞𝐫 ကို အားဖြည့်ပေးပီး အသားအရေကို မကောင်းတဲ့ 𝐛𝐚𝐜𝐭𝐞𝐫𝐢𝐚 တွေတိုက်ခိုက်ခြင်းမှကာကွယ်ပေးမယ့် 𝐂𝐞𝐫𝐚𝐦𝐢𝐝𝐞-𝟑

✅အတွင်းထဲထိနက်နက်ရှိုင်း ရောက်နေတဲ့ တင်းတိတ်မှဲ့ခြောက်တွေကိုသက်သာစေမယ့်နောက်ဆုံးပေါ် 𝐔𝐛𝐢𝐪𝐮𝐢𝐧𝐨𝐧𝐞 ဒြပ်ပေါင်း

✅အသားအရေကို စွဲတင်းထားသလို တင်းရင်းပီး အရေးအကြောင်းသက်သာစေမယ့် 𝐏𝐞𝐩𝐭𝐢𝐝𝐞 𝟔 မျိုး ကိုပါရက်ရက်ရောရောထည့်ပေးထားတဲ့အပြင် 𝐄𝐬𝐬𝐞𝐧𝐜𝐞 𝐭𝐲𝐩𝐞မို့မျက်နှာအသားအရေကိုထိထိရောက်ရောက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်

𝐏𝐫𝐢𝐜𝐞 -𝟒𝟓,𝟓𝟎𝟎 𝐤𝐬

Instock 🥰🥰
09/03/2025

Instock 🥰🥰

The Mix By Su Shikakai Scrub 390g-14500ks အနံ့‌ေလးကသဘာဝ ကင်ပွန်းသီးအနံ့ လိုမဟုတ်ဘဲ ချစ်စရာ luxuryဆန်တဲ့ ရနံ့လေးနဲ့ အသားဖ...
09/03/2025

The Mix By Su Shikakai Scrub 390g-14500ks

အနံ့‌ေလးကသဘာဝ ကင်ပွန်းသီးအနံ့ လိုမဟုတ်ဘဲ ချစ်စရာ luxuryဆန်တဲ့ ရနံ့လေးနဲ့ အသားဖြူမြန်တာလေး 🍂

ပင်ပန်းနေတဲ့အချိန်မျိုးမှာ သုံးလိုက်ရတာ လုံးဝလန်းဆန်းပြီး
စိတ်ကြည်သွားတယ် တကယ်ပါ Admin ဆို အရမ်းကြိူက်တာ သူသုံးရင် ခန္တာကိုယ်လေး မွှေးပြီး ချွေးနံ့ဆိုးထွက်တာပါ သက်သာတယ်

အသားရည်ကို exfoliate ကောင်းကောင်းလုပ်နိုင်တယ်
ချွေးချွတ်အားကောင်းပြီး သုံးပြီးတာနဲ့ ကြည်ပြီး သန့်သွားတာ
(Body Scrub သုံးတဲ့အခါမှာ ပြီးပြီးရောပွတ်တိုက်ပြီး
ရေဆေးချလိုက်တာမျိုး မလုပ်ဘဲ အသားရည်ပေါ်မှာအချိန်ယူပြီး
ညှင်ညှင်သာသာပွတ်တိုက်ပေးပါနော်)
ဒါမှ ကိုယ်သုံးလိုက်တဲ့ Scrubရဲ့ အာနိသင်ကို အပြည့်ရမှာပါ 💯

ဘူးမှာပါတဲ့ { အသားဖြူဝင်းစေရန် } ဆိုတဲ့အတိုင်း အသားရေ စိုပြီး ကြည်လာပါတယ် နေလောင်တဲ့ အသားရည် ကို အသားညီစေပါတယ်

✅Cleansing Oil လဲ သုံးချင်တယ် ဘာသုံးရမှန်းလဲမသိဘူး 🤷🏻‍♀️ကိိုယ့် Skin နဲ့မတည့်မှာလဲ ကြောက်တဲ့သူလေးတွေအတွက် Hatomugi Clean...
09/03/2025

✅Cleansing Oil လဲ သုံးချင်တယ် ဘာသုံးရမှန်းလဲမသိဘူး 🤷🏻‍♀️

ကိိုယ့် Skin နဲ့မတည့်မှာလဲ ကြောက်တဲ့သူလေးတွေအတွက် Hatomugi Cleansing Oil ရှိတယ်နော်🌾

Hatomugi Cleansing Oil ရဲ့ အာနိသင်လေးတွေကတော့ 💁‍♀️

🌾Sensitive Skin တွေကအစ Safe ဖြစ်တယ်

🌾မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကိုလဲ Deep Cleansing ဖြစ်စေတယ်

🌾Texture ကလဲ ကျဲကျဲလေးမလို့ Oily Skin တွေက အစ သုံးလို့ရတယ်

🌾 Size ကလဲ 500ML တောင် ပါလို့ တမုန်း သုံးလို့ရတယ်

🌾 Japan Made ဖြစ်တာကြောင့် Quality မကောင်းမှာ စိတ်ပူစရာမလိုဘူးနော်

🌾 For All Skin Type သုံးလို့လဲရတယ်

ဈေးနှုန်းလေးကလဲ 500ml အကိတ် Size ကိုမှ 39500 မလို့ အရမ်းတန်တယ်နော် 🌾🌾🌾

Yoon Skin Mugwort Essence လေးတွေ instock ပါရှင့် 💚စျေးကလည်း ပြန်ကျထားတယ် 5သောင်းမကျော်တော့ဘူး ဝယ်ပစ်နော်🫶🏻
09/03/2025

Yoon Skin Mugwort Essence လေးတွေ instock ပါရှင့် 💚

စျေးကလည်း ပြန်ကျထားတယ်
5သောင်းမကျော်တော့ဘူး ဝယ်ပစ်နော်🫶🏻

💚skin barrier အတွက် ကောင်းပြီးဝက်ခြံ/အမဲစက်လေးတွေရော သက်သာစေပါတယ်✅✅
09/03/2025

💚skin barrier အတွက် ကောင်းပြီး
ဝက်ခြံ/အမဲစက်လေးတွေရော သက်သာစေပါတယ်✅✅

Pair cream က ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ အမဲစက် ၊ အနီစက်တွေပါ သက်သာတယ်

ဒါလေးကို နိုနိုပထမ review စ ပေးထဲက အမြဲမေးကြတာ အမဲစက်ရော သက်သာလားပေါ့။ အဲ့တုန်းက တကယ် သိသာတယ်မခံစားရလို့ နိုနို ဝက်ခြံ သက်သာပါတယ်ဆိုတဲ့အကြောင်းကိုပဲ ပြောခဲ့တာ။

အခု လိမ်းရင်းနဲ့ ဘူးအခြေအနေပါဒီလိုဖြစ်ပြီး တစ်ဝက်ကျိုးတော့မှ သိသာတာ။ ရောင်ရမ်းဝက်ခြံတွေထွက်ပြီး ကျန်ခဲ့တတ်တဲ့ အမဲစက် PIH တွေရော ၊ သွေးကြောလေးတွေပါရောင်ရမ်းပြီးကျန်ခဲ့တတ်တဲ့ PIE အနီစက်လေးတွေကိုပါ သိသိသာသာ မှိန်လာစေပါတယ်။

skin barrier ကိုပါ repair လုပ်ပေးနိုင်တာကြောင့် ဒီလို acne scars တွေကို ပိုပြီးမြန်မြန် သက်သာစေတာလို့ထင်တယ်။

ပူတာ ၊ စပ်တာ ၊ အသားလောင်တာမျိုးလဲမရှိတော့ ဝက်ခြံသမားကိုမှ sensitive လဲဖြစ်တတ်တဲ့ skin တွေဆိုရင် ဒါလေးကအတော်အဆင်ပြေလိမ့်မယ်။

ဝက်ခြံအဖုတွေအပြင် နောက်ဆက်တွဲ အမဲစက် ၊ အနီစက်တွေအတွက်ပါ သုံးလို့ရတော့ ပိုကောင်းတာပေါ့နော်။

နိုနို့ဘူးကတော့ နှစ်လကျော်ထိ နေ့တိုင်းသုံးလို့ ပိန်ပါပိန်နေပြီ။ တစ်ဘူးဆိုလဲ အတော်လေးအသုံးခံပါတယ်။

With loves,
Your Dear Noh 💕

✨all time favorite လေး🥰
09/03/2025

✨all time favorite လေး🥰

လိမ်းလိုက်တာနဲ့ စိုပြောင်ပြီး Hydrate and Healthy Skin Look ရတဲ့ Sunscreen Review : S K I N 1 0 0 4
Hyalu-Cica Water Fit Sun Serum 🩵

Key Ingredients တွေကတော့
🤍 Antioxidant နဲ့ Soothing ဖြစ်စေမဲ့ Centella Asiatica Extract(9,800Ppm), Camellia Sinensis Leaf Extract
🩵 Anti-Acne နဲ့ Skin Brightening အတွက် Niacinamide
🤍 အသားရေအစိုဓာတ်ဖြည့်ဖို့အတွက် Skin-identical ingredient: Glycerin, Sodium Hyaluronate(10Ppm), Hyaluronic Acid(0.01Ppm) နဲ့ အာဟာရဖြည့်ပေးတဲ့ Adenosine တို့ ပါဝင်ပါတယ်..

🌞 Chemical Sunscreen အမျိုးအစားဖြစ်ပြီး UVA Protection အတွက် Diethylamino Hydroxybenzoyl Hexyl Benzoate, UVB filters ဖြစ်တဲ့ Ethylhexyl Triazone, UVB နဲ့ UVA II range ကို Protection ပေးမဲ့ Diethylhexyl Butamido Triazone, Hybrid Type ဖြစ်ပြီး UVAရော UVB ရော Protection လုပ်ပေးနိုင်တဲ့ Methylene Bis-Benzotriazolyl Tetramethylbutylphenol တို့ ပါဝင်ပါတယ်..
SPF 50+ PA++++ ပါပြီး UV & Sun Protection ကောင်းကောင်းရပါတယ်..

🩵 သူက Sun Serum Type လေးပါ.. အရည်ကကျဲကျဲလေးဆိုတော့ Gel Cream Texture နဲ့ပိုတူတယ်.. Super Light Weight ဖြစ်တယ်.. စိမ့်ဝင်လွယ်တယ်.. မပျစ်ဘူး.. မစေးကပ်ဘူး.. မပူဘူး.. Tone up မပါဘူး.. White Cast မကျန်ဘူး ဆိုပေမဲ့ လူးပြီးရင် ပုံမှန်ထက် နည်းနည်းလင်းလင်းလေး ဖြစ်ပါတယ်.. ပြာလာတာ မဲလာတာမျိုး မဖြစ်ပါဘူး..

🤍 လူးပြီးတာနဲ့ အသားနဲ့ တစ်ထပ်တည်းကျပြီး စိုစိုပြောင်ပြောင်လေး နေတယ်.. ဒါပေမဲ့ အဆီမပြန်ဘူး.. ချွေးပေါက်မပိတ်ဘူး.. Smooth and Silky Skin Texture လေး ဖြစ်တာမလို့ သူ့အပေါ် Makeup လူးရတာလည်း အဆင်ပြေပါတယ်..

🩵ဘယ်လိုအသားရေတွေသုံးလို့ရလဲဆိုတော့ Normal to Combination Skin တွေအထိ သုံးလို့ရတယ်.. သူက Skin Hydration ရစေပြီး moisturized dewy skin လေး ဖြစ်စေတာမလို့ Dry to Dehydrated Skin တွေအတွက် အထူးသင့်တော်တယ်.. Super Oily Skin ဆိုရင်တော့ အပေါ်က Power လေး ထပ်အုပ်မှ အဆင်ပြေပါမယ်..

My Experience : 🌞
Shal သုံးတာ ၂လကျော်ဝန်းကျင်ရှိပါပြီ..
Shal က ပုံမှန် oily skin ဆိုပေမဲ့ ခုတလောဆေးခန်းပြနေရင်း သောက်ဆေးလူးဆေးကြောင့် အသားက တော်တော်ခြောက်လာတာ.. နေပူထဲသွားရင်လည်း အသားနီရဲလာရော.. moisturizer လူးပြီး ဒီSunscreen တစ်ခုပဲသုံးတော့တာ သူ့ ingredients ကြောင့် အသားနီတာရဲတာ သက်သာတဲ့အပြင် UV & Sun Protection ရော Hydration ရောဖြစ်စေတာမလို့ အသားက စိုစိုပြောင်ပြောင်လေးနဲ့ အတော်အဆင်ပြေနေတယ်..

အရင်ရှေ့တလောက ဝက်ခြံ အဆီဖုတွေ ထွက်နေတုန်းကလည်း သူ့ကို သုံးပါတယ်.. သူ့ကြောင့် ပိုဆိုးလာတာမျိုး မရှိပါဘူး ..

Skin Barrier အတွက် Acne Prone & Sensitive Skin အတွက် Sunscreen ကောင်း​တစ်ခုလို့ Shal ကတော့ ထင်ပါတယ်..

စျေးက 50ml ကို 40,000 ဝန်းကျင် ပါ..

အဲ့တော့ UV Protection ကောင်းကောင်းရပြီး Hydrated Skin Look လေးကြိုက်တယ်ဆို ဒီ Sunscreen လေး Try ကြည့်ပါနော်💕

🎋အရမ်းအရမ်း Hot နေတဲ့ Purito Bamboo Creamလေးဆိုင်မှာရောက်ပါပီ😍Barrier repair cream တွေထဲမှာ ဆရာအကျဆုံးလို့ IG မှာခဏတိုင်...
06/03/2025

🎋အရမ်းအရမ်း Hot နေတဲ့ Purito Bamboo Creamလေးဆိုင်မှာရောက်ပါပီ😍

Barrier repair cream တွေထဲမှာ ဆရာအကျဆုံးလို့ IG မှာခဏတိုင်းတွေ့နေရတဲ့ Purito Mighty Bamboo Panthenol Cream 🎋💚

❤️345 cream နဲ့ အတူတူ International မှာ အရမ်းကို နာမည်ကြီးနေတာလေးမို့ အမြန်ဝယ်ဥကြတော့နော်

🎋Purito bamboo cream လေးက ပျက်စီးနေတဲ့ Skin Barrier ကိုပြန်ကောင်းစေတယ်
ဝက်ခြံ အဆီဖုတွေလည်း ချပ်သွားစေတယ်

🎋Skin Barrier ထိတဲ့သူလေးတွေကအစ စိတ်ချလက်ချ သုံးလို့ရပီး dehydrated, acne prone, irritated, sensitive အကုန် အဆင်ပြေတဲ့ moisturizer cream လေးပါ

🎋Korea နိုင်ငံရဲ့ Damyang ဒေသကရရှိတဲ့ Bamboo နဲ့ 100,000 ppm Pantheon အဓိကပါဝင်တဲ့အတွက် ရေဓာတ်အပြည့်ဝဖြည့်ပေးနိုင်ပါတယ်

🎋Pantheon 10% ,Squalane ပါဝင်လို့ Skin Barrier ကို အလျင်မြန်ဆုံးကောင်းမွန်အောင်ပြုပြင်ပေးနိုင်ပါတယ်

❤️Gel type texture လေးနဲ့ လိမ်းရတာအေးအေးကျဲကျဲလေးမို့ breakout တအားဆိုးနေတဲ့သူတွေ dehydrated,acne prone ,sensitive skin တွေ လုံးဝရွေးချယ်သင့်တဲ့ Moisturizer လေးပါ 💚

Romand New Juicyလေးတွေထဲက ဒီ4ရောင်လေးထပ်ရောက်ပါတယ်ရှင့်🩷🩷No-04,06,09,15✅Price-26000ks
06/03/2025

Romand New Juicyလေးတွေထဲက ဒီ4ရောင်လေးထပ်ရောက်ပါတယ်ရှင့်🩷🩷

No-04,06,09,15

✅Price-26000ks

Address

Mandalay
9438

Telephone

+959456986630

Website

Alerts

Be the first to know and let us send you an email when Teresa beauty - collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Teresa beauty - collection:

Shortcuts

Share