Salay Thu - စလေသူ

Salay Thu - စလေသူ ကုန်မျိုးစုံ ရောင်းဝယ်ရေး

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။အသက် ၁၆ နှစ်မှာ သူကျောင်း...
28/08/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။

အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း

Credit မူရင်း

တခြားဗဟုသုတတွေလည်း sharing လုပ်ပေးသွားပါအုံးမယ်
https://www.facebook.com/profile.php?id=100083469115970&mibextid=ZbWKwL

consultant business

11/05/2023

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့
စိတ်ဓာတ် မွေးဖို့လိုတယ်။

လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။

လူအများစုက လိုက်လုပ်နိုင်ကြမှာ မဟုတ်တဲ့အတွက်၊ နေ့စဉ် စိတ်ပါပါ၊ မပါပါ တိုးတက်နိုင်တာက ကိုယ့်ရဲ့ Superpower ဖြစ်လာလိမ့်မယ်။

ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊ လူအထင်ကြီးလောက်အောင် လုပ်ပြစရာ မလိုဘူး။

အရေးကြီးတာ ဆင်ခြေတွေ ပေးမနေဘဲ အချိန်မှန်မှန်ပေါ်လာဖို့

ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင်၊ ဘယ်သူ့မှ ကိုယ့်ကို မချီးကျူးရင်တောင်၊ လောကကြီးကို နာကျည်းနေရင်တောင်

နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။

ခိုင်မာတဲ့ အုတ်မြစ်‌ချပြီးရင် အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်၊ တစ်ခုခုကို စတင်လိုက်ရင် ရှေ့ဆက်တိုးတက်ဖို့ အရှိန်စရလာတယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အခါ
ကိုယ့်ကိုလည်း သူ့ အိပ်မက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်စေပါလိမ့်မယ်။ ❤️💯

Crd

28/03/2023

ကျရှုံးမှာထက် မလုပ်ဖြစ်မှာကိုပိုကြောက်တတ်ဖို့လိုမယ်
◾
လူအများစု ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်လို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ ကျရှုံးမှာကြောက်လို့ ဘာစီးပွားရေးမှမလုပ်ဖြစ်ဘူး။

တချို့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်။ ရှုံးမှာကြောက်လို့ ငွေစုတာထက် ပိုမလာဘူး။

“အကြီးမားဆုံး ကျရှုံးမှုဟာ ဘယ်တော့မှ မကျရှုံးတာပဲ” လို့ပြောကြတာရှိတယ်။ ဘာကြောင့်လဲ။ လူအများစုက စွန့်စားမှု (Risk) ယူဖို့ထက် လုံခြုံစိတ်ချရမှု (Safe) ဖြစ်ဖို့ အားသန်ကြတယ်။ စွန့်စားမှုမလုပ်တဲ့အတွက် မကျရှုံးတာတော့မှန်တယ်။ ဒါပေမဲ့ ပြဿနာက ဒါကပဲ ဘယ်တော့မှကြီးမားတဲ့ရလဒ်ကို မရနိုင်စေတဲ့ ကျရှုံးမှုကြီးဖြစ်ပါတယ်။

သောမတ်စ်အက်ဒီဆင်ဟာ မီသီးထုတ်လုပ်မှုမအောင်မြင်ခင် အကြိမ် ၁၀၀၀၀ ကျရှုံးခဲ့တယ်။ ဘတ်စကက်အကျော်အမော် မိုက်ကယ်ဂျော်ဒန်ဆိုရင်လည်း ပွဲပေါင်း ၃၀၀ လောက်ရှုံးခဲ့ဖူးတာပါပဲ။

ကြီးပွားအောင်မြင်သူတိုင်း၊ ထိပ်တန်းရောက်သူတိုင်း ကျရှုံးမှုတွေကြုံခဲ့ဖူးကြတယ်။ ဒါပေမဲ့ သူတို့က ကျရှုံးမှာကို မကြောက်ဘူး။ မလုပ်ဖြစ်မှာကိုပဲ ကြောက်ကြတာ။ အမှားတွေလုပ်မိရင် အမှားတွေကနေ သင်ယူတယ်။ Mistake to Wisdom ဖြစ်အောင်ပြောင်းပစ်တယ်။

ကျရှုံးမှာကို ဘယ်သူမှမလိုလားကြဘူး။ ဒါပေမဲ့ ကျရှုံးတာထက် မလုပ်ဖြစ်တာကမှ ပိုစိုးရိမ်စရာကောင်းပါတယ်။
crd

27/02/2023

ဆယ်တန်း တက်နေတဲ့အချိန်

ဧပြီလ ကျောင်းပိတ်လို့
လာရှိုးအိမ်ကို ပြန်လာတုန်း...

တနေ့မှာ...
ဦးလေးဖြစ်သူရဲ့ သူငယ်ချင်း
ကားရောင်းဝယ်ရေးဆိုင်ကို
အလည်သွားဖြစ်တယ်...

အဲ့ခေတ် အဲ့ဒီအချိန်က....
ကားတွေကို
အောက်လမ်းကနေ
သယ်ယူလာပြီးမှ
ပြန်ရောင်းကြရတာ...

အဲ့ဒီ ကားရောင်းတဲ့ဆိုင်မှာ
ထိုင်နေတုန်း...

ဆိုင်ပိုင်ရှင်ရဲ့ ကားရောင်းနေတဲ့
ပုံစံကို
သတိထားမိတယ်...

သူ့နာမည်က ဦးအန်းကူ

ကျွန်တော့် ဦးလေးနဲ့က
ငယ်သူငယ်ချင်းတွေ...

ဦးအန်းကူက
ကားလာဝယ်တဲ့သူတွေကို...
ဒီကားက
ဘာချို့ယွင်းချက်ရှိတယ်၊

ဒီကားက
ဘယ်အချက်တွေ မကောင်းဖူး...

ဒီအချက်တွေတော့ ကောင်းတယ်...
စသည်ဖြင့်
အသေးစိတ် ရှင်းပြနေတယ်...

ပထမ ကျွန်တော်ထင်နေတာက
အခုလာဝယ်တဲ့သူက
ဦးအန်းကူ မိတ်ဆွေဖြစ်လို့...
အသေးစိတ်ရှင်းပြနေတယ်လို့
ထင်နေတာ....

နောက်ထပ် လာဝယ်တဲ့သူ
လေးငါးယောက်ကိုလဲ
အဲ့အတိုင်းဘဲ
အသေးစိတ်ရှင်းပြနေတယ်..

ကျွန်တော်လဲ အံ့သြလာတာနဲ့...
ဦးအန်းကူ အနားကို ခဏသွားပြီး...

ဦးအန်းကူ အခုလိုရှင်းပြနေတော့
သူတို့က ဒီကားရဲ့
အားနည်းချက်တွေကို သိသွားပြီး..
မဝယ်တော့ရင်
ဘယ်လိုလုပ်မလဲလို့.....

ခပ်တိုးတိုးလေး မေးလိုက်တယ်...

ဦးအန်းကူက.. ပြုံးပြပြီး..
မင်း ဒီနေ့ အားတယ် မဟုတ်လား...

နေ့လည်စာ လမ်းထိပ်ကဆိုင်မှာ
သွားစားကြမယ်...

အဲ့ဒီကျမှ ငါရှင်းပြမယ်တဲ့လေ....

ကျွန်တော်လဲ သိချင်ဇောနဲ့
ထိုင်စောင့်လိုက်တာ...

နေ့လည် တနာရီခွဲသွားတယ်...

ကဲ.. ငါတို့
လမ်းထိပ်ကထမင်းဆိုင်ကို
သွားကြရအောင်လို့...
ဦးအန်းကူက ပြောတာနဲ့....

ကျွန်တော်နဲ့ ဦးအန်းကူ
ထမင်းဆိုင်ကို သွားခဲ့ကြတယ်။

ဆိုင်ရောက်တော့
မင်း ဘာစားမလဲ..ကြိုက်တာမှာ...
ငါဝယ်ကျွေးမယ်တဲ့လေ....

ဘာမှမစားချင်ဖူး၊ ဦးအန်းကူ...
ကားတွေကို ဘာဖြစ်လို့
အဲ့ဒီပုံစံနဲ့ရောင်းရတာလဲ
ဆိုတာဘဲ ပြောပြလို့
အတင်းပူဆာမိတယ်...

သူက ငါကား
ရောင်းဝယ်ရေးလုပ်နေတာ
မင်းတို့ လူမှန်း မသိခင်ကထဲကတဲ့....

ဟုတ်တယ်....
သူက
ကားရောင်းဝယ်ရေးမှာ
ဆရာတဆူဘဲ..

ဟုတ်တယ်လေ...
ကျွန်တော် သိတာပေါ့...
ဦးအန်းကူ ဆိုပြီး ပြန်ဖြေလိုက်တယ်...

မင်း သတိထားမိလား....
မင်း ခုနစ်တန်း
ရှစ်တန်းလောက်တုန်းက
ငါ ဆေးရုံ ခဏခဏတက်ရတယ်...

သိတာပေါ့ဗျာ...
ကျွန်တော်တောင်
ကျွန်တော့် ဦးလေး၊
ဦးအန်းကူ သူငယ်ချင်းနဲ့
ဆေးရုံလာကြည့်သေးတယ်လေ
ဆိုတော့...

သူက ငါ ဘာဖြစ်လို့
ဆေးရုံတက်ရတယ်လို့
မင်း ထင်လဲတဲ့...

ဟ.. ဦးအန်းကူကျွန်တော်က
အခုမှ ဆယ်တန်းကျောင်းသားလေ

ဘယ်လိုလုပ်သိအုံးမှာလဲ
ဆိုတော့....
အေး.. ငါ အပူစာတွေ
စားမိလို့တဲ့လေ....

ဗျာ.. အပူစာ...
ဘာကြီးတုန်းဗျလို့ မေးလိုက်တော့..

သူက ...
ငါအရင်က ကါးရောင်းရင်
ဂျင်းထည့်ပြီးရောင်းတယ်၊

အမြတ်ကြီးမြတ်တယ်..
ပိုက်ဆံဆိုတာ ငါ့အတွက်တော့
ရှာရတာ
အရမ်းလွယ်တဲ့အရာဘဲတဲ့...

ကြာလာတော့
ငါရင်တွေ ပူလာတယ်...
ဆေးခန်း ဆေးရုံသွားပြတယ်၊

ရောဂါ မယ်မယ်ရရ ရှာမရဖူး၊
ဆေးရုံတက်လိုက်
ပြန်ဆင်းလိုက်နဲ့ဘဲ အလုပ်တွေ
ရှုပ်နေခဲ့တာတဲ့လေ...

ငါ ဆေးရုံကဆင်းရင်
ငါ့အမေ သို့မဟုတ်
ငါ့အဖေ ဆေးရုံတက်ရပြန်....

ငါ့တို့မိသားစုကို ဆေးရုံက
ဝန်ထမ်းတွေတောင် မှတ်မိနေပြီတဲ့...
ခဏစောင့်အုံး...
ငါ ထမင်း ဟင်း
မှာလိုက်အုံးမယ်ဆိုတာနဲ့ ....

ကျွန်တော်လဲ စောင့်နေရတာပေါ့...
ပြီးတော့မှ....
တနေ့ကျတော့ ငါ
အဘိုးအိုတယောက်နဲ့ တွေ့တယ်၊

အဘိုးအိုက
ငါ ဖြစ်နေတာတွေကို
ပြောလိုက်တော့...

အဘိုးအိုက ငါ့မျက်နှာကို
သေသေချာချာကြည့်ပြီး..

အပူစာတွေ မစားနဲ့ ကောင်လေးတဲ့

နေ့စဉ်ရှာဖွေနေတဲ့
ပိုက်ဆံထဲမှာ သူများတွေရဲ့
အပူတွေမပါလာစေနဲ့တဲ့....
အေး.. ငါလဲ အဲ့ဒီနေ့ကစပြီး...

လူတွေကို ဂျင်းထည့်တာ
ရပ်လိုက်တယ်..

အမှန်အတိုင်းဘဲ ပြောပြီး
ရောင်းတယ်တဲ့လေ....

အမှန်အတိုင်းပြောပြီး
ရောင်းတော့...
သိပ်မရောင်းရတော့ဖူးထင်နေတာ...

ဒီနေ့ မင်း မြင်တဲ့အတိုင်းဘဲလေ၊
ငါ အခုမှ ထမင်းစားရတယ်တဲ့လေ...

ငါဆီမှာ ဖြစ်နေတဲ့
ဘာမှန်းမသိတဲ့ ရောဂါတွေလဲ..
ဘယ်လို ဘယ်လို
ပျောက်သွားမှန်းကို
မသိတော့ပါဖူးတဲ့...

သေချာတာက
ငါ အခုစားတဲ့ ထမင်းထဲမှာ
အပူစာတွေ မပါတော့ဖူးတဲ့....
အဲ့အချိန်တုန်းကတော့ဗျာ...
ကျွန်တော်က ငယ်သေးတော့
သူပြောတာကို
သေချာနားမလည်ဖူး...
နောက်ပိုင်း
ကျွန်တော် တဖြည်းဖြည်း
နားလည်လာတယ်..

ကျွန်တော်
ရင်ထဲပူလောင်နေရင်...

ကျွန်တော့်
အိမ်မှာ ပူလောင်နေရင်...

ကျွန်တော်
သဘောပေါက်လိုက်ပြီ...

ငါတို့အိမ်မှာ သူများတွေ
ပူလောင်ပြီးမှရတဲ့
ပိုက်ဆံတွေရောက်နေလို့
ဖြစ်လိမ့်မယ်ဆိုပြီး...
ကိုယ်တတ်နိုင်သလောက်
အလှူလုပ်ပေးတယ်..
အခမဲ့ ဆေးကုပေးတယ်...
သူများအပူတွေ
ကိုယ့်အိမ်ထဲ မရောက်ဖို့
အမြဲကြိုးစားနေမိတယ်....

ကျန်ရှိနေသေးတဲ့
လူ့ဘဝသက်တမ်းတလျှောက်ကို
ပူလောင်မှုကင်းစွာနဲ့
ဖြတ်သန်းနိုင်ဖို့
အမြဲကြိုးစားနေပါတယ်ဗျာ...

အခု ခေတ်ကာလမှာ အပူစာတွေ စားနေတဲ့သူတွေ
ပိုများလာတယ် တစ်ချို့က အဲဒီလို အပူစာစားတဲ့
သူကိုမှ အရည်အချင်းရှိတယ်လို့ ပြောတဲ့သူက
ပြောပြီး အပူစာစားတဲ့သူတွေကို အားကျပြီး
အပူစာတွေ စားကြတယ်ဗျာ ပြီးတော့ ဘဝတွေ
ပျက်ကြ စီးပွားရေးတွေကျ ရောဂါတွေထူပြီး
ကုန်လိုက်နဲ့ ဆေးဖိုးတွေက သူတို့ အပူစာစားပြီး
စုမိတာထက် ၁၀ ဆ မက ကုန်ကြနဲ့ တွေ့ဖူး ကြားဖူးပါတယ် ပြောမကောင်းလို့ပါ ။

မူရင်းစာရေးသူကို လေးစားစွာ credit ပေးပါတယ်။

ခေါင်းစဉ်က အပူစာပါ။
ဒီစာကို ဖတ်မိတဲ့ မိတ်ဆွေတိုင်း
အပူစာ မစားကြပါနဲ့ ...
ကျွန်တော်ကတော့ ဘယ်တော့မှ
မစားခဲ့သလို နောင်လည်း မစားဘူး။ ☺️

#အပူစာ

Crd

ဝါကျွတ်ပြီ အချစ်ရေ အသက်ရေ သတင်းကျွတ်ခဲ.ပြီကွယ်🎼သီတင်းကျွတ်မှာကျေးဇူးရှင် ဘိုး ဘွား မိဘ ဆရာသမား တွေကို ဂါရဝပြု ကန်တော့ဖို...
05/10/2022

ဝါကျွတ်ပြီ အချစ်ရေ အသက်ရေ သတင်းကျွတ်ခဲ.ပြီကွယ်🎼

သီတင်းကျွတ်မှာ
ကျေးဇူးရှင် ဘိုး ဘွား မိဘ ဆရာသမား တွေကို
ဂါရဝပြု ကန်တော့ဖို.တွေးနေ​ပြီ လား

ဆန်အိတ်လေးနဲ. ကန်တော့ ရမလား
ဆီ ကောင်းကောင်း လေးဆို ပိုကောင်းမလား
တွေးမိနေရင်တော့

စလေသူ လေး ဆီမှာရတယ်နော် 😉

စလင်းက ဧရာပဒေသာ ​လေးလား
မဂျမ်း-ရှယ် လေးပဲလား
မကွေး ပဲဆီ(စစ်စစ်) လိုချင်တာလား

ကြိုက်တာသာ ပြော အိမ်အရောက်ကို ပို.ပေးဦးမှာ 😍

လတ်လတ် ဆတ်ဆတ် ငါးခြောက်လေးတွေ လာပါပြီရှင်ပင်လယ် ငါးရံ့ဖြူ ခြောက် စစ်စစ်လေးပင်လယ် ကက်ကတစ် စစ်စစ်ရှယ် ငါးတန်ခြောက် စစ်စစ်လ...
13/09/2022

လတ်လတ် ဆတ်ဆတ်
ငါးခြောက်လေးတွေ လာပါပြီရှင်

ပင်လယ် ငါးရံ့ဖြူ ခြောက် စစ်စစ်လေး
ပင်လယ် ကက်ကတစ် စစ်စစ်
ရှယ် ငါးတန်ခြောက် စစ်စစ်လေးတွေ မို.

တန်လွန်းလို. ကို ရောင်းပေးနေတာမို.
ဦးတဲ. သူ ရမယ်နော်😉

Address

Mandalay

Telephone

+959960430580

Website

Alerts

Be the first to know and let us send you an email when Salay Thu - စလေသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share