Moca online shop

Moca online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moca online shop, Shopping & retail, 90street/31×32 between/Mandalay, Mandalay.

14/08/2021

မင်မင် ငဗစ်ဖြစ်နေလို့
ခဏနားထားပါတယ်
နေကောင်းရင် ပြန်ရောင်းမှာပါ
🙏🙏🙏

04/08/2021

ကိုဗစ်နာလန်ထ လူနာများအတွက် ဆောင်ရန် ရှောင်ရန်များ...

ကိုဗစ်ဖြစ်ပြီးဆိုသည့်တိုင် လူနာတိုင်းက ပုံမှန်အတိုင်း ပြန်မဖြစ်ပါဘူး။ တချို့က နုံးပြီး ကျန်ခဲ့တယ်။ တချို့က ချောင်းတွေဆိုးပြီး မောတုန်း။ ဒါတွေက ကိုဗစ်ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်ပြီး အချိန်တစ်ခုကြာအောင်တော့ ခံစားရမှာပါ။

ဒါကြောင့် လူနာတွေက နာလန်ထသည့်တိုင် မပေါ့ဖို့ လိုပါတယ်။
လူ့သဘာဝကတော့ နေကောင်းပြီး ပြန်သက်သာလာပြီဆိုရင် စိတ်သစ် လူသစ်နဲ့ ကြိုးစားလိုက်မဟဲ့ဆိုပြီး ရုန်းကန်လှုပ်ရှားတတ်ပါတယ်။ ဒါပေမယ့် လူနာတွေကို မလောပါနဲ့။ ဖြည်းဖြည်းချင်း ကြိုးစားပါလို့ မှာချင်ပါတယ်။

နာလန်ထလူနာတွေအနေနဲ့
-ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။
ခုကစပြီး ကျန်းမာအောင် နေမယ်ဆိုပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန် ထမလုပ်ပါနဲ့။ ကိုဗစ်မှာ နုံးတာက တော်တော်ဆိုးပါတယ်။ ဖြည်းဖြည်းချင်း နိုင်သလောက် စလှုပ်ရှားပါ။

-အလုပ်တွေ သိပ်မလုပ်ပါနဲ့။
ထိုင်ပြီး လုပ်ရတယ်ဆိုဦးတော့။ အာရုံစိုက်ရတဲ့အတွက် ပင်ပန်းပါတယ်။ brain fogလို့ခေါ်တဲ့ အာရုံစူးစိုက်လို့ မရတာကြောင့် ပိုပြီး ပင်ပန်းပါတယ်။

-နေ့စဉ်အလုပ်တွေ ပြန်စကြည့်ပါ။
တစ်နေ့တာ တစ်ကိုယ်ရည်အလုပ်တွေကို ဖြည်းဖြည်းချင်း ပြန်စကြည့်ပါ။ အရင်လို အိပ်ရာထဲမှာပဲ လှဲမနေဘဲ နေ့စဉ်အလုပ်တွေ ပြန်စကြည့်ပါ။

-အနားယူပါ။
တစ်နေ့တာမှာ အလုပ်တွေပဲ ဆက်တိုက် မလုပ်ဘဲ လုပ်လိုက် နားလိုက် လုပ်ပေးပါ။ ခန္ဓာကိုယ်ကို အလွန်အကျွံမခိုင်းပါနဲ့။

-စိတ်ဖြေလျှော့ပါ။
တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ ဆက်လုပ်ပါ။ နာလန်ထစ အဆုတ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

-အိပ်ရေးဝအောင် အိပ်ပါ။
ညဘက်တွေမှာလည်း ၇-၈နာရီရအောင် အိပ်ပါ။ နေ့လယ်နေ့ခင်းတွေလည်း နာရီဝက်လောက် မှေးပါ။

-အာဟာရပြည့်အောင် စားပါ။
နည်းနည်းနဲ့ ခဏခဏ စားပါ။ ရေများများသောက်ပါ။ အရက်နဲ့ ကဖင်းတွေ ရှောင်ပါ။

-စိတ်ညစ်မခံပါနဲ့။
ပေါ့ပေါ့ပါးပါး ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ လုပ်ပေးပါ။ လတ်တလောမှာ စိတ်ဖိစီးမခံပါနဲ့။

ကိုဗစ်ဖြစ်အပြီးမှာ လက္ခဏာတွေက အပြီးပျောက်မသွားဘဲ နာလန်ထတဲ့အချိန်အထိ ကျန်နေတတ်ပါတယ်။ လက္ခဏာတွေ ဆိုးလွန်းရင် ဆရာဝန်နဲ့ ပြန်ပြဖို့ မမေ့ပါနဲ့။

မိသားစုကျန်းမာရေးပြဿနာများကို Healtppy ၏ FDS Service မှတစ်ဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။

☎️Hotline: 09771007770.
🔗Join Viber: https://invite.viber.com/?g2=AQBm0jmGoroor01XtKPJZhlTY03cm7Bng8XneocgKXHAtLvyWY9o%2F2UbRp%2FqK4Mu&fbclid=IwAR2esAOF3NgXnaiWkbDqOzfa-MpsMzP8i2Y8ls8UpZEPVlWMpkRHr6vx4wI&lang=en
🔗Join Telegram: https://t.me/joinchat/wvr5hByTJK5kMTg9.

စပ်လန်ပြဲ😁....ငါးငပိရည်တဲ့😋အတို့အမြုပ်အစုံ ပါပြီး.....တစ်ပွဲ...... 1500ks. .....စားမကောင်းမှာ မစပ်မှာတော့ မပူနဲ့ခံတွင်း ...
25/07/2021

စပ်လန်ပြဲ😁....ငါးငပိရည်တဲ့😋

အတို့အမြုပ်အစုံ ပါပြီး.....

တစ်ပွဲ...... 1500ks. .....

စားမကောင်းမှာ မစပ်မှာတော့ မပူနဲ့

ခံတွင်း တွေ့ပြီး ထမင်းမြိန်စေမှာ

အမှန်ပဲ.....😋

မန်းလေးမြို့တွင်း.... deli. ....1000/1500

အော်ဒါတစ်ရက် ကြိုတင်ပေးပါ.....

☎09767911166

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ......
23/07/2021

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ........

သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွါထွက်သွားပြီးသည့် နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန် ချက်အရအဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြဒိယပ ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာ စျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှ
တစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည်
ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။

ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ။ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။

ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။

ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏။

ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုး သင်္ကန်းဝတ်ရုံလျက် ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏

သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏ ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏

ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်

ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။

ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်။

ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏ တရားနာယူကြရန်လည်းတစ်ဆက်တည်း တိုက်တွန်း၏

သို့သော်မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏

မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည်

ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌
အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည် ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

အားလုံးလည်း ဒီနေ့လို နေ့ထူး၊ နေ့မြတ်မှာ တရား ဘဝနာ အားထုတ်နိုင်ပြီး ကုသိုလ်ထူး ကုသိုလ်မြတ်တွေ ရရှိနိုင်ကြပါစေ🙏🙏🙏

………………………………………………………………………

Credit to မူရင်းရေးသူ

ယနေ့ကျရောက်သော(၇၄)နှစ်မြောက် အာဇာနည်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးသွားလေပြီးသောအာဇာနည် ကြီးများ အပါအဝင် နိုင...
19/07/2021

ယနေ့ကျရောက်သော

(၇၄)နှစ်မြောက် အာဇာနည်နေ့တွင်

ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးသွားလေပြီးသော

အာဇာနည် ကြီးများ အပါအဝင် နိုင်ငံ့ အကျိုးသယ်ပိုး ထမ်းဆောင်ရင်း
အဘက်ဘက်မှ ကျဆုံးကြွေလွင့်ခဲ့
ရသော အာဇာနည်များအား

ထာဝရ ဂါဝရပြုအလေးပြုပါသည်။



,10:37AM
#အာဇာနည်နေ့

ကဲ ဟောဒီက.... ရွှေရသာလေးနဲ့ မိတ်ဆက်ပေးပါရစေ😍အာလူးကြော်ပဲ စားပြီး ကောက်ညှင်းကြော် ရွရွလေးကိုလဲစားချင်နေကြမှာသိလို့....😁အာ...
14/07/2021

ကဲ ဟောဒီက....
ရွှေရသာလေးနဲ့ မိတ်ဆက်ပေးပါရစေ😍

အာလူးကြော်ပဲ စားပြီး
ကောက်ညှင်းကြော်
ရွရွလေးကိုလဲ
စားချင်နေကြမှာသိလို့....😁

အားလုံးချစ်တဲ့ ပုဂံမြို့လေးကနေ
တကူးတက စားစေချင်လို့
ရောင်းချပေးမယ်နော်😋😋😋

ဒီတိုင်းပဲ စားမလား
ထမင်းပူပူလေးနဲ့ပဲစားမလား
အဆာပြေစားမလား

အရသာလဲရှိပြီး
စားလို့လဲကောင်း ပေးရတဲ့စျေးနဲ့
တန်တဲ့ အရသာလေးမို့
ထပ်တိုးရောင်းပါရစေ 😍

ပဲပုပ်ကောက်ညှင်း

အာလူးကောက်ညှင်း

အစုံကဘာလချောင်ထုတ်

တစ်ထုပ် = ၆၀၀ကျပ်ပါ 📢📢📢

Kpayနဲ့လဲ ရှင်းရပါတယ်နော် 😍

မန်းလေးမြို့တွင်း deli=1000/1500

နယ်မှမှာယူမယ်ဆို ကားဂိတ်တင်ပေးပါတယ်

☎09767911166

မဂ်လာပါ...... 🙏🙏🙏Moca online shop မှရောင်းချပေးသောပစ္စည်းများ......မြင့်မိုရ်ထူးဆိတ်သားခြောက်..(အချိုမူန့်လုံးဝမပါဝင်ပါ)...
12/07/2021

မဂ်လာပါ...... 🙏🙏🙏

Moca online shop မှ

ရောင်းချပေးသောပစ္စည်းများ......

မြင့်မိုရ်ထူးဆိတ်သားခြောက်..
(အချိုမူန့်လုံးဝမပါဝင်ပါ)📢📢

တုတု အသင့်စား စားသောက်ကုန်များ....

ငါးပိရည်အိုးလေး.....

ကျန်းမာရေးသုံး ပစ္စည်းများ.....

​တောင်ကြီးမှငချိတ်ပြောင်းဖူးနှင့်လေးတန်ပြောင်း...

ထပ်တိုး၍ရောင်းချမည့် ထုတ်ကုန်များလဲ

ရှိပါသေးတယ်...... 📢📢📢📢📢

စားသောက်ကုန် ပစ္စည်းများအား

အသေးစိတ် ကြည့်ရူ့အားပေးနိုင်ပါပြီ😍

စရောင်းသည့်နေမှ ယနေ့ထိ

အားပေးကြသော customer များအား

အထူးကျေးဇူးတင်ပါတယ်.............😊😊😊

တုတုလေး.... ဒီနေ့ရောက်ပါပြီ😋😋အရသာကတော့ ကွက်တိပဲ....လုပ်ရတာမှ အလုပ်ရူပ်အုံးမယ်ညော်မိနေအုံးမယ်😁မနက်စာပဲ ဖြစ်ဖြစ် နေ့လည်စာပ...
11/07/2021

တုတုလေး.... ဒီနေ့ရောက်ပါပြီ😋😋

အရသာကတော့ ကွက်တိပဲ....

လုပ်ရတာမှ အလုပ်ရူပ်အုံးမယ်

ညော်မိနေအုံးမယ်😁

မနက်စာပဲ ဖြစ်ဖြစ် နေ့လည်စာပဲ ဖြစ်ဖြစ်

ညလယ်စာပဲ ဖြစ်ဖြစ်....

ခက်ခက်ခဲခဲ လုပ်စရာမလိုပဲ

ရေနွေးလေးတည် ပါတဲ့ ခေါက်ဆွဲ /ကြာဇံ

ထည့်ပြုတ်😁 ၅မိနစ်ထဲ မကြာပါဘူးနော်

ပြီးရင်ရေစင်အောင်စစ်ပြီး

ပါတဲ့အထုတ်လေးတွေ ထည့်ဖောက်

ရောသမနယ် စားရုံပဲ....😋😋

တစ်ထုတ်ကို ကိုယ်ကြိုက်တဲ့

အသီးအနှံထပ်ထည့်မယ်ဆိုရင် ဗိုက်ရိုက်စားရုံပဲ😁

၁လထိ အထားခံသလို

ရေခဲသေတ္တာထဲထည့်ထားရင် ၃လထိ

အထားခံပါတယ် ရှင့်😍

မန်းလေး မြို့တွင်း deli. ...1000ks

တစ်ခြားဝေးတဲ့နေရာတွေကတော့ 1500/2000

☎09767911166

အထားလဲခံ အစားလဲတန် အရသာလဲရှိတဲ့

တုတုလေးကို မှာယူအားပေးကြပါအုံးနော်❤

မြန်မာငွေ ၁၅၀၀ကျပ်နဲ့ကိုဗစ်ရှိမရှိ စမ်းသပ်လို့ရတာလေးလာပါပြီနော် 😁ဒီငါးပိရည်အိုးလေး ထပ်တိုးရောင်းပါရစေ...😋😋ခုလိုချိန်ခါမှ...
10/07/2021

မြန်မာငွေ ၁၅၀၀ကျပ်နဲ့

ကိုဗစ်ရှိမရှိ စမ်းသပ်လို့ရတာလေး

လာပါပြီနော် 😁

ဒီငါးပိရည်အိုးလေး ထပ်တိုးရောင်းပါရစေ...😋😋

ခုလိုချိန်ခါမှာ
အစားအသောက်ကို ဂရုစိုက်ပြီး
ချက်ပြုတ်စားသောက်နေကြရပါတယ်..

ဆီကြော်စာတွေလျော့ရ. ခံတွင်းမြိန်အောင်ချက်ရနဲ့
ရောဂါအန္တရာယ်ကို ကာကွယ်ဖို့
အလေးထားနေကြရပါတယ်....

အသီးအနှံလေးတွေ အတို့အမြုပ်အဖြစ်
စားချင်ပြန်တော့လဲ😁
ငါးပိရည်ကောင်းတစ်ခွက်ရဖို့
မီးဖိုချောင်မှာ အတော်လေး အလုပ်ရူပ်
ချက်ပြုတ်ကြရပြန်တယ်

ကျနော်ကအဲလိုမျိုးအလုပ်မရူပ်စေချင်လို့
အဆင်သင့်ဝယ်စားလို့ရပြီး
အရသာက ထမင်းမြိန်စေမဲ့
ဒီငါးပိရည်အိုးလေးကို ရောင်းချပေးမှာပါ

ငါးပိရည်လေးကဝယ်ပြီး၂ရက်၃ရက်ထိ
အထားခံပါတယ် ....
ရေခဲသေတ္တာထဲထည့်ထားရင် ၄ရက်၅ရက်ထိ
အထားခံပါတယ်....

Kapနဲ့ရှင်းမရပါဘူး😊
ငွေသားနဲ့ပဲ ရပါတယ် %နဲ့ငွေထုတ်ရခက်တာကြောင့်
နားလည်ပေးပါနော်....

ငါးပိရည် ၁အိုးကို မြန်မာကျပ်ငွေ ၁၅၀၀ပါ😍

☎09767911166.....

Delivery.....
မန်းလေးမြို့တွင်း 1000ks
အကွာအဝေးဝေးတဲ့နေရာတွေကတော့...
1500/2000 အဆင်ပြေအောင်ပို့ဆောင်ပေးပါတယ်

ငါးပိရည်အိုးလေးက
၁ ရက် ကြိုပြီး မှာရပါတယ်နော်😍

ကဲ အမျိုးတို့ရေ
မြန်မာကျပ်ငွေ ၁၅၀၀နဲ့
အနံရမရ
အရသာရမရ
စမ်းသပ်စားသုံးဆောင်ကြည့်ရအောင်.....😋😋😋

Mask တပ်ဖို့လဲ လိုအပ်သလိုHandgel လေးသုံးပေးဖို့လဲ လိုအပ်ပါတယ်....လက်က နေရာအစုံ ရောက်နိုင်တာမို့လက်ဆေးပြီး handgel ထပ်သုံ...
09/07/2021

Mask တပ်ဖို့လဲ လိုအပ်သလို
Handgel လေးသုံးပေးဖို့လဲ လိုအပ်ပါတယ်....

လက်က နေရာအစုံ ရောက်နိုင်တာမို့
လက်ဆေးပြီး handgel ထပ်သုံးမှ
အဆင်ပြေမှာပါ.......

ဖြန်းတဲ့ ဗူးလေးက ငွေသားတွေ
အပေးအယူနေရာမှာလဲ သုံးနိုင်ပါတယ်

ကိုယ်ယူမဲ့ ပစ္စည်းတိုင်းကိုလဲ
ဖြန်းလို့ အဆင်ပြေပါတယ်....

အနံမပါပါဘူး....

မိတ်ဆွေတို့ လိုအပ်ရင် မှာယူနိုင်ပါပြီ

Hand spray=2500ks
Handgel=2500ks

09767911166

ဒီပစ္စည်းလေးတွေက
ငွေသားနဲ့ပဲ ဝယ်ယူလို့ရမှာပါ😊

Kpayနဲ့မရပါဘူး....

Deliခက
မန်းလေးမြို့တွင်း 1000ks
တစ်ခြား...စက်မူ...မြောက်ပြင်..လိုဝေးတဲ့နေရာတွေဆိုရင်---1500/2000ks
အဆင်ပြေအောင် ပို့ဆောင်ပေးပါတယ်....

စျေးနူန်းအပြောင်းအလဲရှိနိုင်ပါတယ်...

လိုအပ်ခဲ့ရင်
ဒီစျေးနူန်းနဲ့ ရတုန်းလေး
လိုအပ်သလောက်
ဝယ်ထားစေချင်ပါတယ်.....

အားပေးဝယ်ယူတဲ့ တစ်ယောက်ချင်းစီကို
ကျေးဇူးအများကြီးတင်ပါတယ် ....😊😊😊

Edit.... ဒီမနက်စျေးတက်ပါတယ်...
လိုအပ်ရင်ဆောင်ထားကြပါနော်....
ကျနော်လဲ ၃၀၀လောက်ပဲ အမြတ်ယူတာမို့ပါ..

09/07/2021

#ကိုယ်ခံအားကောင်းဖို့ကြိုတင်ကာကွယ်ရန်

1.ကြက်ဥ ပြုတ် ( တနေ့ 1 မှ 2 )
2. Ovaltine တစ်ခွက် or 2 ခွက် or Ensure
3. အားဆေး (Becozinc)မနက် 1
4. Vitamin C 500 အား 1 လုံး or 2လုံး
6.Vitamin D3 1000iu ( တစ်နေ့ တစ်လုံး)
5. စွတ်ပြုတ်ရည် နှငိ့အသီး အရွက် ကြော်
5. ထမင်း သို့ ပေါင်မုန့် စားပေးရန်
6. အသီး များစားပေးရန် ပန်းသီး မလာကာသီး ငှက်ပျောသီးနှင့်အရည်ရွမ်းသောအသီး
စားနေနိုင်သရွေ့အဟာရ ရှိမည့် အစားအစာကို စားပေးရန်

သတိပြုရန်
1. အအေးမမိစေရန်
2. အိပ်ရေးဝဝ အိပ်ရန် လို

အပြင်သွားတိုင်း mask တပ်ရန်

Crd #

အားလုံးကျန်းမာချမ်းသာဘေးကင်းပါစေ🙏

ခုလိုချိန်ခါမှာ ဆိုင်ထိုင်စားဖို့ မဖြစ်နိုင်သေးပါဘူးမမြင်နိုင်တဲ့ ရောဂါကြောင့်ပါဒါပေမဲ့လဲ ခန္ဓာကိုယ် အာဟာရ ပြည့်စုံအောင်...
08/07/2021

ခုလိုချိန်ခါမှာ
ဆိုင်ထိုင်စားဖို့ မဖြစ်နိုင်သေးပါဘူး
မမြင်နိုင်တဲ့ ရောဂါကြောင့်ပါ

ဒါပေမဲ့လဲ
ခန္ဓာကိုယ် အာဟာရ ပြည့်စုံအောင်
စားဖို့လဲ လိုအပ်ပါတယ်

အစားအသောက်ကို
ကျွမ်းကျင်အောင် မချက်တက်ပေမဲ့
စားကောင်းတဲ့ အရသာကိုတော့
တွေ့လိုက်မှ စားဖြစ်တယ်😁

ပုံမှန်စားနေကျ
ရှမ်း / ဆီချက် / ကြေးအိုး
ခုချိန်ဆို ထွက်ဝယ်စားဖို့ကို
အတော်လေး ဂရုစိုက်နေကြရပါတယ်

အခုရောင်းမဲ့
တုတု ထုတ်ကုန်လေးတွေက
ဆိုင်မှာစားသလို
အရသာ အပိုလိုမရှိ ကွက်တိလေး

သတ်သတ်လွတ် သမားလဲ အဆင်ပြေသလို
သန့်ရှင်းသပ်ရပ်မူကလဲ ပြောစရာမရှိတဲ့
ထုတ်ကုန်လေး

ရိက္ခာခြောက်စုရင်လဲ အဆင်ပြေတဲ့
တုတုလေး.......

အစားကောင်းလေး စားစေချင်လို့
ထပ်ရောင်းမယ်နော်

09767911166

Kpayနဲ့ ရှင်းလို့ရပါတယ်နော်😍

အနယ်နယ်အရပ်ရပ်ကနေ မှာယူချင်လဲ
ဂိတ်အရောက်ပို့ပေးပါတယ်နော်

Deliခလေးတွေက

မန်းလေးမြို့တွင်း 1000ks
မြို့တွင်းမဟုတ်ရင် 1500/ 2000
အဆင်ပြေအောင် ပို့ဆောင်ပေးပါတယ်....

စျေးနူန်းလေးတွေက ပုံအောက်မှာ
ထည့်ပေးထားပါတယ်....

အားပေးကြတဲ့customerတွေအား
ကျေးဇူးအထူးတင်ရှိပါတယ် ..........

Address

90street/31×32 Between/Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when Moca online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share