Aries Angel's Book House

Aries Angel's Book House Book Store - you can buy books easily by mobile banking

“သံသရာမှာတွေ့ဖို့အကြောင်းတွေ မပြောပါနဲ့၊၊ဒီနေ့လောက်ကောင်းတဲ့ ပစ္စုပ္ပန်ဟာချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်၊၊ရာသီဥတုသာယာရင်က...
05/06/2022

“သံသရာမှာ
တွေ့ဖို့အကြောင်းတွေ မပြောပါနဲ့၊၊
ဒီနေ့လောက်ကောင်းတဲ့ ပစ္စုပ္ပန်ဟာ
ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်၊၊
ရာသီဥတုသာယာရင်
ကိုယ်တို့ တွေ့ဆုံသင့်ပါရဲ့ ”

“ ဝခရဲနိုင်းရော် ” ... မြန်မာလိုဆိုရင် “ ခွဲမသွားနိုင်ဘူးနော် ” လို့ဆိုလိုတဲ့ ဂျပန်စကားလေး ❤️ ။ ဂျပန်စကားနဲ့ အရမ်းစိမ်းသက်တဲ့ ကိုယ့်အတွက်တော့ ဝတ္ထု‌နာမည်လေးကအစ ဘာအဓိပ္ပာယ်လေးလဲဆိုပြီး စိတ်ဝင်စားခဲ့ရတာပါပဲ ။ ဒီဝတ္ထုကို ထွက်ပြီး တော်တော်ကြာမှ ကိုယ်ကဖတ်ခွင့်ရခဲ့တယ်။

ဒီဝတ္ထုက ကိုယ့်အတွက် ဘာထူးခြားလဲဆို ဇာတ်သိမ်းကို မသိရဲခဲ့လို့ အဆုံးထိမဖတ်သေးဘဲ ဒီတိုင်းထားထားပြီး တော်တော်ကြာမှ ဇာတ်သိမ်းကိုပြန်ဖတ်ဖြစ်ခဲ့တာပဲ ။ အရင်က ငိုရတဲ့ဇာတ်လမ်းတွေကို ပိုကြိုက်တတ်ပေမယ့် လက်တွေ့ဘဝမှာ ကြေကွဲစရာတွေများလွန်းတဲ့ ဒီကာလကြီးမှာတော့ ရုပ်ရှင်တွေ ၊ ဝတ္ထုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ကြည်နူးရတာလေးတွေပဲ ခံစားချင်တယ် ။ အဲ့ဒါကြောင့်လည်း ဇာတ်သိမ်းထိမဖတ်သေးဘဲ ရပ်ပစ်ထားခဲ့တယ် ။ မှတ်မှတ်ရရ 25-21 ဇာတ်သိမ်းပိုင်း ကြည့်ပြီးတဲ့နေ့ကျမှ ငိုရလက်စနဲ့ မထူးပါဘူးဆိုပြီး ဒီဝတ္ထုကိုပါ ဆုံးအောင်ဆက်ဖတ်ဖြစ်ခဲ့တာ ။ ကိုယ့်အတွက်တော့ ဝခရဲနိုင်းရော်က တကယ် bitter-sweet novel တစ်ခုပါပဲ ။ အရမ်းသေသပ်ပြီးလှပတဲ့ ဇာတ်သိမ်းရော ဝတ္ထုတစ်ပုဒ်လုံးရောအတွက် ဝခရဲနိုင်းရော်ရဲ့ ဖန်တီးရှင် ဆရာခွန်းညိုသွေးကို ကျေးဇူးတင်မိတယ် ။

အိမ်ထောင်ရေးကံမကောင်းခဲ့လို့ Divorce ဖြစ်ခဲ့ရတဲ့အပြင် မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့စိတ်အနှောင့်ယှက်ဖြစ်စရာတွေကို ကြုံတွေ့ခံစားနေရတဲ့ ရိပ်ဆိုတဲ့အမျိုးသမီးလေးနဲ့ ရိပ်ရခဲ့တဲ့ ထရော်မာတွေကို ပြန်ပြီး healingဖြစ်စေတဲ့ ဂျပန်အမျိုးသားလေး နစ်ခ်စံတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဆရာခွန်းညိုသွေးရဲ့ အရေးအသားတွေအောက်မှာ လုံးဝကို heart touching ဖြစ်ခဲ့ရပါတယ် ။

ကဗျာဖြစ်ဖြစ် ၊ အက်ဆေးဖြစ်ဖြစ် ၊ ဝတ္ထုဖြစ်ဖြစ် ဆရာခွန်းညိုသွေးရဲ့ အရေးအသားတွေမှာ ကိုယ်သဘောကျတဲ့ သူ့ကိုယ်ပိုင်ဟန်လေး မပျောက်သွားတာကတော့ အရမ်းစိတ်ကျေနပ်ရသောပါပဲ ။

ဒီဝတ္ထုက ထွက်ထားတာလည်းကြာပါပြီ။ အခု ကိုယ်ကreview ရေးတာမျိုးမဟုတ်ဘဲ ဒါနဲ့ပတ်သက်ပြီး ကိုယ်ပြောချင်တာတွေ ပြန်ပြောပြတဲ့သဘောပါပဲ ။
မဖတ်ရသေးတဲ့သူတွေရှိရင်တော့ ဒီ ‘ဝခရဲနိင်းရော် ’လေးကို ဖတ်ကြည့်ဖို့ ကိုယ့်အနေနဲ့ recommendပေးချင်ပါတယ် ။ မြန်မာပြည်က ပိတောက်ခက်လေးနဲ့ ဂျပန်ပြည်က ချယ်ရီသားသစ်ကိုင်းလေးတို့ bitter-sweet ဇာတ်လမ်းလေးပေါ့ ❤️

“ချစ်ခြင်းမေတ္တာဟာ နောက်ကျတတ်တယ်ဆိုရင်တော့
ကိုယ်စောင့်နေချင်ပါတယ်။
တစ်နေ့နေ့အထိ... ”

#ဝခရဲနိုင်းရော် #ခွန်းညိုသွေး



တန်ဖိုး - ၃၅၀၀ ကျပ်


👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

02/06/2022

လိုချင်တဲ့စာအုပ်လေးတွေရှိရင် cb မှာလာပြောပေးလို့ရပါတယ်ရှင့် မင်မင်တတ်နိုင်သလောက်ရှာဝယ်ပေးပါတယ်ရှင့် ငွေကြိုပေးစရာမလိုပါဘူးရှင့် ယူမယ်သေချာရင်မင်မင်တစ်ပတ်အတွင်း ရှာဝယ်ပေးပါတယ်ရှင့် order တင်ပြီး cancel မလုပ်ဖို့တော့ တောင်းဆိုချင်ပါတယ်ရှင့် မင်မင်လဲ အများကြီးမရင်းနှီးထားနိုင်လို့ပါရှင့်😁😍

Cus : မင်မင်ရေ အိမ်အရောက်ပို့လား မင်မင် : ပို့ပါတယ်ရှင့် 🤭
02/06/2022

Cus : မင်မင်ရေ အိမ်အရောက်ပို့လား
မင်မင် : ပို့ပါတယ်ရှင့် 🤭

လူခါး - မြန်မာပြည်အပြင်ဘက်က ရွှေ့ပြောင်းအလုပ်သမားများသို့....တန်ဖိုး - ၅၀၀၀ ကျပ်       ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရေးသားထု...
02/06/2022

လူခါး - မြန်မာပြည်အပြင်ဘက်က ရွှေ့ပြောင်းအလုပ်သမားများသို့....

တန်ဖိုး - ၅၀၀၀ ကျပ်
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရေးသားထုတ်ဝေခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်ဆု) ရရှိခဲ့သည်။

" ကျွန်တော် ရိုးသားခဲ့ပါသည်။သို့သော် နတ်ဆိုးတို့သည် ကျွန်တော့် ရိုးသားခြင်းအား အမှောင်ချထားခဲ့ပါသည်။ကျွန်တော်သည် ထိုသူတို့အား ကမ္ဘာမကြေ.......။ "

📖စာမှတ်ကဒ်လေး လက်‌ဆောင်ပါပါတယ်ရှင့်။


👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

လူငယ်တွေပဲ ဖတ်ဖတ်........။လူကြီးတွေပဲ ဖတ်ဖတ်.........။နည်းနည်းဖတ်ပြီး များများတွေးဖို့........။    ဆရာဦးဘုန်း(ဓာတု)ရဲ့ ပ...
25/05/2022

လူငယ်တွေပဲ ဖတ်ဖတ်........။
လူကြီးတွေပဲ ဖတ်ဖတ်.........။
နည်းနည်းဖတ်ပြီး များများတွေးဖို့........။

ဆရာဦးဘုန်း(ဓာတု)ရဲ့ ပြား ၆၀ သီအိုရီ

တန်ဖိုး - ၄၀၀၀ ကျပ်


👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

ခုမှစာအုပ်စဖတ်မယ့်သူလေးတွေအတွက်လဲသင့်တော်တယ် ကလေး လူကြီး လူငယ်မရွေးလဲဖတ်လို့ရတယ် 😍   ဆရာမောင်သာချိုရဲ့ သမီးဖတ်ဖို့ နှလုံ...
22/05/2022

ခုမှစာအုပ်စဖတ်မယ့်သူလေးတွေအတွက်လဲသင့်တော်တယ် ကလေး လူကြီး လူငယ်မရွေးလဲဖတ်လို့ရတယ် 😍

ဆရာမောင်သာချိုရဲ့ သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ - ၃၅၀၀ ကျပ်



👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

ဆရာမ နိုင်းနိုင်းစနေ☘️1. သတ္တိရှိတဲ့ ပထမခြေလှမ်း - 2000 ks2. ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ - 2000 ks3. ပျော်ရွှင်ခြင်...
12/05/2022

ဆရာမ နိုင်းနိုင်းစနေ☘️
1. သတ္တိရှိတဲ့ ပထမခြေလှမ်း - 2000 ks
2. ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ - 2000 ks
3. ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့ လမ်း - 2000 ks
4. ထင်ရှားသူတို့၏ ဘဝပုံပြင် - 2000 ks
5. စမ်းချောင်းလေးရဲ့ ခရီးစဉ် - 2000 ks
6. နှလုံးသားနက်နက်မှာ ပွင့်တဲ့ပန်း - 2000 ks


👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

ဆရာမိုးရှင်းရဲ့ စာအုပ်လေးတွေကတော့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုအပ်ဘူးထင်ပါတယ်နော်😍 အားလုံးလဲသိပြီးသားဖြစ်မှာပါ စိတ်ဓာတ်ကျန...
10/05/2022

ဆရာမိုးရှင်းရဲ့ စာအုပ်လေးတွေကတော့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုအပ်ဘူးထင်ပါတယ်နော်😍 အားလုံးလဲသိပြီးသားဖြစ်မှာပါ စိတ်ဓာတ်ကျနေတဲ့အချိန်ပဲဖြစ်ဖြစ် ဝမ်းနည်းပူဆွေးစရာတွေရှိနေတဲ့အချိန်ပဲဖြစ်ဖြစ် ဒီစာအုပ်လေးတွေကို ကောက်သာဖတ်ချလိုက် စိတ်ထဲမှာနေရထိုင်ရ သက်သာသွားလိမ့်မယ် ဒီစာအုပ်လေးတွေကို လိုချင်ရင်တော့ မင်မင့် cb မှာ လာပြောပေးနော်😍

🖋️ မိုးရှင်း (I.M.T)
☘️ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ - 2000 ks
☘️ လက်ဆောင်ks - 2000 ks


👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်

👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်

👉 Wave pay, K pay % ပေးရန်မလိုပါ

09/05/2022

Hello everyone 😍
အကြောင်းအမျိုးမျိုးကြောင့် မင်မင့်ရဲ့ ဒီ page လေးကို ရပ်နားထားတာ တော်တော်ကြာသွားပြီပေါ့နော် အဲ့ဒီအတွက်ကြောင့်လဲ အားလုံးကို အားနာရပါတယ် အခု မင်မင် ဒီ page လေးကို ပြန် run ပါတော့မယ် အားလုံးပဲ လိုချင်တဲ့စာအုပ်လေးရှိရင် မင်မင့်ကို အားပေးကြပါအုံးရှင့် မင်မင်က တစ်နိုင်တစ်ပိုင်လေးပဲ instock ထားပြီး ရောင်းတာဖြစ်လို့ စာအုပ်အစုံတော့ မတင်ထားနိုင်သေးပါဘူးရှင့် အဲ့တာကြောင့် လိုချင်တဲ့တစ်ချို့စာအုပ်လေးများမရှိရင် မင်မင့်ကိုနားလည်ပေးကြပါရှင် ကျေးဇူးပါရှင့်❤️

မင်မင့်ကို နားလည်ပေးကြပါ🥲
08/01/2022

မင်မင့်ကို နားလည်ပေးကြပါ🥲

မင်မင်ကတော့ ဒီလို moti တွေအပြည့်နဲ့ ရှေ့ဆက်နေပါတယ် ဟုတ်😁🥺Crd photo
06/01/2022

မင်မင်ကတော့ ဒီလို moti တွေအပြည့်နဲ့ ရှေ့ဆက်နေပါတယ် ဟုတ်😁🥺

Crd photo

ဒီတစ်ခေါက်တော့ မင်မင်က ဆရာမနိုင်းနိုင်းစနေရဲ့ *သတ္တိရှိတဲ့ ပထမခြေလှမ်း* ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်❤️  ဒီစာအ...
06/01/2022

ဒီတစ်ခေါက်တော့ မင်မင်က ဆရာမနိုင်းနိုင်းစနေရဲ့ *သတ္တိရှိတဲ့ ပထမခြေလှမ်း* ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်❤️
ဒီစာအုပ်လေးထဲမှာ (1) ဘဝနဲ့ ယောက်သွား (2) 20 Things I Want My Kids to Know (3) ပထမခြေလှမ်း (4) 99 မိသားစု (5) ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ .... စတဲ့ စာစုခေါင်းစဉ်ခွဲ (၄၁)ခု ပါဝင်ပါတယ် စိတ်ခွန်အားဖြည့်စာစုလေးတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ဓာတ်ကျနေချိန် စိတ်အားငယ် စိတ်ညစ်နေတဲ့အချိန်တွေမှာ ဖတ်ဖို့ တော်တော်လေးသင့်တော်ပါတယ် ပုံမှန်အချိန်မှာလဲ ဖတ်ကြည့်သင့်တဲ့စာအုပ်လေးပါ။ စိတ်ဓာတ်ခွန်အားတွေ အပြည့်အဝရရှိပြီး စိတ်ကို relax ဖြစ်စေပါတယ်။😍

👉တန်ဖိုး - ၂၀၀၀ ကျပ်
👉စာမျက်နှာ - ၂၁၂ မျက်နှာ

Address

Mandalay

Telephone

+95943060326

Website

Alerts

Be the first to know and let us send you an email when Aries Angel's Book House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aries Angel's Book House:

Share

Category