16/07/2026
မင်္ဂလာပါခင်ဗျာ။
EV Motorcycle နဲ့ EV သုံးဘီးတွေအတွက် Lithium Battery တွေ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ စိတ်ချယုံကြည်စွာ မှာယူနိုင်ပါတယ်ခင်ဗျာ။
72V, 60V, 48V, 36V, 24V, 12V အထိ လိုချင်တဲ့ Capacity (Ah) နဲ့ Voltage (V) အလိုက် Customize တပ်ဆင်ထုတ်လုပ်ပေးပါတယ်။
🏫🏫🏫
Customize မဟုတ်ဘဲ Ready Stock လိုချင်တဲ့ မိတ်ဆွေတွေအတွက်တော့ 72V 30Ah အဆင့်သင့် ရရှိနိုင်ပါတယ်ခင်ဗျာ။
🏫🏫🏫
Battery တပ်ဆင်ထုတ်လုပ်ရာမှာလည်း Cell Quality ကောင်းတဲ့ Cell တွေကိုသာ အသုံးပြုထားပြီး Cell တစ်လုံးချင်းစီရဲ့ Capacity ကို Equalize (Cell Balancing) လုပ်ထားတဲ့အတွက် Battery သက်တမ်းရှည်စေပြီး Capacity အပြည့်အဝ ရရှိနိုင်ပါတယ်။
EV Battery တွေမှာ Cell Balancing က အရမ်းအရေးကြီးပါတယ်။
ဥပမာအားဖြင့်...
72V 20Ah (76.8V) Battery တစ်လုံးဆိုရင် စွမ်းအင်အားဖြင့် 1536Wh ရရှိရမှာဖြစ်ပါတယ်။
ဒီအထဲက Cell တစ်လုံးလောက်ကသာ 3Ah လောက် လျော့နည်းနေတယ်ဆိုပါစို့။
3Ah ဆိုတာ 12V, 24V Battery တွေရဲ့ 100Ah၊ 200Ah၊ 300Ah လို Capacity မြင့်တဲ့ Battery တွေမှာ သိသာမှုနည်းနိုင်ပေမယ့် EV Battery မှာတော့ အများကြီး ကွာခြားသွားပါတယ်။
76.8V × 17Ah = 1305.6Wh ပဲ ရတော့မှာဖြစ်ပြီး Wh 200 ကျော် လျော့နည်းသွားပါတယ်။
ဒါကြောင့် Cell Capacity တစ်လုံးနဲ့တစ်လုံး တတ်နိုင်သမျှ ညီမျှနေဖို့က EV Battery တွေအတွက် အရမ်းအရေးကြီးပါတယ်။
ဒါကြောင့် EV Battery တွေကို တပ်ဆင်ထုတ်လုပ်ရာမှာ Cell Capacity ကို သေချာစစ်ဆေးပြီး Equalize (Cell Balancing) လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ Battery တွေကို စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
Customize Ah အလိုက်လည်း တပ်ဆင်ထုတ်လုပ်ပေးပါတယ်။
ကျွန်တော်တို့ဆိုင်က တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ EV Battery တွေကို
✅ Product Warranty – ၁ နှစ် + ✅ Service Warranty – ၁ နှစ် (Factory Fault)
စုစုပေါင်း ၂ နှစ် အာမခံ ပေးထားပါတယ်ခင်ဗျာ။
EV Battery အသစ်တပ်ဆင်ခြင်းသာမက အသုံးပြုနေတဲ့ Battery များအတွက်လည်း Service အမျိုးမျိုးကို လက်ခံဆောင်ရွက်ပေးပါတယ်။
✅ Battery Check-up (Capacity / Voltage / Cell Health စစ်ဆေးခြင်း)
✅ Cell လဲလှယ်ခြင်း
✅ BMS ပြုပြင်ခြင်း / လဲလှယ်ခြင်း
✅ Battery Rebuild / Upgrade
✅ Cell Balancing (Equalize)
✅ Charger နှင့် Battery ဆက်စပ်ပြဿနာများ စစ်ဆေးပေးခြင်း
Battery အားကျတာမြန်ခြင်း၊ မိုင်မပြေးတော့ခြင်း၊ အားမဝင်ခြင်း၊ BMS Error ဖြစ်ခြင်း စတဲ့ ပြဿနာများရှိပါက လာရောက်စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့အနေနဲ့ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို အရင်စစ်ဆေးပေးပြီး လိုအပ်တဲ့ ပြုပြင်မှုကိုသာ အကြံပြုဆောင်ရွက်ပေးပါတယ်။
EV Battery တွေအပြင် အိမ်သုံး Solar Battery နဲ့ လုပ်ငန်းသုံး High Voltage Battery တွေကိုလည်း Service လက်ခံဆောင်ရွက်ပေးပါတယ်။
Lithium Battery နဲ့ပတ်သက်ရင် Service ပဲဖြစ်ဖြစ်၊ Customize ပဲဖြစ်ဖြစ်၊ Brand New Battery ပဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
📞 09 969 826 574 (Phone / Viber)
📍 လိပ်စာ – 41 လမ်း၊ 89 လမ်းအနီး၊ Mandalay
Apollo ရဲ့ Update စျေးနှုန်းတွေနဲ့ ကုန်ပစ္စည်းအသစ်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ Telegram Channel ကိုလည်း Join ထားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ Link ကို Comment မှာ ထည့်ပေးထားပါတယ်။
#ဘက်ထရီ