09/09/2026
🧴 ဘယ်လိုသုံးမလဲ?
ညဘက် သုံးတာကို အကြံပြုပါတယ် 🌙
1. 🫧 Face Wash နဲ့ မျက်နှာသစ်ပါ
2. မျက်နှာကို ခြောက်အောင်ထားပြီး Toner ကို cotton pad / လက်ဖဝါးနဲ့ အနည်းငယ်ယူပါ
3. မျက်နှာတစ်ပြင်လုံးကို ညင်သာစွာ လိမ်းပါ — မျက်လုံးနား၊ နှုတ်ခမ်းနား မလိမ်းပါနဲ့။
4. စုပ်ယူပြီးရင် Moisturizer ဆက်လိမ်းပါ။
5. 🌞 နောက်နေ့မနက် Sunscreen SPF 30+ မဖြစ်မနေသုံးပါ။
📅 တစ်ပတ်မှာ ဘယ်နှစ်ကြိမ်?
ပထမဆုံးသုံးသူ 👉 တစ်ပတ် 1–2 ကြိမ် ကနေ စပါ။
အသားရည်က အဆင်ပြေရင် 👉 2–3 ကြိမ်/ပတ် အထိ တဖြည်းဖြည်းတိုးနိုင်ပါတယ်။
❌ နေ့တိုင်းမသုံးသင့်ပါဘူး။ 7% Glycolic Acid က exfoliation အားကောင်းတဲ့အတွက် အလွန်အကျွံသုံးရင် ခြောက်ခြင်း၊ နီခြင်း၊ စပ်ခြင်း ဖြစ်နိုင်ပါတယ်။
⚠️ တစ်ညတည်း မတွဲသုံးသင့်တာတွေ
Glycolic Acid သုံးတဲ့ညမှာ Retinol / AHA-BHA အခြား exfoliating products / strong active ingredients တွေနဲ့ မတွဲသုံးတာပိုကောင်းပါတယ်။
💡 အသားရည်မခံနိုင်လွယ်သူတွေ ဆိုရင် ပထမဆုံး patch test လုပ်ပြီးမှ မျက်နှာမှာ စသုံးပါ။
✨ အတိုချုပ် — Face Wash → Glycolic Acid Toner → Moisturizer → မနက် Sunscreen ✨
အဆီပြန်၊ အဖုအပိန့်ကျန်အမာရွတ်၊ အသားအရေမညီညာတာရှိသူတွေက ပိုစိတ်ဝင်စားနိုင်ပေမယ့် ကိုယ့်အသားရည်နဲ့ကိုက်ညီမှုကို အရင်စမ်းသုံးတာ အကောင်းဆုံးပါရှင့်။