Ko Aung Jade & Jewelly

Ko Aung Jade & Jewelly Ko Aung ကျောက်မျက်ရတနာရောင်းဝယ်ရေး

24/10/2023
19/10/2023

ဒီည live လေးတရက်နားပါမယ်ခင်ဗျာ ကျောက်လေးတွေဆေးနေလို့ မနက်ဖြန်ည 9:00နာရီ တိတိမှာ Live လေးလွှင့်ကေးကါမယ် ကံစမ်းမဲလည်းဖောက်ပေးသွားကါမယ်ခင်ဗျာ

ကျောက်ကောင်းလေးတွေကို live လွှင့်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ် like and shareလေး လုပ်ပေးကြပါအုံးလောပန်းတို့
17/10/2023

ကျောက်ကောင်းလေးတွေကို live လွှင့်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ် like and shareလေး လုပ်ပေးကြပါအုံးလောပန်းတို့

16/10/2023

ဒီနေ့လိုင်းမကောင်းပါသဖြင့်ကျနော်ရဲ့live လေးကို
ဖျက်လိုက်ရပါတယ် လောပန်းတို့ မနက်ဖြန်မှ live လေးကို ဖုန်းဘေလ်မဲဖောက်ပေးပြီးကျောက်ကောင်းတွေနဲ့ ပြန်လွှင့်ပေးပါမယ်
ကျနော်ရဲ့ live လေးကို Like and share လေးနဲ့
ကူညီပေးကြပါအုံးကျောက်ကောင်းများပိုင်ဆိုင်ထား
သောလောပန်းအပေါင်းတို့ အစဉ် ထာဝရလေးစားရပါ
သောမြန်မာ့ကျောက်မျက်ရတနာကိုမြတ်နိုးကြသော
လောပန်းတို့ မနက်ဖြန် live လေးကို စောင့်မျှော်ပေးကြဖို့မမေ့နဲ့နော် Ko Aung Jade & Jewellyမှကျောက်ကောင်းများလောပန်းတို့ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားပြီး ညစဉ် ညတိုင်း 9:00 တိတိမှာ live လွှင့်ပြီး ကျောက်ကောင်းများရောင်းချပေးသွားပါမယ် ခင်ဗျာ

15/10/2023

ဒီည ခန္တီးကျောက်လုံးကောက်လေးတွေရောင်းမယ်နော် လောပတ်းတို့

12/10/2023

ကျောက်စိမ်းအကြောင်းကတော့ပြောကိုမကုန်နိုင်ပဲ။

ကျောက်ဟာရတနာဆိုပေမယ့် ရွှေလိုတော့မဟုတ်ဘူး။ သူကတန်ဖိုးသတ်မှတ်ချက်မူသေမရှိဘူး။ ရွှေကဒီမှာရောင်း ဆယ်သိန်းရရင် နောက်တဆိုင်သွားရောင်း။ ဆယ်သိန်းပဲ။ ကွာလည်းတစ်သောင်းပေါ့။ ကျောက်က ဒီမှာဆယ်သိန်းပေးလည်း နောက်တစ်ယောက်ပြ ငါးသောင်းပေးချင်မှပေးတာ နောက်တစ်ယောက်ပြ သိန်းငါးဆယ်လည်းဖြစ်သွားတာပဲ။ ဒါကြောင့်ကျောက်ဟာလုပ်ချက်ကျယ်သလို အရှုံအမြတ်ကြီးပါတယ်။

နာမည်ကသာကျောက်စိမ်း။ ကျောက်စိမ်းမှာ ဖြူ နီ ပြာ ဝါ လိမ်မော် ခရမ်း အမဲ ကာလာရောင်စုံရှိတယ်။ ဒီအထဲမှာမှ အခေါ်ကပြောင်းတယ်။ ပြာရင်ကန်စွန်းပန်း စိမ်းဝါးရည်ဆိုဆွေးလု အရည်မရောက်ရင်ပန်း ပဲ ပဲပျက်ရင်ပဲတလန့် ဗေဒါတို့ခရမ်းတို့ဆိုချွမ်လို့ခေါ်ပြီး မဲရင်ဘလက်ဂျိတ် ဒီတိုင်းထားရင်အမဲမီးထိုးလို့စိမ်းရင်လန့်ဂျိတ် အဝါတွေအနီတွေဆိုခုံ့ ခွမ့် အမျိုးမျိုးကွဲသေးတာ။

ကျောက်မှာအဓိကအရည်နဲ့အသား ခွဲခြားတယ်။ အရည်ကတန်ဖိုးပိုရှိတယ်။ဒါပေမယ့် ကျောက်တစ်လုံးရဲ့အရည်အသွေးက အသားကပိုအရေးကြီးတယ်။ အရည်မပါချင်နေ အသားရရင် ပိုက်ဆံကောင်းကောင်းဖြစ်တယ်။ အရည်ပါပေမယ့် အသားသုံးမရရင်ကျောက်ကလစ်တာပဲ။

မှော်တွေကလည်းအများကြီး။ မှော်တိုင်းမှာလည်း သူ့သင်္ကတနဲ့သူ။ ဒါတွေလည်းသိထားဖို့အင်မတန်အရေးကြီးတယ်။ အသားမှာမှော်စီဇာ။ သူ့ထက်မြင့်တာရှိတယ် တာမခန်။ အရည်အသွေးချင်းတူရင်တာမခံကစျေးပိုပေးရတယ်။ သူကကျောက်ဆီပိုကောင်းလို့။ မန နဲ့ နမ့်မှော်ကလည်း အသားမှော်မှာ မှော်စီဇာနောက်လိုက်တယ်။

မှော်စီစာဟာအသားနာမည်ကြီးပေမယ့် အရည်မှာတော့ အားကိုးလို့သိပ်မရပြန်ဘူး။ အရည်မှာဆို မှော်ဝမ်းကြီး ဝှေခါတို့က ရှေ့ပြေးပြန်ရော။ သူတို့ကအရည်မှတ်တက်တယ်။ အရည်ဖြောင့်တယ်။

အခွံတွေလည်းမတူဘူး။ ဘဇံချောက်ဆိုကြက်သွေး။ နမ့်မှော်ဆိုအမဲကြော။ ကောင်ဆန်ဆို အမဲရောအဖြူရော ကြက်သွေးရော။ မက်လင်ချောင်ဆိုအမဲကြော။ မနဆိုခွံဖြူ ကြက်သွေး။ ဆန်ခါ ကဋေ ကထန် မှော်ပုံ ခွံဖြူ ကြက်သွေး အမဲကြော သံချေးကြော အကုန်ထွက်တယ်။

အခွံဆိုတာ ချော်ပေါ့။ ချော်တွေကလည်းမှော်အလိုက်ကွဲတယ်။ ချော်ဆိုတာ ကျောက်ရဲ့ဆွေးမြေ့မှုကိုလိုက်ပြီးအထူအပါးကွာတယ်။ သစ်သားကိုမြေကြီးထဲထည့်ထားရင်အပေါ်ယံဆွေးလာသလိုပေါ့။ ကျောက်လည်းမြေကြီးထဲနှစ်သန်းချီနေတော့အခွံ့ကအဲ့လိုဆွေးတယ်။ ကျောက်သားမြင့်လေမာလေ အခွံ့ပါးလေပဲ။ ဒါကြောင့်အကျွတ်တွေဟာထွက်လာတာနဲ့ချော်မပါတက်ကြတော့ဘူး။ အသားမြင့်လွန်းလို့သူတို့မှာချော်မတိုးတဲ့သဘောဆိုရမယ်။ ဒါကြောင့်အကြမ်းအားဖြင့် ချော်ထူတဲ့ကျောက်က မအောင်တာများပါတယ်။ အောင်တဲ့ကျောက်တွေဟာ ချော်ပါးတာများပါတယ်။

ချော်ထူတယ်ဆိုပြီးတိုင်းလည်း မြေမှန်တို့ခွံဖြူတို့မှာကအောင်တက်တဲ့အမျိုးရှိပါသေးတယ်။ မြေမှန်ကျောက်တွေဟာအခွံထူတက်ပါတယ်။ ဒါပေမယ့် သူကအထဲမှာလန်တက်ပါတယ်။ မှော်စီဇာမြေမှန်ဆိုရင်အောင်တာများတယ်။ ခွံဖြူမှာလည်း အပြင်ကချော်ပိတ်ပြီးအထဲမှာ အကာနဲ့သွားလန်တာတွေရှိပါသေးတယ်။

ချော်မပါတဲ့ကျောက်တွေလည်းရှိပါသေးတယ်။ တော်မှော်ဆို ကျောက်ကအပဲ့တွေများပါတယ်။ လုံးစွတ်တွေလည်းထွက်ပေမယ့် တော်မှော်ကျောက်ဟာ ဖဲ့ရိုက်ပြီးထုတ်ယူရတာများတဲ့အတွက် အခွံမပါပါဘူး။ တော်မှော် မားစား ခိုက်စူး နာမည်ကြီးပါတယ်။ တော်မှော်ကျောက်ဟာမီးပေါက်အားအတော်ကောင်းပေမယ့် ကျောက်ဆီနည်းတက်ပါတယ်။ တောမှော်ဟာ ဖားကန့်တခွင်းလုံးရဲ့ပင်မကျောက်စိမ်းသိုက်လို့ဆိုပါတယ်။

ပြီးရင်ရေခွံမှာလည်းချော်မပါပါဘူး။ ဥရုချောင်းစီးဆင်းရာနေရာများကနေထွက်သလို မူလချောင်းနေရာဖြစ်ဘူးတဲ့မှော်တွေကလည်းထွက်ပါတယ်။ လုံးခင်ဂေါက်ကွင်းနားက ဂန္ဓဝင်ကျောက်ဟာနာမည်ကြီးပါတယ်။ မကားပင်တို့ တာမခန်တို့ကလည်း ရေခွံနာမည်ကြီးပါတယ်။ ရေခွံတွေဟာ ရေတိုက်စားမှုကြောင့်ချော်မပါတော့ပါဘူး။

ချော်ပြီးရက်ယမ်းပေါ့။ ယမ်းကြည့်တက်ဖို့လည်းအင်မတန်အရေးကြီးတယ်။ယမ်းကြမ်းရင်အသားကြမ်းမယ် ရမ်းညှက်ရင်အသားညှက်မယ်။ ယမ်းခေါင်းပြားသလား လုံးသလား။ ယမ်းခေါင်းလုံးပြီးမဲနေရင်အသားဆန်းတက်ပါတယ်။ အကျွတ်ဆိုယမ်းပျောက်ပါတယ်။ ယမ်းကြမ်းပေမယ့်ချွမ်ယမ်းဆိုရင်လည်းတန်ဖိုးရှိပါတယ်။ ယင်ထောင်ယမ်းတို့သဲယမ်းတို့လိုအဖျက်ယမ်းတွေလည်းရှိပါတယ်။ ကျောက်မျိုးနိုင်ဖို့ ယမ်းကြည့်တက်ဖို့အင်မတန်အရေးကြီးပါတယ်။

မှော်တွေသိထာရခြင်းဟာ ကျောက်ရဲ့သဘာဝကိုခေါင်းနိုင်ဖို့အင်မတန်အရေးကြီးပါတယ်။ မှော်စီဇာကျောက်ဟာ ချင်းပါရင်ပျက်တာများပါတယ်။ မှော်စီဇာကျောက်မှာချင်းဟာအဖျက်ပါ။ ဒါပေမယ့်နမ့်မှော်ကျောက်ဆိုရင်ချင်းဟာ အသားနဲ့အရည်ကိုအားပေးတက်ပါတယ်။ နမ့်မှော်ကျောက်မှာ ချင်းလိုက်တဲ့နေရာအသားပိုမြင့်ပါတယ်။ ချင်းဖြူဆိုအရည်ကိုအားပေးတက်ပါတယ်။ ချင်းသက်သက်ကြီးကတော့အရည်ဖြစ်ခဲပေမယ့် ချင်းနဲ့အရည်နယ်နေတာမျိုးက အရည်ကိုအင်မတန်အားပေးတက်ပါတယ်။ အခြားမန်းတွေကလာတဲ့အရည်ဟာ ကြွမ်းတာ ပြာတာတွေရှိတက်ကြပေမယ့် ချင်းကလာတဲ့အရည်ဟာအမြဲအဖြောင့်ထွက်တက်ပါတယ်။ ဒါကတော့မှော်တိုင်းတူညီပါတယ်။ မှော်ဝမ်းကြီးမှော်ဝမ်းလေးမှာလည်း ချင်းပါရင်ကျောက်ပျက်တာများပါတယ်။

မှော်ဝမ်းကြီးနဲ့မှော်ဝမ်းလေး မှော်စီဇာတို့ဟာ အလုံးသေးမှော်တွေပါ။ ပိသာဆယ်ချီသွားပြီဆိုအောင်ကျောက်မဖြစ်တက်ကြပါဘူး။ အလုံးသေးတွေပဲအောင်တာများပါတယ်။ မှော်ဝမ်းကြီးကီလို၃၀လောက် အသားဆန်းတော့မြင်ခဲ့ဘူးပါတယ်။

မှော်မောင်းလျံဆိုမန်းကာလာဖျော့ဖျော့လေးတွေကအထဲမှာအရည်လန်တက်ပါတယ်။ မန်းကကာလာရင့်ရင်အထဲမှာကြွမ်းတာများပါတယ်။ မှော်မောင်းလျံမြင်းချီးကြောဟာနာမည်ကြီးပါတယ်။ အကာနဲ့အထဲမှာအရည်ပြည့်တက်ပါတယ်။ဒါပေမယ့် မှော်ဝမ်းကြီးမှာတော့ မန်းရင့်လည်းအဖြတ်ခံတက်ပါတယ်။ မန်းမှာဘာအရောင်မှမပါတဲ့ကြက်ဆိတ်မန်းဆိုတာလည်းရှိပါတယ်။ ကျောက်အခွံမှာကြက်ဆိတ်ထားသလိုအပေါက်လေးတွေဖြစ်နေတာပါ။ အသားမန်းတစ်မျိုးပေါ့။ သူကမှော်စီဇာကျောက်မှာအများဆုံးတွေရတယ်။ ကြက်ဆိတ်မန်းပါရက်လန့်ပန်းသေချာပေါက်ပါပါတယ်။ လန့်ပန်းဟာ အသားကိုအားပေးပါတယ်။ လန့်ပန်းသွားတဲ့နေရာတလျှောက် အသားကလိုက်ဆန်းတက်ပါတယ်။ ဒါပေမယ့် အခြားမှော်တွေမှာတော့ လန့်ပန်းဟာ ကြက်ဆိတ်ပုံစံမပြပါဘူး။ အခွံမှာ ပြချက်လေးတွေနဲ့အပျောက်အပျောက်လေးတွေပြတက်ပါတယ်။ ကြက်သွေးကြောဆိုရင်နနွင်းမန်းကိုသတိထားရပါတယ်။ သူကလည်းအရည်ရဲ့လက္ခဏာတစ်မျိုးဖြစ်ပါတယ်။

မန်းမှာ မန်းဖြူ မန်းမဲ အသားမန်း နနွင်းမန်း ကြက်ဆိတ်မန်း မန်းအမျိုးပေါင်းအများကြီးရှိပါတယ်။ မန်းပုံလိုက်ပြီး ကြိုးပါတ် ကော့ရော့ ကျားကိုက်စသဖြင့်ခေါ်ကြသေးတယ်။ ကြိုးပါတ်ဆိုတာတစ်တုံးလုံးမန်းပါတ်နေတာ။ ကောက်ရော့ဆိုတာက တနေရာပဲကွက်နေတဲ့မန်း။ ကျားကိုဆိုတာကဟိုဘက်ဒီဘက်မန်းရှိပြီးအလယ်မှာပျောက်နေတာ။ မန်းဖောင်းတာရှိတယ် မန်းပြားတာအထဲစိုက်တာရှိသေးတယ်။ မနိးဖောင်းထက်မန်းပြားတာအထဲစိုက်တာပိုကြိုက်ကြတယ်။ သူကဆေးလေလှလေပဲ။ အခြေကောင်းတဲ့လက္ခဏာ အရည်အထဲစိုက်မယ့်လက္ခဏာပေါ့။
ခွံဖြူနဲ့အမဲမှာ ယမ်းနဲ့ပေါက်အားတူရင်တောင် ကျောက်ဆီကခွံ့အမဲကသာတာများပါတယ်။

အကျွတ်မှာ မှော်စီဇာ တာမခန် မန နာမည်ကြီးပါတယ်။ အဖြတ်ခံလို့ပါ။ နမ့်မှော်မှာကြအကျွတ်ကအဖြတ်သိပ်မခံပါဘူး။ နမ့်မှော်က အသားဆန်းအဖြတ်ခံပါတယ်။ အထဲမှာအသားတန်းတက်ပါတယ်။ အောင်ဘာလေဆိုရင်လည်း အကျွတ်အဆန်းတွေအထဲမှာအသားသွားလျှော့တက်ပါတယ်။ သူကတော့အသား အရည်မှော်မဟုတ်ပဲ ချွမ်မှော်လို့ပြောလို့ရပါတယ်။ အောင်ဘာလေချွမ်ဟာ ကာလာအင်မတန်ရင့်ပြီးစျေးကောင်းရပါတယ်။ ချွမ်ရော အရည်ရော အသားရော အားကိုးလို့ရတာကတော့ ဝှေခါပါပဲ။ ဝှေခါကျောက်ဟာ မှတ်တက်ပါတယ်။ သူမှာက အမဲကြော ဆာဖိခွံတွေထွက်ပါတယ်။

မှော်ရူးကတော့ အထက်မှော်လို့ခေါ်တဲ့ ကဋေ ကထန် ဆန်ခါ မှော်ပုံ လုံးခင်းအထက်ကမှော်တွေပါပဲ။ ခွံဖြူ အမဲကြော ကြက်သွေး သံချေးအစုံထွက်ပါတယ်။ ဖားကန့်မှာရှိသမျှမှော်တွေအားလုံးထဲမှာ အကျွတ် အဆန်းတန်ချီပြီးထွက်တာ အထက်မှော်တွေပဲမြင်ခဲ့ဘူးပါတယ်။ အလုံးကြီးတွေထွက်ပါတယ်။ အောင်လည်းအောင်ကြပါတယ်။ အခွံမှာ ဘာပြချက်မှမပါပဲအောင်တက်ကြတဲ့မှော်တွေပါ။ အလုံးကြီးတွေနာမည်ရတာကမက်လင်ချောင်လည်းပါပါတယ်။ တန်ရာချီတဲ့ကျောက်တွေထွက်တဲ့မှော်ပါ။ အလုံးကြီးတွေအဖြတ်လည်းခံပါတယ်။

ဒါတွေက အခြေခံအချက်အနည်းငယ်ပေါ့။ မှော်ထဲနေတာကြာလေ မှော်အကြောင်းပိုသိလာလေဖြစ်မှာပါ။ ကိုယ်တွေသိသလောလေးရေးပေးတာပေါ့။ ကိုယ်တွေအဆင့်ကမှော်ထဲမှာတကယ့်ပမွှားအဆင့်ပဲ။ ဒါပေမယ့် ဖတ်တဲ့သူအတွက် တထောင့်တနေရာမှာတော့ အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ ဒီpostအောက်မှာလည်း ကျောက်သမားအတွေ့အကြုံရှိသူတွေ ကိုယ်သိခဲ့ရတဲ့အတွေ့အကြုံဗဟုသုတတွေကိုဖြည့်ဆွက်မန့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ အားလုံးဗဟုသုတရစေဖို့ရည်ရွယ်ပါတယ်

မူရင်း ရေးသားသူ - Kuhn Naung

Photo - Org Me

12/10/2023

မနက်ဖြန် 13 ရက်နေ့ ည 9:00နာရီတိတိမှာကျနော်ရဲ့live ထဲမှာကျောက်လေးတစ်လုံး
မဲဖောက်ပေးသွားပါမယ် လောပန်းတို့အားလုံး ကျနော်ရဲ့ liveလေးကိုပါဝင်ပေးကြပါအုံး မနက်
ဖြန်ကျောက်ကောင်းလေးတွေနဲ့ပြန်လာမယ်

Ko Aung Jade & Jewelly
ကျောက်မျက်ရတနာရောင်းဝယ်ရေး
MDY
09964388663

Page လေးကနေအရောင်းဝယ်လုပ်ရင်ကောင်းမလားလို့
09/09/2021

Page လေးကနေအရောင်းဝယ်လုပ်ရင်ကောင်းမလားလို့

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Ko Aung Jade & Jewelly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share