YZ Online Bookshop

YZ Online Bookshop ဘဝတစ်ခုရှင်သန်နိုင်ဖို့အတွက်
စာဖတ်ခြင်းကနေ လေ့လာသင်ယူပါ။

01/05/2026

28/01/2026

08/10/2025

Vampire Manner 🌈👨‍❤️‍💋‍👨📚

Gift-2card
22000ကျပ်


03/10/2025
02/10/2025

ဤစာအုပ်သည် အဓိက ဇာတ်ကောင်ဖြစ်သူ၏ ကမ္ဘာမြေမှ ဘဝနိဂုံးဖြင့် အစပြုထား ပါသည်။ တိတိကျကျ ဆိုရလျှင် အဓိက ဇာတ်ကောင် အက်ဒီတစ်ယောက...
15/09/2025

ဤစာအုပ်သည် အဓိက ဇာတ်ကောင်ဖြစ်သူ၏ ကမ္ဘာမြေမှ ဘဝနိဂုံးဖြင့် အစပြုထား ပါသည်။ တိတိကျကျ ဆိုရလျှင် အဓိက ဇာတ်ကောင် အက်ဒီတစ်ယောက် ကမ္ဘာမြေမှ ကွယ်လွန်ပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားရာတွင် ဤဇာတ်လမ်း အစပြု ဖြစ်ပေါ်လာပါသည်။

ဇာတ်လမ်းတစ်ပုဒ်ကို နိဂုံးဖြင့် အစပြုခြင်းသည် ထူးဆန်းနေပါသလား။ တကယ်တော့ ကျွန်တော်တို့ တစ်ချိန်က မသိခဲ့ကြသေး၍သာ ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် နိဂုံး ဟူသမျှသည် အခြားသော နိဒါန်းသစ်များ ပြန်ဖြစ်နေကြသည်သာ။

အက်ဒီ ကောင်းကင်ဘုံသို့ ရောက်ရှိသွားပြီးနောက် သူ၏ ဘဝသည် အဓိပ္ပါယ် ရှိလာ ခဲ့သည်။ ဘဝ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို သူ စတင် သဘောပေါက် နားလည်လာခဲ့ သည်။ သူ့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအကျိုး တရားများကို သိရှိသွားခဲ့သည်။

ကောင်းကင်ဘုံ ဟူသည် ဘဝအဓိပ္ပါယ်ကို ဖော်ထုတ်ရာ၊ ဘဝရှင်သန်မှု အကြောင်း အကျိုး တရားများကို ဖွင့်ဆို ရှင်းပြပေးရာ နေရာဌာနတစ်ခု။ ထိုကောင်းကင်ဘုံတွင် သင်သည် ပုဂ္ဂိုလ် ငါးဦးနှင့် တွေ့ဆုံရမည်။ သူတို့ အားလုံးကို သင် သိချင်မှ သိမည်။ တချို့က လူရင်း၊ တစ်ချို့က သူစိမ်း ဖြစ်နေနိုင်သည်။

သက်ရှိ သတ္တဝါတို့သည် တစ်ဦးအပေါ် တစ်ဦး ဆင့်ကဲ အကျိုးသက်ရောက်ကြသည်။ အပြန်အလှန်လည်း အကျိုးသက်ရောက်မှု ရှိကြပါသည်။ လူ့လောကတွင် အသက် ရှင်သန်ခဲ့စဉ်က သင်သည် တစ်ပါးသူတို့၏ ဘဝကို ပြောင်းလဲစေခဲ့သည်များ ရှိကောင်း ရှိမည်။ ထို့အတူပင် သင် ကြုံဆုံလာရသော ကောင်းကင်ဘုံသားများသည်လည်း လူ့ဘုံခန်းဝါတွင် သင့်ဘဝကို ပြောင်းလဲစေခဲ့သူများ ဖြစ်နေခဲ့သည်

ကောင်းကင်ဘုံတွင် ပြန်လည် ဆုံစည်းကြချိန်တွင် သင်တို့သည်...။

YZ Online Bookshop

ခံနိုင်ရည်စိတ်ဓာတ်ဆိုတာ ဘဝမှာ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရရင်တောင် စိတ်ပျက်အားငယ်သွားတာမျိုး မဟုတ်ဘူး။👉 အဲဒီအစား ကိုယ...
11/09/2025

ခံနိုင်ရည်စိတ်ဓာတ်ဆိုတာ

ဘဝမှာ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရရင်တောင် စိတ်ပျက်အားငယ်သွားတာမျိုး မဟုတ်ဘူး။

👉 အဲဒီအစား ကိုယ့်ရဲ့အရည်အသွေးတွေ ပြန်ပြီးအားကောင်းလာအောင် ပြန်လည်ပြုစုပျိုး‌ထောင်တာ၊
👉 တစ်ဖန်ပြန်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကျန်းမာလာအောင် လေ့ကျင့်တာ၊
👉 ဆုံးရှုံးသွားပြီးတဲ့ အခြေအနေကတစ်ဆင့် ပြန်လည်အောင်မြင်လာအောင်
တစ်ဖန်ကြိုးစားယူတာဟာ Resilience ပဲ။

📖 ခံနိုင်ရည်စိတ်ဓာတ် (RESILIENCE)
✍ အံ့ဘုန်းခန့်ကျော်

စာဖတ်သူများမှာယူလိုပါက
page ရဲ့ messenger မှာ အမည် ၊ လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်တို့ ပေးပို့မှာယူနိုင်ပါတယ်ရှင် ။

- အမှာ confirm ပြီး တစ်ရက် / နှစ်ရက်နေမှ စာဖတ်သူများဆီ စာအုပ်လေးတွေ deli အပ်ပေးပါတယ်ရှင်

- ( အမြန်မှာယူလိုသူများ အမြန်မှာယူ၍မရသောကြောင့် သည်းခံပေးပါရှင်🙏 )

စာချစ်သူများ အေးချမ်းသာယာသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပ
ါစေရှင်💛

📚 ဘဝသည် အမှတ်မထင် လှစ်ခနဲ ဖြတ်သန်းသွားခဲ့ပြီ။ အဖေသည် ကမ်းကိုလည်း မထိ၊ ကျွန်းကိုလည်း မကပ်၊ မြစ်ထဲက သောင်ကမ်းကိုလည်း မဆိုက...
08/09/2025

📚 ဘဝသည် အမှတ်မထင် လှစ်ခနဲ ဖြတ်သန်းသွားခဲ့ပြီ။ အဖေသည် ကမ်းကိုလည်း မထိ၊
ကျွန်းကိုလည်း မကပ်၊ မြစ်ထဲက သောင်ကမ်းကိုလည်း မဆိုက်။
အဖေသည် မြေကြီးပေါ်သို့လည်းကောင်း၊
မြက်တောသို့လည်းကောင်း တစ်ခါမျှ ခြေမချတော့။

📚 သို့ရာတွင် အဖေသည် ကမ်းပေါ်တက်ပြီး တစ်ရေးတစ်မောအိပ်ဖို့ လှေကလေးကို သောင်ကမ်းတစ်ခုခုမှာတော့
ထိုးဆိုက်ရလိမ့်မည်။ သို့ရာတွင် မီးပုံတစ်ပုံမျှ မဖို။ မီးရောင်တစ်ချက်မျှ မလက်။ မီးခြစ်ဆံတစ်ချောင်းမျှ မခတ်။

📖 တတိယမြစ်ကမ်းပါးနှင့်နိုင်ငံတကာဝတ္ထုတိုများ (ဒုတိယအကြိမ်)
✍ မြသန်းတင့်

စာဖတ်သူများမှာယူလိုပါက
page ရဲ့ messenger မှာ အမည် ၊ လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်တို့ ပေးပို့မှာယူနိုင်ပါတယ်ရှင် ။

- အမှာ confirm ပြီး တစ်ရက် / နှစ်ရက်နေမှ စာဖတ်သူများဆီ စာအုပ်လေးတွေ deli အပ်ပေးပါတယ်ရှင်

- ( အမြန်မှာယူလိုသူများ အမြန်မှာယူ၍မရသောကြောင့် သည်းခံပေးပါရှင်🙏 )

စာချစ်သူများ အေးချမ်းသာယာသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်💛

YZ Online Bookshop
#မြသန်းတင့်

ယခုစာအုပ်သည် Jeremy R. Hammond တည်းဖြတ်၍ WORLDVIEW PUBLICATIONS မှ ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေဖြန့်ချိခဲ့သော. The Israel- Pal...
08/09/2025

ယခုစာအုပ်သည် Jeremy R. Hammond တည်းဖြတ်၍ WORLDVIEW PUBLICATIONS မှ ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေဖြန့်ချိခဲ့သော. The Israel- Palestine Conflict, A Collection of Essays, 4th Edition စာအုပ်ကို ဆီလျော်အောင် ပြန်ဆိုရေးသားထားသော စာအုပ်ဖြစ်ပါသည်။

📖 ရန်ငြိုးမပြေ (အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ ဘယ်သူမှားသလဲ
✍ မင်းအောင်မင်း

စာဖတ်သူများမှာယူလိုပါက
page ရဲ့ messenger မှာ အမည် ၊ လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်တို့ ပေးပို့မှာယူနိုင်ပါတယ်ရှင် ။

- အမှာ confirm ပြီး တစ်ရက် / နှစ်ရက်နေမှ စာဖတ်သူများဆီ စာအုပ်လေးတွေ deli အပ်ပေးပါတယ်ရှင်

- ( အမြန်မှာယူလိုသူများ အမြန်မှာယူ၍မရသောကြောင့် သည်းခံပေးပါရှင်🙏 )

စာချစ်သူများ အေးချမ်းသာယာသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်💛

YZ Online Bookshop

“လူတွေ‌ေ သ ပြီးရင်ဘယ်လိုခံစားရသလဲ။ ‌ေ သ ခါနီးမှာဘာတွေ တွေ့သလဲ ။‌ေ သပြီးရင်ဘယ်ကို ရောက်သလဲ”👉 " ဘဝပြီးဘဝ "စာအုပ်ဟာ ဆေးပညာ ...
07/09/2025

“လူတွေ‌ေ သ ပြီးရင်ဘယ်လိုခံစားရသလဲ။ ‌ေ သ ခါနီးမှာဘာတွေ တွေ့သလဲ ။‌ေ သပြီးရင်ဘယ်ကို ရောက်သလဲ”

👉 " ဘဝပြီးဘဝ "စာအုပ်ဟာ ဆေးပညာ သဘောအရ ‌ေ သ သွားပြီးလို့ သတ်မှတ်ထားပြီးမှ ပြန်ရှင်လာသူ တွေကို သုတေသနပြုလုပ်ထားတဲ့စာအုပ်ပါ။ ဒါကြောင့် စာအုပ်ပါအချက်အလက်တွေက စိတ်ဝင်စားဖို့ ကောင်းသလို၊ အံဩထိတ်လန့်ဖွယ်ရာလည်း တောင်းပါတယ်။ ဒါ့အပြင် သုတေသနပြုလုပ်စဉ်မှာ ပါဝင်ဖြေကြားသူတွေမှာလည်းထူးဆန်းစွာကူညီတဲ့အတွေ့အကြုံတွေလည်း ရှိနေပြန်ပါတော့တယ်။

👉 ဒီစာအုပ်ကို ဖတ်ပြီးချိန်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ ယုံနိုင်စရာ လုံးဝ မရှိဘူးလို့ ငြင်းချက် ထုတ်မယ့်သူတွေ ရှိနိုင်သလို စာအုပ်ကို လွှင့်ပစ်လိုက်မယ့် သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုလူတွေကို ကျွန်တော် မယုံရန်ကောလို့ အပြစ်တင်စရာ အကြောင်းမရှိပါဘူး။ ကျန်ခဲ့တဲ့ နှစ်များတုန်းက ကျွန်တော်လည်း ဒီလိုပဲ ထပ်တူထပ်မျှ ခံစားခဲ့ဖူးတာကိုး။

👉 ဒါကြောင့် ကျွန်တော် တင်ပြမယ့် အကြောင်းအရာတွေကို လက်ခံပါ။ ယုံကြည်ပါလို့ မပြောလိုပါဘူး။ ပြောပိုင်ခွင့်လည်း မရှိပါဘူး။ မယုံတဲ့သူတွေကို ယုံပါလို့ မပြောချင်ပေမယ့် လက်တွေ့မှယုံမယ်လို့ စိန်ခေါ်သူတွေ အများကြီးကိုတော့ ကျွန်တော် သက်သေပြနိုင်ခဲ့တယ်ဆိုတာ ပြောပါရစေ။

📖 ဘဝပြီးဘဝ
✍ ဝင်းငြိမ်း

စာဖတ်သူများမှာယူလိုပါက
page ရဲ့ messenger မှာ အမည် ၊ လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်တို့ ပေးပို့မှာယူနိုင်ပါတယ်ရှင် ။

- အမှာ confirm ပြီး တစ်ရက် / နှစ်ရက်နေမှ စာဖတ်သူများဆီ စာအုပ်လေးတွေ deli အပ်ပေးပါတယ်ရှင်

- ( အမြန်မှာယူလိုသူများ အမြန်မှာယူ၍မရသောကြောင့် သည်းခံပေးပါရှင်🙏 )

စာချစ်သူများ အေးချမ်းသာယာသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်💛

YZ Online Bookshop
#ဝင်းငြိမ်း

Address

Chanayetharzan
Mandalay

Telephone

+959977528824

Website

Alerts

Be the first to know and let us send you an email when YZ Online Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category