Shwe Yoon Online Shop

Shwe Yoon Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yoon Online Shop, Shopping & retail, Mandalay.

03/11/2019

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

ဆရာကြီးအားလေးစားလျက်ပါ။

Credit:

03/11/2019

ဖတ်​ဖြစ်​​အောင်​ဖတ်​ပါ
အရမ်းကောင်းလွန်းလို့ဖတ်စေချင်တဲ့
စေတနာနဲ့ တင်ပေးတာပါ ဖတ်ကြည့်ကြပါ တစ်ခုခုတော့ ရမယ်ထင်ပါတယ်။
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
ဟိုးရှေးရှေးတုန်းကပေါ့
အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာ
လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။
တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း
ရုတ်တရက် မိုးတွေအုံ့လာပြီးတော့
လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။

မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက်
လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့
လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက
သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။

အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့
ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို
လယ်သမား ငါးယောက်စလုံးက
သတိထားမိလိုက်ကြတယ်။
အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ
သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့
ခဏတိုင်း အနီးကပ် လျှပ်စီးလျှက်နေတာပါ။

ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ
ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ
လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။

ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့်
အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့လူက
ဘုရားစာရွတ်နဲ့ ဆူညံနေကြတာပေါ့ ။

အဲဒီအချိန်သူတို့ ငါးယောက်ထဲမှာ
အသက်လည်းကြီးပြီး ဝါအရရော
သမ္ဘာအရရော အတွေ့အကြုံအရပါ
အားလုံးထက်မြင့်တဲ့ လယ်သမားတစ်ယောက်က
ဒီအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်လိုက်တယ်။

ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း
ပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း
ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိ
မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို
လျှပ်စီးလက်နေရတာလဲ။

ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများ
ရွေးပြီး ပစ်ချင်နေတာများလား။
အကုသိုလ်ကောင် တစ်ကောင်ကောင်တော့
ငါတို့ထဲမှာပါနေပြီ။ တော်ကြာ အဲဒီကောင်ကို
ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါ
ရောပြီး သေရလိမ့်မယ်။

မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းနေနေလို့တော့
မဖြစ်ဘူး ။အကုသိုလ်ကောင်ကို
အမြန်ရှင်းထုတ်မှ ရတော့မယ်ဆိုပြီး
လယ်သမားကြီးက ကျန်တဲ့လေးယောက်ကို
အခုလို ပြောပါတယ်။

ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ
တစ်ယောက်ယောက်ကိုတော့ မိုးကြိုး
ပစ်တော့မယ်ဆိုတာ သေချာနေပြီ။
ငါတို့ ငါးယောက်လုံး ဒီလိုအတူတူ
ရှိနေမယ်ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။
အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်း
ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့
သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။
မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့
ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ်။

အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့
ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့။
ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လား
ဆိုတော့ ငါးယောက်လုံးက သဘောတူကြတယ်။

ပထမဆုံးအနေနဲ့ အသက်အကြီးဆုံးဖြစ်တဲ့
လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။
သစ်ပင်ငယ်နားရောက်ပြီး မိုးကြိုး အပစ်မခံရတော့
အရမ်းဝမ်းသာသွားတာပေါ့။
ဟေး မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး
ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့
သစ်ပင်ကြီးရှိတဲ့ဆီကို ပြန်ပြေးလာတယ်။

နောက်တစ်ယောက် အလှည့်အနေနဲ့
ဒုတိယလူက ထွက်ပြေးတယ်။
ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး
အပစ်မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ်။
ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၎င်း
ဘာမှမဖြစ်သွားဘူး။ စတုတ္ထလူလည်း
သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့
နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲ
မိုးကြိုး အပစ်ခံရမယ့်လူဆိုတာ သေချာပြီပေါ့။

အဲဒီတော့ နောက်ဆုံးလူက အင်မတန်
အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ
ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး။
ငိုယိုပြီး အားလုံးကို တောင်းပန်ပါတယ်။
ကျွန်တော် မသွားရဲဘူး
ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ်
ကျွန်တော့်ကို ကယ်ကြပါဆိုပြီး ငိုငိုယိုယိုနဲ့
သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။

လျှပ်စီးလျှက်တာကလည်း သစ်ပင်ကြီးရဲ့
အနားနား ဆက်တိုက်ဆက်တိုက် နီးနီးကပ်ကပ်နဲ
့ ပိုပိုပြီးတော့ မြန်သထက်မြန်လာတော့ အားလုံးရဲ့
စိုးရိမ်စိတ်တွေက မြင့်တက်လာကြပါတယ်။
ဒါကြောင့်ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့
မရတော့ဘူး အားလုံး သေကုန်လိမ့်မယ်
ဒီအကုသိုလ်ကောင်ကြီးကို
မြန်မြန်ထုတ်မှရတော့မယ် မဟုတ်ရင်
အားလုံးသေရလိမ့်မယ်။

ဒီကောင့်ကို ဆွဲထုတ်ကြရအောင်ဆိုပြီး
ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့
ကြိုးစားလာကြတော့ တစ်ယောက်ထဲအားက
ဘယ်ခံနိုင်ပါ့မလဲ။

နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး
သေရင်လည်း သေပါစေတော့
ငါ ထွက်ပြေးပါတော့မယ်ဆိုပြီး ပြေးပါတော့တယ်။

သူလည်းထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်း
ရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါတော့တယ်။
ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံး
ထွက်ပြေးနေတဲ့လူကို ပစ်တာမဟုတ်ဘဲ
သစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့
လူလေးယောက်လုံးကို ပစ်ချလိုက်တာဖြစ်တယ်။

ဒါကြောင့် လေးယောက်လုံး တစ်ပြိုင်တည်း
သေကုန်ကြတယ်။ သေရမယ့်ကံက
နောက်ဆုံးလူမှာ မပါဘူး။
စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ
သေရမယ် ထင်နေကြတာ။
တကယ်တော့ နောက်ဆုံးလူက သူတို့ကို
ကယ်နေတာ ဖြစ်နေတယ်။

နောက်ဆုံးလူက သူတို့နဲ့ အတူတကွရှိနေလို့သာ
သူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။
နောက်ဆုံးလူကသာ ကံအထူးဆုံးလူ
ဖြစ်နေခဲ့တာ။ သူ့ကံအရှိန်နဲ့ ကျန်တဲ့
လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာ။

ပုံပြင်လေးကတော့ ဒါပါပဲ။

တခါတလေကျရင် ငါရှိနေလို့သာ
သူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက်
သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာ
ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။
=====================

17/10/2019
16/10/2019

ရည်းစားမရှိတဲ့ single ဘဝကို အကောင်းဆုံးနည်းလမ်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့

၁။ ဆိုင်တကာပတ်ပြီး မနက်စာကို တစ်နေ့တစ်မျိုးမရိုးရအောင် သွားစားပါ။

၂။ Spa ကိုသွားပြီး ခြေသည်းလက်သည်းတွေကို အလှဆုံးပြုပြင်ပါ။

၃။ နေဝင်ချိန်မှာ အပြေးလေ့ကျင့်ပြီး အားကစားဝတ်စုံလှလှလေးနဲ့ sunset selfie ဆွဲပါ။

၎။ လှပတဲ့လမ်းလေးတွေမှာ သူငယ်ချင်းတွေနဲ့အတူတူလမ်းလျှောက်ရင်း အလ္လာပသလ္လာပ စကားပြောပါ။

၅။ သင်သွားနေကျ စားသောက်ဆိုင်ကိုသွားပါ။ စားနေကျမဟုတ်ဘဲ menu အသစ်တစ်မျိုး မှာစားပါ။

၆။ ကိုယ်တိုင်ဟင်းချက်ပါ။ ပြီးရင် လူမှုကွန်ရက်တွေမှာ တင်ပါ။

၇။ သင့်အိမ်မှာ သူငယ်ချင်းတွေကိုဖိတ်ပြီး ပါတီပွဲကျင်းပပါ။

၈။ သူငယ်ချင်းမိန်းကလေးတွေချည်းစုပြီး night out ထွက်ပါ။

၉။ ဖျာတစ်ချပ်၊ စားစရာအနည်းငယ်၊ စာအုပ်ကောင်းတစ်အုပ်ယူသွားပြီး ပန်းခြံထဲက အရိပ်ကောင်းကောင်းတစ်နေရာမှာ အချိန်ကြာကြာ စာထိုင်ဖတ်ပါ။

၁ဝ။ အားကစားပွဲတွေကို သူငယ်ချင်း (သို့) မိသားစုဝင်တွေ တစ်ပြုံတစ်မကြီးနဲ့ သွားကြည့်ပါ။

၁၁။ နေ့ခင်းဘက်အားလပ်ချိန်တွေမှာ စာကြည့်တိုက်ကိုသွားပါ။ ကော်ဖီကောင်းကောင်းတစ်ခွက်သောက်ပြီး စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရှုစီးမျောလိုက်ပါ။

၁၂။ သင်နေတဲ့နေရာက ကမ်းခြေနဲ့နီးတယ်ဆိုရင် ကမ်းခြေကို သင်တစ်ယောက်တည်းသွားပါ။ သီချင်းနားထောင်လို့ရတဲ့ နားကြပ်၊ နေလောင်ခံခရင်မ်နဲ့ စားစရာအနည်းငယ်ယူသွားပေါ့။

၁၃။ ပန်းခြံကို သွားပြီး ပျော်ပျော်ပါးပါး ဒန်းစီးပါ။

၁၄။ စကိတ်ဖိနပ်တစ်ရံစီးပြီး မြို့ပတ်ပါ။

၁၅။ အပျော်သဘောပဲဖြစ်ဖြစ် မာရသွန်ပြိုင်ပွဲဝင်ပြိုင်ပါ။

၁၆။ သင်နှစ်သက်တဲ့ အားကစားအသင်းရဲ့ ဝတ်စုံဝတ်ပြီး ပြိုင်ပွဲမှာအားပေးပါ။

၁၇။ ခင်မင်ယုံကြည်ရတဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ပြီး သင်သွားချင်တဲ့နေရာတွေ၊ သင်လုပ်ချင်တဲ့အရာတွေကို လုပ်လိုက်ပါ။

၁၈။ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ပါ။

၁၉။ သင်နေထိုင်ရာမြို့အတွင်းက လှပပြီး လည်ပတ်သူများတဲ့နေရာတွေကို သွားရောက်လည်ပတ်ပါ။ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး လုမှုကွန်ရက်တွေမှာ တင်ပါ။

၂ဝ။ သူငယ်ချင်းတွေစုပြီး KTV မှာ သီချင်းသွားဆိုပါ။

၂၁။ သင်ကြိုက်နှစ်သက်တဲ့ ဂီတရှိုးပွဲတွေကို သွားဖြစ်အောင်သွားကြည့်ပါ။ စတိတ်စင်ကို နောက်ခံထားပြီး selfie ဆွဲဖို့ မမေ့နဲ့နော်။

၂၂။ အားလပ်ရက်တွေမှာ အဝေးတစ်နေရာက သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦးစီ အလည်သွားပါ။

၂၃။ ပညာဒါနအချက်အပြုတ်သင်တန်းတွေ၊ စက်ချုပ်သင်တန်းတွေကို တက်ရောက်သင်ယူပါ။

၂၄။ တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ။ သင်တကယ်လိုအပ်နေတဲ့ အသုံးအဆောင်တွေကို ဘာမှမစဉ်းစားဘဲ ဝယ်လိုက်ပါ။

၂၅။ မိဘမဲ့ကလေးကျောင်း (သို့) ဘိုးဘွားရိပ်သာ တစ်ခုခုမှာ လုပ်အားပေးပါ။

၂၆။ သင်လုံးဝမရောက်ဖူးတဲ့ တောင်တစ်တောင်ကို တက်ပါ။

၂၇။ မနက်မိုးမလင်းခင် တောင်တက်ပါ။ နေထွက်လာတာကို တောင်ထိပ်မှာထိုင်ပြီး စောင့်ကြည့်ပါ။

၂၈။ တစ်နေ့လုံး ဖုန်းပိတ်ထားပြီး သဘာဝတရားကြီးရဲ့ လှပမှုကို ခံစားပါ။

၂၉။ သူငယ်ချင်းတွေနဲ့အတူတူ ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ကခုန်ပါ။

၃ဝ။ ဆိတ်ငြိမ်အေးချမ်းတဲ့ တောလမ်းလေးမှာ လမ်းလျှောက်ပါ။

၃၁။ ယောဂသင်တန်းတက်ပြီး ယောဂလေ့ကျင့်ပါ။

၃၂။ စွန့်စားမှုတစ်ခုခုလုပ်ပါ။ ဥပမာ- skydiving တို့၊ သရဲခြောက်တဲ့အိမ်ကို တစ်ယောက်တည်း သွားတာတို့လိုပေါ့။

၃၃။ လှပတဲ့ရှုခင်းလေးတွေကိုခံစားရင်း တစ်ကိုယ်တည်း ညစာစားပါ။

၃၄။ သင်တစ်ခါမှ မဝတ်ဖူးတဲ့ ဒီဇိုင်းမျိုးဝတ်ပြီး လျှောက်လည်ပါ။

၃၅။ တစ်ညလုံးအိမ်တွင်းအောင်းပြီး လက်မှုအနုပညာတစ်ခုခုကို ဖန်တီးပါ။

၃၆။ တိရစ္ဆာန်ရုံကို သွားရောက်လည်ပတ်ပါ။ တိရစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်ပါ။

၃၇။ တောင်တက်ပါ။ တောင်ထိပ်မှာထိုင်၊ နေဝင်တာကိုကြည့်ရင်း ခြေသည်းနီဆိုးပါ။

၃၈။ ကိုယ်တိုင်ကားမောင်းပြီး ခရီးတိုလေးတစ်ခု ထွက်ပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ်ပေါ့။

Single တစ်ယောက်ဖြစ်တဲ့ သင်ရော။ ဘယ်နံပါတ်တွေကို လုပ်ဖူးလဲ။ ဘယ်နံပါတ်တွေကို လုပ်ကြည့်ချင်လဲ။ Comment box မှာ ဖြေခဲ့ပါဦးနော်။ ဘဝတူ Single သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦး။

Crd

16/10/2019

ကျနော့်ရဲ့လစဉ် တကိုယ်ရေ ပျမ်းမျှ
အသုံးစရိတ်က ၃သိန်း၊ သားကျွေးမှု ...
မယားကျွေးမှု အိမ်စရိတ် နဲ့ အထွေထွေ
စရိတ် ကတော့ ၇သိန်း ...။

၁လ ၁၀ သိန်း ရရင်
စရိတ်စက အတွက်တော့ ဖူလုံပါပြီ ... ။

ကျန်းမာရေး ၊ ခရီးသွားဖို့ နဲ့ ခြေစောင့်
လက်စောင့်သုံးဖို့ ၁လ ၅ သိန်း လောက်
စုဆောင်းမိတယ်ဆိုရင်
အတော်လေး ပြည့်စုံသွားပါပြီ ..။

ဆိုတော့ကာ လူတန်းစေ့ နေနိုင်ဖို့
ကျနော့်အတွက် လစဉ် ၁၅ သိန်းလောက်
ပုံမှန်ဝင်ငွေရနေဖို့ လိုတယ်ပေါ့။

လိုအပ်တဲ့ ပုံမှန်ဝင်ငွေရဖို့အတွက် ဆိုရင် -

၁။ ပျော်ပျော်မပျော်ပျော် အလုပ်ကို နေ့စဉ် ပုံမှန်ရုန်းကန်
လှုပ်ရှားပြီး ရှာဖွေမလား ?

၂။ မိမိပျော်သလိုနေပြီး ဘာမှ ပင်ပင်ပန်းပန်း
လုပ်စရာမလိုပဲ နဲ့ အေးရာအေးကြောင်း ရှာမလား ?

ဒုတိယ နည်းလမ်း နဲ့ မိမိတို့လိုအပ်တဲ့ ငွေတွေ
ရနေတာကို ငွေကြေးအရ လွတ်လပ်မှု...အင်္ဂလိပ်လို
ဆိုရင် Financial Freedom လို့ ခေါ်ပါတယ်။

ငွေကြေးအရ လွတ်လပ်တယ် ဆိုတဲ့နေရာမှာ
မိမိ လိုအပ်တဲ့ ငွေကြေးက အလုပ်လုပ်စရာမလိုပဲ
ဝင်နေတာဖြစ်တဲ့အပြင် တချိန်တည်းမှာပဲ
မိမိပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတန်ဖိုး ကလည်း
လျော့မသွားတာပဲ ဖြစ်ပါတယ်။

ဥပမာပေးရရင် :

ကျနော့်မှာ ငွေ သိန်း၂၀၀၀ ရှိတယ်ဆိုပါစို့။
အဲ့ဒီသိန်း၂၀၀၀ ကို ကုတင်အောက်မှာပုံထားပြီး
လိုသလို ယူသုံးနေမယ်ဆိုရင် တနေ့တခြားလျော့
နည်းသွားပြီး အချိန်တခုကြာတဲ့အခါ လုံးဝကုန်သွားမှာ
ဖြစ်ပါတယ်။

ဒါပေမယ့် သိန်း၂၀၀၀ ကို ဘဏ်မှာသွားအပ်မယ်ဆိုရင် ၊
ဒါမှမဟုတ်အိမ်ခြံမြေ တခုခုဝယ်ပြီး ပြန်ငှားစားမယ်၊
ဒါမှမဟုတ် ဆုံးရှုံးနိုင်ခြေ နည်းပြီး အောင်မြင်နေတဲ့လုပ်ငန်း
တခုခု မှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင်တော့ လစဉ်ကျနော်
သုံးဖို့လိုအပ်တဲ့ငွေလည်း ရမှာ ဖြစ်သလို ကျနော်ပိုင်တဲ့
သိန်း၂၀၀၀ လည်း လျော့သွားမှာ မဟုတ်ပါဘူး။

အဲ့လို လျော့လည်းမသွား၊ အလုပ်လည်းလုပ်စရာ
မလိုတော့ပဲ လစဉ်လိုအပ်နေတဲ့ ဝင်ငွေ ပုံမှန်ရနေတဲ့
ငွေရေးကြေးရေး အခြေအနေ ကို Financial Freedom
လို့ခေါ်ပါတယ်။

ကျနော်တို့ အားလုံးသိတဲ့ Alibaba သူဌေးကြီးဂျက်မား
ဟာ အခုလာမယ့် စက်တင်ဘာလ မှာ Alibaba ရဲ့
CEO အဖြစ်ကနေ အနားယူပြီး ကျန်ရှိတဲ့ ဘဝတလျှောက်လုံး
ဝါသနာပါတဲ့ ကျောင်းဆရာ အလုပ်ကိုပဲ
လုပ်တော့မယ်လို့ ကြေငြာထားပါတယ်။

ငယ်ငယ်တုန်းက ဆို ဒါမျိုး သတင်းတွေကြားရတိုင်း
ခေါင်းထဲဝင်လာတာက ဒီလောက်အောင်မြင်နေ
တာကို ဘာလို့များ အနားတွေယူကုန်ကြတာလဲပေါ့ ??

ဂျက်မားကမှ ၅၄ နှစ် ပြည့်မှ အနားယူတာ... တချို့ဆို
အသက် ၄၀ အရွယ် နဲ့ အနားယူကုန်ကြတာပါ။

လူတိုင်း မိမိပျော်ရာမှာပဲ နေ ... မိမိဝါသနာပါရာကိုပဲ
လုပ်ပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းချင်
ကြတာ မဟုတ်လား ...။

ကမ္ဘာအနှံ့ခရီးတွေ သွားချင်သွားမယ် ... ကျောင်းဆရာ
လုပ်ချင်လည်းလုပ်မယ် ... ဖာရာရီကားကြီးစီးပြီး
MTV ရိုက်ချင်လည်း ရိုက်မယ်။

ဒါပေသိ မိမိရဲ့ ငွေရေးကြေးရေး အခြေအနေက
ငွေကြေးအရ လွတ်လပ်မှု မရသေးတာကြောင့်
စားဝတ်နေရေး ၊ မိသားစု စတဲ့ ဗာဟီရတွေ အတွက်
ရွေးချယ်မှု က များများစားစား ရှိမနေတတ်ပါဘူး။
အဲ့ဒီတော့ ပျော်ရာမှာ မနေရပဲ တော်ရာမှာ နေပြီး
အဆင်ပြေရာကို လုပ်ကြရတော့တာပေါ့။

ဂျက်မား အနေနဲ့ သူပျိုးထောင်ခဲ့တဲ့ Alibaba အွန်လိုင်း
ဈေးရောင်း လုပ်ငန်းဟာ သူမရှိလည်း ပုံမှန်လည်ပတ်
ပြီး တိုးတက်ကြီးထွားနိုင်မယ့် စနစ်ကို မျိုးစေ့ချပေးနိုင်
ခဲ့တဲ့အပြင် သူ့အနေနဲ့ ငွေကြေးအရ လွတ်မြောက်မှု Financial Freedom ရရှိနေတဲ့ အခြေအနေကြောင့်
သာ Alibaba ကနေ အနားယူနိုင်တာဖြစ်ပါတယ်။

လစဉ် မိမိလိုအပ်တဲ့ ဝင်ငွေ ရဖို့ အတွက် ဘဏ်မှာ
ငွေ ဘယ်လောက် စုထားရမလဲ လို့ တွက်တဲ့အခါ
ဆရာမာသင်ကတော့ ဇိမ်နဲ့ထိုင်စား ၁၄၅ ဆိုပြီးမှတ်
ထားခိုင်းပါတယ်။

ဥပမာပေးရရင် :

ကျနော့်အတွက် လိုအပ်တဲ့ ၁လ ကို ၁၅ သိန်း ရဖို့ဆိုရင်
၁၅ သိန်းကို ၁၄၅ နဲ့မြှောက်လိုက်တော့ ၂၁၇၅ သိန်း။

ကျနော့်ရဲ့ ဘဏ်စုငွေ ၂၁၇၅ သိန်း ပြည့်တဲ့နေ့ဟာ
ကျနော် ငွေကြေးအရ လွတ်မြောက်မှု ရရှိတဲ့နေ့ပါပဲ။

အဲဒီနေ့မရောက်ခင် အထိတော့ ကျနော် နေ့စဉ် ပုံမှန်
အလုပ်တွေ လုပ်နေရဦးမှာပဲ ...

မြန်မြန်ရောက်ချင်လေ ပိုကြိုးစားပြီး လုပ်ရလေပေါ့။
ဒီကြားထဲ အိမ်ဝယ်ချင်တယ်၊ ကားဝယ်ချင်တယ်၊
စိန်ဝယ်ချင်တယ် ၊ အကြွေးဆပ်ရမယ် ဆိုရင်တော့
ပို၍ ပို၍ ကြိုးစားပြီးဆတိုးရှာရတော့မှာ ပေါ့။

တချို့ က ကိုယ့်ကိုယ်ကို ဘယ်အခြေအနေ ရောက်
လို့ရောက်နေမှန်း မသိကြဘူး။

Financial Freedom ပေးနိုင်တဲ့ ငွေကြေးရလာတယ်။
ရှိတဲ့ငွေကို အကုန်ပုံအောပြီး အိမ်ကောင်းကောင်း
တစ်လုံး အရင်ဝယ်လိုက်တယ်။ အဲ့အထိ အိုခေပဲ။
ပြဿနာက တခြားပုံမှန်ဝင်ငွေရတဲ့
ဝင်ငွေလမ်းကြောင်းလည်းမရှိဘူး...
အဲ့ဒီအိမ်ကိုလည်း ငှားမစား၊ ငွေမဖော်ပဲ
ကိုယ်တိုင် တက်နေတာက လွဲလို့ ဘာမှမလုပ်ဘူး ...။

ပြီးတော့မှ အလုပ်လုပ်ဖို့ ငွေအရင်းအနှီး မရှိဘူး ...
ပုံမှန်ဝင်ငွေ မရှိဘူးဆိုပြီး ထိုင်ညစ် နေတာမျိုးတွေ...
ပုံမှန်ဝင်ငွေ မရှိတော့ တကိုယ်ရေ သုံးဖို့ငွေတောင်
လောက်လောက်ငှငှ မရှိပဲ လူကြားသူကြားထဲ
မျက်နှာငယ် နေရတာမျိုးတွေ တွေ့ဖူးပါတယ်။

တကယ်တော့ လူ့ဘဝဟာ တိုတိုလေးပါ။
ရင်ကော့ခေါင်းမော့ပြီး ငွေကြေးအရ လွတ်မြောက်
နိုင်ရဲ့သား နဲ့ ကိုယ့်ကိုယ်ကို အကျဉ်းချထားမိတဲ့
အဖြစ်မျိုး ရောက်နေရင် တကယ့်ကို မတန်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကျနော် ရဲ့ အတိုင်းအထွာအလိုက်
ငွေကြေးအရ လွတ်မြောက်တဲ့ နေ့ရောက်ရင်
မိတ်ဆွေတို့ကို ကျနော် ရှယ်ပြုစုပါ့မယ်ဗျာ ... 😉😉😉

လောလောဆယ်တော့ Financially Freedom ရ ပြီးသား
မိတ်ဆွေတွေ ကျနော့်ကို အရင်ပြုစုကြနော် 😘😘😘

Freedom မရသေးတဲ့ မိတ်ဆွေတွေလည်း အမြန်ဆုံး
Freedom ရနိုင်ကြပါစေဗျားးးး

ခရက်ဒစ်
Richard NayLin

☘️Heffey essence လေး နဲ့ စိုအိဝင်းလက်ကြရအောင်😍😍💦💧ရေဓါတ်အခြေခံထားတဲ့ Essenceလေးမို့ အဆီအများရီးမပါပါဘူးနော် 💆💆ဝက်ခြံသမားေ...
02/10/2019

☘️Heffey essence လေး နဲ့ စိုအိဝင်းလက်ကြရအောင်😍😍
💦💧ရေဓါတ်အခြေခံထားတဲ့ Essenceလေးမို့ အဆီအများရီးမပါပါဘူးနော်
💆💆ဝက်ခြံသမားလေးတွေလည်းသုံးလို့ရပါတယ်
🍀Heffey essence လေးမှာ ထည့်သွင်းထားတဲ့ ပါဝင်ပစ္စည်းလေးတွေက ဝက်ခြံသမားလေးတွေ အထူးနှစ်ခြိုက်စေမှာပါနော် 🤗🤗

☘️မျက်နှာရဲ့ရေဓါတ်ကိုထိန်းပေးခြင်း
☘️စိုပြေဝင်းအိစေခြင်း
☘️မျက်နှာပေါ်ကအနီဖုလေးများကိုယောင်ရမ်းမှုလျော့ချပေးခြင်း
☘️အရေးအကြောင်းများလျော့နည်းစေခြင်း
☘️အမဲစက်လေးများမှေးမှိန်ပျောက်စေခြင်း
👆👆👆
စတဲ့အချက်တွေနဲ့🍀 Heffey essence (နို့ရည်)

💸price (100ml)

👉👉contact to cb or 09977077489
Crd

Heffey Collagen Mask က Hyaluronic Acid နဲ့ ပြုလုပ်ထားပါတယ်❄️❄️❄️❄️❄️❄️Acid ပါတယ် ဆိုလို့ လန့်များသွားလားမလန့်လိုက်ပါနဲ့ ...
02/10/2019

Heffey Collagen Mask က Hyaluronic Acid နဲ့ ပြုလုပ်ထားပါတယ်❄️❄️❄️❄️❄️❄️
Acid ပါတယ် ဆိုလို့ လန့်များသွားလား
မလန့်လိုက်ပါနဲ့ နော် Hyaluronic acid က acid အပျော့စားလေးပါပဲနော်❄️❄️❄️
skin အတွက် ဆိုးကျိုးမရှိပဲ ကောင်းကျိုးတွေပဲ ပေးစွမ်းနိုင်တဲ့ acid တစ်မျိုးပါ❄️❄️❄️❄️
Acid ဆိုတဲ့ သဘောမျိုးက Vitamin -Cဆိုတဲ့ သတ္တိလေးတွေက ရှိနေပြန်ရော🍊🍊🍊
Vitamin -C ကလည်း အားဆေးတွေအတွက် မရှိမဖြစ်လိုအပ်လာပြန်ရော❄️❄️
Skin အတွက်ကတော့ Vitamin -C က တင်းတိပ် ဝက်ခြံ ဆားဝက်ခြံ မှဲ့ခြောက် တွေ အတွက်ကတော့
go away ပါပဲနော်
အသားဖြူစေတဲ့ အစွမ်းသတ္တိလေးပါပြန်ရော
ထို့ကြောင့် Heffey Collagen mask ကို ကျားမ မရွေး သုံးသင့်ပါတယ်နော်
တစ်​ဘူး......၁၂၀၀၀(၅ချပ်​ပါ)
တစ်​ချပ်​.....၂၅၀၀

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်မလဲ ၊ရှိတာပေါ့ ။ရှိပေမယ့်လည်း ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ။မခံစားရဘူးတော့ ဘယ်ဟုတ်မလဲ ၊ခံစားရတာ...
11/09/2019

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်မလဲ ၊
ရှိတာပေါ့ ။
ရှိပေမယ့်လည်း ဒီဒေါသကို
ထုတ်မပြနိုင်တာက ပညာပဲ။

မခံစားရဘူးတော့ ဘယ်ဟုတ်မလဲ ၊
ခံစားရတာပေါ့ ။
ခံစားရပေမယ့် မျက်နှာမှာ မပေါ်လွင်အောင်
ထိန်းချုပ်နိုင်တာကလည်း ပညာပဲ ။

ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်မလဲ ၊
ဝမ်းနည်းတတ်တာပေါ့ ။
ဝမ်းနည်းပေမယ့်လည်း လူတကာကို
လှပ်ပြပြီးပြောပြမနေတော့တာက ပညာပဲ ။

လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ ။
ဘယ်လိုပညာသားပါပါ ဖေါ်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ် ။
ဖေါ်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ အဆင်ပြေအောင်
ကျိတ်မှိတ်ကျော်လွှားရမှာပဲ ။

ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ် ။
ဘာကြောင့်ဒေါသတွေကြီးလဲဆိုတာကိုတော့ သိကြမှာ မဟုတ်ဘူး။

ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်းချက် လူသိတာပဲ အဖက်တင်တယ် ။
ကိုယ်ခံစားရတာ သူတို့ကပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ ။

ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အားပျော့တာပဲ ဘူသိတယ် ။
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေ ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ။

လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ် ။ ဒီလိုရင့်ကျက်အောင်နေနိုင်ဖို့ဆိုတာကလည်း တော်တော်လေးကို ခက်တာ ။

💌မာရင်ရင်

ကိုယ့်လမ်းကိုဖြောင့်အောင်သာလျှောက်ပါ============================နေရာတိုင်းမှာ သင်ဘာလုပ်လုပ် သင့်ကိုကြိုက်တဲ့လူနဲ့ မကြိုက...
26/08/2019

ကိုယ့်လမ်းကိုဖြောင့်အောင်သာလျှောက်ပါ
============================

နေရာတိုင်းမှာ သင်ဘာလုပ်လုပ် သင့်ကိုကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူဆိုတာ..ဒွန်တွဲ ရှိနေကြတယ်။

သင် ဘာလုပ်လုပ် သင့်ကိုကြိုက်တဲ့သူက ကောင်းတာပြောပြီး အားပေးမှာပဲ ဖြစ်တယ်။

သင့်ကို မကြိုက်တဲ့သူကလည်း အပြစ်ရှာပြီး ရှုတ်ချကဲ့ရဲ့ကြမှာပဲ ဖြစ်တယ်။

သင့်ရဲ့လုပ်ရပ်တိုင်းဟာ...လိပ်ပြာသန့်သန့်ရှိနေရင်တော့ သင်ဟာ ဘာကိုမှ မူမနေပဲ လုပ်သင့်လုပ်ထိုက်တာတွေကို ဖြောင့်ဖြောင့်တန်းတန်း ရှေ့ဆက်သာ လုပ်ဆောင်နေလိုက်ပါ ။

အချိန်တန်ရင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ..
အဖြေမှန်က ထွက်လာပါလိမ့်မယ်..။

ခွေးဟောင်တိုင်း ထကြည့်နေရရင် တစ်ချို့ကိစ္စတွေက အိပ်ရေးပျက်ရုံပဲရှိတယ်..။

သင် လျှောက်လှမ်းနေတဲ့ လမ်းခရီးမှာ ခွေးဟောင်တိုင်းတာ ခဲနဲ့လိုက်ထုနေရင်လည်း သင်လမ်းခရီးဟာ ကြန့်ကြာနေရုံပဲ ရှိလိမ့်မယ်။

တစ်ချို့တစ်ချို့သော ကိစ္စတွေက နေရာတကာ တုန့်ပြန်နေရင်
သင် ခရီးလမ်းဟာ ရပ်တန့်နေတတ်တယ်..။

တကယ်တော့ သင်ဟာ သူများပြောတိုင်းသာ လိုက်ခံစားပြီး
ဝမ်းသာ ၀မ်းနည်းဖြစ်နေရင် သူများစိတ်နဲ့ သင့်ခန္ဓာကိုယ်ပဲ ဖြစ်နေပါလိမ့်မယ်။

တစ်ချို့ကိစ္စတွေက အကုသိုလ်စကားတွေမို့ ကြားပေမယ့်လည်း မကြားယောင်ဆောင်ပြီး အကန်းလိုနေလိုက်ရတာတွေ ရှိတယ်။

တစ်ချို့ကိစ္စတွေက စိတ်ညစ်နွမ်းစရာတွေမို့ မြင်ပေမယ့်လည်း မမြင်ယောင်ဆောင်ပြီး မျက်နှာလွဲပြီး ရှေ့ဆက်ရတာတွေလည်းရှိတယ်။

တစ်ချို့ကိစ္စတွေက တုန့်ပြန်စရာတွေ ရှိပေမယ့်လည်း အကုသိုလ် မဖြစ်အောင်လို့ ဆွံ့အနေသူလို နေပြီး ရှေ့ဆက်ရတာတွေလည်းရှိတယ် ။

တစ်ချို့ကိစ္စတွေက အားပေးကူညီလိုက်ချင်ပေမယ့်လည်း အမှုပတ်တတ်လို့ မသန်မာသူလို နေပြီး ရှောင်ထွက်လိုက်ရတာတွေလည်း ရှိတယ်လေ..။

အဓိက က သင့်စိတ်ဓာတ်နဲ့သင့်လုပ်ရပ် မှန်ကန်နေရင် ဘာကိုမှ မူမနေဘဲ သင် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ပြီး
သင့် ခရီးလမ်းကို ဖြောင့်တန်းအောင်သာ
ဆက်လျှောက်နေလိုက်ပါ မိတ်ဆွေ... ။

#လေးစားလျက် ~ ခွန်မျိုးအောင်

🌲 မပြိုလဲစေချင်ပါ 🌲

လူ့သဘာဝက တော်နေရင်လည်းတိုက်ခိုက်မှာပဲ။ ညံ့နေရင်လည်းအပြစ်ပြောကြမှာပဲ။

တိုက်ခိုက်တိုင်းသာ ပြိုလဲကြေးဆိုရင်
လောကမှာ လူတော်ဆိုတာ
ရှိလာမှာမဟုတ်ဘူးလေ။

ကိုယ်ဘယ်လောက်ပဲ အပြစ်လွတ်အောင်နေနေ
အပြစ်မြင်တတ်တဲ့ မျက်လုံးအောက်ကတော့
အပြစ်လွတ်အောင် ရုန်းထွက်ဖို့မလွယ်ပါဘူး။

လောကမှာ လူတစ်ချို့က မင်း အောင်မြင်နေတာထက်
ကျရူံးနေတာကို ပိုမြင်ချင်ကြတယ်တိုက်ခိုက်တိုင်းသာ
ပြိုလဲနေရင်တော့သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို
မင်းကိုယ်တိုင် ဖြည့်ဆည်းပေးသလိုဖြစ်နေမှာပေါ့။

လောကမှာ ဝေဖန်တာကို မခံနိုင်တဲ့သူက
မြင့်မားသော အောင်မြင်မှူနဲ့ ဝေးကွာနေရအုံးမှာပါ။

အပြစ်ပြောခံရတိုင်း မင်းမှာ
အပြစ်ရှိနေလို့မဟုတ်ပါဘူး
လူတစ်ချို့က သူတို့
ဂုဏ်သိက္ခာ တက်ဖို့
အခြားသူကို အပြစ်ပြောပီး
နေရာယူတတ်ကြတယ်။

ဘယ်လိုပဲဖြစ်နေပါစေ
ထိုင်နေလည်း ပြောခံရမှာပဲ
ထသွားလည်း အပြောခံရမှာချင်း
အတူတူ အမြင့်မှာနေပီး
အပြောခံရတာက
ခံရကျိုးနပ်ပါတယ်။

ဘယ်လိုပဲတိုက်ခိုက်ခံရပါ့စေ
မင်း မပြိုလဲဖို့က
အရေးအကြီးဆုံးပါ မယိုင်မလဲဘဲ
တောင့်ခံထားနိုင်ရင်
မင်းလိုချင်တဲ့
အောင်မြင်မှူတွေက
လက်တစ်ကမ်းမှာပါ။

လေးစားစွာဖြင့်
ဇင်းနစ်​ မကွေး

ကိုယ့်လမ်းကိုယ်လျှောက်ပါ။

ချီးကျူးတာ ကဲ့ရဲ့တာက
သူများတွေရဲ့ အလုပ်။
ကြိုက်တဲ့သူလည်းရှိမယ်။
မကြိုက်တဲ့သူလည်းရှိမယ်။

အပြုသဘောနဲ့ ဝေဖန်တာ
ကျေးဇူးတင်လက်ခံလိုက်ပါ။

အမုန်းတရားနဲ့ ကဲ့ရဲ့တာ
သည်းခံပြီး လစ်လျူရှုလိုက်ပါ။

သွေးပူတုန်းတော့
ပြောချင်တာ ပြောကြလိမ့်မယ်။
သွေးအေးသွားတဲ့အခါ
ဘာပြောမိလဲ မေ့သွားကြလိမ့်မယ်။

လောကဓံတရားဆိုတာ
ဘယ်သူမှ ရှောင်လွှဲလို့မရဘူး။
မြတ်စွာဘုရားတောင်ကဲ့ရဲ့ မလွတ်ပါဘူး။

အဓိကကတော့
ကိုယ်ပြုတဲ့ကံသုံးပါး ကောင်းနေဖို့ပါပဲ။
အောင်မြင်မှုဆိုတာကလည်း
ချိန်တာတစ်ခဏလေးပါပဲ။

ဘာကြောင့်လဲဆိုတော့
လူ့ဘဝဆိုတာကိုက
ချိန်တာတစ်ခဏလေးမို့ပါ။

အကောင်းဆုံးကတော့
ကိုယ့်လမ်းကိုယ်လျှောက်ပါ။
အချိန်တန်တော့လည်း
အရာရာ အားလုံးပြီးဆုံးသွားမှာပါ။

Address

Mandalay
951

Website

Alerts

Be the first to know and let us send you an email when Shwe Yoon Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share