Purple Queen Mandalay Leader

Purple Queen Mandalay Leader ရန်ကုန်၊မန်းလေး၊ပြင်ဦးလွင်မြို့န?

ဘုရင်တပါးက သူရဲ့သွားတွေ တစ်ချောင်းမကျန် ကျိုးကျိုးကျနေတယ် ဆိုပြီး အိမ်မက်ထဲမှာမြင်မက်တယ်။မနက်မိုးလင်းတော့ပညာရှင်တပါးကို ...
03/10/2023

ဘုရင်တပါးက သူရဲ့သွားတွေ တစ်ချောင်း
မကျန် ကျိုးကျိုးကျနေတယ် ဆိုပြီး အိမ်မက်
ထဲမှာမြင်မက်တယ်။

မနက်မိုးလင်းတော့ပညာရှင်တပါးကို ခေါပြီး
သူရဲ့အိမ်မက် အကြောင်းကို ပြောပြတယ်.

ပညာရှင်ကဘုရင်ကြီးကို ဘာအဖြေပေးလဲဆိုတော့
ဘုရင်ကြီး ! အိမ်မက်ရဲ့အလိုသဘောကတော့
ဘုရင်ကြီးရဲ့မိသားစု တစ်စုလုံး ဘုရင်ကြီး
မျက်စိရှေ့မှာ သေကြလိမ့်မယ်.

ပညာရှင်စကားကြားပြီးတော့ ဘုရင်ကြီးက
အလွန်ပဲဒေါသ ထွက်ပြီး ပညာရှင်ကို သတ်ပြစ်လိုက်တယ်…

ဘုရင်ကြီးက မကျေမနပ် ဖြစ်ပြီး ပညာရှင်
နောက်တပါးကို ခေါခိုင်းလိုက်တယ်
နောက်ပညာရှင် ရောက်လာတော့ သူရဲ့
အိမ်မက် အကြောင်းကိုပြောပြတော့
ပညာရှင်က ဘာအဖြေပေးလဲဆိုတော့....

အိုဘုရင်မင်းမြတ် အသင်မင်းမြတ်ပေါသို့
ကောင်းချီးများ ကျရောက်တောမူပါစေ...
အိမ်မက်ရဲ့ အလိုသဘောက ဘုရင်ကြီးက
ဘုရင်ကြီးရဲ့ မိသားစုထဲမှာ အသက်အရှည်ဆုံး
ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်.............

ဘုရင်ကြီးက ပညာရှင်ရဲ့ စကားကြားပြီး
အလွန်ပဲပျော်သွားတယ် ပညာရှင်ကြီးကို
ဆုတွေအများကြီး ပေးပြီးပြန်လွှတ်လိုက်တယ်

အတော့ ဘုရင်ကြီးရဲ့ မိသားစုထဲမှာ
(ဘုရင်ကြီးက အသက်အရှည်ဆုံး ပုဂ္ဂိုလ်
ဖြစ်မယ်)ဆိုတာ က သူ့မျက်စိရှေ့မှာ
သူ့မိသားတစ်စုလုံးသေလိမ့်မယ် ဆိုတဲ့
အလိုသဘောပဲ မဟုတ်လား?

အိမ်မက်ပညာရှင် နှစ်ပါးလုံး ပြောတာ
အလိုသဘောက တူတူပဲ but ပြောပုံဆိုပုံ
လေးပဲ ကွာဟမူ့ရှိတာ.

အသင်ပြောလိုက်တဲ့ စကားတခွန်းက
တဖက်လူအတွက် ဆေးဝါး ဖြစ်နိုင်သလို
အနာလဲ ဖြစ်နိုင်ပါတယ်

👉ပိုင်းခြားစိတ်ဖြာမူ့က အသင့်ရဲလက်ထဲမှာပါ👈

Min KoKo @ မိုဟမ္မဒ်အိုစာမဟ် 'သာကေတ'

11:11 Sale မှာPurple Queen Berry serum လေးတွေ ၁ဘူး 8,000 ကျပ်နဲ့ရမဲ့အပြင်  5ဘူး၀ယ် Deli Free နဲ့ရပါမယ်ချစ်တို့ရေ😍(လက်ဟော...
11/11/2022

11:11 Sale မှာ

Purple Queen Berry serum လေးတွေ

၁ဘူး 8,000 ကျပ်နဲ့ရမဲ့အပြင်

5ဘူး၀ယ် Deli Free နဲ့ရပါမယ်ချစ်တို့ရေ😍

(လက်ဟောင်း Agent ဈေးနဲ့ရမှာနော်😱)

11.11.22မှ 15.11.22 အထိ😍သာ

📲09977278400


14ရက်တိတိ မရပ် မနား လူး နှစ်ရှည် အမဲစက် အမာရွတ် တွေ ခြင်ကိုက်ဖုရာတွေ နဂို အသား အရည်လှပ ပြီး  တားဆေးတွေကြောင့် မွဲခြောက် ...
06/09/2022

14ရက်တိတိ မရပ် မနား လူး
နှစ်ရှည် အမဲစက် အမာရွတ် တွေ ခြင်ကိုက်ဖုရာတွေ
နဂို အသား အရည်လှပ ပြီး တားဆေးတွေကြောင့်
မွဲခြောက် သွားသော မိခင် တွေ

နေလောင်ဒဏ်ကြောင့် အသား အရည် မစိုပြေ တာတွေ
နဂိုအသား မဲ /ညို လို့ ဖြူချင်သူတွေလည်း
အသုံးပြုနိုင်ပါသည်

အသုံးပြုပုံ

လက် ခြေထောက် ဂျိုင်းကြား ပေါင် ကြား နှင့် ခြေမျက်စိ
မိမိ ကြည်လင် ဖြူဝင်းစေလိုသော နေရာအနှံ့ကို မနက် ၁ကြိမ်
ည၁ကြိမ် Body Serum 1မျိုး ထဲလည်း လိမ်း နိုင်သလို
မိမိနှစ်သက်ရာ lotion နှင့်လည်း တွဲလိမ်း နိုင်ပါသည်

#အနံ့လေးက ၁၂နာရီ ထိ ခံတာမို့ ရေမွှေးထပ်မသုံးလည်း ရပါတယ်ရှင့်🙏

#စေးကပ်မှု လုံးဝမရှိသော အသား လှ Body Serum 🥰💜



လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း(၂၆) ကော်လာဂျင်  (Collagen) ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) အခုနောက်ပိုင်းမှာ အသားအရေတင...
06/09/2022

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း
(၂၆) ကော်လာဂျင် (Collagen)
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အခုနောက်ပိုင်းမှာ အသားအရေတင်းရင်းနုပျိုလှပလိုသူတွေကြား ကော်လာဂျင်က ခေတ်စားလာပါတယ်။
ကော်လာဂျင်ဆိုတာ ဘာလဲ
--------------------------
လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းရဲ့ ၃၀-၃၅ ရာခိုင် နှုန်းခန့်က ကော်လာဂျင် ဖြစ်ပါတယ်။ အရေပြား တင်းရင်းစေတဲ့ တွယ်ဆက်တစ်သျှူးထဲမှာ ရှိတာကြောင့် အရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်းကို ကောင်းစေ တဲ့အတွက် အရေးကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်တာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ (အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး) လူ့ခန္ဓာကိုယ်မှာ ကော်လာဂျင်ထုတ်လုပ်မှုက တစ်နှစ်လျှင် ၁ .၅ ရာခိုင်နှုန်းခန့် လျော့ကျလာပါတယ်။

ကော်လာဂျင်အမျိုးအစားများ
--------------------------
ကော်လာဂျင်အမျိုးအစား ၂၈ မျိုး ရှိပေမယ့် ဈေးကွက်ထဲက ကော်လာဂျင်ဖြည့်စွက်ဆေးတွေမှာ ကော်လာဂျင်အမျိုးအစား သုံးမျိုးကို အဓိက တွေ့ရလေ့ရှိပါတယ်။
(၁) ကော်လာဂျင် TypeI
အသားအရေ၊ ဆံပင်၊ လက်သည်းခြေသည်း၊ အရိုး၊ တွယ်ဆက်တစ်သျှူးတွေကို အကျိုးပြုပါတယ်။(၂) ကော်လာဂျင် TypeII
အရိုးအဆစ်အမြစ် ကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
(၃) ကော်လာဂျင် TypeIII
အရေပြား၊ အူလမ်းကြောင်းစနစ်၊ သွေးကြော၊ ကြွက်သား၊ သားအိမ်စတာတွေကို ကောင်းကျိုးပြုပါ တယ်။
ကော်လာဂျင်ဖြည့်စွက်ဆေးတွေကို အဓိကအားဖြင့် တိရစ္ဆာန်ကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ငါးအရေခွံကထုတ်တဲ့ ကော်လာဂျင်၊ နွားအရိုးက ထုတ်တဲ့ ကော်လာဂျင်၊ ကြက်အရိုးက ထုတ်တဲ့ ကော် လာဂျင် စသဖြင့် တွေ့ရတတ်ပါတယ်။

ကော်လာဂျင်ကို သဘာဝအစာကနေ ရနိုင်သလား
-----------------------------------
သင့်ခန္ဓာကိုယ်က သဘာဝအစာတချို့စားပြီး ကော်လာဂျင် ထုတ်နိုင်ပါတယ်။ အဲဒီအစာတွေကတော့-
ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကညွတ်၊ ပဲသီး၊ အချဉ်အရသာရှိတဲ့ အသီးတွေ
ခရမ်းချဉ်သီးလို အနီရောင် အသီးအနှံတွေ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊
ငါး၊ အထူးသဖြင့် အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး စတာတွေ၊
နို့၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ အသား စတာတွေမှာ ကော်လာဂျင်ပရိုတင်း ပါဝင်ပါတယ်။

ဘယ်လောက်ပမာဏ သောက်သင့်သလဲ
---------------------------
ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း သောက်သင့်ပါတယ်။ နုပျိုချင်လွန်းလို့ ပိုသောက်တာမျိုး မလုပ်သင့်ပါဘူး။

ဘယ်လိုကောင်းကျိုးတွေရှိလဲ
---------------------------
အရိုးသန်စွမ်းခြင်း၊ အသားအရေဆွဲဆန့်နိုင်စွမ်း ကောင်းစေခြင်း၊ ဆံပင်ထူခြင်း၊ လက်သည်းကျန်းမာ ခြင်း၊ အရိုးအဆစ်အားကောင်းခြင်း စတဲ့ ကောင်းကျိုးလေးတွေရှိပါတယ်။

ဘယ်လို ဘေးထွက်ဆိုးကျိုးရနိုင်သလဲ
---------------------------
ကော်လာဂျင်ကို လိုအပ်သလောက် သောက်ရင် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မတွေ့ရပါဘူး။ ရင်ပူတာ၊ ဝမ်းချုပ်တာ၊ ရင်ပြည့်တာလောက်ပဲ တွေ့ရလေ့ရှိပါတယ်။

ဘယ်သူတွေ မသောက်သင့်ဘူးလဲ
---------------------------
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်ဖြစ်ရင်၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းရင် ကော်လာဂျင် မသောက်သင့်ပါ။

ဘယ်လိုသောက်သင့်သလဲ
--------------------------
ကော်လာဂျင်စုပ်ယူမှုအားကောင်းဖို့ အဆီများတဲ့အစာနဲ့ ခပ်ဝေးဝေးသောက်သင့်ပါတယ်။ အစာ မစားခင် ဒါမှဟုတ် အစာစားပြီး အချိန်နှစ်နာရီခြားသောက်တာ အကောင်းဆုံးပါပဲ။ (တချို့အမျိုးအစား တွေက မနက် အိပ်ရာထထချင်း သောက်ရတာရှိသလို တချို့အမျိုးအစားတွေက ညအိပ်ခါနီး သောက်ရ တာရှိပါတယ်)

အထူးသတိပြုရန်
-----------------
✅ ခန္ဓာကိုယ်က ကော်လာဂျင်စုပ်ယူမှုအားကောင်းဖို့ တချို့ဖြည့်စွက်ဆေးတွေမှာ ဗီတာမင်စီ ထည့်သွင်းထားတာလည်း ရှိပါတယ်။
✅ တကယ်လို့ ဗီတာမင်စီမပါရင် ကော်လာဂျင်ကို ဗီတာမင်စီပါဝင်တဲ့ အသီးအနှံတွေနဲ့ တွဲစားပေး ပါက ခန္ဓာကိုယ်က စုပ်ယူမှုပိုကောင်းစေပါတယ်။

Welcome to my page 😍😍😍Purple Queen Mandalay  Leader
01/09/2022

Welcome to my page 😍😍😍
Purple Queen Mandalay Leader

OS စလုပ်တဲ့သူတိုင်း အောင်မြင်ဖို့အတွက်ဒီ( ၅ )ချက်ကို ကျော်ဖြတ်နိုင်ဖို့လိုတယ်❣️၁။ အစပိုင်းမှာမလုပ်တတ်လို့လုံးဝစိတ်ဓါတ်မက...
01/09/2022

OS စလုပ်တဲ့သူတိုင်း အောင်မြင်ဖို့အတွက်
ဒီ( ၅ )ချက်ကို ကျော်ဖြတ်နိုင်ဖို့လိုတယ်❣️

၁။ အစပိုင်းမှာမလုပ်တတ်လို့
လုံးဝစိတ်ဓါတ်မကျပါနဲ့🙅‍♀️

၂။ အစပိုင်းမှာမရောင်းရလို့
လုံးဝစိတ်ဓါတ်မကျပါနဲ့🙅‍♀️

၃။ အစပိုင်းမှာပင်ပန်းလို့
လုံးဝစိတ်ဓါတ်မကျပါနဲ့🙅‍♀️

၄။ အစပိုင်းမှာအမြတ်နည်းလို့ လုံးဝစိတ်ဓါတ်မကျပါနဲ့🙅‍♀️

၅။ အစပိုင်းမှာသူများကိုမမှီလို့ လုံးဝစိတ်ဓါတ်မကျပါနဲ့🙅‍♀️

ကြိုးစားမှုဆိုတာမိမိကိုယ်တိုင်သာပဲဖြစ်ပါတယ်
ဒီက Moe Pa နဲ့အတူ ကြိုးစားကြမယ်နော်😍

25/08/2022

😊😊😊

မြန်မာပြည်အနှံ့မြို့နယ်ပေါင်း၃၀၀ကျော် အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်နော်

ကျွန်တော် အလုပ်မနားရဲဘူး.....ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်မှာစုထားတဲ့ငွေ မရှိလို့ပဲကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူးဘာဖ...
25/08/2022

ကျွန်တော် အလုပ်မနားရဲဘူး.....

ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော်မှာစုထားတဲ့ငွေ မရှိလို့ပဲ

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် လုပ်လက်စ
အလုပ်တွေ မပြီးသေးလို့ပဲ

ကျွန်တော် အပျင်းမကြီးရဲဘူး

ဘာကြောင့်လည်း ဆိုတော့
ကျွန်တော်ထက်သာတဲ့ သူတွေတောင်
ကြိုးစား နေကြဆဲလို့ပါ

ကျွန်တော်မှာ ရွေးစရာလမ်းတွေ
အများကြီး
ဒါပေမယ့် ရွေးပြီးသား လမ်းကိုတော့
ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ
ကျွန်တော်ကို မကောင်းဘူးပြောပြော
အချိန်တန်တော့ သူ့ဘာသာသူ
နားလည်သွားပါလိမ့်မယ်

စိတ်ထဲမှာ လာထည့်ထား
နေစရာ မလိုပါဘူး
ကိုယ်ဘယ်သူ့ အပေါ်မှာမှ
အကြွေးမတင်ရင် တော်ပါပြီ

စိတ်အေးအေးထားတက်အောင် ကြိုးစားပါ
လူ့ ဘဝဆိုတာ အတက်ရှိသလို
အဆင်းလဲ ရှိတတ်ပါတယ်

သူများတွေကို လိုက်ပြီး
ကဲ့ရဲ့ ‌နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့ သင်ခန်းစာတွေကို
ကြေညှက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှ
မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု
အသိုင်းဝိုင်း ဆိုတာလည်း
မရှိပါဘူး

ကျွန်တော်ရွေးချယ်တဲ့ လမ်းကတော့
လုံးလ ဝီရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ
ကျွန်တော် ဘယ်သူ့ကိုမှ
မနာလို မဖြစ်ပါဘူး

ဒီအခြေအနေထိရောက်ဖို့
ဘယ်လောက်ထိ နေ့မနား ညမနားလုပ်ခဲ့လဲ ဆိုတာပဲမေးကြည့်လိုက်ပါ

လူတိုင်း လူတိုင်း လည်း
လွတ်လပ်မှုကို လိုချင်ကြမှာပါပဲ

အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါ
သူတို့လည်း သူတို့အပူနဲ့ သူတို့ပါ
ပစ္စည်း ဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့
ကိုယ့်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို
တန်ဖိုးရှိအောင် သုံးပါ

ဒါကြောင့် ဘယ်သူ့ကိုမှ
မနာလိုစရာ အကြောင်းမရှိဘူး

လူ့ဘဝက တိုတိုလေးပါ
ဘာမှ ပြိုင်စရာမရှိပါဘူး

ကိုယ်ဘယ်လောက်
ကုသိုလ်တွေ လုပ်ပြီးပြီးလဲ ဆိုတာ
ပြန်ဆန်းစစ်ကြည့်လိုက်ပါ
သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ

လူတိုင်းလူတိုင်းဟာ သူလိုကိုယ်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထား ကြီးကြီးထားပါ
မောင်နှစ်မလို ဆက်ဆံပါ
အားပေးအပြုံးလေးတွေ ပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက
ပျော်စရာကြီးပါခင်ဗျ။

me : စျေးမြင်ရင် အိမ်ကဆဲမှာစိုးလို့ မသိသာအောင် လုပ်ပေးပါနော်delivery အစ်ကို : ရတယ် ညီမလေး အစ်ကိုအဆင်ပြေအောင်လုပ်ပေးလိုက်...
24/08/2022

me : စျေးမြင်ရင် အိမ်ကဆဲမှာစိုးလို့ မသိသာအောင် လုပ်ပေးပါနော်

delivery အစ်ကို : ရတယ် ညီမလေး အစ်ကိုအဆင်ပြေအောင်လုပ်ပေးလိုက်မယ်

ကျေးဇူးပါ

ချောတယ်လို့ ပြောရင် ဟာ မဟုတ်တာ ဘာညာ ငြင်းလိုက်ရမှစိတ်မှာတော့ ခပ်ပြုံးပြုံးပေါ့.😊
24/08/2022

ချောတယ်လို့ ပြောရင်
ဟာ မဟုတ်တာ ဘာညာ ငြင်းလိုက်ရမှ

စိတ်မှာတော့ ခပ်ပြုံးပြုံးပေါ့.😊

Address

Mandalay
05024

Telephone

+959977278400

Website

Alerts

Be the first to know and let us send you an email when Purple Queen Mandalay Leader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Purple Queen Mandalay Leader:

Share