Hlaing Nan Thiri online shop

Call Directions Contact the business

Hlaing Nan Thiri online shop Shopping & Retail

06/08/2023

အတွေးလွန်ခြင်းကို ဘယ်လိုလျှော့ချမလဲ
**************************************

၁ ။ အလုပ်များအောင်နေပါ ။

အလုပ်ရှုပ်နေလေလေ၊ အလုပ်လုပ်စရာ ရှိနေလေလေ ဒီအတွေးတွေက မဖြစ်လာနိုင်ပါဘူး။ အလုပ်အများကြီး လုပ်ထားရတော့ ညဆို ပင်ပန်းပြီး အိပ်ချင်လာရင်လည်း ညဘက်ထိ တွေးမနေနိုင်တော့ပါဘူး။ အလုပ်များများပြီး လာရင်လည်း ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။

၂။ လက်ရှိမှာ နေထိုင်ပါ ။

မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိုးရိမ်မှုရှိနေတာ ၊ ဖြစ်ပြီးသွားတာတွေအတွက် ပြန်တွေးပြီး လိုက်ပူနေတာတွေက အတွေးလွန်ခြင်းရဲ့ အဓိက တရားခံတွေပါ ။ လက်ရှိမှာ ကိုယ် ဘာလုပ်နေလဲ ၊ ဘာလုပ်ရမလဲ ဆိုတာပဲ တွေးပြီး နေထိုင်ပါ ။ အတိတ်နဲ့ အနာဂတ်က ကိုယ်လိုက် ပြောင်းလဲလို့ မရပါဘူး ။ လက်တွေ့ကသာ ပြောင်းလဲနိုင်တာပါ ။

၃။ Horror Movie တွေ ကြည့်တာ လျှော့ပါ ။

Monica ဆို သရဲတွေ ၊ သွေးတွေ မကြောက်တတ်ပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အိမ်ကမသိအောင်တောင် ခိုးကြည့်ပါတယ် ။ ဘာတွေဖြစ်လာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုသေမှာလဲဆိုပြီး ကြောက်လာတာပါ ။ အဲဒီဇာတ်ကားတွေရဲ့ လွမ်းမိုးမှုက ကိုယ်တစ်ယောက်တည်းသာမက မိသားစုကိုလည်း ပိုစိတ်ပူပြီး ညဘက်ဆို အိပ်မပျော်ပါဘူး ။ အဲဒါကြောင့် အရမ်းကြိုက်ရင်တောင် လျှော့ကြည့်ကြပါ ။

၄။ တစ်ယောက်တည်း မနေပါနဲ့ ။

စကားများများ ပြောပါ ။ များများ hangout လုပ်ပါ ။ သူငယ်ချင်း အများကြီး ထားပါ ။ သူတို့နဲ့ စကားပြောပြီး ပျော်နေရတာက ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို လျော့နည်းစေပါတယ် ။ စိတ်ညစ်ရင်တောင် ဖွင့်ပြောလို့ရတာမို့ တစ်ယောက်တည်း ရှိနေရင်တောင် အတွေးတွေ မဝင်လာနိုင်ပါဘူး ။

၅။ အလုပ်သေးသေးလေးတွေ ထလုပ်ပါ ။

အခန်းထဲ နေနေမယ့်အစား ၊ ဖုန်းသုံးနေမယ့်အစား တံမြက်စည်း ထလှည်းတာ ၊ သန့်ရှင်းရေး ထလုပ်တာ အဲဒီလို အိမ်မှာလုပ်နိုင်တဲ့ အလုပ်တွေ လုပ်ပါ ။ အိမ်နားက ဆိုင်မှာ မုန့်သွားဝယ်တာ ၊ ဓာတ်ပုံထွက်ရိုက်တာ စသည်ဖြင့် အိမ်ထဲမှာ ၊ အခန်းထဲမှာ အမြဲမနေဘဲ လှုပ်ရှားမှုလုပ်ပါ ။

၆။ ကြောက်စရာကောင်းတဲ့ စာတွေ မဖတ်ပါနဲ့ ။

Facebookမှာ တင်ထားတဲ့ Uncover ပုံတွေ ၊ videoတွေကို ဖွင့်မကြည့်ပါနဲ့ ။ ကြောက်စရာကောင်းလို့ coveမထားတာကို သွားပြီး မဖွင့်ကြည့်နဲ့နော် ။ ပြီးတော့ သရဲအကြောင်းတွေ ၊ စိတ်ကို ချောက်ချားစေတဲ့ စာတွေဆိုရင် မနက်ကျမှ ဖတ်ပါ ။ ပြီးရင် ညကျ ပြန်မတွေးနဲ့နော် ။

၇။ အတွေးတွေကို ပြောင်းပါ။

မဖြစ်နိုင်တာတွေ ၊ စိုးရိမ်နေတာတွေကို တွေးမယ့်အစား ငါ ဘာဖြစ်ချင်လဲ ။ စာကို ဘယ်လိုရအောင်လုပ်မလဲ ။ ရည်မှန်းချက်ပြည့်အောင် ဘာတွေလုပ်မလဲ စတဲ့ လက်တွေ့မှာ လုပ်ရမယ့် အတွေးတွေကို တွေးပါ ။ အချိန်မဆွဲနဲ့ ။

တစ်ခုခု လုပ်တော့မယ် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်တစ်ခုထိပဲ စဉ်းစားပါ ။ လိုတာထက် ပိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် ။

၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။

လူငယ်တစ်ယောက်အနေနဲ့ Monica တို့ လုပ်နိုင်တာ အများကြီးရှိသလို ရှေ့ဆက်ရမယ့် လမ်းတွေလည်း အများကြီးပါ ။ ရွေးချယ်စရာတွေ ရှိနေတဲ့အပြင် ဖြစ်ချင်တာတွေ ဖြစ်ဖို့လည်း နောက်မကျသေးပါဘူး ။ အဲဒါကြောင့် ကိုယ်က ဘာမှမလုပ်နိုင်ဘူး ။ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုး မတွေးဘဲ တစ်လှမ်းစီ လျှောက်ရအောင် ။

၁၀။ မထွက်ပြေးပါနဲ့ ။

အမှားလုပ်မိတယ်ထင်ရင် ဝန်ခံလိုက်ပါ ။ တောင်းပန်လိုက်ပါ ။ ဖြေရှင်းပေးလိုက်ပါ ။ ကိုယ် သိချင်တဲ့ မေးခွန်းရှိရင်လည်း မေးလိုက်ပါ ။ ဖြစ်သမျှကို စိတ်ထဲမှာ မသိမ်းထားပါနဲ့ ။ လက်တွေ့မှာပဲ နေထိုင်ရအောင် ။

အပိုင်း ၁ ရဲ့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ် ကြရအောင် ။

Let's start

တစ်ရက်တာအတွက်-

၁၁ ။ ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတာ လျှော့ရန် ။

၁၂ ။ တစ်နေကုန် အခန်းအောင်းတာကို ရှောင်ရန် ။

၁၃ ။ ဟင်း ၅ မျိုး ချက်တတ်ရန် ။

၁၄ ။ ဘုရားစာ အလွတ်ရရန် ။ ကိုယ် ရွတ်ချင်တဲ့ ဘုရားစာကိုပါ ။

၁၅ ။ ဘာသာစကားအသစ်ကို တစ်နာရီ အမြဲ အချိန်ပေး လေ့လာရန် ။

ဒီ ၁၅ ချက်ကတော့ တစ်လတည်း အချိန်ပေးရုံနဲ့ ရရှိလာနိုင်တဲ့ အကျိုးတွေ သိသာတာမို့ Accept လုပ်ပြီး လိုက်လုပ်ကြည့်ပါ ။

ကောင်းတဲ့အရာဆို အကျင့်ဖြစ်အောင် လုပ်ယူလို့ရတာမို့ အခုပဲ စလိုက်ရအောင် ။ Monica ကတော့ Accept လုပ်ပါတယ် ။ စာဖတ်သူတို့ကော ဘယ်လိုလဲ ။

#အသက်၂၀မှာပြောင်းလဲရမယ့်အချက်၂၀

စင်္ကာပူ နိုင်ငံအတွင်း မြန်မာစာအုပ်ဆိုင် 📚❤
MK Book Store & စင်္ကာပူ

အရမ်းစားလို့ကောင်းတဲ့ Order တွေတောင် လက်မလည် ပို့ပေးနေရတဲ့🥰🥰🥰🤩🤩🤩🤩 #ကြောင်ရှာပွင့်ကြော်😋😋😋 #မျှစ်နုကြော်😋😋😋 #လက်ပံပွင့်ကြ...
05/08/2023

အရမ်းစားလို့ကောင်းတဲ့
Order တွေတောင် လက်မလည် ပို့ပေးနေရတဲ့🥰🥰🥰🤩🤩🤩🤩
#ကြောင်ရှာပွင့်ကြော်😋😋😋
#မျှစ်နုကြော်😋😋😋
#လက်ပံပွင့်ကြော် 😋😋😋
ကျွတ်ကျွတ်ရွရွ လေးနဲ့ အရသာရှိရှိစားလို့ကောင်း စားပြီးရင်ထပ်စားခြင်😋😋😋
#တစ်ထုပ်မှ1300 🫢ပေးရတာနဲ့ စားရတာ အရမ်းတန်သောလေးပါရှင့်😋😋

#လက်ကားဈေးသီးသန့်သက်သက်ရှိပါတယ်ရှင့်

mini cooler 14000ks.😍Power bankနှင့်​လည်း ချိတ်​ ပြီး အသုံးပြုလို့ရပါတယ်​ ရှင့်​😍မှာ သ​လောက်​ အမြန်​ကုန်​လွယ်​တဲ့ ပစ္စည်...
23/04/2023

mini cooler 14000ks.😍
Power bankနှင့်​လည်း ချိတ်​ ပြီး အသုံးပြုလို့ရပါတယ်​ ရှင့်​😍
မှာ သ​လောက်​ အမြန်​ကုန်​လွယ်​တဲ့ ပစ္စည်း​လေးပါ​နော်​ ရာသီဥတုအတွက်​ အဆင်​​ပြေပြီး က​လေး​လေး​တွေ အတွက်​လည်း အဆင်​​ပြေပါတယ်​:-)😍

16/03/2022
ချည် ကော်တွန်းလေး😍😍ဝမ်းဆက် တစ်စုံ ကို မှ 2800(နှစ်ထောင့်ရှစ်ရာကျပ်)😍😍😍(၅စုံမှ စ ယူပေးပါရှင့် Mdy အိမ်ရောက်ငွေချေ☺️ကုန်တာ...
16/03/2022

ချည် ကော်တွန်းလေး😍😍
ဝမ်းဆက် တစ်စုံ ကို မှ 2800(နှစ်ထောင့်ရှစ်ရာကျပ်)😍😍😍(၅စုံမှ စ ယူပေးပါရှင့် Mdy အိမ်ရောက်ငွေချေ☺️
ကုန်တာမြန်လို့ လက်သွက်မှ ရမယ်နော် ချစ်တို့ရေ🤗🤗🤗😘😘😘

မင်းကတော်ချိတ်ပြည့် ချည်သားထမီ ၂ ကိုက် အကျီ ၁ ကိုက်ဝမ်းဆက် တစ်စုံ.. 10000
01/12/2021

မင်းကတော်ချိတ်ပြည့် ချည်သား

ထမီ ၂ ကိုက် အကျီ ၁ ကိုက်

ဝမ်းဆက် တစ်စုံ.. 10000

Address

Mandalay

Telephone

+959969710885

Website

Alerts

Be the first to know and let us send you an email when Hlaing Nan Thiri online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlaing Nan Thiri online shop:

Shortcuts

Share