Pann ThaDin Pharmacy

Pann ThaDin Pharmacy Pharmacy & Store

12/10/2022

#တံတွေးခဏဏထွက်နေလို့ပါ
#နေ့ဘက်ဆိုမသိသာပေမယ့်
#ညဘက်ဆိုနိုးနိုးပြီးထထွေး_နေရလို့အိပ်ရေးမဝဘူး



တံထွေးကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် ပစ္စည်းပါပဲ ။ ပါးစပ်ထဲမှာရှိတဲ့ (လျှာအောက်၊ မေးစေ့ နဲ့ ပါးချိတ် စတဲ့ တံထွေးအိတ်) တွေကနေထုတ်ပေးတာပါ။

- အစာစားတဲ့ အခါ ဝါးရတာ ချောမွေ့အောင်၊ မျိုချရတာ ချောမွေ့အောင်ကူပေးပါတယ်
- လျှာမှာရှိတဲ့ အရသာခံဖုလေးတွေက အစာရဲ့အရသာကို သိရအောင်လည်း ကူပေးပါတယ်
- စားတဲ့အထဲပါလာတဲ့ ပိုးမွှားတွေ ကိုလည်း သတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်
- Slivary Amylase ဆိုတဲ့ Enzyme ပါဝင်တာမို့ အစာချေတဲ့နေရာမှာလည်း ကူပေးပါတယ်။
သူရှိတဲ့ အကျိုးတွေပေါ့။

တံထွေးက ဘယ်အချိန်ထွက်လဲ ဆိုရင်
- အစားစားတဲ့အခါ တင်မကပါဘူး
- ကိုယ်စားချင်တာကို မြင်တဲ့ အခါ
- ကိုယ်စားချင်တာတွေးတဲ့အခါ
- အစားအသောက်အနံ့ရတဲ့အခါ
- ဂလုံးဂလွမ် နဲ့ အစားအသောက်ချက်နေတာကို ကြားတဲ့ အခါ ပါးစပ်ထဲ တံထွေးတွေပြည့်လာပါတယ်
👉 သွားရည်ကျတယ်လို့ ပြောတတ်ကြပါတယ်။
ထွက်လာတဲ့ သွားရည်တွေကို မျိုချလိုက်တော့ ပါးစပ်ထဲ အများကြီး ရှိမနေတတ်ပါဘူး။

အဲ့လိုပုံမှန် ထွက်နေမှ အကျိုးရှိတဲ့ တံထွေးဟာ ပုံမှန်ထက် ပိုထွက်တဲ့အခါ။
မျိုမချနိုင်တဲ့ အခါ ပါးစပ်ထဲမှာ များလာတတ်ပါတယ်။

👉 ညအိပ်တဲ့အခါမျိုးပေါ့
ညအိပ်တဲ့အခါ တကိုယ်လုံးက ကြွက်သားတွေက Relax (သက်တောင့်သက်သာ) အနေအထားရှိနေတတ်ပါတယ် - အလုပ်မလုပ်ကြဘူးပေါ့
အဲ့လိုပဲ လည်ပင်းကြွက်သား (မျိုချတဲ့နေရာမှာ အလုပ်လုပ်တဲ့ ကြွက်သားတွေလည်း) နားနေကြတာပေါ့။
မျိုမချတဲ့ တံတွေးတွေများလာတဲ့ အခါ လူက ဘေးစောင်းပြီးအိပ်နေတဲ့ အတွက် အပြင်ကို စီးထွက်လာပြီး ခေါင်အုံးရွှဲနေတာကို (ညင်ညင်သာသာ ပဲ အာပုတ်ရည်ကျတယ် လို့ ခေါ်တတ်ကြပါတယ်)
တကယ်က တံထွေးပါပဲ။
👉 ပါးစပ်ဖွင့်ပြီး အသက်ရှူတတ်တဲ့ သူတွေမှာလည်း သွားရည်အထွက်များပါတယ်
အအေးမိလို့ နှာပိတ်နေတတ်တဲ့သူတွေ
ထိပ်ခပ်နာရှိလို့ နှာပိတ်ပြီး ပါးစပ်နဲ့ရှူရတဲ့ သူတွေ ပေါ့

နာတာရှည်ရောဂါတွေအနေနဲ့
- Sleep Apnoea (အဝလွန်ပြီး ညအိပ်နေချိန်အသက်ရှူရခက်သူတွေ)
- GERD ( အစာချေရည်ပြန်တဲ့ရောဂါ) ရှိသူတွေ
မှာလည်း သွားရည်အထွက်များတတ်ပါတယ်။

လေဖြတ်ပြီး အစာမမျိုချနိုင်တဲ့ လူနာတွေမှာလည်း သွားရည်အထွက်များပါတယ်။

ဆေးတွေအနေနဲ့ တချို့ #စိတ်ကျဆေး သောက်နေရသူတွေမှာလည်း ဆေးရဲ့ ဘေးထွက်အနေနဲ့ သွားရည်အထွက်များပါတယ်။
---------
#သွားရည်ထွက်တာနည်းချင်တယ်

✔️ ပက်လက်အိပ်ရင်တော့ (ဘေးစောင်းအိပ်တာထက်) သွားရည်အကျနည်းစေနိုင်ပါတယ်။

✔️ GERD အစာချေရည်ပြန်တဲ့ရောဂါ ရှိသူတွေကတော့ အိပ်ချိန်နဲ့ ညစာ (၃ နာရီ ခြားပြီးစားပါ) ညအိပ်လျှင် ခေါင်းရင်းပိုင်းမြှင့်ထားတာဖြစ်စေ ခေါင်းအုံးမြင့်မြင့် သုံးပြီးဖြစ်စေ အိပ်ပါ

✔️ အရမ်းဟောက်တဲ့ (OSA) အဝလွန်ပြီး ညအိပ်နေချိန်အသက်ရှူရခက်သူတွေ အနေနဲ့က ဆရာဝန်ပြသပြီး Sleep Study လုပ်ကာရအသက်ရှူအကူကိရိယာ (CPAP) နဲ့ အိပ်သင့်ပါတယ်။

✔️ ပါးစပ်နဲ့ အသက်မရှူရလေအောင် နှာစေးနှာပိတ်တာ ၊ ထိပ်ခပ်နာ စတာတွေကို သေသေချာချာ ဆရာဝန်ပြသပြီး ကုစမှုခံယူကြပါ။

🚨 သွားရည် (တံထွေး) ဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုတာတွေ အများကြီးရှိလို့ တံထွေးမထွက်အောင်ဆိုပြီး ဆေးတွေမသောက်သင့်ပါဘူး။

ဒီအချက်တွေ လိုက်လုပ်ရင်းနဲ့မှ အဆင်မပြေကြရင်တော့
ဆရာဝန် 👨‍⚕️ ပြသ စစ်ဆေးစမ်းသပ်မှု ခံယူပြီး ညွှန်ကြားချက် လိုက်နာကြပါ။

(Ref; Healthline)
(Photo credit; Bright side)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
07:30 pm/ 12.10.2022

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

07/05/2022

အစာအိမ်ရောင်ခြင်း ( February, 2022 )
==============================

စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး အချိန်မှီမကုရင် သွေးဆိပ်တက်ပြီး အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

🔹ရောဂါလက္ခဏာများ

-ရင်ညွန့်နေရာမှာနာခြင်း၊ အောင့်ခြင်း
-အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-အန်ခြင်း
-လေချဉ်တက်ခြင်း
-အစားအသောက်ပျက်ခြင်း
(အစာအိမ်ရောင်တာကနေ အစာရေမြိုပြွန်အဆို့ရှင်လေးပါ မလုံတော့ရင် ရင်ပူတာ၊ လှဲလိုက်ရင် ရင်ခေါင်းထဲ မအီမသာဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အစာအိမ်အနာဖြစ်ပြီး သွေးယိုလာရင် ဝမ်းအမည်း သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။)

🔹ဘာကြောင့်ဖြစ်တာလဲ ?

အစားအသောက်

-ဆေးလိပ်၊ အရက်၊ ကော်ဖီ
-အကိုက်အခဲပျောက်ဆေးများ၊ စတီရွိုက်ဆေးများ
-စိတ်ဖိစီးမှုများခြင်း
-H Pylori လို့ခေါ်တဲ့ပိုးတစ်မျိုး

အခြား

-ပြင်းပြင်းထန်ထန်အန်ထားပြီးနောက်ဆက်တွဲအနေနဲ့ အစာအိမ်ရောင်ခြင်း (ဥပမာ ကိုယ်ဝန်အစောပိုင်းတောက်လျောက်အန်နေပြီး နောက်ပိုင်းမှာအစာအိမ်ရောင်ခြင်း၊ အရက်သောက်အမူးလွန်၍ အန်ပြီး အစာအိမ်ရောင်ခြင်း)
-ဝမ်းဗိုက်အထက်ပိုင်းဓါတ်ရောင်ခြည်ကုသခံထားသည့်လူနာများ
-ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ တစ်ချို့ရောဂါများ

🔹ကုသခြင်း

-မိမိဘာကြောင့်အစာအိမ်နာလဲဆိုတဲ့ ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပါ၊ ရှောင်ကျဉ်ပါ။
ဥပမာ အရက်သောက်ပြီး အစာအိမ်အောင့်လျှင် အရက်ကိုလျှော့သောက်/ မသောက်ပါနှင့်၊ နာတာရှည် အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါရှိလို့ အကိုက်အခဲပျောက်ဆေးတွေ အမြဲစွဲသုံးနေရလျှင် အစာအိမ်ကို မထိခိုက်တဲ့ တခြားဆေးကိုပြောင်းသောက်ဖို့လိုပါတယ်

-အစာအိမ်ဆေးသောက်ပါ
အက်ဆစ်အထွက်နည်းစေတဲ့ဆေးတွေ၊ အစာအိမ်အမြှေးပါးကို ကာကွယ်ပေးတဲ့ဆေးတွေရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး (၂~၃)ပတ်ကနေ လချီပြီးစွဲသောက်ဖို့လိုနိုင်ပါတယ်။

-အစားအသောက်
စဖြစ်တဲ့ ၂၄ နာရီအတွင်းမှာ ကြက်ပြုတ်ရည်၊ နွားနို့ကဲ့သို့အရည်ပဲသောက်ပါ
၂၄ နာရီနောက်ပိုင်း သက်သာလာရင် အစာမာတွေချက်ခြင်းမစားဘဲ မြူစွမ်ပြုတ်၊ ဆန်ပြုတ်လို အစာပျော့ပျော့တွေကို ကိုယ့်အခြေအနေပေါ်မူတည်ပြီး နည်းနည်းခြင်းစစားပါ။

ရှောင်ရမည့်အစားအသောက်များ

_ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ချောကလက်
_ဆီကြော်များ
_ချဉ်သောအရသာရှိသည့်အသီးများ ( သံပုရာသီး၊ရှောက်သီး၊ နာနတ်သီး၊ချဉ်စော်ကားသီး)
_အချဉ်ဖောက်ထားသောအစားအစာများ ( ချဉ်ဖတ်၊ မုန့်ဟင်းခါးဖတ်)
_အချဉ်အစပ်ကဲလွန်းသော အစားအစာများ (ခေတ်စားနေတဲ့ ကိုရီယားအစပ်ခေါက်ဆွဲကို အစာအိမ်နာနေချိန်၊ အစာအိမ်ရောဂါရှိသူတွေ လုံး၀မစားသင့်ပါဘူး)
_ကြေလွယ်ခဲသော အစားအစာများ ( ကောက်ညှင်း)
_အမွှေးအကြိုင်ကဲသာ အစားအစာများ( ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အစာအိမ်နံရံရောင်စေပါတယ်)
_အစာအိမ်ရောင်နေစဉ် ပျားသံပရာ၊ ဂျင်းလက်ဖက်ရည်တွေ သောက်တာကလဲ ပိုဆိုးစေပါတယ်။

-စိတိဖိစီးမှုနည်းအောင်နေပါ

-H.pylori ပိုးရှိမရှိစစ်ပါ

***ဒါတွေဖြစ်ရင် ဆရာဝန်ဆီချက်ခြင်းပြန်ပြပါ။

-ရောဂါတာရှည်နေလျှင်
-တောက်လျောက်အန်နေလျှင်
-ဗိုက်အရမ်းထိုးအောင့်လျှင်
-ရေဓါတ်ခမ်းခြောက်သည့်လက္ခဏာများဖြစ်လာလျှင် (အလွန်အမင်းရေဆာခြင်း၊ ဆီးသွားနဲခြင်း)
-သွေး/ကော်ဖီရောင်များအန်လျှင်၊ ဝမ်းမည်းမည်းသွားလျှင်

Reference:
NHS: Gastritis
John Murtagh's Patient Education, six edition: Gastritis
Better health channel: Gastritis

❤️NUG, MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#တယ်လီကျန်းမာ
#အစာအိမ်ရောင်ခြင်း

💦 #လည်ချောင်းနာ/ #အသံနာတာကိုအမြန်ဆုံးသက်သာဖို့ဘာတွေလုပ်ရမလဲ?အိုမီခရွန်ကူးစက်ခံရရင်ဖြစ်ဖြစ်၊ရာသီဥတုအကူးအပြောင်းဖြစ်ဖြစ် လ...
07/05/2022

💦 #လည်ချောင်းနာ/ #အသံနာတာကိုအမြန်ဆုံးသက်သာဖို့ဘာတွေလုပ်ရမလဲ?

အိုမီခရွန်ကူးစက်ခံရရင်ဖြစ်ဖြစ်၊ရာသီဥတုအကူးအပြောင်းဖြစ်ဖြစ် လည်ချောင်းနာခြင်းကအဖြစ်များဆုံးပါ။အောက်ပါနည်းလမ်းများကိုအသုံးပြုပီး အမြန်သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

🍓ရေများများသောက်ပါ ။
ရေဓာတ်နည်းရင် လည်ချောင်းကခြောက်သွေ့ပြီး အသံပိုဝင်နိုင်သလို နာနိုင်တာမို့ ရေများများသောက်ပေးပါ ။
👉ရေသောက်တဲ့အခါ ရေနွေးသောက်တာက ပိုထိရောက်တာမို့ ရေနွေးသောက်ပေးပါ။3-4l per 24hrပါ။
👉ရေနွေးထဲကိုသံပုရာရည်၊ရှောက်ရည် စတာတွေထည့်သောက်ခြင်းကလည်ချောင်းနာကိုအမြန်သက်သာစေပါတယ်။
🧨ရေခဲရည်၊အအေး၊ကော်ဖီ၊caffeineစတာတွေရှောင်ပေးပါ။

🍓ဆားနှင့်ရေနွေး
ရေနွေး250ccကိုဆားလက်ဖက်ရည်ဇွန်းတဝက်ထည့်ဖျော်ပီးအာလုတ်ကျင်းပါ။3 နာရီခြားတခါလုပ်ပေးပါ။
👉ရေနွေးကိုဆားနှင့် ရောစပ်ရ်ျအာလုတ်ကျင်းပေးခြင်းကလည်ချောင်းနာတာသက်သာစေပီးအကျိချွဲများကိုအပြင်ထွက်စေပါတယ်။လည်ချောင်းနာခြင်းကိုအမြန်သက်သာစေပီးလည်‌ချောင်းတွင်းbacteriaပိုးများကိုသေစေပါတယ်။

🍓ပျားရည်
ပျားရည်တဇွန်းကိုဒီအတိုင်းဖြစ်စေ၊ရေနွေးနှင့်ဖြစ်စေရောစပ်သောက်သုံးပါ။
👉လေ့လာချက်တွေအရပျားရည်သောက်ခြင်းကလည်ချောင်းနာကိုသက်သာစေပီးညဘက်ချောင်းဆိုးခြင်းကိုအမြန်သက်သာ‌စေနိုင်ပါတယ်။

🍓နွယ်ချို
နွယ်ချို ကိုရေနွေးနှင့်ရောစပ်ရ်ျအာလုတ်ကျင်းရင်လည်ချောင်းနာခြင်းနှင့်ချောင်းဆိုးခြင်းကိုသက်သာစေပါတယ်။
🧨ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်များ ပြုလုပ်ရ်ျမရပါ။

🍓ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်တဇွန်းကိုရေတခွက်နှင့်ရောစပ်ပီးအာလုတ်ကျင်းပေးပါ။1နာရီမှာတကြိမ် သို့ နှစ်ကြိမ်ပါ။
လည်ချောင်းတွင်းအညစ်အကြေးများ၊ပိုးမွှားများကိုသေစေပါတယ်။
ပလုတ်ကျင်းပီးတိုင်းရေများများသောက်ပါ။

🍓ရေငွေ့လေးတွေရှူပေးပါ ။
👉ပန်းကန်လုံးထဲ ရေနွေးပူပူကိုလောင်းထည့်ပြီး ထွက်လာတဲ့ အငွေ့လေးတွေ ရှူရင်လည်းရပါတယ် ။
👉ရေပူပူနဲ့ ရေချိုးတာကလည်း လည်ချောင်းနာတာ ၊ အသံနာတာကို သက်သာဖို့ နည်းလမ်းကောင်းတခုပါ။

🍓ငုံဆေးအချို့ငုံပေးပါ ။
လည်ချောင်းလေးတွေ စိုနေဖို့ ငုံဆေးငုံပါ။
ဥပမာ-Mybaccin, strepsilစတဲ့‌ဆေးတွေလည်း ငုံနိုင်ပါတယ်။

🍓အိပ်ရေးဝအောင်အိပ်ပါ။
အိပ်စက်ခြင်းက ကိုခံအား‌ကိုအမြန်တက်စေပီးလည်‌ချောင်းနာတာအမြန်သက်သာ‌စေပါတယ်။

🍓သောက်ဆေး
အရမ်းနာနေတာမျိုးရှိရင်တော့ Paracetamol လို အကိုက်အခဲပျောက် ဆေးသောက်လို့ရပါတယ်။
ရက်အတော်ကြာ မသက်သာပါက ဆေးခန်းပြရပါမယ်။

🛑 ဒါတွေမလုပ်ပါနဲ့ ။
👉အရက်၊ဆေးလိပ်ရှောင်ပါ။
အရက်၊ဆေးလိပ်သောက်ခြင်းက လည်ချောင်းကို ပိုမိုခြောက်သွေ့စေပြီး အသံကိုလည်း ပိုနာစေပါမယ် ။
👉လည်ပင်းကပ်နေရင်"အဟမ်း အဟမ်း အဟမ်း"ဆိုပြီး ချောင်းဟန့်တာမျိုး ခဏခဏမလုပ်ပါနဲ့ ။ ဒီလိုလုပ်တာကလည်း အသံကိုပိုနာစေပါမယ်။
👉အအေးမိရင်သောက်တဲ့ဆေးမျိုး၊ နှာရေယို ၊ နှာခေါင်းပိတ်ရင်သောက်တဲ့ဆေးမျိုးတွေဖြစ်တဲ့Decogestants ဆေးမျိုးတွေကို ရှောင်ပါ။ဒီဆေးတွေက လည်ချောင်းကိုခြောက်သွေ့စေပြီး လည်ချောင်းပိုနာလာမှာဖြစ်ပါတယ်။

ဒေါက်တာကောင်းထက်ကျော်

08/01/2022

ရွှေဖရုံသီးအစေ့ကို စားခြင်းဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တဲ့အတွက် မကြာမကြာ စားဖြစ်ပါတယ်။ ရွှေဖရုံသီးအစေ့ဟာ လူတွေစားလို့ရတဲ့ သစ်သီးအစေ့တစ်မျိုး (Edible kernels) ဖြစ်ပါတယ်။ သူဟာ အာဟာရဓာတ်တွေ သိပ်သည်းကျစ်လစ်စွာ စုစည်းထားတဲ့အတွက် မကြာခဏလည်း စားပေးသင့်ပါတယ်။ သူ့မှာ အဓိကအားဖြင့် ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီဒင့်တွေနဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။

ရွှေဖရုံစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေကတော့ Tryptophan (ထရစ်တိုဖန်) နဲ့ Glutamate (ဂလူတမိတ်) တို့ပဲဖြစ်ပါတယ်။ Tryptophan ဟာ ခန္ဓာကိုယ်ထဲရောက်ရင် Serotonin နဲ့ Niacin အဖြစ် ပြောင်းလဲသွားပြီး တာဝန်ထမ်းဆောင်ပါတယ်၊ Tryptophan 60 mg စားခဲ့ရင် Niacin 1 mg ရရှိပါတယ်။ သူတို့ဟာ ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ပုံမှန်အိပ်စေဖို့ အထောက်အကူပြုတဲ့အတွက် ရွှေဖရုံစေ့ကို Nature's sleeping pill လို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ဆရာ့ဆေးခန်းလာတဲ့ လူနာတွေ ညဘက်အိပ်မပျော်ဘူးဆိုရင် ညနေစာစားပြီးတဲ့အချိန်မှာ ရွှေဖရုံသီးစေ့လေး ပုံမှန်စားပေးရင် တဖြည်းဖြည်းနဲ့ အိပ်ချိန်မှန်လာတာကို တွေ့ရပါတယ်။ အိပ်ဆေးသောက်နေရတဲ့သူတွေကို စမ်းသပ်ပြီး ပြောင်းလဲကျင့်သုံးကြည့်နိုင်ပါတယ်။ Overdose လည်းမရှိ ဘေးထွက်ဆိုးကျိုးလည်း မပေးတဲ့အပြင် အာဟာရဓာတ်တွေ ဖြည့်တင်းပေးတော့ ပိုကောင်းပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

👉https://t.me/famepharmaceuticals
👉https://t.me/famepharma

08/01/2022
25/10/2021
25/10/2021

Address

No. 62 , Bet ( 64st & 65st ) , Chan Mya Thar Si Tsp
Mandalay

Opening Hours

Tuesday 06:00 - 22:00
Wednesday 06:00 - 10:00
Thursday 06:00 - 10:00
Friday 06:00 - 10:00
Saturday 06:00 - 10:00
Sunday 06:00 - 10:00

Alerts

Be the first to know and let us send you an email when Pann ThaDin Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share