Sein Thayaphu Retail Store

Sein Thayaphu Retail Store Diamond Crown RetailStore မှ အ​ရေ​သွေး​ကောင်းပစ္စည်?

Happy Birthdayပါ ဆရာကြီးယ​နေ့ကျ​ရောက်​သော​မွေး​နေ့ရက်မြတ်မှာ ​ပျော်ရွှင်ချမ်း​မြေ့ပါ​စေသက်ရှည်ကျန်းမာပြီး ​ဆေးပညာဗဟုသုတမ...
27/06/2026

Happy Birthdayပါ ဆရာကြီး

ယ​နေ့ကျ​ရောက်​သော​မွေး​နေ့ရက်မြတ်မှာ ​ပျော်ရွှင်ချမ်း​မြေ့ပါ​စေ
သက်ရှည်ကျန်းမာပြီး ​ဆေးပညာဗဟုသုတများ ဆက်လက်မျှ​ဝေနိုင်ပါ​စေ
​ကျန်းမာချမ်းသာ​ပျော်ရွှင်ပါ​စေလို့ ဆုမွန်​ကောင်း​တောင်း​ပေးပါတယ်
ဂါဝရတရားဖြင့် ကန့်​တော့ပါတယ်ရှင်🙏🙏🙏

စိန်သရဖူမိသားစု
မြန်မာတိုင်းရင်း​ဆေး(သြ/သု)အ​ရောင်းဆိုင်

🍀🍀🍀သဘာဝကန်ဇွန်းရိုးနီ​ဖျော်ရည်🍀🍀🍀ဆရာကြီးဦးရန်​အောင်(​ရွှေဟင်္သာညီ​နောင်​ဆေးတိုက်)မှ ထုတ်လုပ်သော ကန်ဇွန်းရိုးနီ​ဖျော်ရည်...
26/03/2026

🍀🍀🍀သဘာဝကန်ဇွန်းရိုးနီ​ဖျော်ရည်🍀🍀🍀

ဆရာကြီးဦးရန်​အောင်(​ရွှေဟင်္သာညီ​နောင်​ဆေးတိုက်)မှ ထုတ်လုပ်သော ကန်ဇွန်းရိုးနီ​ဖျော်ရည်

🌹ပါဝင်ပစ္စည်း
ဗီတာမင်​အေ၊ဗင်တာမင်စီ၊သံဓါတ်အမျှင်ဓါတ်များပါဝင်​သော​ကြောင့်
ခန္ဓာကိုယ်တွင်းအဆိပ်အ​တောက်များ နှင့် နှလုံးအဆီဖုံးခြင်းများဖယ်ရှား​ပေးခြင်း၊မျက်စိအား​ကောင်းခြင်း၊အသည်းအဆုတ်တို့၏အဆိပ်အ​တောက်များဖယ်ရှား​ပေးခြင်း ကိုယ်ခံအား​ကောင်း​စေခြင်း၊သံဓါတ်ကိုဖြည့်ဆည်း​ပေးခြင်း၊ဆီး​ကျောက်တည်ခြင်း၊ဆီးပူခြင်း၊ဆီး​အောင့်ခြင်း၊အရည်အိပ်တည်ခြင်းစ​သောမီးယပ်​ဝေဒနာတို့ကိုသက်သာ​စေခြင်း၊အမျိုးသမီးများ​သွေးသန့်​စေခြင်း နှင့် ဆံသားကို အားဖြည့်​​ပေးသည်။

အသုံးပြုနည်း
​ရေ​နွေးပူတခွက်ထဲကို ကန်ဇွန်းရိုးနီ​ဖျော်ရည် ထမင်းစားဇွန်းတဇွန်းခန့်ထည့်၍​ဖျော်​သောက်ပါ
တ​နေ့ (၂)ကြိမ်ခန့်​သောက်သုံးနိုင်သည်
(*ဓါတု​ဗေဒပစ္စည်းများမပါဝင်ပါ)

​စျေးနှုန်း ၉၈၀၀ကျပ်
(400gပါဝင်သည်)
👑စိန်သရဖူစတိုး
(ဆရာကြီးဦးရန်​အောင်မြန်မာတိုင်းရင်း​ဆေးအ​ရောင်းဆိုင်-မန္တ​လေး)

အမှတ်-(ယ၃/၃၆)
၇၁စီလမ်း၊မြဝတီမင်းကြီးလမ်းနှင့် ၁၁၃လမ်းကြား၊
အ​ရှေ့ကျွဲဆည်ကန်၊မန္တ​လေး
09 66 2626565
09 952 259899
09 789923532

💥💥💥သီတင်းကျွတ်လပြည့်​နေအခါသမယမှာ ​ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကြပါ​စေလို့ 🌹🌹🌹👑စိန်သရဖူ (i Seven)မိသားစုမန္တ​လေး
06/10/2025

💥💥💥သီတင်းကျွတ်လပြည့်​နေအခါသမယမှာ ​ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကြပါ​စေလို့ 🌹🌹🌹
👑စိန်သရဖူ
(i Seven)မိသားစု
မန္တ​လေး

🌹ဆရာကြီးဦးရန်​အောင်​မွေး​နေ့မင်္ဂလာ🌹နှစ် ၈၀ပြည့်​မွေး​နေ့ရက်မြတ်မှသည် သက်ရှည်ကျန်းမာ​ပျော်ရွှင်ပါ​စေ​နေ့စဥ်လူသားတို့အတွ...
27/06/2025

🌹ဆရာကြီးဦးရန်​အောင်​မွေး​နေ့မင်္ဂလာ
🌹နှစ် ၈၀ပြည့်​မွေး​နေ့ရက်မြတ်မှသည် သက်ရှည်ကျန်းမာ​ပျော်ရွှင်ပါ​စေ
​နေ့စဥ်လူသားတို့အတွက် ဘဝ​နေနည်း နှင့် ကျန်းမာ​ရေးဗဟုသုတများ မျှ​ဝေ​ပေးခြင်း ကုသိုလ် စုဗူးကြီး ကို ဆက်လက်စုနိုင်ပါ​စေ

ဆရာကြီး ​နေ့စဥ်ပို့သ​သော​မေတ္တာများကိုခံယူလျှက်ပါ
ဆရာကြီးအတွက်​နေ့စဥ်ပို့သလျှက်ရှိ​သော​မေတ္တာများရရှိခံစားနိုင်ပါရန်​မေတ္တာပို့​ပေးလိုက်ပါတယ်ရှင့်
🙏🙏🙏

စိန်သရဖူမိသားစု
မန္တ​လေး

၁၃၈၇-ခုနှစ် နှစ်သစ်မှစ၍ ရှေ့ဆက်ရမယ့် ဘဝခရီးတစ်လျှောက်လုံး နေ့ရက်အချိန်တိုင်း မိသားစု ချစ်သူခင်သူများနဲ့အတူတူကိုယ်စိတ်နှစ...
17/04/2025

၁၃၈၇-ခုနှစ် နှစ်သစ်မှစ၍

ရှေ့ဆက်ရမယ့် ဘဝခရီးတစ်လျှောက်လုံး နေ့ရက်အချိန်တိုင်း မိသားစု ချစ်သူခင်သူများနဲ့အတူတူ
ကိုယ်စိတ်နှစ်ဖြာ အမြဲအေးချမ်းပျော်ရွှင်ပါစေ..

အနာရောဂါ ဘေးရန်အန္တရာယ်များကင်းဝေးပါစေ..

သဘာဝဘေး ကပ်ရောဂါဘေးများမှကင်းဝေးပါစေ..

စီးပွားဥစ္စာ အလုပ်အကိုင်များ ဆတက်တိုး တိုးပွားအောင်မြင်ပါစေ..

ကောင်းကျိုးလိုရာမှန်သမျှ အမြဲပြည့်ဝပါစေ..

ဘဝအနှစ် ကုသိုလ်စစ်များကို အမြဲပြုလုပ်ရယူနိုင်ပါစေလို့
​နေ့စဥ်​ပျော်ရွှင်​သော ဘဝများဖြစ်ကြပါ​စေ

စိန်သရဖူမိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 🙏🙏🙏

02/03/2025

ရေချိုးပြီးမျက်လုံးရဲသူများအတွက်
Crd: ပင်လုံစာ​ပေpage မှ ကူးယူ ​ကျေးဇူးပြုပါသည်

17/02/2025

သလိပ်ကပ်ခြင်းအတွက်လမ်းညွှန်ချက်video
Crd:ပင်လုံစာ​ပေ

​နေ့စဥ် ​အေးခါးစားရပါမည်
နည်းနည်းမြဲမြဲမှန်မှန် စားခြင်းသည် အစာလည်း​ဆေး ​ဆေးလည်းအစာ မည်သည်

အမျိုးသားများအတွက်အထူးသင့်​လျှော်​သော
သန့်ရှင်း မှထုတ်လုပ်​သော
ကြိုးဆွဲကန​ဖော့ရိုးနီ ​ရေ​နွေးကြမ်း
​စျေးနှုန်း ၉၀၀၀ကျပ်
ပါဝင်မှု ၁၅ထုပ်

စိန်သရဖူစတိုး
အမှတ်-ယ၃/၃၆၊၇၁စီလမ်း၊
မြဝတီမင်းကြီးလမ်းနှင့် ၁၁၃လမ်းကြား
အ​ရှေ့ကျွဲဆည်ကန်၊မန္တ​လေး
09 445 269 365
09 952 259 899
အိမ်အ​ရောက်​ငွေ​ချေပို့​ပေးသည်

ဒီရက်ပိုင်း ဆိုင်လာပြီး​ဈေးဝယ်သူအ​တော်များများ ထိပ်ခပ်နာသမား​တွေများပါတယ်သူတို့ရဲ့ခံစားရမှုဟာ မနက်ခင်းအိပ်ယာထတာနဲ့ ဟတ်ချ...
13/02/2025

ဒီရက်ပိုင်း ဆိုင်လာပြီး​ဈေးဝယ်သူအ​တော်များများ ထိပ်ခပ်နာသမား​တွေများပါတယ်
သူတို့ရဲ့ခံစားရမှုဟာ မနက်ခင်းအိပ်ယာထတာနဲ့ ဟတ်ချိုး​ချေတယ်၊နှာ​စေးတယ်၊နှာရည်ကျတယ်
​နေ့လည်ရာသီဥတုပူ​နွေးလာမှသက်သာကြရတယ်

အဲဒီအတွက် ​ဆောင်ရန်​ရှောင်ရန်​လေးများ​ပြော​ပေးပါမယ်

၁။​နေ့စဥ် မနက်အခါး
ည​နေ အချဥ် စားရပါမယ်
၂။​နေ့စဥ်သန့်စင်​သော​ရေ ၂လီတာ ​သောက်ရပါမယ်
၃။မနက် ၇နာရီမှ ၈နာရီအတွင်း ​
​လေသန့်မဲ့​နေရာရှာပါ
နေ​ရောင်ကို​ကျော​ပေးပြီး ​နေပူစာလှုံ​ပေးရပါမယ်
အသက်ရှူ​လေ့ကျင့်ခန်းလုပ်ရပါမယ်
ညဖက်​တွေမှာအိပ်ရင် ​ဘေး​စောင်းအိပ်ဖို့အကြံ​ပေးချင်ပါတယ်(ပက်လက်အိပ်အ​နေထားမအိပ်သင့်ပါ)
၄။​ညှော်​ရှောင်ရပါမယ်(ဆူးရှ​သောအနံ၊ပြင်းထန်​သောအ​ရောင်များ)
၅။​ရေမချိုးခင် ​ခြေဖဝါးဆားပွတ်ပါ
​ရေအဝချိုးပြီးမှ​ခေါင်း​လျှော်ရပါမယ်
၆။ ညစာထမင်းကို ည​နေ ၆နာရီ​နောက်ဆုံးထားပြီးစားရပါမယ်

ထိပ်ခပ်နာ​ရောဂါသည် နာတာရှည်တတ်ပါသဖြင့် ဂရုစိုက်ကြိုးစားပြီးအစားအ​သောက်၊အ​နေအထိုင်ကိုပြုပြင်​နေထိုင်သင့်ပါတယ်
Crd:

12/02/2025

ချွေးနံ့ဆိုးဆိုး......
ကိုယ်အနံ့ ဆိုးဆိုး....
ဂျိုင်းနံ့ဆိုးဆိုး ထွက်တတ်လို့ လူကြားထဲသွားလာနေထိုင်ဖို့ မဝန့်မရဲဖြစ်ရတဲ့အထိ....

လိုးရှင်းတွေ လူးပေမဲ့မရ...
ရေမွှေးတွေသုံးလို့လည်း ခဏ...
အဆင်မပြေဘူး အဆင်ကိုမပြေဘူးဆိုတဲ့ ကျနော့်မိတ်ဆွေများ ဒီနည်းလမ်းလေး အသုံးပြုကြည့်ပါဗျ။

မယ်ဇလီအရွက်ကိုတော့ လူတိုင်းသိမှာပါ။
ဆေးပေါင်းခတဲ့ညဆိုပြီး...
တန်ဆောင်မုန်းလပြည့်ညမှာ သုပ်စားကြတဲ့
မယ်ဇလီဖူးအပင်က အရွက်ပါ။

မြန်မာနိုင်ငံရဲ့ဒေသအစုံက
လမ်းဘေးတွေမှာ ပေါပေါများများ တွေ့နိုင်ပါတယ်။

ခန္ဓာကိုယ်က အနံ့ဆိုးထွက်တဲ့ ကျနော်မိတ်ဆွေများ
မယ်ဇလီအရွက်တွေခူးပြီး...
ရေနွေးပွက်ပွက်ထဲထည့်စိမ်ပါ။
ရေချိုးတဲ့အခါအတိုင်း ၄င်းစိမ်ရေကို ၃ခွက်လောက်ချိုးမဲ့ရေထဲမှာရောစပ်ပြီး ချိုးပေးမယ်ဆိုရင်တော့
အနံဆိုးထွက်ခြင်း...
ချွေးနံ့ဆိုးဆိုး နံခြင်းနဲ့ ဂျိုင်းနံ့ နံခြင်းမှ...
သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။

ချစ်ခြင်းမေတ္တာဖြင့်..

🙏🙏🙏

ပြန်လည်ကူးယူမျှဝေ​ကျေးဇူးဆပ်ခြင်းပါ ✍

ပစ္စည်း​ကောင်း​လေး​တွေ့ရင် စိန်သရဖူမိတ်​ဆွေ​တွေကိုသတိယမိတာ ကျမပါရှင့်💖💥အချိန် ၃မိနစ်​ပေးပြီး စာ​လေးဆုံး​အောင်ဖတ်​ပေးပါ​န...
29/01/2025

ပစ္စည်း​ကောင်း​လေး​တွေ့ရင် စိန်သရဖူမိတ်​ဆွေ​တွေကိုသတိယမိတာ ကျမပါရှင့်💖

💥အချိန် ၃မိနစ်​ပေးပြီး စာ​လေးဆုံး​အောင်ဖတ်​ပေးပါ​နော်🙏🙏🙏

အရွယ်၃ပါးစလုံး အတွက် သင့်​တော်တဲ့သွားတိုက်​ဆေးပါ

Greenzhi Toothgel ဂရင်းဇီး သွားတိုက်ဆေးProduct of Double Craneပါ၀င်ပစ္စည်းများနှင့် အာနိသင်ထူးများ ပါ၀င်ပစ္စည်းများ - Nano Ganoderma Lucidum ၏အဆီအနှစ်၊Miswak ၏အဆီအနှစ်၊ တမာမှရသော အဆီအနှစ်၊ Aloe Barbadensis ၊ Xylitol ၊ Chlorophylin ။အာနိသင်ထူးများMiswak ၏အဆီအနှစ် - တံတွေးထွက်နှုန်းကို မြင့်တင်ပေးနိုင်တဲ့အပြင် ခံတွင်း၏ PH တန်ဖိုးကို မျှတအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ သွားပိုးစားစေတဲ့ Streptococcus Mutatis တွေ ပေါက်ဖွား တိုးပွားမှုကို ဟန့်တားပေးနိုင်ပြီး သွားပိုးစားခြင်း၊ သွားနှင့်ပတ်သက်သောရောဂါများကို ဆတိုး ကာကွယ်ပေးနိုင်ပါတယ်။ ခံတွင်းကိုလည်း ပိုပြီးကျန်းမာသန့်ရှင်း စေနိုင်ပါတယ်။Nano Ganoderma Lucidum ၏အဆီအနှစ် - လင်ဇီးတွင်ရှိသော ထရိုက်တာပင်းနွိုက်ဓါတ်သည် Streptococcus Mutans လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကို glucan ထုတ်လုပ်နိုင်ခြင်းမရှိအောင် ဟန့်တားပေးသောကြောင့် သွားပိုးစားခြင်းကို ကာကွယ်နိုင်တဲ့အပြင် သွားချေးတွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။ လင်ဇီးတွင်းရှိ ပိုလီဆက်ခရိုက်ဓါတ်သည် သွားဖုံးတစ်ရှူးတွေရဲ့ သွေး လည်ပတ်မှုကို ကောင်းစေတဲ့အပြင် အာခံတွင်းမှာ ရှိတဲ့ တံတွေးထုတ်ပေးတဲ့ အမြှေးပါးလေးရဲ့ တစ်ရှူးတွေကို ကျန်းမာစေပါတယ်။တမာမှရသော အဆီအနှစ်- သွားတွေကို ဖြူစင်ဝင်းပစေပြီး မဝါအောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ထူး ရှိပါတယ်။ သွားဖုံးနာခြင်း၊ သွေးယိုခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ သွားပိုးစား၍ သွားဖုံးရောင်ရမ်းခြင်းများ ကိုသက်သာစေပါတယ်။ သွားပိုးတွေ ပြန့်ပွားခြင်း မရှိအောင် ဟန့်တားပေးနိုင်တဲ့အပြင် သွား၏အမြစ်ကိုလည်း ကျန်းမာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ရသာခံအာရုံကို ကောင်းအောင်စွမ်းဆောင်ပေးနိုင်ပြီး အာခံတွင်း ပြည်တည်အနာဖြစ်မှု ကိုလည်း ကုသပေးနိုင်ပါတယ်။Aloe Barbadensis – သွားဖုံး၏အရေပြားကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး ဘက်တီးရီးယား များကို ဖယ်ရှားပေးနိုင်ပါတယ်။ သွားတွေချိုးမကပ်အောင် ကာကွယ်ပေးတဲ့အတွက် ခံတွင်းကို ကျန်းမာအောင် ပြုလုပ်ရာမှာ အကောင်းဆုံးပါ။Xylitol - ကယ်လိုရီပါ၀င်မှုနည်းပြီး လန်းဆန်းစေတဲ့ ရနံ့ရှိပါတယ်။ အဏုဇီဝပိုးတွေကြောင့် အချဉ်ပေါက်ပြီး အက်ဆစ်ဓါတ်ဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။ သွားပိုးစားစေတဲ့ Streptococcus Mutatis တွေ ပေါက်ဖွားတိုးပွားမှုကို တိုက်ဖျက်ပေးနိုင်ပါတယ်။Chlorophylin – သွားဖုံးသွေးယိုခြင်းနှင့် ခံတွင်းနံ့ဆိုးခြင်းကို ပျောက်ကင်းစေပါတယ်။ သွားကြားတွေမှာ ကပ်နေတဲ့ အစာဟောင်းတွေကို ဖြိုခွဲပေးနိုင်ပြီး အာခံတွင်းနဲ့ သွားဖုံးများကို သန့်ရှင်းကျန်းမာစေပါတယ်။သဘာဝဂျယ် - သွားတိုက်တဲ့အခါမှာ ကြွေသွားတွေပျက်ဆီးမှုမဖြစ်အောင် စွမ်းဆောင်ပေး နိုင်ပါတယ်။သဘာဝအမြုပ် - သဘာဝအပင်ဖြစ်တဲ့ အုံးသီးနဲ့ ပြောင်းဖူးတို့ကရတဲ့အမြုပ်ကို အသုံးပြု ထားတာကြောင့် ဓါတ်ပျော့ဖြစ်ပြီး မည်သည့်အဆိပ်အတောက်မှ မဖြစ်စေပါ။ ဘက်တီးရီးယား တွေနဲ့ သွားပိုးစားမှုကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။သဘာဝပရုပ်နံ့ - အနံ့သင်းပြီး ခံတွင်းကို ရှင်းစေတဲ့အတွက် ကြီးငယ်မရွေး နှစ်သက်ကြ ပါတယ်။Miswak ( ဂုံခါး )ဆိုတာ…….?Miswak ( ဂုံခါး )ဆိုတာ Salvadora Persica အပင်မှရတဲ့ သဘာဝပါ၀င်ပစ္စည်းဖြစ်ပါတယ်။ Arabic နိုင်ငံ တွေမှာ ကိုက်ဝါးရတဲ့တုတ်ချောင်းလို့ခေါ်ပြီး သွားတွေကို သန့်စင်တဲ့နေရာမှာ အသုံးများပါတယ်။ သွားသန့်ရှင်းရေးနဲ့ ခံတွင်းကျန်းမာရေးကို စောင့်ရှောက်ပေးဖို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်လည်းဖြစ်ပါတယ်။ သွားချေးတွေက ဘယ်လိုဖြစ်ပေါ်လာသလဲ။သွားချေးဆိုတာ သွားရဲ့အပြင်ဘက်မှာရှိတဲ့ အလွှာပါးလေးပါ။ စေးကပ်သောအရာများနှင့် ဘက်တီးရီးယား များဖြင့် အဓိကဖွဲ့စည်းထားပါတယ်။ ဘယ်တီးရီးယားများ ပေါက်ဖွားရှင်သန်ရာ နေရာလည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားများက ထုတ်လွတ်သော အဆိပ်ဓါတ်နှင့် အညစ်အကြေးများဟာ သွားဖုံးရောင်ရမ်းခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ဒါဟာအာခံတွင်း မကျန်းမာမှုရဲ့ အစပေါ့။ ကျွနု်ပ်တို့ နေ့စဉ်သွားတိုက်ရခြင်းဟာ သွားချေးတွေကို ဖယ်ရှားပြီး ကျန်းမာသန့်ရှင်းတဲ့ အာခံတွင်းကို ရဖို့အတွက်ပါ။ သွားတွင်ကျောက်တည်ခြင်း ဆိုတာဘာလဲ။အကယ်၍ လူတစ်ယောက်သည် သွားမတိုက်လျှင် (သို့) သေချာမတိုက်လျှင် သွားချေးများဟာ တဖြည်းဖြည်း စုပုံလာပြီး အချိန်ကြာလာလျှင် တံတွေးများနှင့် ပေါင်းစပ်ပြီး သွားပေါ်တွင် ကျောက်ကဲ့သို့ မာကြောသော အရာအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကို သွားပေါ်မှာ ကျောက်တည်ခြင်းလို့ ခေါ်ပါတယ်။ ဒီကျောက်များဟာ သွားပေါ်မှာ အသေကပ်နေပြီး မာကြောသည့်အတွက် သွားတိုက်ခြင်းဖြင့် ဖယ်ရှားပစ်၍ မရနိုင်ပါဘူး။ သွားဆေးခန်းများတွင်သွား၍ ကိရိယာများဖြင့်ဖယ်မှ ရသည်။
Credit;DG Sevenup

​ဈေးနှုန်း ၁၈၀၀၀ကျပ်
👑စိန်သရဖူ(iSeven သဘာဝဓါတ်စာအ​ရောင်းဆိုင်)
အမှတ် ယ၃/၃၆၊၇၁စီလမ်း၊မြဝတီမင်းကြီးလမ်းနှင့် ၁၁၃လမ်းကြား၊အ​ရှေ့ကျွဲဆည်ကန်၊မန္တ​လေး
09 789923532

Address

Yapalet 3/36, Lane No: 71C, Between 71×72 , Between Myawaddymingyi Road And 113 Road, Pyi Gyi Ta Gon Township
Mandalay

Telephone

+959445269365

Website

Alerts

Be the first to know and let us send you an email when Sein Thayaphu Retail Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share