06/08/2021
Credit
( Edit ) 👉 Covid 19 ကုသရန် ရန်ကင်းပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်စင်တာသည် ညီမငယ်လေး Awl Myat Khin ၏ ယောက်ခမ ဖေဖေ + မေမေ (MMTM ) မှ မတည် ဉီးဆောင်၍ လေးကျွန်းသူဖောင်ဒေးရှင်း နှင့် စက်သုံးဆီ အသင်း, ဆန် အသင်း, ပဲနှမ်းအသင်း , ခရီးသွားလုပ်ငန်းအသင်း ၄ သင်းတို့မှ စုပေါင်းလုပ်ဆောင်၍ အလှူရှင် မိသားစုများမှ ဝိုင်းဝန်း လှူဒါန်းကာ ဖွင့်လှစ်ထားသော ကုတင် ၁၀၀၀ Covid Center သို့ လာရန် လိုအပ်သည်များမှာ -
(၁) ပိုက်ဆံ တစ်ပြားတစ်ကျပ်မှ ယူလာစရာ မလိုပါ
(၂) ဒေသန္တရကျန်းမာရေးထောက်ခံချက်မှာ covid ဖြစ်ကြောင်းပါရင် ရပါပြီ
(၃) Oxygen 93 အောက် ရောက်တာနဲ့ ဘာလက်မှတ် ဘာထောက်ခံချက်မှ မပါရင်လဲ covid center မှ လက်ခံပေးပါမယ်နော် !
(၄) လူနာစောင့် တစ်ယောက်ပဲ လိုက်စောင့်လို့ရပါတယ်
(လူနာစောင့် အပြင်သို့ အဝင်အထွက် လုပ်ခွင့်မပြုပါ)
***အရေးပေါ်လူနာများ လိုအပ်ရင် တိုက်ရိုက် ဆက်သွယ်ပေးပါရှင့်***
ဆေးတွေ စက်ပစ္စည်းတွေတော့ အစုံအလင်နီးပါးဖြစ်အောင် ကြိုးစားစီစဉ်ထားပါတယ်ရှင်🙏🏻
ကိုယ်ပိုင် Oxygen Plant ပါပါမယ်၊ ကိုယ်ပိုင် Lab ပါပါမယ်၊ Portable digital Chest Xray စက်လဲ ရှိပါတယ် ၊ လေးထပ်ဆောင်ကိုလဲ ဓာတ်လှေကားတပ်ဆင်ပေးဖို့ နေရာပြင်ထားပါတယ် ၊ ကူပေးနေတဲ့ ကား (၁၇) စီး ရှိ Ambulance ကားအဖွဲ့လဲရှိပါတယ် (Ambulance ကားတွေကို MMTM မှ မောင်းဆီလှူပါတယ်ရှင်) ..
သို့သော် Demand နဲ့ Supply မျှနိုင်ဖို့ရာအတွက် ထပ်မံ၍ကားကူညီပေးလိုသူ ပရဟိတအဖွဲ့များ နှင့် ဝေယျာဝိစ္စ Volunteer များကိုလဲ ဖိတ်ခေါ်သလို တတ်ကျွမ်းသော ဆေးပညာရှင် ဆရာဝန်များနှင့် သူနာပြုများကိုလဲ အားကိုးပါတယ်၊ လူ့အသက်တွေကယ်ဖို့ ကူညီပေးနိုင်သလောက်လေး ဝိုင်းကူညီပေးကြပါရှင် 🙏🏻
အစဦးဆုံးမို့ အခက်အခဲများစွာနဲ့ အဆင်မပြေတာတွေလဲ တစ်ပုံတစ်ပင်ပါ သို့သော် ဘယ်အခက်အခဲကိုမဆို မရရအောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ထားကြပြီးသားမို့ အနှေးနဲ့အမြန် အဆင်ပြေသွားမယ်လို့ ပါဝင်ကူညီနေကြသူအားလုံးကယုံကြည်ကြပါတယ်ရှင်🌄
ကျန်းမာရေးကဏ္ဏ လျှောက်ထားလိုသည်ကို
ဆက်သွယ်ရန်
(၁) ဒေါ်ပြုံးပြုံးဝင်းမြင့် : 09-5148922
(၂) ဒေါ်နုနုယဉ် : 09- 5151511
တို့၏ Viber ဖုန်းနံပါတ်သို့
*CV from
*ဘွဲ့လက်မှတ်မိတ္တူ
*မှတ်ပုံတင်မိတ္တူ
*ဆမမိတ္တူ(သက်တမ်းမတိုးရသေးလျှင်လဲရ)
ထံသို့ပေးပို့ပေးကြပါရှင့်
- - - - - - - - - - - - - - -
အခြား ကဏ္ဏများ အတွက် Volunteer များ
☎️ဆက်သွယ်ရန်.....
မစပယ်- 09-761496229
မချမ်းမြဝင်း-09-5010349
မဝင်းရွှေစင်မျိုး -09-5023253
မသီတာခိုင် -09-5159995
Copy လုပ်ပြီး ပြန် Share ပေးနိုင်ပါတယ်ရှင်