MZ oil

MZ oil မင်္ဂလာပါရှင်
စိုးမိုးစံ မှ ကြိုဆို

အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့် 💪💪
09/06/2026

အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့် 💪💪

ကိုယ့်မှာ သမီးသာရှိရင်...အသားကုန် ချစ်ပစ်...အဲ့ဒါမှ...ယောကျာ်းတယောက်ရဲ့ နည်းနည်းလေး ဂရုစိုက်တာလောက်ကို အချစ်ရယ်လို့ ပုံပ...
09/08/2024

ကိုယ့်မှာ သမီးသာရှိရင်...
အသားကုန် ချစ်ပစ်...

အဲ့ဒါမှ...
ယောကျာ်းတယောက်ရဲ့ နည်းနည်းလေး ဂရုစိုက်တာလောက်ကို အချစ်ရယ်လို့ ပုံပြီး ပစ်ကြွေမကျသွားမှာ...

ဘဝမှာ ငါ့မိဘထက် ချစ်နိုင်တဲ့သူရှိရင်ဆို ရဲရဲကြီးစိန်ခေါ်ရဲတဲ့ မိန်းကလေးကို...

ဘယ်ကောင်ကမှ ပါးစပ်က ချစ်ပါတယ်ပြောပြီး တကယ်တမ်းကျ ခဏခဏ ငိုရအောင်မလုပ်ရဲဘူး...

သိပ်ချစ်ရတဲ့သမီး မပေျာ်ရတာ ခဏခဏ ငိုရတာသိရင် အချိန်မရွေး ပြန်သိမ်းသွားနိုင်တဲ့ တန်ဖိုးထားတတ်တဲ့ မိဘရှိတာ သိထားရင်...

ပိုင်ဆိုင်ထားတဲ့သူက ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်နဲ့ ပိုတန်ဖိုးထားတတ်လာလိမ့်မယ်...

#တွေးမိတွေးရာ

ဝါတွင်း (၃)လ အဓိဌာန် ပုတီး စိပ်ချင်သူများအတွက်ပါ 🙏🙏🙏🌹photo crd
20/07/2024

ဝါတွင်း (၃)လ အဓိဌာန် ပုတီး စိပ်ချင်သူများအတွက်ပါ 🙏🙏🙏

🌹

photo crd

အဖေ ကျန်းမာနေရှင် အမေက ပျော်ပြီး အမေ ကျန်းမာနေရင် အဖေက ပျော်တယ်။အဖေနှင့်အမေ ကျန်းမာနေရင် ကျွန်တော်တို့အားလုံး ပျော်တယ်။ ...
08/07/2024

အဖေ ကျန်းမာနေရှင် အမေက ပျော်ပြီး အမေ ကျန်းမာနေရင် အဖေက ပျော်တယ်။

အဖေနှင့်အမေ ကျန်းမာနေရင် ကျွန်တော်တို့အားလုံး ပျော်တယ်။ တချို့ချစ်ခြင်း မေတ္တာတွေက သိပ်ပြီးရိုးရှင်းတယ်။

-Pone

သကြား မှတ်လို့ ...  ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ...ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပ...
08/07/2024

သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
ကော်ဖီထဲ ထည့်ခဲ့တာ ...
ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ်
မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
ပိုကောင်းပါတယ် ...
ကော်ဖီ ... အသစ်တစ်ခွက် ...
ထပ်သောက်မယ် ..
ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....
မသင်ယူတတ်ခဲ့တုန်းကတော့ ....
ဒဏ်ရာ လို့ထင်တယ်
သင်ယူတတ်သွားတော့ ...
သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...
သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
ဝေးပါစေ !

🌼💛☕

မိန်းမတိုင်း ငွေမက်တယ်လို့ပြောမဲ့အစား ။လူသားတိုင်း ငွေမက်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ် ။လူ့လောကမှာငွေမမက်တဲ့ လူဆိုတာ မ...
03/07/2024

မိန်းမတိုင်း ငွေမက်တယ်လို့
ပြောမဲ့အစား ။
လူသားတိုင်း ငွေမက်တယ်လို့ပြောရင်
ပိုမှန်ပါလိမ့်မယ် ။

လူ့လောကမှာ
ငွေမမက်တဲ့ လူဆိုတာ မရှိပါဘူး ။

တရားသဖြင့်ရတဲ့ငွေကို မက်တဲ့လူနဲ့
မတရားသဖြင့်ရတဲ့ငွေကို မက်တဲ့လူသာ
ကွာခြားတာ ။

# စိတ်စေရာ

"ဟန်ဆောင်ခြင်း အတတ်ပညာ"တိတ်ဆိတ်ငြိမ်သက်နေတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာလောင်ကျွမ်းနေတဲ့ ခံစားချက်အပိုင်းအစတွေ ရှိနေတတ်တယ်။တိ...
01/07/2024

"ဟန်ဆောင်ခြင်း အတတ်ပညာ"

တိတ်ဆိတ်ငြိမ်သက်နေတဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
လောင်ကျွမ်းနေတဲ့ ခံစားချက်အပိုင်းအစတွေ
ရှိနေတတ်တယ်။

တိတ်ဆိတ်နေတိုင်းလည်း
အေးချမ်းတယ်လို့ ထင်လို့မရဘူး။

ဟာသတွေပြောပြီး
ရယ်မောနေတတ်တဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ငိုထားလက်စ မျက်ရည်တွေ ရှိနေတတ်တယ်။

ရယ်မောနေတိုင်းလည်း
သောကမရှိဘူးလို့ ယူဆလို့မရဘူး။

တည်ငြိမ်ရင့်ကျက်နေတဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
မကျက်သေးတဲ့ ဒဏ်ရာနက်နက်တွေ
ရှိနေတတ်တယ်။

တည်ငြိမ်နေတိုင်းလည်း
နေတတ်လိုက်တာလို့ တွေးထင်လို့ မရဘူး။

လောကဓံရဲ့ ရိုက်ချက်တွေကြား
ကိုယ့်သိက္ခာကိုယ်ဆယ်ဖို့
ဟန်ဆောင်ခြင်းတစ်ချို့ကို
လောကကြီးဆီကနေ အရှုံးတွေပေးပြီး
ဝယ်ထားရတယ်။

ကိုယ့်ကို မုန်းတဲ့သူတွေ အားမရဖို့
ကိုယ့်ကိုယ် ချစ်တဲ့သူတွေ ဝမ်းမနည်းဖို့
ဒဏ်ရာတွေကို ဖုံးဖိရင်း
အလိုက်သင့် မျက်နှာဖုံးကို တပ်ထားရတယ်။

ရှင်သန်ခြင်းဘာသာရပ်မှာ
ဟန်ဆောင်ခြင်းသင်ခန်းစာဟာလည်း
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသင့်တယ် မဟုတ်လား။

ဒါဟာ လူတွေကို လှည့်စားဖို့ မဟုတ်ပါဘူး။
ကိုယ့်သိက္ခာကိုယ် ကာကွယ်ဖို့ပါ

Admin - Theint

Address

Chan Mya Tarsi Township
Mandalay

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 06:00
Sunday 09:00 - 06:00

Telephone

+959976555727

Website

Alerts

Be the first to know and let us send you an email when MZ oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MZ oil:

Shortcuts

Share