ပီတိရိပ်-PitiYate

ပီတိရိပ်-PitiYate ပီတိရိပ် -PitiYate Bookshop မှ့ကြိုဆိုပါတယ်။ 📚📚📚

💐💦 မြန်မာနှစ်ကူး အခါသမယ မှာ အားလုံးသော ပြည်သူပြည်သားများရွှင်လန်းချမ်းမြေ့ကြပါစေ။---------------------------------------...
13/04/2025

💐💦 မြန်မာနှစ်ကူး အခါသမယ မှာ အားလုံးသော ပြည်သူပြည်သားများရွှင်လန်းချမ်းမြေ့ကြပါစေ။

--------------------------------------------------

🗓️ ယနေ့ကျရောက်တဲ့ နှစ်ကူးရက်မြတ်မှစပြီး ဘေးအန္တာရာယ်ကပ်ပေါင်းစုံကို ကျော်လွှားနိုင်ပြီး ရောဂါဘယတွေ ကင်းဝေးကြပါစေ၊စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်မားခြင်းများနဲ့ပြည့်စုံကြပါစေလို့ ပီတိရိပ်-PitiYate Bookshop မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါတယ်...။🙏🏻🙏🏻🙏🏻

◼️ စာအုပ်အမှာများနဲ့ အရောင်း postများကိုလဲ လာမဲ့ မေလ(၁) ရက်နေ့မှပဲ ပြန်လည်ပို့ဆောင်ရောင်းချသွားမှာဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါတယ်ခမျာ ။

ပိတောက်ပန်း==========မခူးချင်စမ်းပါနဲ့နှစ်ဆန်း ခါတော်မီမို့ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့ခပ်သိမ်း နယ်စုံစုံသို့ပွင့်ငုံကို ...
13/04/2025

ပိတောက်ပန်း
==========

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာယာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

▪️ဇော်ဂျီ -
`ပိတောက်ရွှေဝါကဗျာစု´
(တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း၊မတ်လ၊၁၉၂၈)

◼️မူရင်းဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် credit ပေးပါတယ်ခမျာ။

“မျှော်တလင့်လင့်” လျှောက်လှမ်းခဲ့ရသော ခရီးသည် “ခရီးရှည်ကြီး တစ်ခု” ဖြစ်သည်။ ထိုခရီးရှည်ကြီးအကြောင်းကို မပြောဘဲမနေနိုင်သဖ...
27/03/2025

“မျှော်တလင့်လင့်” လျှောက်လှမ်းခဲ့ရသော ခရီးသည် “ခရီးရှည်ကြီး တစ်ခု” ဖြစ်သည်။ ထိုခရီးရှည်ကြီးအကြောင်းကို မပြောဘဲမနေနိုင်သဖြင့် ပြောခွင့်ပြုစေချင်ပါသည်။

“မျှော်တလင့်လင့်” ဝတ္ထုကြီးကို ကျွန်တော် ဘာသာပြန်ခဲ့သည်မှာ ၁၉၈၆ ခုနှစ်အတွင်းက ဖြစ်သည်။ ယခု ၂ဝဝ၂ ခုနှစ်မှ ပြန်တွက်လျှင် လွန်ခဲ့သော ၁၆ နှစ်ခန့်ကဟု ဆိုနိုင်ပါသည်။ ဤဝတ္ထုကြီးကို ဘဝတက္ကသိုလ် စာပေမှ ထုတ်ဝေမည်ဟူသော စိတ်ကူးဖြင့် ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော့်အသက်သည် ၅၅ နှစ်မျှသာ ရှိပါသေးသည်။ အခုကျ တော့ ကျွန်တော့်အသက်သည် ၇၁ နှစ်မျှ ရှိခဲ့ပြီဖြစ်ရာ နောက်ကြောင်းကို တစေ့တစောင်း ပြန်ကြည့်လိုက်သည့်အခါ မျှော်တလင့်လင့် ဝတ္ထုကြီး စာမူ ဘဝ၌ နေခဲ့ရသည်မှာ ၁၆ နှစ် ကျော်သွားခဲ့ပြီ ဖြစ်လေသည်။

ထိုစဉ်က ကျွန်တော် ရင်ဆိုင်ခဲ့ရသည်များကို ကျွန်တော် မစဉ်းစားဘဲ မနေနိုင်ပါ။ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့်အချက်မှာ “မျှော်တလင့်လင့်” (Great Expectation) ကို အထက်တန်း ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းလိုက်ပြီဟူသောသတင်း ထွက်လာခြင်းဖြစ်သည်။ ထိုသတင်းကြောင့် ကျွန်တော်သည် မိမိဘာသာပြန်ဆိုနေသည့် ကောလင်းစာအုပ်တိုက်ထုတ် “မူရင်းစာအုပ်” နှင့် ပြဋ္ဌာန်းမူရင်းစာအုပ်” နှစ်အုပ်ကို တိုက်၍ဖတ်ခဲ့ရပါသည်။

ဤတွင် “ကွာဟချက်များ”ကို တွေ့ရသည်။ ကောလင်းစာအုပ်တိုက် ထုတ် မူရင်း မျှော်တလင့်လင့်၌ပါသော အချို့စာပိုဒ်များကို ကျောင်းသုံးပြဋ္ဌာန်း မူရင်းထဲ၌ မတွေ့ရပါ။ ပြဋ္ဌာန်းစာအုပ်အဖြစ် မသတ်မှတ်မီ သက်ဆိုင်ရာ “ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရေးကော်မတီ”မှ တည်းဖြတ်သုတ်သင်ကာ ချန် လှပ်ထားခဲ့လေသလားဟု တွေးရပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်အနေဖြင့်ကတော့ မိမိလက်ရှိပြန်ဆိုနေသော မျှော်တလင့်လင့်ကို စာဖတ်ပရိသတ်အားလုံးအတွက် ပြန်ဆိုမလား သို့မဟုတ် ကျောင်းသူ ကျောင်းသားများအတွက် ပြန်ဆိုမလားဟူသောအချက်ကို စဉ်းစား ခဲ့ရလေသည်။

အကယ်၍ ကျောင်းသူ ကျောင်းသားများအတွက်သာ ကွက်၍ပြန်မည် ဆိုပါက ကျွန်တော်သည် ပြဋ္ဌာန်းစာအုပ်မူရင်းကို အခြေခံရပါလိမ့်မည်။ ထို့ပြင် လည်း စာအုပ်ထဲ၌ ရှိနေသည့်အတိုင်း (စကားပြေ ချောချင်ချော မချောချင် နေ၊ လှချင်လှ မလှချင်နေ) “အတိအကျပြန်ဆိုသောနည်း”ကို သုံးရပါလိမ့်မည်။

အကယ်၍ “ရသဘာသာပြန်”အဖြစ်နှင့် စာဖတ်ပရိသတ်အားလုံး အတွက် ပြန်ဆိုမည်ဆိုပါမူကား ကျွန်တော့်အနေဖြင့် မူရင်းစာရေးဆရာ၏ အာဘော်ကိုမပျက်စေဘဲ “အလိုက်သင့် ဖြည့်စွက်ပြန်ဆိုခြင်းနှင့် အလိုက်သင့် ထုတ်နုတ်ပြန်ဆိုခြင်း” စသည်များကို လွတ်လပ်စွာလုပ်နိုင်ပါလိမ့်မည်။ ဤ ပြဿနာနှင့်ပတ်သက်၍ ကျွန်တော်သည် မျှော်တလင့်လင့်အား စာဖတ်ပရိသတ် အားလုံးအတွက် ပြန်ဆိုမည်ဟု မူလကတည်းက ရည်မှန်းထားခဲ့ခြင်းနှင့် လတ် တလော ဘာသာပြန်ထားသည်မှာလည်း စာအုပ်၏သုံးပုံ နှစ်ပုံခန့် ပြီးစီးနေခြင်း စသည်တို့ကြောင့် “ကျောင်းသူ ကျောင်းသားများအတွက် ကွက်၍ပြန်ဆိုရေး” ဟူသောအချက်ကို မစဉ်းစားတော့ဘဲ ပယ်လိုက်ပါသည်။

နောက်တစ်ဖန် ရင်ဆိုင်ခဲ့ရသည့်ပြဿနာမှာ စာမူပြီးစီး၍ ထုတ်ဝေခွင့် တင်သည့်အခါ၌ ပေါ်လာခြင်းဖြစ်သည်။ “ကျောင်းသုံးပြဋ္ဌာန်းထားသော ဤ စာအုပ်ကို မြန်မာပြန်ဆိုထုတ်ဝေရာ၌ သက်ဆိုင်ရာပညာရေးဌာနမှ သဘောတူပါ့မလား၊ ယင်းဌာနမှ ထင်မြင်ချက်တောင်းခံလျှင် သင့်တော်မည်”ဟူသော အကြံပြုချက် ပေါ်လာခြင်းဖြစ်ရာ ကျွန်တော့်အဖို့ ရင်မောစရာတစ်ခု ဖြစ်လာခဲ့ ရပါသည်။

မျှော်တလင့်လင့်ကို ပြန်ဆိုရာ၌ မြန်မာပြန်သူသည် အခြားစာအုပ်များ ထက် ပို၍အပင်ပန်းခံကာ အားထုတ်ခဲ့ရသည်။ အချို့သောအခန်းများနှင့် စာပိုဒ်များကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြန်လည်ဖတ်ရှု၍ ပြင်ဆင်ခြင်းနှင့် ပြန်လည်ရေးသားခြင်း စသည်များပြုလုပ်ခဲ့ရသည်။ တက်စ် ဝတ္ထုဘာသာ ပြန်စဉ်ကလို ရှေးကျသော၊ ရှေးဆန်လွန်းသော အရေးအသားများကို မူရင်း ရသမပျက်အောင် ပြုပြင်ခဲ့ရသည်။ ဤစာအုပ်ကျခါမှ လက်နှိပ်စက်ရိုက်ပြီး နောက် ထပ်မံဖတ်ရှုကာ တချို့စာပိုဒ်များကို အသစ်တစ်ဖန်ပြန်ဆိုပြီး အစားထိုး ခဲ့ရခြင်းများ ရှိခဲ့သည်။

ထို့ပြင်လည်း မျှော်တလင့်လင့်သည် ဂန္ထဝင်ဝတ္ထုအထူစားကြီး ဖြစ် သည်။ ယင်းသို့သော ဂန္ထဝင်ဝတ္ထု အထူစားကြီးတစ်ပုဒ်ကို မြန်မာပြန်သည်မှာ တနင့်တပိုး ရှိလှပါသည်။ အဆမတန် အာရုံစိုက်ကာ အပင်ပန်းခံရပါသည်။ အဆမတန် ရုန်းကန်လှုပ်ရှားခြင်း ပြုရပါသည်ဟုပြောလျှင် မှားနိုင်အံ့ မထင်ပါ။ ဤမျှလောက်အထိ ကြိုးပမ်းအားထုတ်ထားရသော စာမူကြီးအား အကြောင်း တစ်ခုခုကြောင့် ထုတ်ဝေခွင့် မရခဲ့ပါမူ….။

ထိုပူပန်မှုကြောင့် မြန်မာပြန်သူသည် များစွာစိတ်မောခဲ့ရပါ၏။ တစ် ရက် နှစ်ရက်၊ တစ်လ နှစ်လမျှသာ စိတ်မောခဲ့ရသည်မဟုတ်ပါ။ ခုနစ်လ ကျော် ရှစ်လနီးပါးမျှ စိတ်မောခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် ကိုယ်တိုင်လိုက်သွားပြီး စုံစမ်းမေးမြန်ခြင်း ပြုခဲ့သည်။

ဤသို့ဖြင့် ကျွန်တော်သည် မျှော်တလင့်လင့်စာမူအပေါ်၌ ကမ္မသကာ သဘောထားလိုက်သည်။ ဖြစ်လိုရာဖြစ်စေတော့ဟုလည်း ဥပေက္ခာပြုလိုက် သည်။ နောက်ဆုံးတွင် မျှော်တလင့်လင့်သည် သူ့အလိုအလျောက် ယင်းအဟန့် အတားများကို ကျော်လွှားလာခဲ့ပြီး ထုတ်ဝေခွင့်ရရှိခဲ့၏။ သို့တစေလည်း. . . ။

မျှော်တလင့်လင့်စာမူသည် ထုတ်ဝေခွင့်ရခဲ့ပြီဖြစ်သော်လည်း စာအုပ်ဖြစ်မလာဘဲ စာမူဘဝမှာပင် သောင်တင်နေခဲ့ရသည်။ မဂ္ဂဇင်းလုပ်ငန်းက ပိနေသဖြင့် မအားမလပ်ဖြစ်နေရခြင်း၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်း၌ ကုန်ကျစရိတ်များ မြင့်တက်လာနေခြင်း၊ ဘာသာပြန်များ စာပေဈေးကွက်၌ သိပ်ပြီးမတွင်ခြင်း စသည့် အကြောင်းပြချက်ပေါင်းများစွာဖြင့် “ဆင်ပြောင်ကြီး အမြီးကျမှ တစ်” ဖြစ်နေခဲ့ရလေ၏။

စာရေးသူ သို့မဟုတ် ဘာသာပြန်သူသည် သူ့စာမူကို စာအုပ်အဖြစ် မြင်လိုသည်မှာ အလွန်သဘာဝကျ၍ ဖြစ်သင့်ဖြစ်ထိုက်သော ရောဂါတစ်ခု ဖြစ်သည်။ သူ့စာမူကို စာအုပ်အဖြစ်မြင်လိုက်ရသည့်အခါ ပင်ပန်းခဲ့သမျှအားလုံး ပြေပျောက်သွားသည်။ စာအုပ်ကိုကြည့်၍ ပီတိဖြစ်သည် ကြည်နူးသည်၊ စိတ်ချမ်းမြေ့သည်၊ အားမာန်တက်သည်။ ဤသည်တို့မှာ အလွန်သဘာဝကျ သည့် ခံစားချက်များဖြစ်သည်ဟု ထင်ပါသည်။

မျှော်တလင့်လင့်နှင့်ပတ်သက်၍ ကျွန်တော်သည် “ထိုခံစားချက်များ”ကို ရရှိနိုင်စွမ်း မရှိခဲ့ပါ။ မျှော်တလင့်လင့်သည် ထုတ်ဝေသူ၏ လက်တွင်း၌ အကြောင်းမျိုးမျိုးဖြင့် ထွက်မလာဘဲ “ဝပ်”နေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာ သည်။ မျှော်တလင့်လင့်၏ စာမူဘဝသက်တမ်းသည် ငါးနှစ်ကျော် ခြောက်နှစ် တွင်းသို့ ဝင်လာခဲ့ပြီ။ ထိုအခါကျတော့လည်း “ဘယ်တော့လောက်ထုတ်မလဲ” ဟု မေးမိပါသည်။ ဖြေလိုက်သည့်အဖြေမှာ မရေရာလှသဖြင့် ကျွန်တော် စိတ်မကောင်းဖြစ်ရပါသည်။

ဤသို့ဖြင့် မျှော်တလင့်လင့်သည် ခုနစ်နှစ်သက်တမ်းတွင်းသို့ ဝင်လာခဲ့ သည်။ ထိုအခါကျတော့လည်း ကျွန်တော်သည် တစ်မျိုးတစ်ဖုံစဉ်းစားကာ နည်းလမ်းရှာသည်။ မိမိနေထိုင်လျက်ရှိသော မြေနှင့် အိမ်ကိုရောင်း၍ ဤ စာအုပ်ကိုထုတ်ရလျှင် ကောင်းလေမလား။

အမှန်တော့ ထိုစိတ်ကူးသည် ဖြစ်နိုင်သည့်ကိစ္စမဟုတ်ပါ။ ဖြစ်နိုင်သည် ထားဦး၊ ဖြစ်သင့်သောကိစ္စ မဟုတ်ပါ။ လူတစ်ယောက် (အထူးသဖြင့် စာရေး ခြင်း တစ်ခုတည်းဖြင့် အသက်မွေးနေသူ)သည် အသက်အရွယ်ကြီးလာသည့် အခါ (အထူးသဖြင့် ကျန်းမာရေးကောင်းနေစဉ်) စားရေး၊ ဝတ်ရေး၊ နေရေးနှင့် သေရေးတို့အတွက် အပူအပင် အကြောင့်အကြမရှိအောင် စီမံထားနိုင်ဖို့လိုသည်။ အထူးသဖြင့် အသက်ကြီးခါမှ နေစရာ၊ ထိုင်စရာ တင့်တောင့်တင့်တယ် မရှိပါမူ များစွာဆင်းရဲဒုက္ခရောက်ဖို့ ရှိပါသည်။ ထိုစိတ်ကူးတို့ကို အကောင်၁၉၉၇ ခုနှစ်၊ ဇူလိုင်လထဲတွင် “ကျွန်တော်နှင့် မျှော်တလင့်လင့်”၏ အဖြစ်ကိုသိနေသော လူငယ်မိတ်ဆွေတစ်ယောက် ကျွန်တော့်ထံ ရောက်လာ သည်။ သူ့လက်ထဲမှ စာအုပ်ထူကြီးတစ်အုပ်ကို ပြသည်။ ““ဦးလေးရဲ့ မျှော် တလင့်လင့်အတွက် ဒီစာအုပ်တိုက်နဲ့ ဆက်သွယ်ကြည့်ရင်ကောင်းမယ်””ဟု အကြံပြုသည်။ သူ့အကြံပြုချက်ကို ကျွန်တော် များစွာအလေးအနက်ထား၍ စဉ်းစားခဲ့ပါသည်။

မျှော်တလင့်လင့်သည် ဘာသာပြန်စာအုပ် ဖြစ်သည်။ တစ်ချိန်က ဆရာကြီး ရွှေဥဒေါင်းသည် ဤစာအုပ်၏အနှစ်ချုပ် သို့မဟုတ် အကျဉ်းချုပ် (Abriged) ကို ပြန်ဆို၍ ထုတ်ဝေခဲ့ဖူးသည်။ မျှော်တလင့်လင့်သည် အပစ် အခတ် အသတ်အဖြတ်များပါဝင်သည့် သည်းထိတ်ရင်ဖိုဝတ္ထုမဟုတ်၊ လူတို့ ၏စရိုက်ကို သဘာဝကျကျဖော်ကျူးထားသော ဝတ္ထုဖြစ်သည်။

ဤဝတ္ထုကြီးမျိုးကို ထုတ်ဝေရာ၌ “စေတနာအားနှင့် ငွေအား” ကို ထည့်သွင်း၍ စဉ်းစားထားမှဖြစ်မည်။ ဤသို့ဖြင့် စာမူဘဝဖြင့် သက်တမ်း ဆယ်နှစ်ကျော်မျှ ရှိနေပြီဖြစ်သော မျှော်တလင့်လင့်စာမူသည် ၁၉၉၇ ခုနှစ်၊ သြဂုတ်လထဲတွင် ပထမထုတ်ဝေသူ၏လက်ထဲမှ ဒုတိယထုတ်ဝေသူ၏ လက် ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။

တကယ်တမ်း စဉ်းစားလိုက်သည့်အခါ စာအုပ်တစ်အုပ်ဖြစ်လာဖို့မှာ လွယ်လှသည်မဟုတ်ပါ။ အထူးသဖြင့် “မျှော်တလင့်လင့်”လို အထူစားစာအုပ် ကြီး တစ်အုပ် ဖြစ်လာရေးသည် အလွန်ခက်ခဲလှပါသည်။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် ကုန်ကျစရိတ်ပမာဏသည် ယခင်ကနှင့်မတူပါ။ အဆမတန် တိုးတက်မြင့်မားလျက် ရှိပါသည်။

စာအုပ်ထုတ်ဝေရေး လုပ်ငန်းကိုလုပ်ရာ၌ စာပေမြတ်နိုးမှုဟူသော ရည် မှန်းချက် တစ်ခုတည်းကို ရှေ့တန်းတင်၍မရနိုင်ပါ။ ထိုရည်မှန်းချက် တစ်ခု တည်းကိုသာထား၍ အလုပ်လုပ်ကြမည်ဆိုပါက စာအုပ်ထုတ်ဝေရေးလုပ်ငန်း သည် ရေရှည်ခံနိုင်မည်မဟုတ်ပါ။ လုပ်ငန်းတစ်ခုလုပ်လျှင် ထိုက်သင့်သောအကျိုးခံစားမှုတစ်ခုကတော့ ရှိရပါမည်။ သို့မှသာလျှင် ထိုလုပ်ငန်းသည် ရေရှည် ခရီးကိုလျှောက်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကျွန်တော်သည် “မျှော်တလင့်လင့်”အတွက် စိတ် မအေးလှပါ။ ဒုတိယလူထံတွင်လည်း “အဆင်မှချောပါ့မလား”ဟု သံသယ ဝင်ခဲ့မိပါသည်။ ကျွန်တော့်သံသယသည် မှန်နေပါသည်။ မျှော်တလင့်လင့်သည် စာမူဘဝဖြင့် နောက်ထပ်သုံးလေးနှစ်မျှ “ဝပ်”နေခဲ့ရပြန်၏။ ထို့နောက် “မထုတ် တော့ဘူး”ဟူသော အဖြေကိုရလာသည်။

“မျှော်တလင့်လင့်” စာအုပ်ဖြစ်လာရေးကို ကျွန်တော် ထပ်မံ၍ စဉ်းစား ရပြန်သည်။ အလွန်းရင်းနှီးသူ သို့မဟုတ် ကျွန်တော့်အပေါ် အမှန်တကယ် ခင်မင်လေးစားသူ တစ်ဦး နှစ်ဦးဖြင့် ဆွေးနွေးတိုင်ပင်ရပြန်သည်။ ဤသို့ဖြင့် “မျှော်တလင့်လင့်” စာမူသည် ဒုတိယပုဂ္ဂိုလ်ထံမှ တတိယလူလက်တွင်းသို့ ကူးပြောင်း ရောက်ရှိသွားခဲ့ရပြန်သည်။ ထိုအချိန်တွင် မျှော်တလင့်လင့်၏ စာမူဘဝသက်တမ်းသည် ၁၆ နှစ်ကျော်ခဲ့လေပြီ။

“မျှော်တလင့်လင့်” ဝတ္ထုကြီးကို ရေးသားခဲ့သူမှာ အင်္ဂလိပ်စာပေသမိုင်း တွင် အထင်ရှား အကျော်ကြားဆုံးသော စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်း Charles Dicken ဖြစ်သည်။ သူ့အား ၁၈၁၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ မြို့ငယ်လေးတစ်မြို့ဖြစ်သော ပို့စမောက်မြို့၌ မွေးဖွားခဲ့သည်။ သူ့ဖခင် ဂျွန်ဒစ် ကင်းသည် ရေတပ်လစာပေး ဌာနစိတ်မှ စာရေးလေးတစ်ယောက် ဖြစ်၏။ သူ့ဖခင်သည် အသုံးအစွဲအလွန်ကြီးသူဖြစ်၍ ဒစ်ကင်းမိသားစုမှာ အမြဲတစေ ငွေကြေးပြတ်လပ်မှုနှင့် ရင်ဆိုင်ကြရသည်။

ချားလ်စ်ဒစ်ကင်း အသက် ၁၂ နှစ်အရွယ်တွင် သူ့ဖခင် ဂျွန်ဒစ်ကင်း သည် ကြွေးမဆပ်နိုင်သဖြင့် ထောင်ကျသွားသည်။ ဤတွင် ချားလ်စ်ဒစ်ကင်း သည် မိသားစု၏ စားဝတ်နေရေးအဆင်ပြေမှုအတွက် အရွယ်နှင့်မလိုက်အောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရ၏။ ပင်ကိုကတည်းက စာပေဝါသနာကြီးခဲ့သော သူ့ဖခင် ဂျွန်ဒစ်ကင်းသည် ထောင်ထဲ၌နေစဉ်အတွင်း လက်ရေးတိုပညာကို သင်ယူတတ်မြောက်လာခဲ့ရာမှ ထောင်မှလွတ်လာသည့်အခါ သူသည် ပါလီမန်သတင်းထောက်အလုပ်ကို ဝင်လုပ်ပြီး သူ့ဘာသာသူ ပြန်လည်ထူထောင်နိုင်ခဲ့ လေသည်။

ဂျွန်ဒစ်ကင်းသည် ကျောင်းထွက်ပြီး အလုပ်လုပ်နေရသော ချားလ်ဒစ် ကင်းအား ကျောင်းပြန်ထားသည်။ ချားလ်ဒစ်ကင်းသည် ကျောင်းသားအဖြစ် နှစ်နှစ်မျှနေခဲ့ပြီးနောက် အသက် ၁၇ နှစ်အရွယ်တွင် ကျောင်းမှထွက်လိုက် ကာ ရှေ့နေရုံးတစ်ရုံး၌ စာရေးဝင်လုပ်သည်။ အသက်နှစ်ဆယ်တွင် ညနေထုတ် သတင်းစာတစ်စောင်၌ သတင်းထောက် ဝင်လုပ်သည်။ ထိုအချိန်မှစ၍ သူ သည် သတင်းရေးရာ၌ ထူးချွန်သူတစ်ဦးအဖြစ် ထင်ရှား ကျော်ကြားလာခဲ့လေ သည်။

ထို့နောက် သူသည် သူ့လုပ်ဖော်ကိုင်ဖက် သတင်းစာသမားတစ်ဦး၏ သမီး “ကိတ်ဟိုဂတ်သ် (Kate Hogath) နှင့် အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်သည် ဖြစ်လာချိန်မှစ၍ သူသည် ဝတ္ထုများ စတင်ရေးသားခဲ့သည်။ ပရိသတ်ကလည်း သူ့ဝတ္ထုများကို အလွန်စွဲလမ်း နှစ်သက်ကြသဖြင့် ဒစ်ကင်း သည် ဝတ္ထုများကို အဆက်မပြတ်ရေးခဲ့သည်။ စက်နှင့်လှည့်ထုတ်သလို ထွက် လာနေသော သူ့ဝတ္ထုများသည် တဖြည်းဖြည်းနှင့် အမေရိကနှင့် ဥရောပနိုင်ငံ များကပါ နှစ်သက်သောဝတ္ထုများ ဖြစ်လာခဲ့လေ၏။

ထိုအချိန်က သူ့လက်ရာဖြစ်သော “ဘော့ဇ်၏စာကြမ်းများ Sketches Of Boz “ပစ်ခ်ဝစ်စာတမ်းများ Pick Wick Papers” “အိုလီဗာတွစ်စ် Oliver Twist" " φ Nicholas Nicklegby : ဟောင်းပစ္စည်း အရောင်းဆိုင် The Old Curio Shop စသောဝတ္ထုများ ဖြစ်လာခဲ့သည်။

ထိုကာလ၏နောက်ပိုင်း ရေးသားခဲ့သည့် ဝတ္ထုများအနက် “ဒေးဗစ် ကောပါးဖီးလ် David Copperfield ဒွန်ဘီနှင့် သား Dombey and Son” “မလုံခြုံသည့်အိမ် Bleak House” “ခေတ်ဆိုးခေတ်ကျပ် Hard Time” စသော ဝတ္ထုများမှာလည်း လူကြိုက်များပြီး ထင်ရှားကျော်ကြားသည့် စာအုပ်များဖြစ်လာခဲ့သည်။ ယင်းသို့ အောင်မြင်ကျော်ကြားနေချိန် ၁၈၅၈ ခုနှစ်တွင် ချားလ်စ်ဒစ်ကင်းသည် သူ့ဇနီး ကိတ်ဟိုဂတ်သ်နှင့် ကွဲသွားခဲ့သည်။ဇနီးနှင့် လမ်းခွဲပြီးနောက် ချားလ်စ်ဒစ်ကင်းသည် "မြို့နှစ်မြို့၏ပုံပြင် A Tale Of Two Cities" " Great Expectations ဝတ္ထုကြီးများကို ရေးသားခဲ့၏။ ယင်းဝတ္ထုကြီးများမှာလည်း အလွန်လူကြိုက်များ သော ဝတ္ထုများဖြစ်ခဲ့သည်။ အထူးသဖြင့် ခေတ်ဆိုးခေတ်ပျက်ကာလ အတွင်း က လန်ဒန်မြို့နှင့် ပါရီမြို့နှစ်မြို့၏ အခြေအနေများကို ရေးဖွဲ့ထားသော မြို့ နှစ်မြို့ပုံပြင်သည် ထူးခြားသောဝတ္ထုအဖြစ် ပရိသတ်ကရော စာပေပညာရှင်များ ကပါ အသိအမှတ်ပြုခဲ့ကြသည်။

ချားလ်စ်ဒစ်ကင်းသည် ဝတ္ထုများကိုရေးရာ၌ ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနှင့် ဖတ်ကောင်းရုံသက်သက်မျှသာ ရေးလေ့ရှိသူမဟုတ်၊ သူ့ ခေတ်က သူ့နိုင်ငံ၌တည်ရှိနေသော ဝေဖန်သုံးသပ်စရာနှင့် ပြုပြင်စရာ လူမှု အနိဋ္ဌာရုံများကိုပါ ထည့်သွင်းရေးသားလေ့ရှိ၏။ တကယ်တော့ ချားလ်ဒစ်ကင်း သည် ငယ်ရွယ်စဉ်ကတည်းက အလွန်ဆင်းရဲခဲ့သူဖြစ်၏။ ကြွေးပတ်လည် အဝိုင်းခံနေရသော မိသားစုတစ်ခုလုံးကို ရရာအလုပ်များလုပ်၍ ထောက်ပံ့ ကျွေးမွေးနေခဲ့ရသူလေး ဖြစ်သည်။

သို့ဖြစ်၍လည်း ချားလ်ဒစ်ကင်းသည် လက်လုပ်လက်စား ဆင်းရဲသား နှင့် အဖိနှိပ်ခံလူတန်းစားများအပေါ်၌ ကိုယ်ချင်းစာသည်။ ကရုဏာထားသည်။ ဤသဘောများကို သူ့ဝတ္ထုတိုင်းတွင် မြင်တွေ့ရတတ်သည်။

“မျှော်တလင့်လင့်”ကို ချားလ်ဒစ်ကင်း၏ ထူးခြားသည့်လက်ရာကောင်း တစ်ပုဒ်ဟု စာပေပညာရှင်များက ဝေဖန်သုံးသပ်ကြသည်။ သာမန်အားဖြင့် ကြည့်မည်ဆိုပါက ဒစ်ကင်းသည် မျှော်တလင့်လင့်ကိုရေးဖွဲ့ရာ၌ အစ်မ နှစ် ယောက်ကို အားကိုးပြု၍နေရရှာသော မိဘမဲ့ “ပစ်ပ်”အား အဓိကဇာတ်ဆောင် အဖြစ်ထား၍ သရုပ်ဖော်သည်ဟု ယူဆဖွယ်ရှိ၏။ သို့သော်လည်း ဝတ္ထုတစ်ပုဒ် လုံးကို ဂရုထား၍ဖတ်သွားသည့်အခါ ထိုအယူအဆသည် အတိအကျမှန်ပါ သည်ဟု ပြော၍မရဖြစ်လာသည်။

ပစ်ပ်အား ဗဟိုထား၍ ပစ်ပ်နှင့် ဆက်စပ်ပတ်သက်နေသော ဇာတ် ကောင်များကို မျှော်တလင့်လင့် ဝတ္ထုကြီးထဲ၌ အများအပြားတွေ့ရ၏။ ထို ဇာတ်ကောင်အားလုံးသည် သူ့စရိုက်နှင့်သူ ပီပြင်ထင်ရှားနေရုံမျှမက အားလုံးပင် စိတ်ဝင်စားစရာတွေချည်း ဖြစ်နေသည်။ အားလုံးပင် စိတ်ပျက်စရာတွေချည်းဖြစ်နေသည်။ အားလုံးပင် ရွံရှာစက်ဆုပ်စရာတွေချည်း ဖြစ်နေသည်။ အားလုံး ပင် ရယ်စရာတွေချည်း ဖြစ်နေသည်။ အားလုံးပင် ကိုယ်ချင်းစာစရာတွေချည်း ဖြစ်နေသည်။ အားလုံးပင် ချစ်စရာကောင်း၍ အားလုံးပင် သနားစရာကောင်း ကာ အားလုံးပင် မုန်းစရာတွေချည်း ဖြစ်နေပေသည်။

ချားလ်ဒစ်ကင်းသည် အသက် ၁၅ နှစ်အရွယ်တွင် ရှေ့နေရုံးတစ်ရုံး ၌ စာရေးလုပ်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် တရားရုံးသို့ ရောက်လာသူများ အား အမြဲတစေ စောင့်ကြည့်နေလေ့ရိသည်။ ထိုလူများ၏ ထူးခြားသော အပြောအဆို၊ အပြုအမူနှင့် ရုပ်လက္ခဏာများကို သူ့အိတ်ဆောင် မှတ်စုစာအုပ် လေးထဲ၌ ရေးမှတ်ထားတတ်သည်။ ယင်းအလေ့အထကြောင့်ပေလား မသိ၊ မျှော်တလင့်လင့်ထဲမှ “ပစ်ပ်” အပါအဝင် ဇာတ်ကောင်အားလုံး၏ အမူအကျင့် နှင့် စရိုက်များသည် အလွန်ပီပြင် ပေါ်လွင်လျက်ရှိသည်ကို တွေ့ရလေသည်။

အမှန်သော် “မျှော်တလင့်လင့်သည် မြန်မာစာဖတ်ပရိသတ်နှင့် စိမ်း သော စာအုပ်မဟုတ်ပါ။ လွန်ခဲ့သောနှစ်ပေါင်း ၅၂ နှစ်ခန့်က ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်ပြီး ရှုမဝစာအုပ်တိုက်မှ စာအုပ်အမှတ် ၃၉ အဖြစ် ထုတ်ဝေခဲ့ဖူးသည်။ ထိုစဉ်က ဆရာကြီးသည် အချိန်အခါ နှင့် အခြေအနေကို ကြည့်၍ မျှော်တလင့်လင့် အနှစ်ချုပ် (အကျဉ်း)ကို ပြန်ဆိုခဲ့သည်”ဟု ယူဆရပါ သည်။

ထိုစဉ်က ထိုစာအုပ်တွင် ဆရာကြီးရေးသားခဲ့သော နိဒါန်း (အမှာစာ)၌ အလွန်မှတ်သားစဖွယ်ကောင်းသည့် ဆရာကြီး၏အယူအဆများကို ကျွန်တော်တို့ ဖတ်ရှုခဲ့ကြရသည်။ ဆရာကြီးက-

““အနောက်တိုင်းပြည်များ၌ စာအုပ်ကောင်းတစ်အုပ် (ဝတ္ထုများလည်း ပါသည်။ ပေါ်ထွက်လာသည့်အခါ အတိုင်းအတိုင်းအပြည်ပြည်တို့တွင် ဘာသာ အမျိုးမျိုးတို့ဖြင့် ပြန်ဆိုရိုက်နှိပ်သော စာအုပ်များလည်း မရှေးမနှောင်း ဟူ သကဲ့သို့ ပေါ်ထွက်တတ်ကြသည့်အလျောက် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် တို့သည် မည်သည့်ပညာရပ်တွင်မဆို ရင်ပေါင်တန်းလျက် တိုးတက်ကြကုန်၏။**မြန်မာပြည်၌ကား ဓာတ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း အစရှိသော ရှေးခေတ်ပညာများကို အိန္ဒိယပြည်မှ အထိုက်အလျောက် ဘာသာပြန်ဆိုခဲ့ကြ သော်လည်း အနောက်တိုင်းမှ ခေတ်ပညာရပ်များကို ဘာသာပြန်ဆိုသူ အလွန် နည်းပါးသေးသည့်အလျောက် အင်္ဂလိပ်စာမတတ်လျှင် ခေတ်ပညာကို မတတ် ရတော့သလောက် ဖြစ်နေရသည်မှာ လွန်စွာဝမ်းနည်းဖို့ ကောင်း၏””ဟု လည်း ကောင်း-

*“ကျွန်ုပ်တို့ ပြန်ဆိုခဲ့သော ဝတ္ထုများနှင့် စွန့်စားခြင်းဟုဆိုအပ်သည့် အသည်းနှလုံး တုန်လှုပ်ဖွယ်ဖြစ်သော အဖြစ်အပျက်များပါဝင်သည့် ဝတ္ထုမျိုးတို့ သာလျှင် များခဲ့၏။ ၄င်းဝတ္ထုမျိုးတို့မှာ စာဖတ်သူတို့၏စိတ်ဓာတ်ကို ဆွဲဆောင် နိုင်၍ စိတ်ပါဝင်စားရန် လွယ်ကူသော်လည်း စင်စစ်အားဖြင့် လူ၏သဘာဝ ကို နက်နဲစွာဖော်ပြခြင်းဟူ၍ နည်းပါးလှသောကြောင့် တစ်နည်းအားဖြင့် ငယ်ရွယ်နုနယ်၍ စာဖတ်ဝါမရင့်သေးသည့် လူငယ်များအကြိုက်ဟု ဆိုရပေ မည်။

ဤ “မျှော်တလင့်လင့်” ဝတ္ထုမှာ ကမ္ဘာကျော်ဝတ္ထုရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ ဝတ္ထုများအနက် အကောင်းဆုံးစာအုပ် ဖြစ်သည့်အပြင် လူငယ်ကြိုက် စွန့်စားခြင်းဆိုင်ရာ အဖြစ်အပျက်များသာမက လူ၏သဘာဝ ကို နှိုက်နှိုက်ချွတ်ချွတ် ကုတ်ကုတ်ကတ်ကတ် လတ်လတ်ဆတ်ဆတ် ရွှင်ရွှင် လန်းလန်း ဖော်ပြရာတွင် ပြိုင်ဘက်မရှိသလောက် မှတ်ယူကြရသော ဆရာကြီး တစ်ဦး၏ လက်ရာလည်းဖြစ်ပေ၏။

“ဤစာအုပ်မျိုးမှာ ရင်ဖိုလှိုက်ခြင်းသက်သက် ဖြစ်စေသည့် စွန့်စားခြင်း ဆိုင်ရာ စာအုပ်မျိုးတို့ထက် အဆင့်အတန်းမြင့်မားသည်မှာ မှန်သော်လည်း စာဖတ်ပရိသတ် အဆင့်အတန်းမြင့်တက်လာသော ယခုခေတ်အခါတွင် အရ သာ ခံနိုင်လောက်ပြီဟု ယူဆသည့်အလျောက် အစမ်းသဘောဖြင့် ပြန်ဆို ရေးသားခဲ့ခြင်း ဖြစ်ပါသတည်း”ဟု လည်းကောင်း ရေးသားခဲ့လေသည်။

စာမူဘဝဖြင့် သက်တမ်းတစ်ဆယ့်ခြောက်နှစ်ကျော်မျှ ကြာခဲ့ပြီဖြစ်သော**မြန်မာပြည်၌ကား ဓာတ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း အစရှိသော ရှေးခေတ်ပညာများကို အိန္ဒိယပြည်မှ အထိုက်အလျောက် ဘာသာပြန်ဆိုခဲ့ကြ သော်လည်း အနောက်တိုင်းမှ ခေတ်ပညာရပ်များကို ဘာသာပြန်ဆိုသူ အလွန် နည်းပါးသေးသည့်အလျောက် အင်္ဂလိပ်စာမတတ်လျှင် ခေတ်ပညာကို မတတ် ရတော့သလောက် ဖြစ်နေရသည်မှာ လွန်စွာဝမ်းနည်းဖို့ ကောင်း၏””ဟု လည်း ကောင်း-

*“ကျွန်ုပ်တို့ ပြန်ဆိုခဲ့သော ဝတ္ထုများနှင့် စွန့်စားခြင်းဟုဆိုအပ်သည့် အသည်းနှလုံး တုန်လှုပ်ဖွယ်ဖြစ်သော အဖြစ်အပျက်များပါဝင်သည့် ဝတ္ထုမျိုးတို့ သာလျှင် များခဲ့၏။ ၄င်းဝတ္ထုမျိုးတို့မှာ စာဖတ်သူတို့၏စိတ်ဓာတ်ကို ဆွဲဆောင် နိုင်၍ စိတ်ပါဝင်စားရန် လွယ်ကူသော်လည်း စင်စစ်အားဖြင့် လူ၏သဘာဝ ကို နက်နဲစွာဖော်ပြခြင်းဟူ၍ နည်းပါးလှသောကြောင့် တစ်နည်းအားဖြင့် ငယ်ရွယ်နုနယ်၍ စာဖတ်ဝါမရင့်သေးသည့် လူငယ်များအကြိုက်ဟု ဆိုရပေ မည်။

ဤ “မျှော်တလင့်လင့်” ဝတ္ထုမှာ ကမ္ဘာကျော်ဝတ္ထုရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ ဝတ္ထုများအနက် အကောင်းဆုံးစာအုပ် ဖြစ်သည့်အပြင် လူငယ်ကြိုက် စွန့်စားခြင်းဆိုင်ရာ အဖြစ်အပျက်များသာမက လူ၏သဘာဝ ကို နှိုက်နှိုက်ချွတ်ချွတ် ကုတ်ကုတ်ကတ်ကတ် လတ်လတ်ဆတ်ဆတ် ရွှင်ရွှင် လန်းလန်း ဖော်ပြရာတွင် ပြိုင်ဘက်မရှိသလောက် မှတ်ယူကြရသော ဆရာကြီး တစ်ဦး၏ လက်ရာလည်းဖြစ်ပေ၏။
မျှော်တလင့်လင့်”သည် “စိတ်ကူးချိုချိုအနုပညာ”မှ ထွက်လာခဲ့ပြီဖြစ်သည်။ ကျွန်တော် မည်မျှအထိဝမ်းသာသည်ကို ဖော်ပြနိုင်စွမ်းမရှိပါ။

ကျွန်တော့်အနေဖြင့် “မျှော်တလင့်လင့်”သည် ကျွန်တော် အသက် ထင်ရှားရှိစဉ်အတွင်း တစ်နေ့နေ့တစ်ချိန်ချိန်၌ ထွက်လာလိမ့်မည်ဟု မျှော်လင့် ထားခဲ့၏။ ထိုမျှော်လင့်ချက်သည် ယခုအခါတွင် ပြီးပြည့်စုံခဲ့ပြီ ဖြစ်သည်။ ဤအတွက် ကျွန်တော်သည် “စိတ်ကူးချိုချို အနုပညာ”အား များစွာကျေးဇူး တင်ပါသည်ဟု ပြောပါရစေ။

◼️ မျှော်တလင့်လင့် ( မောင်ထွန်းသူ ) - ၁၅၀၀၀ ကျပ်

{မောင်ထွန်းသူ}

တန်ဖိုး ၁၅၀၀၀ကျပ်◾️
◾️

📓ဆိုင်ဂုံ //   မောင်ထွန်းသူစဖတ်တာနဲ့ လက််က မချချင်လောက်အောင် ဖြစ်ခဲ့ရတာမို့ သုံးရက်နဲ့ ဖတ်ပြီးခဲ့တဲ့ ဝတ္ထုရှည်ကြီး...၁၉၂...
26/03/2025

📓ဆိုင်ဂုံ // မောင်ထွန်းသူ

စဖတ်တာနဲ့ လက််က မချချင်လောက်အောင် ဖြစ်ခဲ့ရတာမို့ သုံးရက်နဲ့ ဖတ်ပြီးခဲ့တဲ့ ဝတ္ထုရှည်ကြီး...

၁၉၂၅ ခုနှစ်ကနေ ၁၉၇၅ အထိ နှစ်ပေါင်း ငါးဆယ်နီးပါး ရှည်ကြာတဲ့ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းရှည်ကြီးကို နောက်ခံပြုထားတဲ့ နိုင်ငံရေး ဝတ္ထုရှည်ကြီး...နိုင်ငံရေး နောက်ခံပြုဆိုပေမယ့် ကိုယ်လို သမိုင်းနဲ့ပတ်သက်တာတွေဆို ဖတ်ရတာ လေးလို့ တွန့်ဆုတ်တတ်တဲ့ သူတောင် မငြီးငွေ့သွားပဲ နောက်ဆုံး စာမျက်နှာ ဖတ်ပြီးသွားတဲ့အခါ ကောင်းလိုက်တာရယ်လို့ ကျေနပ်ပြီး တစိမ့်စိမ့်တွေး နစ်မျောပြီး ဆိုင်ဂုံထဲက တော်တော်နဲ့ထွက်မရဖြစ်နေတယ်လို့ ခံစားရတယ်...ဖတ်နေတဲ့ ရက်တွေအတွင်းမှာလည်း ဆိုင်ဂုံကလွဲလို့ ဘာကိုမှ စိတ်မဝင်စားနိုင်ပဲ တကုပ်ကုပ်နဲ့ စားလည်း ဒီစိတ် သွားလည်းဒီစိတ် ဆိုသလို စိတ်က စာအုပ်ထဲက ဗီယက်နမ်နိုင်ငံနဲ့ သူ့ဇာတ်ကောင်တွေမှာချည်း ရောက်နေလို့ ဆက်မဖတ်ပဲ ဒီစာအုပ်သုံးအုပ်တွဲ အထူကြီးကို ရက်တွေအတော်ကြာ ပစ်ထားတာမျိုးတောင် မလုပ်ခဲ့မိတော့ဘူးရယ်...ဗီယက်နမ် ပြည်သူတွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ အဲ့ဒီနှစ်ပေါင်းငါးဆယ်မှာ ကိုယ်ပါ ဝင်ပြီး ပါနေရသလိုမျိုး ခံစားမိတဲ့အထိ စာရေးဆရာရဲ့ ဇာတ်ကောင်စရိုက်နဲ့ အဖြစ်အပျက်ကို အသေးစိတ် ပုံဖော်မှုတွေဟာ အသက်ဝင်လွန်းလှတယ်.. ဗီယက်နမ်နိုင်ငံရဲ့ သာယာလှပမှုတွေကိုလည်း ဖတ်နေရင်း မျက်စိထဲ ပုံဖော်မိရတယ်...ဒေါသတွေလည်းထွက်ရ ဝမ်းနည်းရ ကြေကွဲရ ပျော်ရွှင်ရ မချင့်မရဲဖြစ်ရ နဲ့ ဖတ်နေရင်း မျက်ရည်လေးလည်း တစမ်းစမ်း ဖြစ်မိသေးတယ်...နှစ်ငါးဆယ် လွတ်လပ်ရေး ခရီးရှည်ကြီးကို ပုံဖော်တဲ့နေရာမှာ စာရေးဆရာဟာ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ ဇာတ်ကောင်တွေကိုချည်း သုံးခဲ့တာမဟုတ်ပဲ တကယ်သက်ရှိထင်ရှားရှိခဲ့ဖူးတဲ့ ဟိုချီမင်းနဲ့ အခြားသော သူတို့သမိုင်းမှာ ထင်ရှားခဲ့တဲ့ သူတွေကို ပုံဖော်ထားတဲ့ ဇာတ်ကောင်တွေပါ ထည့်သွင်းထားတာမို့ ပိုလို့ရုပ်လုံးကြွခဲ့တယ်လို့ ထင်မိတယ်...တရုတ်...ဗီယက်နမ်...ပြင်သစ်...အဂ်လိပ်...အမေရိကန်...ဂျပန်...တွေအကြောင်း ပုံဖော်တဲ့အခါမှာလည်း ဘက်လိုက်မှုကင်းကင်းနဲ့ ဘယ်ဘက်မှ မလိုက်ပဲ ရေးသားထားတယ် ဆိုတာ ဖတ်ပြီးသွားတဲ့အခါ သေချာသွားသလို ခံစားရတယ်... စာရေးဆရာ Anthony Grey ဟာ ဒီဝတ္တုရှည်ကြီးကို ရေးသားခဲ့တဲ့နေရာမှာ ဗီယက်နမ်ရဲ့ နှစ်ငါးဆယ်နီးပါး လွတ်လပ်ရေး သမိုင်းကြောင်းရှည်ကြီးကို အမှားအယွင်းမရှိ သေချာပုံဖော်နိုင်ဖို့ မြောက်မြားစွာသော သမိုင်းပညာရှင်တွေ သုတေသီတွေ နိုင်ငံ့ခေါင်းဆောင်တွေ သတင်းစာဆရာတွေ စစ်သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်း ဆွေးနွေးတာတွေလုပ်ပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးအစရှိတဲ့ အချက်အလက်များစွာကို သေချာလေ့လာဖတ်ရှု သုတေသနပြုပြီးမှ ရေးသားခဲ့တယ်လို့ ဆိုထားပါတယ်...ဆရာကြီး မောင်ထွန်းသူရဲ့ ဘာသာပြန် အရည်အချင်းကတော့ ထည့်ပြောဖို့ကို မလိုတော့ပါဘူး...( Anthony Grey ပဲရေးပြီး ဆရာကြီးပဲ ဘာသာပြန်ထားတဲ့ ပီကင်းကိုလည်း ဝယ်ဖတ်ဦးမယ်)...

အမေရိကန်နိုင်ငံရေးလောကမှာ ရှိထားပြီးသား မိသားစု အရှိန်အဝါကို ပိုလို့တောက်ပြောင်လိုပြီး သားကြီးအပေါ် မျှော်လင့်ချက်သိပ်ကြီးတဲ့ အထက်လွှတ်တော်အမတ် နသန်လ်နီယယ်လ် ရှားမင်း...
အမဲလိုက်ခြင်းကို အင်မတန်သဘောကျလေ့ရှိပြီး တက်ကြွရဲရင့်ပြတ်သားတဲ့ မိမိနိုင်ငံအပေါ်တာဝန်ကျေချင်သူ ပြင်သစ်ဗိုလ်ကြီး ဂျက်ဒီဗရော့စ်...
ငါတို့ဟာ (နိုင်ငံခြားသားဖြစ်နေပါစေ) နိုင်ငံအုပ်ချုပ်သူတွေအပေါ် ရိုသေလေးစားပြီး အလုပ်အကျွေးပြုရမယ်ဆိုတဲ့ ရှေးခေတ် ကွန်ဖြုးရှပ်စ် ဝါဒကို တသွေမတိမ်း လိုက်နာလေ့ရှိတဲ့ ထရန်ဗန်ဟွား...
ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးသမား အထက်လွှတ်တော်အမတ် အဖေက သူ့အစ်ကိုကိုသာ သားကြီးသြရသ အဖြစ် ယုံကြည်ကိုးစား အထင်ကြီးခဲ့ပြီး သူဟာ သူ့အစ်ကိုထက် ပိုရင့်ကျက်ပြီး ထက်မြက်ခဲ့ပေမယ့် သူ့ကိုတော့ ဘာမျှော်လင့်ချက်မှ မထားခဲ့ပဲ မေ့မေ့သားလေး အဖြစ်သာ ဆက်ဆံခံခဲ့ရလို့ အဖေနဲ့ ဘယ်တုန်းကမှ ဆက်ဆံရေး အဆင်မပြေခဲ့တဲ့ ဂျိုးဇက်ရှားမင်း နဲ့ ဗီယက်နမ်နိုင်ငံရဲ့ မျိုးကြီး ဆွေကြီး ချမ်းသာတဲ့ ဘုရင့်မှူးမတ် မျိုးရိုးကနေ ဆင်းသက်လာပြီး အချိန်တန်ရင် ဖခင်ဖြစ်သူ လက်ဆက်ပေးမယ့် အိမ်ထောင်ဖက်ကိုသာ ရွေးချယ်ရမယ့် ဖယောင်းပန်းလေးလို နူးညံ့သိမ်မွေ့လှပတဲ့ ဗီယက်နမ်မလေး လန်းတို့နှစ်ယောက်ရဲ့ လွမ်းမောဆွတ်ပျံ့ ဝမ်းနည်းရတဲ့ အချစ်ဇာတ်လမ်း...လန်းကို တစ်ဖက်သတ်ချစ်ခဲ့ပြီး လန်းအဖေရဲ့ သဘောကျနှစ်သက်ခြင်းခံရလို့ လန်းကို အိမ်ထောင်ဖက်အဖြစ် ပိုင်ဆိုင်ခဲ့ရပေမယ့် နှလုံးသားကို မရခဲ့ရှာတဲ့ ပြင်သစ်စစ်ဗိုလ်လေး ပေါလ်ဒီဗရော့စ်...နိုင်ငံလွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ နှလုံးသားခံစားချက်နဲ့ ကျန်တာအားလုံး လျစ်လျူနိုင်တယ်လို့ ကြွေးကြော်ပြီး ချစ်သူကို လက်လွှတ်ဆုံးရှုံးခံခဲ့ပြီး ကျန်တဲ့ဘဝတစ်လျှောက် နာကျင်မှုတွေပွေ့ပိုက်ပြီး လွတ်လပ်ရေးအတွက် အသွေးအသား အားလုံးပုံအပ်ခဲ့တဲ့ ပညာတတ်လူငယ်လေး လန်းရဲ့ဦးလေးငယ် ဒေါင်ဗန်လတ်...ကျွန်တော်ကတော့ ဒီကိုလိုနီ ပြင်သစ်ကောင်တွေရဲ့ လက်အောက်မှာ အဖေ့လို စည်းစိမ် အဆီယစ်မူးပြီး မနေနိုင်ဘူးလို့ အရှိန်အဝါ သိပ်ကြီးတဲ့ အဖေ့ကို မဟုတ်မခံ ပြန်ပြောခဲ့လို့ ငါသေတဲ့အထိ ဒီအိမ်ရိပ်တောင် မင်းမနင်းပါနဲ့လို့ အဖေဆီက မောင်းထုတ်ခံရပြီး လွတ်လပ်ရေးကြိုးပမ်းမှုအတွက် မိသားစုကို တစ်သက်တာ ကျောခိုင်းခဲ့ရတဲ့ လန်းရဲ့ အစ်ကိုငယ် ကင်မ်...ပြင်သစ်စစ်ဗိုလ်ကြီးဆီမှာ အစေခံလုပ်ပြီး ရသမျှ သတင်းတွေကို လွတ်လပ်ရေးကြိုးပမ်းမှု အဖွဲ့တွေဆီ မျှဝေခဲ့တာ မိသွားလို့ ဇနီးသည်ကို ပြင်သစ်တွေက ထောင်ထဲမှာ ရက်ရက်စက်စက် နှိပ်စက်ခဲ့ပြီး ဆုံးရှုံးခဲ့ရလို့ နိုင်ငံခြားသားတွေကို အင်မတန် ပိုလို့စက်ဆုပ် ရွံရှာခဲ့ပြီး ဇနီးသည်နဲ့ နိုင်ငံအတွက် လက်စားချေမယ်လို့ ဆုံးဖြတ် တိုက်ပွဲဝင်ခဲ့တဲ့ လော့ခ်တို့ သားအဖ သုံးယောက်...ကျုပ်ရဲ့ပါတီက ကျုပ်နိုင်ငံပဲ...ကျုပ်မိသားစုက ကျုပ်ပြည်သူတွေပဲလို့ ပြောပြီး သူ့ဘဝ တစ်လျှောက်လုံး သေတဲ့အထိ လွတ်လပ်ရေးရဖို့အတွက် ဖမ်းဆီးမှုအကြိမ်ကြိမ်နဲ့ သေဘေးကို အကြိမ်ကြိမ် ကြုံခဲ့ရပေမယ့် ခါးစည်းကျော်လွှားပြီး စိတ်ဓာတ်အင်မတန် မာကျောပြီး နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ဘာကိုမှ အရှုံးမပေးခဲ့တဲ့ မျိုးချစ်ငုယင်လို့ နာမည်တွင်တဲ့ ဟိုချီမင်း...အစရှိတဲ့ ဇာတ်ကောင်တွေနဲ့ သူတို့ကနေတစ်ဆင့် ထပ်မံဆင်းသက် ပေါက်ဖွားလာတဲ့ မျိုးဆက်တွေနဲ့ အခြားသော ဇာတ်ကောင်တွေကို စိတ်လှုပ်ရှားဖွယ် ပျင်းရိစရာ တစ်စက်မှ မကောင်းအောင် ရေးဖွဲ့ထားပါတယ်...

ဗီယက်နမ်ဟာ တရုတ်မင်းဆက်တွေရဲ့နှစ်ပေါင်းတစ်ထောင်နီးပါးလောက် လက်အောက်ခံ ကျွန်နိုင်ငံအဖြစ်နေခဲ့ရပြီး အဲ့ဒီနောက် ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံအဖြစ် ဆက်ရုန်းကန်ခဲ့ရပုံ..ပြင်သစ်အုပ်ချုပ်သူတွေဟာ သူ့ကိုလိုနီနိုင်ငံလေးထဲမှာ ယဥ်ကျေးတိုးတက်အောင် ဆောင်ရွက်ပေးရေး လုပ်ငန်းလို့ လူကြားကောင်းရုံ အပေါ်ယံ အမည်ကောင်း တပ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ ဆနစပါး...ကျောက်မီးသွေး...ရာဘာ အစရှိတဲ့ သယံဇာတမှန်သမျှကို ရသမျှ ဂုပ်သွေးစုပ်လို့ နိုင်ငံပြင်ပထုတ်ရောင်းစားပြီး သူတို့နဲ့ သူတို့ကို အနီးကပ် သစ္စာခံတဲ့ အပေါ်ပိုင်းက အစိုးရအရာရှိတွေနဲ့ မြေပိုင်ရှင် သူဌေးကြီးတွေပဲ အမြတ်ရ ချမ်းသာပြီးရင်း ချမ်းသာခဲ့ပြီး နိုင်ငံရဲ့ လူများစုဖြစ်တဲ့ လယ်သမားတွေဘဝဟာ နင်းပြားဘဝကနေပဲ ဒုက္ခမှန်သမျှ ခါးစည်းလို့ ခံခဲ့ကြရပုံ...ဒါကို တွန်းလှန်ချင်တဲ့ မျိုးချစ်လူငယ်တွေ ဦးဆောင်ပြီး နိုင်ငံကို ပြင်သစ်လက်အောက်က ရုန်းထွက်ဖို့ကြိုးစားရင်း ဒုတိယကမ္ဘာစစ် ဝန်းကျင်ကာလတွေမှာ တစ်ခါ ဂျပန်ရဲ့ ရက်စက်လွန်းတဲ့ အုပ်ချုပ်မှုကိုခံရပြန်ပုံ...ဂျပန်တွေကို ပြန်တိုက်ထုတ်နိုင်ပြန်တော့ အမေရိကန်နဲ့ ဗြိတိန်တို့ကပါ နိုင်ငံ့အရေးထဲဝင်လာပြန်ပြီး ရှုပ်ထွေးမှုတွေကြား နိုင်ငံကို ပြင်သစ်အုပ်ချုပ်မှု အောက် ထားခဲ့ပြန်ပုံ...ပြင်သစ်ရဲ့ ကိုလိုနီပြုမှုကို နောက်တစ်ကြိမ်ထပ်မံ ခံရပြီးနောက် နိုင်ငံက တောင်နဲ့မြောက်ဆိုပြီး နှစ်ခြမ်းကွဲရပြန်ပုံ...နိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ ပြန်ပြီး ရင်ကြားမစေ့နိုင်ခင်မှာ နိုင်ငံ မြောက်ပိုင်းမှာ ပြင်သစ်တွေကို တိုက်ပွဲဝင်ပြီး အောင်မြင်လာတဲ့ ဟိုချီမင်း အစိုးရအဖွဲ့တက်လာပေမယ့် အမေရိကန်တွေ ကျောထောက်နောက်ခံပြုထားတဲ့ တောင်ပိုင်းဆိုင်ဂုံမှာတော့ အာဏာရှင်ငိုဒင်ဇင်းနဲ့ သူ့ညီဟာ အကျင့်ပျက်ချစားမှုတွေ လုပ်ခဲ့တာမို့ ဟိုချီမင်းတို့ အဖွဲ့ဟာ တောင်ပိုင်းကိုပါ အုပ်ချုပ်ခွင့်ရဖို့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပုံ... ကွန်မြူနစ်ဝါဒကို လက်ကိုင်ထားတဲ့ မြောက်ဗီယက်နမ်နိုင်ငံ သမ္မတ ဟိုချီမင်းနဲ့ သူ့ရဲ့ ဗီယက်မင်းပြောက်ကျားတပ်တွေကို တောင်ပိုင်းထိ စိမ့်မဝင်လာနိုင်အောင်နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တရုတ်နဲ့ရုရှားက ကျောထောက်နောက်ခံပြုနေတဲ့ ကွန်မြူနစ်ဝါဒ ပြန့်နှံ့မသွားရေးဆိုတဲ့ ကြွေးကြော်သံနဲ့ အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်ဆောင်ရွက်မှုတွေကိုလည်း ဗီယက်နမ်ပြည်သူတွေဟာ ၁၉၅၀ ခုနှစ်ကျော်ပိုင်းတွေမှာ ခံရပြန်ပုံ...အဲ့ဒီနောက် စွက်ဖက်လို့ အားမရတော့ပဲ အမေရိကန်ကိုယ်တိုင် မြောက်နဲ့ တောင်ဗီယက်နမ် စစ်ပွဲတွေကြား ပေါ်ပေါ်ထင်ထင်ပဲ ပါလာပုံ...ကွန်မြူနစ်အစိုးရ ဟိုချီမင်း အုပ်ချုပ်တဲ့ မြောက်ဗီယက်နမ်နဲ့ အမေရိကန်က အထောက်အပံ့ပေးနေတဲ့ တောင်ဗီယက်နမ်နိုင်ငံကြား အစိုးရ အချင်းချင်းကြားထဲက တိုက်ပွဲတွေ အာဏာသိမ်းပွဲတွေ အယူဝါဒ တိုက်ပွဲတွေ ဘာသာရေး တိုက်ပွဲတွေ အစရှိတဲ့ မဆုံးနိုင်တဲ့ တိုက်ပွဲပေါင်းမျိုးစုံ ဖြစ်ပေါ်လာပုံ...သန်းပေါင်းများစွာသော ဗီယက်နမ် ပြည်သူတွေဟာ စစ်ကြောင့် မိသားစုဝင်တွေနဲ့ ရှင်ကွဲသေကွဲကွဲရတာတွေ၊ အငတ်ဘေးကြောင့် စားစရာမရှိလို့ ငတ်ပြတ်ပြီး သေရတာတွေ၊ အုပ်ချုပ်သူနိုင်ငံခြားသားတွေနဲ့ ပိုက်ဆံချမ်းသာတဲ့ မြေပိုင်ရှင်ကြီးတွေရဲ့ စီးပွားရေးခေါင်းပုံဖြတ်မှုတွေ၊ လိဒ်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို နှစ်ပေါင်းများစွာခံရင်း အာဏာလုပွဲတွေကြား မြေဇာပင် ဖြစ်ခဲ့ရပုံတွေဟာ ဖတ်နေရင်း အတော့်ကို ရင်ကွဲစရာကောင်းလွန်းတယ်...

အဆုံးသတ်ရရင် ကြိုက်လွန်းတာမို့ ဆိုင်ဂုံဟာ ကိုယ့်အတွက်တော့ဖြင့် ရင်ထဲမှာ သာတဲ့လ ဖြစ်ခဲ့ရပြန်တယ်လို့...💚

◾️ စာအုပ်အညွှန်းရေးသားသူ Aye Aye Zaw အား လေးစားစွာ Credit ပေးပါသည်။

◼️ တန်ဖိုး - ၃၀၀၀၀ ကျပ်

မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာလမ်းမှားတော့တာပဲ။မင်းက နေနိုင်တယ်ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူးအသေခံတယ်။မင်းဆီက ပျော်...
25/03/2025

မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ။
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်။
မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ။

မင်းက
ဆယ့်ငါးမိနစ် တစ်ခါ
တကယ်ချစ်ရဲ့လား မေးပြီး
ငါးမိနစ် တစ်ခါ
ပြန်မယ် ပြန်မယ် ပြောလို့
ပျံသန်းခြင်း အတတ်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား
မင်း ဘယ်တော့မှ မမှားဘူး။

ငါ့ရဲ့ အမှားက တအားထက်လို့
ဘာမဆို ငါ့ကိုထိရင် ပြတ်လို့
စိတ်ရူးပေါက်ခဲ့စဉ် အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ်။

ငါ့အနားမှာ မင်း ရှိရုံနဲ့
မလုံလောက်သေးဘူး
ငါက လောဘအရမ်းကြီးတာပဲ
မင်းကို မရရင် ဘာမှမယူဘူး။

ငါ တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ
မီးရှို့ဖို့ ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ်။

ရေဝင်ပေါက်လေး တစ်ပေါက်နဲ့
သင်္ဘောကို မနစ်မြုပ်စေနဲ့
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမဲ့
သူ့သွေးနဲ့ သူ စီးဆင်းတယ်

မင်း သူငယ်ချင်းတွေကို
မင်း ပြောခဲ့တယ်ဆို
ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ
ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ
ကျွန်မတို့ …
ကျွန်မတို့ …

ဇန်နဝါရီ ကုန်သွားတယ်
ဖေဖော်ဝါရီ ကုန်သွားတယ်
ဒီဇင်ဘာ ရောက်လာတယ်
ပြတင်းပေါက်တွေ ဖွင့်တယ်
တစ်နေ့တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို့
ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ
ဟိုမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရမှာ
ကျွန်မ ရန်ကုန် သွားမယ်
နင့်အဖေ မျက်နှာကို မြင်ချင်ရင်
နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်
ရန်ကုန်ကို ဘာထင်နေသလဲ
လွယ်လွယ်နဲ့ အသက်ရှင်လို့ မရဘူး
ရန်ကုန်ဟာ စစ်မြေပြင်။

ငါတို့က ဘဝနဲ့သာ တွေ့ခဲ့ရတာ ဆိုတော့
အရူးရူးသက်သက်နဲ့ စလို့မရဘူး
မင်းက ဝေးကွာခြင်းကို စတင်မယ် ဆိုရင်
ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ်
ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို့ စိတ်မကူးနဲ့
အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူး
မင်း ရှေ့မှာ ငါ ရပ်နေရင်း
မင်း အနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ
မင်း လက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့
မင်းက အမြဲတမ်း နောက်လှည့်လှည့် ကြည့်နေ
တော့တာပဲ။

အခုတော့ လိုနေတဲ့ အရောင်တစ်ရောင်နဲ့
အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား
စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ဆုံမှုဟာ
တကယ် ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလို့လား
ဘဝကို လောင်နေတဲ့မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲ ယူတယ်
ငါ့အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ်။ ။

#သင်ယူရမယ့်လမ်း
#စိုင်း၀င်းမြင့်

📚📖  ပီတိရိပ်စာအုပ်ဆိုင်မှာ  in-stock အသင့်ရှိတဲ့ စာအုပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။📙ဖော်ပြပါ စာအုပ်များနဲ့အတူ အခြား...
24/03/2025

📚📖 ပီတိရိပ်စာအုပ်ဆိုင်မှာ in-stock အသင့်ရှိတဲ့ စာအုပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

📙ဖော်ပြပါ စာအုပ်များနဲ့အတူ အခြားသော စာရေးဆရာ/ဆရာမ များရဲ့ စာအုပ်များကိုလဲ မင်မင်တို့ ပီတိရိပ်-PitiYate Bookshop မှာဝယ်ယူလို့ရပါတယ်နော်။

🚛🚐 စာအုပ်အမှာတွေကို Wepozt, Ninja Van စတဲ့ deliတွေနဲ့ပို့ပေးပါတယ်။

📱💸 ငွေကြိုလွဲမယ်ဆို Wave Pay, K Pay အဆင်ပြေရာနဲ့ပေးချေလို့ရပါတယ်။

🏡📦 အိမ်ရောက်ငွေချေ စနစ်ဖြင့်လဲ ပို့ပေးပါတယ်နော်။

📖 စာချစ်သူတို့အနေနဲ့ စာအုပ်နဲ့ပတ်သက်ပြီး မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ယူအားပေးချင်တာပဲဖြစ်ဖြစ် သိလိုသမျှကို Page Chat Box မှာမေးလို့ရသလို Ph. 09982105988/ 09424179030 သို့ဆက်သွယ်၍လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်......။

#ပီတိရိပ်-PitiYate Bookshop ရဲ့ Telegram Channel ဖြစ်ပါတယ်။

https://t.me/PitiYateBookshop

◼️ပီတိရိပ်မှာ ဝယ်ယူဖတ်ရှုနိုင်အုံးမဲ့ ကဗျာ၊ အက်ဆေး စာအုပ်တွေပါ ...📙ဖော်ပြပါ စာအုပ်များနဲ့အတူ အခြားသော စာရေးဆရာ/ဆရာမ များ...
22/03/2025

◼️ပီတိရိပ်မှာ ဝယ်ယူဖတ်ရှုနိုင်အုံးမဲ့ ကဗျာ၊ အက်ဆေး စာအုပ်တွေပါ ...

📙ဖော်ပြပါ စာအုပ်များနဲ့အတူ အခြားသော စာရေးဆရာ/ဆရာမ များရဲ့ စာအုပ်များကိုလဲ မင်မင်တို့ ပီတိရိပ်-PitiYate Bookshop မှာဝယ်ယူလို့ရပါတယ်နော်။

🚛🚐 စာအုပ်အမှာတွေကို Wepozt, Ninja Van စတဲ့ deliတွေနဲ့ပို့ပေးပါတယ်။

📱💸 ငွေကြိုလွဲမယ်ဆို Wave Pay, K Pay အဆင်ပြေရာနဲ့ပေးချေလို့ရပါတယ်။

🏡📦 အိမ်ရောက်ငွေချေ စနစ်ဖြင့်လဲ ပို့ပေးပါတယ်နော်။

📖 စာချစ်သူတို့အနေနဲ့ စာအုပ်နဲ့ပတ်သက်ပြီး မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ယူအားပေးချင်တာပဲဖြစ်ဖြစ် သိလိုသမျှကို Page Chat Box မှာမေးလို့ရသလို Ph. 09982105988/ 09424179030 သို့ဆက်သွယ်၍လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်......။

#ပီတိရိပ်-PitiYate Bookshop ရဲ့ Telegram Channel ဖြစ်ပါတယ်။

https://t.me/PitiYateBookshop

“ #ဖြစ်တည်ခြင်း” တဲ့။ဒီစကားလုံးလေးတွေကို ရေရွတ်ကြည့်မိရကတည်းက နှစ်သက်မိနေတာ ကြာပေါ့…။အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်...
19/03/2025

“ #ဖြစ်တည်ခြင်း” တဲ့။

ဒီစကားလုံးလေးတွေကို ရေရွတ်ကြည့်မိရကတည်းက နှစ်သက်မိနေတာ ကြာပေါ့…။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတကတော် တစ်ဦးအကြောင်း…။
(လူမည်းလို့ ထည့်ပြောရခြင်းက ချိုးနှိမ်လိုသော ဆန္ဒမပါ ၊ သူမရဲ့ အံ့ဩလေးစားဖွယ်
အရည်အချင်းတွေကို တန်ဖိုးထားခြင်းတွေ
အပြည့်အဝ ဖော်ကြူးလိုတဲ့ သဘောပါ…)

ဒီစာအုပ်လေးကို ဖတ်ရင်…
သူမရဲ့ဖြစ်တည်ခြင်းသာမက ဘားရက်ရဲ့ ဖြစ်တည်ခြင်းအ‌ ကြောင်းကိုပါ သိရမယ်။

သူမရဲ့ ဖြစ်တည်ခြင်းကို ‌ ဖော်ညွှန်းရေးသားပြလိုတာထက် ‘ဘားရက်’ဟာ ဘယ်လို ( ကောင်းမွန်တဲ့) လူတစ်ယောက်ဖြစ်တယ်ဆိုတာကို လူအများကို
ချပြ၊ ရှင်းပြလိုတဲ့ သဘောမျိုးလို့ ယူဆမိတယ်၊ (ဒါဟာ ဘားရက်ကို သူမ ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲဆိုတဲ့ အဓိကအချက်ပဲ။)

ဘားရက်ရဲ့ စိတ်ဓာတ်ခံယူချက် သဘောထား အမျိုးမျိုးက
“ဪ…ဒီလို အံ့မခန်းတဲ့ စိတ်ထားမြင့်မြတ်ပုံတွေကြောင့် ဘားရက်အိုဘားမား ဆိုပြီး တစ်ကမ္ဘာလုံးက လူသိများတာကိုး…” လို့ ဩချရလောက်အောင် သူ့ရဲ့ တွေးခေါ်ပြုမူပုံတွေက အရမ်းကို လေးစားအတုယူဖွယ်ရာတွေ များပြားလှတယ်။

မီရှယ်လ်ရဲ့ ဖြစ်တည်ခြင်းကိုပဲ သက်သက် လေ့လာရမယ်ဆိုရင်တော့ သူမက
မိန်းမသားတစ်ဦးဖြစ်တာနဲ့အညီ စိတ်ခံစားချက်ကို အနည်းငယ် ရှေ့တန်းတင်တယ်ထင်ရသော်လည်း သူမရဲ့ စိတ်ဓာတ်မာကြောကြံ့ခိုင်မှုနဲ့ ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်ပုံတွေက အမျိုးသမီးတိုင်း အတုယူလိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေအားလုံး ဖြစ်တဲ့အပြင် အချို့ယောကျ်ားတွေထက်ကို စိတ်ဓာတ်ခိုင်မာတဲ့
အံ့ဖွယ်အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့ရတယ်။

ဒီစာအုပ် မဖတ်ဖူးခင်က တွေးမိတာ တစ်ခုက မီရှယ်လ်ဟာ ဘားရက်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ သမ္မတကတော်တစ်ဦး ဖြစ်ခွင့်ရတာ ကံကောင်းပါလားပေါ့နော်…(သူမရဲ့ ကိုယ်ပိုင်အရည်အချင်းစစ်တွေကို မသိရှိသေးဘဲ ပြောခဲ့မိသေးတယ်..)

ဒါပေမဲ့ ဒီစာအုပ်စဖတ်ဖတ်ချင်းပဲ သိလိုက်ရတာက စောစောက ကျွန်မတွေးခဲ့မိတဲ့အချက်ဟာ တက်တက်စင်အောင် မှားယွင်းသွားတယ် ဆိုတာပါပဲ။
တကယ်တော့ ဘားရက်အနေနဲ့ အမေရိကန်လို ထင်ရှားကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက်အဖြစ် ကမ္ဘာမှာ ထွက်ပေါ်လာနိုင်တာဟာ မီရှယ်လ်လို
ထက်မြက်ပြီး ဘက်စုံ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးကောင်းတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံမှု ၊ နားလည်ခွင့်လွှတ်ပေးမှုတွေအများကြီးပါတဲ့ supportတွေ ကောင်းကောင်းလုပ်ပေးနိုင်မှု
ကြောင့်လည်း ပါပါတယ်။ဒါကြောင့်
တကယ်တမ်းကံကောင်းခဲ့သူက ဘားရက်လို့
ကျွန်မက ဆိုချင်ပါတယ်။

ဒီစာအုပ်ဖတ်ပြီး အရေးကြီးဆုံး သုံးသပ်မိတာက ဘားရက်သမ္မတဖြစ်လာတာဟာ သမ္မတတစ်ယောက်ပိုင်ဆိုင်ခွင့်ရမယ့် ချမ်းသာကြွယ်ဝမှုကို မက်မောပြီး
သမ္မတဖြစ်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်ကြိုးစားခဲ့လို့ ဖြစ်လာတာမဟုတ်ဘဲ
သူများတွေကောင်းကောင်းမွန်မွန်အိပ်နေချိန်မှာတောင် မအိပ်မနေ မျက်နှာကျက်ကို ငေးမောစိုက်ကြည့်ရင်း အမေရိကန်နိုင်ငံမှ
လူလတ်တန်းစား ပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုပြီး အမြဲတွေးပူနေကာ ၊ စာအုပ်တွေ အချိန်တိုင်းဖတ်ပြီး လေ့လာကာ ကြိုးစားအဖြေရှာပေးခဲ့လို့ ဆိုတာကြောင့်ပဲ ဖြစ်တယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကို ကိုယ့်အခက်အခဲလို ခံစားပေးနိုင်မှုဆိုတဲ့ သူရဲ့စေတနာအရင်းခံတွေကြောင့် ကြိုးစားရင်းရလာတဲ့ results တွေက သူ့ကို ဒီလို သူများထက် ခြားနားတိုးတက်စေတဲ့ သမ္မတ တစ်ဦးရဲ့ ဘဝကို ရရှိသွားစေတာပါပဲ။ ( ကိုယ့်အတွက်ဆိုပြီး ဦးတည်တာမျိုးမဟုတ်ဘဲ အများအကျိုးအတွက်ပဲ ဦးတည်ခဲ့လို့ ရလဒ်ကောင်းတွေရလာတာကို အတုယူစေချင်တဲ့ သဘောပါ။)

ဒီစာအုပ်ကိုဖတ်ရင်း အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဘယ်လို စည်းရုံးကျင်းပသလဲဆိုတာတွေ စိတ်ဝင်စားဖွယ် လေ့လာလို့ရမယ့်အပြင် ဘားရက်တို့တစ်မိသားစုလုံးအနေနဲ့လည်း ဘယ်လောက်ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေပေါ် ဘယ်နှကြိမ်ပဲလဲကျကျ အခါခါ ပြန်ရုန်းထပြီး
အလျှော့မပေးဘဲ ဆက်လျှောက်လှမ်းခဲ့ရတာတွေကို ဖတ်ရှုရတဲ့အခါ စာဖတ်သူကျွန်မတို့ကို ဘဝအတွေ့အကြုံ နဲ့ စိတ်ဓာတ်ခွန်အားတွေ အများကြီး ရရှိစေပါတယ်။

အာဖရိကန်-အမေရိကန် လူမည်းလူနည်းစုတို့အနေနဲ့ လူဖြူလူများစုတို့ကြားမှာ ခက်ခဲစွာ နေထိုင်ကြီးပြင်းရင်းကနေပဲ ဘယ်လို အောင်မြင်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် ကြိုးစားရသလဲဆိုတာတွေ၊
အမေရိကန်ပြည်ထောင်စုရဲ့ လူသိများတဲ့
သတင်းခေါင်းစည်းတွေရဲ့ နောက်ကွယ်က
လူတွေ မသိကျိုးကျွန်ပြုမိခဲ့ကြတဲ့ လူမည်းသမ္မတမိသားစုတစ်ခုရဲ့ မြိုသိပ်ကြိတ်မှိတ်ဖုံးကွယ်ပြီး ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ရတဲ့ ခံစားချက်အစစ်အမှန်တွေ၊
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့က ထင်သလောက် မလွယ်ကူပေမယ့်လည်း
ကိုယ်ကြိုးစားနေသ၍တော့ ငယ်စဥ်က
သာမာန်အခန်းကျဥ်းလေးထဲမှာ ဒုက္ခိတအဖေနဲ့ အတူနေခဲ့ရတဲ့ ဘဝတစ်ခုကနေတောင် အိမ်ဖြူတော်အထိ ရောက်နိုင်တယ်
ဆိုတာကို ဥပမာပေးပြီး ဘဝအတွေ့အကြုံ
သင်ခန်းစာတွေကို ထည့်သွင်းရေးဖွဲ့ထားပုံက ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားတွေ အများကြီး ရရှိစေပါတယ်။

ဒီစာအုပ်ဟာ ဝတ္ထုတစ်ပုဒ်မဟုတ်ဘူး၊
လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေကို ရှေ့တန်းတင်ရေးဖွဲ့ထားတဲ့
မဟုတ်မမှန် သတင်းတစ်ပုဒ်လည်း မဟုတ်ဘူး၊
#အမေရိကန်နိုင်ငံအပြင် တစ်ကမ္ဘာလုံးရဲ့
သမိုင်းမှာပါ ပထမဆုံးသော လူမည်းသမ္မတ
မိသားစုလို့ မှတ်တမ်းတင်ခံရတဲ့ သာမာန်မိသားစုတစ်ခုက မိသားစုဝင်တစ်ဦးချင်းစီရဲ့ အတွင်းအဇ္ဈတထဲက ထူးကဲမြင့်မြတ်ပုံတွေကို ပကတိအတိုင်း ထုတ်ဖော်ပြသလိုက်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။

#အမေရိကန်ပြည်ထောင်စု သမ္မတ ကတော်ဟောင်းတစ်ဦး၏ ရိုးရှင်းသော ၊ ဆွဲဆောင်မှုရှိသော ၊ စိတ်ဝင်စားဖွယ်ကောင်းသော
ဘဝမှတ်တမ်း…။

#အမေရိကန်သမ္မတကတော်တစ်ဦးရဲ့
စာကို ဘာသာပြန်ထားတာမို့ ဖတ်ရတာ
heavy ဖြစ်မယ်လို့ မထင်လိုက်နဲ့နော်။
စာရွက်တွေ ဘယ်လိုလှန်လို့ လှန်လိုက်မိမှန်းမသိအောင် စိတ်ဝင်စားဖွယ်ကောင်းတာမို့
ဖတ်ရတာ အဆင်ပြေချောမွေ့တဲ့အပြင်
ဘားရက်ရဲ့ ချစ်တတ်လွန်းပုံတွေကို မျက်စိထဲမြင်ယောင်ရတာလည်း korea ကားတစ်ကား ကြည့်ရသလို ကိုယ်ပါ ကြည်နူးမိတာမို့ ဝတ္ထုတစ်ပုဒ်လိုမျိုးလည်း ဖတ်လို့ကောင်းပါတယ်။

#စာဂျပိုးတိုင်း ဝယ်ဖတ်သင့်တဲ့ စာအုပ်လေးမို့ မဖြစ်မနေ ဝယ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်??

📖မူရင်း reviewရေးသူ "အိမ့်" အားလေးစားစွာ Credit ပေးပါတယ်။

📖 ဖြစ်တည်ခြင်း ( ဝင်းငြိမ်း ) - ၂၃၀၀၀ ကျပ်

📖 စာချစ်သူတို့အနေနဲ့ စာအုပ်နဲ့ပတ်သက်ပြီး မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ယူအားပေးချင်တာပဲဖြစ်ဖြစ် သိလိုသမျှကို Page Chat Box မှာမေးလို့ရသလို Ph. 09982105988/ 09424179030 သို့ဆက်သွယ်၍လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်......။

#ပီတိရိပ်-PitiYate Bookshop ရဲ့ Telegram Channel ဖြစ်ပါတယ်။

https://t.me/PitiYateBookshop

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ပီတိရိပ်-PitiYate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category