သျှိုင်းထက် Online Shop

Directions

သျှိုင်းထက် Online Shop ပီတိ

**ကောင်းကောင်း**လာပြီ🥰🥰🥰🥰သမီးလေး အမည် *အိမ့်မှူး*အမည်ဖြင့် ပြန်လာပြီရှင့်။။။။စီစဉ်နေတာ ၂လ လောက် ရှိပြီ။ တာရှည်ခံလဲ မသုံး...
19/05/2025

**ကောင်းကောင်း**လာပြီ🥰🥰🥰🥰

သမီးလေး အမည် *အိမ့်မှူး*အမည်ဖြင့် ပြန်လာပြီရှင့်။။။။

စီစဉ်နေတာ ၂လ လောက် ရှိပြီ။

တာရှည်ခံလဲ မသုံးဘဲ ၊ ကြွပ်မွ မှုအတွက် packaging စီစဉ်နေတာနဲ့ အခုမှပဲ စတင်လိုက်ပါပြီ။

အဓိက ဆီသန့်မှုနဲ့ အရသာကို အာမခံပါတယ်။

💕၀ယ်ယူပြီး စားမကောင်းဘူးဆိုတာနဲ့ ငွေပြန်အမ်းပေးမှာပါရှင့်💕✌️

အရင်က လုပ်ခဲ့ဖူးတဲ့ အိမ်တွင်းမှု တနိုင်တပိုင် စားသောက်ကုန်လေးကို ပြန်လည် စတင်ရောင်းချနေပါပြီ။

ကုန်ပစ္စည်း ကို စမ်းသပ်ချင်လို့ဖြစ်ဖြစ်။
ကျမကို ခင်လို့ဖြစ်ဖြစ် ၀ယ်ယူအားပေးနိုင်ပါတယ်ရှငိ့။

ကုန်ဈေးနှုနိးတွေ အစစရာရာ တက်နေပေမဲ့
အတတ်နိုင်ဆုံးလေး ဈေးနဲ့ ရောင်းလိုက်ပါတယိရှင့်။

ရရှိနိုင်သော အမျိုးအမည်🥰

အသားတုမာလာလေးထွေကြော် တထုပ် 2000ကျပ်
ငါးလေးခြောက်ကြော် တထုပ် 2000ကျပ်
ကြက်မွကြော် အချို တထုပ် 3000ကျပ်
မာလာကြက်မွကြော်။ တထုပ် 3000ကျပ်
ပုစွန်ခြောက်ကြော်။။။ တထုပ် 2500ကျပ်

လက်လီ၊လက်ကားဈေး ရှိပါသည်ရှင့်။

အိမ်ရောက်ငွေချေရပါသည်။

#အိမ့်မှူး
#အသားတုမာလာ
#ငါးလေးခြောက်ကြော်
#ကြက်မွကြော်
#မာလာလေးထွေ
09957669559

လွမ်းမိတယ်။ ပြန်ထုတ်ဖို့ကြိုးစားနေပါပြီရှင်
26/04/2025

လွမ်းမိတယ်။

ပြန်ထုတ်ဖို့ကြိုးစားနေပါပြီရှင်

12/02/2023

အမေ့အတွက် ၆လတခါဖောက်ပေးတဲ့စုဘူးလေးပါ။

အိမ်ပေါက် အဖြူလုံးစွပ်လေး ရောင်းချင်ပါတယ်ရှင့်။

အုပ်လိုက်။တကောင်ချင်းရပါမယိ။

cbစာပြန်မရလို့ ဖုန်းပဲဆက်ပေးပါ။ နော်။

09957669559..09402783711

စျေး. ၂သိန်း(ညှိ)

ကုန်းဘောင်ခေတ်က ၂၅ ဆင့်ချိုင့်တဲ့...အရပ် 5'4မပြည့်တဲ့ဂျပုမတွေ ယူတို့ထက် ပိုမြင့်တယ်နော် 🤭
24/02/2022

ကုန်းဘောင်ခေတ်က ၂၅ ဆင့်ချိုင့်တဲ့...
အရပ် 5'4မပြည့်တဲ့ဂျပုမတွေ ယူတို့ထက်
ပိုမြင့်တယ်နော် 🤭

😄
10/01/2022

😄

မိန်းမတွေ ဘဝကလည်း ယောက်ျားတွေထက် သားအိမ် တစ်လုံး အပိုပါတာနဲ့ ဘဝတစ်လျှောက်လုံး ခံရဖက်ကချည်းပဲ။ သွေးသားဆန္ဒရှိကြလို့ အမှုတ...
30/12/2021

မိန်းမတွေ ဘဝကလည်း ယောက်ျားတွေထက်
သားအိမ် တစ်လုံး အပိုပါတာနဲ့
ဘဝတစ်လျှောက်လုံး ခံရဖက်ကချည်းပဲ။

သွေးသားဆန္ဒရှိကြလို့ အမှုတစ်ခုကို
အတူလွန်ကျူးကြရင်တောင်
နောက်ဆက်တွဲက သားအိမ်ရှိတဲ့
မိန်းမ ဆီပဲ ခိုအောင်းတော့တာ။

သားအိမ် ရှိတော့
ကလေးက သူ့ဆီပဲရှိရ။
သူပဲ ကိုးလလုံး အနေရခက်
အထိုင်ရခက် ဝေဒနာကို ခံရ။
မွေးတော့လဲ သူပဲ နာကြင်ရ။
အဲဒီ့သားအိမ်ကြောင့်ပဲ
PMS time မှာစိတ်တိုတယ်
မီးတွင်းမှာ စိတ်ကျတယ်။
ဒါတွေလဲ ခံရသေးတယ်

မွေးပြီးလို့ ဒီသားအိမ်က
ထွက်သွားပါပြီ ဆိုတော့လဲ
ကလေးအတွက် အာဟာရက
ဖခင်ဆီက မထွက်ပဲ မိခင် ဆီကတဲ့။
အဲဒါနဲ့ပဲ ကလေးတာဝန်ကို
ယူလေဦး..တိုက်ပေဦး။
ဒါတော့ လောကကြီးက မတရားဘူး။

တကယ်ဆို ယောက်ျား နဲ့မိန်းမဟာ
လိင်အင်္ဂါ ကွဲရင် တော်ပြီပေါ့။
တစ်ယောက်က သားအိမ် ရှိရင်
တစ်ယောက်က နို့ရည်ထွက်တဲ့
နို့အုံရှိသင့်တယ်။

ခုတော့ အဲဒါ နှစ်ခုကို
တစ်ဖက်တည်း ပိုလိုက်တာနဲ့
ကလေးက အမေကိုမှ ပိုပြီး
တွယ်တာတယ်တို့ မိခင်အနေနဲ့က
သားသမီးဆိုတာ သူ့ဝမ်းနဲ့လွယ်မွေးရတာမို့
ဖခင်ထက် ပိုတယ်တို့ ဖြစ်လာရော။

မိအေးဟာ ၁၂၆ခါ နာတာပဲ။
မိန်းမဖြစ်လို့ မိခင်ဖြစ်လို့
ဖခင်က ဖောက်ပြန်နေရင်တောင်
ကလေးတွေ မျက်နှာငဲ့ရမယ် ၊
သည်းခံရမယ် တို့ဖြစ်လာရော။

ဖခင်က မဖောက်ပြန်ပဲ နေလို့မရဘူးလား။
မိခင်က ဖောက်ပြန်ရင်ရော ရလား။

တကယ်ဆို ဖခင်တွေဖက်ကနေ
သြော် ငါတို့ထက် ပိုလို့
ကလေးမွေးခြင်းနဲ့ နို့တိုက်ခြင်း
လုပ်နေရတဲ့ မိန်းမသားတွေမို့
ကျန်တာ ငါတို့တာဝန် လို့များ တွေးပြီး
ငါတို့က ပိုလို့တောင် ထိန်းသိမ်းသင့်တာ
ပိုလို့တောင် အပင်ပန်းခံသင့်တာ
ပိုလို့တောင် ကြင်နာသင့်တာလို့များ
တွေးရင် ဘာဖြစ်မှာမိုလို့လဲနော်။

ပြီးတော့လဲ ဒီ သားအိမ်ထဲက
ကလေးညှစ်ချလို့ ဒီတင်ပါးက
အစိုင်အခဲတွေ ပြိုပျက်သွားတော့လဲ
သူတို့ပဲ ညိုညင်တာ..

ဘယ်နှယ့်...အဲဒါကြောင့်
ကလေးလဲမွေးရ
ပိုက်ဆံလည်းရှာရ
အိမ်ရဲ့ လူမှုရေးကိစ္စတွေပါ
စီမံရတဲ့ မိခင်တွေမြင်ရင်
အရမ်းအသည်းနာသလို ခံစားရတာ..

ပြီးတော့ ကလေးသေးစိုလို့မှ ထမလဲပေးပဲ
အိမ်ဦးခန်းမှာ သတင်းစာအခန့်သား
ဖတ်နေတဲ့ ယောက်ျားကို
အဲဒီလို စွယ်စုံရမိန်းမက
သားသမီးမျက်နှာငဲ့ပြီး
သည်းခံရတယ်ဆိုရင် အသဲပေါက်တာ။

အဲသလောက် သည်းခံတဲ့
မိန်းမကိုပစ်ပြီး ကေတီဗီက
မိန်းကလေးကိုမှ သာယာတဲ့
ယောက်ျားဆိုရင် ရွံပါရွံတာ။

ယောက်ျားနဲ့မိန်းမ ဟာ
တန်းတူပါ ဆိုပေမယ့်လဲ
သားအိမ် နဲ့ နို့ကြောင့်
တာဝန် ၂ခုကတော့
မိန်းမမှာအလိုလိုပိုပြီးသား။

ဒါကို အလွန်တစ်ရာ ဘုန်းက
ကြီးလွန်းတဲ့ ယောက်ျားများက
ငဲ့ညှာထောက်ထားခြင်းအားဖြင့်
သစ္စာရှိရှိ နဲ့ လူပီသပြရမှာ မဟုတ်ဘူးလား။

အခုတော့ ဘာတဲ့။ ယောက်ျားတွေက
သွေးသားဆန္ဒအရမို့ အချိန်ကြာရင်
အိမ်ကဇနီးကို ငြီးငွေ့တတ်လို့
အသစ်ရှာဖောက်ပြန်ရင်
မိန်းမတွေက မိခင်တွေမို့
ကလေးတွေ မျက်နှာထောက်ပြီး
သည်းခံပေါင်းရမယ် ဆိုတဲ့စာမျိုး
ဖတ်ရတော့.. Speechless ပဲ...။


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

😝
29/12/2021

😝

ဇနီးသည် စိတ်ဖိစီးမှုကင်းဝေး ပျော်ရွှင်စေရန် နည်းလမ်း ၅ သွယ်...1. ဇနီးသည်အား ပိုက်ဆံပေးပါ👍2. ဇနီးသည်အား ပိုက်ဆံများများပေ...
23/12/2021

ဇနီးသည် စိတ်ဖိစီးမှုကင်းဝေး ပျော်ရွှင်စေရန်
နည်းလမ်း ၅ သွယ်...

1. ဇနီးသည်အား ပိုက်ဆံပေးပါ👍

2. ဇနီးသည်အား ပိုက်ဆံများများပေးပါ👍

3. ဇနီးသည်၏ ပိုက်ဆံအိတ်ထဲသို့
တိတ်တိတ်လေး ပိုက်ဆံထည့်ထားပေးပါ😁

4. ဇနီးသည်အား (ချစ်လေးရေ ပိုက်ဆံရှိသေးရဲ့လား)
ဟုမေးပါ.. ထို့နောက် ပိုက်ဆံပေးပါ😄

5. ပိုက်ဆံကုန်နေတာ ဘာလို့
ကို့ ကို မပြောတာလဲ လို့မေးပါ..
ထို့နောက် ပိုက်ဆံပေးပါ😛

ကြားလား....ကြားလား.....ကြားလား😁
ကိုကို

Address

49 Street, Mandalay , Pyi Gyi Ta Gon Township
Mandalay

Website

Alerts

Be the first to know and let us send you an email when သျှိုင်းထက် Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share