Shwe Shwe Book Shop

Shwe Shwe  Book Shop ဘဝတိုးတတ်ဖို့အတွက် စာဖတ်ပါ

💚 စာညွှန်း“တခြားသူတွေကို နားလည်ဖို့ မကြိုးစားခင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်နားလည်ထားပြီးပြီလဲ?”လူတွေနဲ့ အဆင်ပြေပြေ နေတတ်ဖ...
09/09/2026

💚 စာညွှန်း

“တခြားသူတွေကို နားလည်ဖို့ မကြိုးစားခင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်နားလည်ထားပြီးပြီလဲ?”

လူတွေနဲ့ အဆင်ပြေပြေ နေတတ်ဖို့ဆိုတာ ပညာတတ်ရုံနဲ့ မလုံလောက်ပါဘူး။ လူ့စိတ်သဘောထားကို နားလည်ဖို့လိုသလို အရေးကြီးဆုံးကတော့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တိုင်သိဖို့ပါ။ 🌿

📗 “ငါဘယ်သူလဲ” စာအုပ်မှာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့ စရိုက်သဘာဝ၊ အတွေးအမြင်နဲ့ စိတ်နေသဘောထားတွေကို လေ့လာနိုင်မှာဖြစ်ပြီး—

💚 ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပိုနားလည်လာမယ်။
💚 ကိုယ်နဲ့မတူတဲ့သူတွေရဲ့ စိတ်နေသဘောထားကို နားလည်လာမယ်။
💚 လူမှုဆက်ဆံရေးမှာ ဘာကြောင့် အဆင်မပြေမှုတွေ ဖြစ်လာတတ်လဲ သိလာမယ်။
💚 ပြင်သင့်တဲ့ အကျင့်စရိုက်တွေကို သတိထားပြင်ဆင်နိုင်မယ်။
💚 ကိုယ့်စိတ်ကို ပိုနားလည်လာပြီး စိတ်ဓာတ်နဲ့ အသိဉာဏ် ပိုမိုရင့်ကျက်လာမယ်။

နောက်ဆုံးမှာ “ငါက ဒီလိုလူပဲ” ဆိုတဲ့ ကိုယ့်စရိုက်ကိုယ် ကန့်သတ်ထားမှုတွေကနေ ကျော်လွန်ပြီး အတ္တကို လျှော့ချကာ ပိုမိုလွတ်လပ်အေးချမ်းတဲ့ ဘဝတစ်ခုဆီ သွားနိုင်ဖို့ အတွေးသစ်တွေလည်း ရရှိစေမှာပါ။ 🍃

တခြားသူတွေအကြောင်း သိချင်တဲ့သူထက် ကိုယ့်အကြောင်းကိုယ် အရင်သိချင်တဲ့သူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

📗 ငါဘယ်သူလဲ
✍️ ထက်ထက်ထွန်း (Waterfall

#ငါဘယ်သူလဲ
#ထက်ထက်ထွန်း
မှာယူနိုင်ပါတယ်

နေရာတကာမှာ ထင်ပေါ်နေဖို့ မလိုပါဘူး၊ ကိုယ့်နေရာလေးမှာ တည်ငြိမ်နေဖို့က ပိုအရေးကြီးတယ် လူအများစုက ပါဝါ (Power) လို့ ပြောလို...
09/09/2026

နေရာတကာမှာ ထင်ပေါ်နေဖို့ မလိုပါဘူး၊ ကိုယ့်နေရာလေးမှာ တည်ငြိမ်နေဖို့က ပိုအရေးကြီးတယ်

လူအများစုက ပါဝါ (Power) လို့ ပြောလိုက်ရင် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတာ၊ နေရာတကာမှာ ထင်ပေါ်ကျော်ကြားနေတာလို့ ထင်တတ်ကြတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ ကိုယ်က ဘယ်လောက် အရေးပါကြောင်းကို အမြဲတမ်း ပြသနေမှ၊ လူတွေက လက်ခုပ်တီးပေးမှ အင်အားရှိတယ်လို့ ခံစားရတတ်တယ်။

ဒါပေမဲ့ တကယ်တမ်း ပါဝါကို နားလည်ကျွမ်းကျင်သူတွေကတော့ အဲဒီလို ဆူညံပွက်လောရိုက်မှုတွေ၊ လူသိရှင်ကြား ဖြစ်မှုတွေကို တတ်နိုင်သမျှ ရှောင်ရှားပြီး နောက်ကွယ်ကနေပဲ တိတ်တဆိတ် လှုပ်ရှားဖို့ ရွေးချယ်တတ်ကြပါတယ်။

"ပါဝါဆိုတာ အာရုံစိုက်မှု မခံရဘဲ တိတ်တိတ်ဆိတ်ဆိတ် အသုံးပြုတာ အကောင်းဆုံးပါပဲ" လို့ ဆိုစကားရှိပါတယ်။

ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုတစ်ခုအတွက် ကိုယ်တိုင် နာမည်ခံပြီး ဂုဏ်ယူဝင့်ကြွားနေစရာ မလိုပါဘူး။

"တကယ်လို့ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုချီးကျူးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုရင်၊ အဲဒီလို ချီးကျူးမှုမျိုး သင် မလိုအပ်တော့ပါဘူး" ဆိုတဲ့ စကားလိုပါပဲ။

တကယ့် ပါဝါကစားသမားတွေဟာ ကိုယ်လိုချင်တဲ့အရာကို အတင်းအကျပ် တောင်းဆိုတာမျိုး မလုပ်ဘဲ၊ ကိုယ့်ဆီကို အလိုလို ရောက်လာအောင် တိတ်တဆိတ်နဲ့ စိတ်ရှည်လက်ရှည် ဖန်တီးယူတတ်ကြပါတယ်။

ဒါပေမဲ့ ကျွန်မတို့ နေထိုင်တဲ့ ခေတ်ကြီးမှာ လူတွေက ပါဝါကို အပြင်ပန်းမှာ အထင်အရှား ပြသရတာကို ပိုသဘောကျလာကြတယ်။

အစည်းအဝေးတွေမှာ အသံအကျယ်ဆုံး ပြောနိုင်မှ၊ ပြဿနာတွေကို လူသိရှင်ကြား ဖြေရှင်းပြနိုင်မှ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ ထင်လာကြတယ်။

အဲဒီလို ထင်ပေါ်ချင်တဲ့ စိတ်ဆန္ဒဟာ တကယ်တော့ အမြဲတမ်း ပင်ပန်းရပါတယ်။ နေရာတကာမှာ အာရုံစိုက်ခံရဖို့ ကြိုးစားနေရတာဟာ ကိုယ့်ရဲ့ စွမ်းအင်တွေကို အလဟဿ ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။

တကယ်တော့ သင့်အနေနဲ့ နေရာတိုင်းမှာ ထင်ပေါ်နေဖို့ မလိုပါဘူး။ လူတိုင်းက သင့်ကို သိနေဖို့လည်း မလိုပါဘူး။

မိမိရဲ့ ရပ်တည်ချက်၊ မိမိရဲ့ တန်ဖိုးကို မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိနေဖို့ပဲ လိုပါတယ်။

သူများတွေ ပြာယာခတ်ပြီး အာရုံစိုက်ခံရဖို့ ပြိုင်ဆိုင်နေချိန်မှာ ကိုယ်က ကိုယ့်ရဲ့ နေရာလေးမှာပဲ အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာ ရပ်တည်နေနိုင်တာဟာ အင်မတန်မှ နွေးထွေးလုံခြုံတဲ့ ပါဝါတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် လူတွေကြားထဲမှာ အတင်းအကျပ် ထင်ပေါ်ဖို့ မကြိုးစားပါနဲ့။

ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဆူညံတဲ့ အငြင်းပွားမှုတွေဟာ တိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ကိုယ့်ရဲ့ စွမ်းအင်ကို အေးချမ်းတဲ့ နေရာမှာပဲ သိမ်းဆည်းထားပါ။

ကိုယ့်နေရာလေးမှာ ကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ အမြစ်တွယ်နိုင်ပြီဆိုရင်၊ သင်ဟာ ဘယ်သူ့ရဲ့ အသိအမှတ်ပြုမှုကိုမှ တောင်းခံစရာ မလိုတော့တဲ့ အစစ်မှန်ဆုံး ပါဝါရှင်တစ်ယောက် ဖြစ်နေပါပြီ။

ပါဝါ POWER - TEAM NYNA

စာမျက်နှာ - 414

Size - 5.5 x 8.5 inch

Woodfree Paper

ဈေးနှုန်း - 25000 Ks

#ပါဝါ

#မှာယူနိုင်ပါပြီ

အချစ်ခံရတဲ့ မိန်းမလားအနိုင်ကျင့်ခံရတဲ့ မိန်းမလား ကိုယ်ကတော့ ချစ်လို့၊ မြတ်နိုးလို့၊အစစအရာရာ လိုက်လျောပေး၊ ဂရုစိုက်ကိုယ့်...
08/09/2026

အချစ်ခံရတဲ့ မိန်းမလား
အနိုင်ကျင့်ခံရတဲ့ မိန်းမလား
ကိုယ်ကတော့ ချစ်လို့၊ မြတ်နိုးလို့၊
အစစအရာရာ လိုက်လျောပေး၊ ဂရုစိုက်
ကိုယ့်လူ စိတ်ဆိုးမှာကြောက်လို့ ကိုယ့်ဆန္ဒတွေကို
ထိန်းချုပ် မျိုသိမ့်ထားနေရတာ..
ဒါပေမဲ့ သူ ဘာလို့ ကိုယ့်ကို တန်ဖိုးမထားတာလဲ။
အမျိုးသမီးအများစု လုပ်နေတဲ့အကြီးမားဆုံးအမှားက
ပိုပေးဆပ်ရင် ပိုအချစ်ခံရမယ် ဆိုတဲ့အမှားပဲ။
ယောက်ျားတစ်ယောက်က ခေါ်ရင်လာ
ခိုင်းရင်လုပ်.. နှင်ရင်သွား.. ပုံစံနဲ့
Nice Girl ဖြစ်ချင်ကြတယ်။
ချစ်ပါတယ်ဆိုပြီး ကိုယ့်အတွက်
ဘာကောင်းကျိုးမှ မပေးတဲ့ယောက်ျားဆိုရင်တောင်
ကိုယ့်ဘဝကိုယ် မနှမြောဘဲနဲ့
ချနင်းကြ ရင်းနှီးကြ ပေးဆပ်ကြတယ်။
မေးစရာမေးခွန်းက ဘာလို့ ဒါတွေလုပ်တာလဲ၊
ယောက်ျားတစ်ယောက်ဆီမှာ အချစ်မခံရမှာစိုးလို့လား။
ဒီစာအုပ်ထဲမှာ မိန်းမတွေ ဘာလို့အချစ်မခံရတာလဲ၊
ဘယ်လိုမိန်းမတွေကို ယောက်ျားတွေက ဘယ်လိုမြင်လဲ၊
တန်ဖိုးရှိတဲ့မိန်းမဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲ
စတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆုလာဘ်လိုဖြစ်အောင်
ဘယ်လိုကျင့်ကြံရမလဲ ဆိုတာနဲ့ပတ်သက်ပြီး
လိုက်နာကျင့်သုံးရမဲ့ ဥပဒေသ ၁၀၀ တိတိကို
စနစ်တကျ ဖော်ပြထားပေးပါတယ်။
ဒီစာအုပ်က စာဖတ်သူအမျိုးသမီးကို
ကောက်ကျစ်ဖို့ သင်ပေးတာ မဟုတ်ပါဘူး။
နူးညံ့တဲ့မက်မွန်းသီးထဲ မာကျောတဲ့ အစေ့ရှိသလိုမျိုး
ကိုယ့်ရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုကာကွယ်ရမလဲ
ဆိုတာ သင်ပေးမှာပါ။
ယောက်ျားတစ်ယောက်ဆီက သူပေးတဲ့
စားကြွင်းစားကျန်လောက်နဲ့ မကျေနပ်ဘဲ
အပြည့်အဝ အာရုံစိုက်၊ ဂရုစိုက်ခံရဖို့
ဘယ်လိုရပ်ရမလဲဆိုတာ သင်ပေးမှာပါ။
ယောက်ျားတွေရဲ့စိတ်
ယောက်ျားတွေရဲ့ဦးနှောက်ကို
သူတို့ပါးစပ်က မပြောရင်တောင်
အလွယ်လေး ဘယ်လိုဖောက်စားရမလဲဆိုတာ
သင်ပေးမှာပါ။
စာအုပ်အမည် #အချစ်ခံရသောမိန်းမဆိုးများ
စာရေးသူ #ဘုန်းမောင်ဦး
စာအုပ်တိုက် - စာရိပ််မြိုင်စာပေ
မျက်နှာဖုံးဒီဇိုင်း - Kaung Htet Kyaw
အတွင်းဒီဇိုင်း - ခိုင်ဇင်ထွန်း
ပုံနှိပ်မှတ်တမ်း - ၂၀၂၆ခုနှစ် ၊မေလ ၊ ပထမအကြိမ် ၊ အုပ်ရေ ၇၀၀ ၊ စာမျက်နှာ ၂၈၀၊ တန်ဖိုး ၁၉၀၀၀ ကျပ်
စက္ကူအမျိုးအစား 60g


#မှာယူနိုင်ပါပြီ


စိတ်ဓာတ်သန်မာတဲ့သူဖြစ်ဖို့...။တစ်ချို့အရာတွေက သဘာဝအတိုင်း ဖြစ်တည်လာပေမယ့် တချို့အရာတွေက လုပ်ယူမှရတဲ့ အရာတွေရှိတယ်...။ကို...
08/09/2026

စိတ်ဓာတ်သန်မာတဲ့သူဖြစ်ဖို့...။

တစ်ချို့အရာတွေက သဘာဝအတိုင်း ဖြစ်တည်လာပေမယ့် တချို့အရာတွေက လုပ်ယူမှရတဲ့ အရာတွေရှိတယ်...။

ကိုယ်က တချို့အရာတွေမှာ မွေးရာပါ ပါရမီပါပေမယ့် စိတ်ဓာတ်သန်မာဖို့အတွက် တော့ ကြိုစားခဲ့ရတယ်...။

လေ့လာမှုတွေ သင်ယူမှုတွေ လက်တွေ့အသုံးချခြင်းတွေနဲ့ ရှင်သန်ရင်း စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ဖို့ ကြိုးစားဖြစ်တယ်...။

လူဆိုတဲ့ သဘာဝအလျောက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်။
Depression ဝင်တဲ့အချိန်တွေရှိမယ်။ ပြိုလဲပစ်ချင်တဲ့ အတွေးတွေလည်း ရှိတာပါပဲ...။

ဒီအရာတွေကို လွန်ဆန်ပြီး ပြုံးနေနိုင်ဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ကူဘူး ...။

စိတ်ဓာတ်တွေကျနေရင်တောင် အလုပ်မပျက်ဘဲ ဆက်လုပ်နိုင်ဖို့ဆိုတာ စိတ်ဓာတ်သန်မာနေမှရမှာ...။

အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့အတွက် Depression ဝင်နေလို့မရဘူးလေ...။ ကိုယ်တိုင်ကြိုးစားမှရမှာ မဟုတ်လား...။
ကံဆိုတာ အလုပ်မို့ ကိုယ့်ရဲ့ ကြိုးစားမှုကဘဲ ကိုယ့်ကို နေရာတစ်ခုဆီရောက်စေမှာပါ...။

စိတ်ဓာတ်ပျော့ညံ့သူတွေဟာ ဆုံးဖြတ်ချက်တွေ မပြတ်သားဘဲ တွေဝေနေတတ်ကြတယ် ...။

စိတ်ဓာတ်သန်မာသူဖြစ်ဖို့ အတွေ့အကြုံတွေကနေ သင်ယူတယ်...။
လေ့လာတယ် ... Confidence အပြည့်နဲ့ ဆုံးဖြတ်သင့်တာ ဆုံးဖြတ်တယ်...။
တစ်ချို့အရာတွေက အလေ့အကျင့်ကနေ ဖြစ်တည်လာတာမို့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကြိုးစားဆုံးဖြတ်ကြည့်တယ်...။

စိတ်ဓာတ်သန်မာသူဖြစ်ဖို့ စွန့်ပစ်သင့်တာတွေ စွန့်ပစ်လိုက်တယ်...။ အထူးသဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျ က် ဆီးနေတဲ့ အကျ င့် ဆို းတွေပေါ့... ။

စိတ်ဓာတ်သန်မာသူဖြစ်ဖို့ weakness ဖြစ်စေတဲ့ အားနည်းချက်တွေကို အရင်ရှာတယ်...။ ဘာကြောင့်ဖြစ်လဲ သုံးသပ်တယ်...။ ထပ်မဖြစ်ဖို့ ဘာလုပ်သင့်လဲ အဖြေရှာတယ်...။ ပြီးရင် နောက်ထပ်မလုပ်မိဖို့ ကြိုးစားတယ်...။

စိတ်ဓာတ်သန်မာသူဖြစ်ဖို့ အခြားသူအပေါ် မမှီခိုဘဲ တစ်ယောက်ထဲနေဖို့ ကြိုးစားဖြစ်တယ်...။ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးတတ်အောင် နေတယ်...။

တွေ လျော့ကျစေဖို့ စာအုပ်
#သဟာဆွေလှိုင်း
9000ks


#မှာယူနိုင်ပါပြီ

အသစ်ရောက်ရှိစာအုပ်များ (၆/၉/၂၀၂၆)ညီနောင်(Humber) - လူသားတို့၏ ခန္ဓာဗေဒသမိုင်း - ၃၅၀၀၀စိုင်းခမ်းမိုင်း - မြန်မာနိုင်ငံ အရ...
07/09/2026

အသစ်ရောက်ရှိစာအုပ်များ (၆/၉/၂၀၂၆)

ညီနောင်(Humber) - လူသားတို့၏ ခန္ဓာဗေဒသမိုင်း - ၃၅၀၀၀

စိုင်းခမ်းမိုင်း - မြန်မာနိုင်ငံ အရှေ့မြောက်အထူးခရိုင် ကိုးကန့်၊ ကချင်နှင့် ဝနယ်များ - ၂၇၀၀၀

စံပယ်ဖြူနု - မြောက်ဖျားက အလွမ်းရာသီ - ၂၇၀၀၀

အောင်ခင်မြင့် - ငါ့ဘဝကို ပြန်ရေးခြင်း - ၇၀၀၀

ဟိန်းလတ် မြန်မာပြန် - ဂန္ဓီ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ - ၂၀၀၀၀

ထက်ထက်တင်ဇာ - သံသယစိတ်ကို အနိုင်ယူလိုက်ပါ - ၁၇၅၀၀

စူးရှမေ - ပျော်ရွှင်ခြင်းသို့ လက်တစ်ကမ်း - ၁၀၀၀၀

စုမြတ်ချစ် - လက်တွေ့ကျကျ မိဘအုပ်ထိန်းမှု - ၁၅၅၀၀

ရသ - ဥာဏ်ပညာနှင့် ပြည့်စုံသောဘဝ - ၇၀၀၀

အရှင်ဇနက (မန္တလေးစာသင်သား) - ကိုယ့်ကိုယ်ကိုယ် အားပေးကူညီခြင်း - ၁၀၀၀၀

ရီးလ် - မြေကမ္ဘာ ဖွေရှာလို့တိုင်း - ၂၉၀၀၀

အောင်မျိုးထက်(ဦးနှောက်စိတ်ပိုင်းအထူးကုဆရာဝန်) - AUTISM ပျိုးထောင်နည်း - ၁၁၀၀၀

ကိုဝ - ကွန်မြူနစ်ဦးခေါင်း စျေးကွက်စီးပွားရေးခန္ဓာနှင့် ပဟေဠိတရုတ်နိုင်ငံ - ၁၈၀၀၀

လင်းခန့် - မြူ - ၁၃၀၀၀

သိန်းဖေမြင့်၊ မြသန်းတင့် - နွံထဲကကြာ - ၂၀၀၀၀

ဓမ္မာစရိယဦးမောင်မောင်လေး - မြတ်ဗုဒ္ဓလက်ထက် ပါရမီရှင်အမျိုးသမီးများ - ၁၂၀၀၀

✨ ကိုယ့်တန်ဖိုးကို မြှင့်တင်ချင်ရင် ကိုယ်တစ်ယောက်တည်း တိုးတက်နေရုံနဲ့ မလုံလောက်ပါဘူး။တကယ့်တန်ဖိုးရှိသူတစ်ယောက်ဆိုတာ ကိုယ...
06/09/2026

✨ ကိုယ့်တန်ဖိုးကို မြှင့်တင်ချင်ရင် ကိုယ်တစ်ယောက်တည်း တိုးတက်နေရုံနဲ့ မလုံလောက်ပါဘူး။

တကယ့်တန်ဖိုးရှိသူတစ်ယောက်ဆိုတာ ကိုယ်တိုင်ကောင်းမွန်တိုးတက်လာရုံသာမက ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ တန်ဖိုးတစ်ခုခု ပေါင်းထည့်ပေးနိုင်သူ ဖြစ်ပါတယ်။

လူအများအတွက် တန်ဖိုးဖန်တီးပေးနိုင်လေလေ၊ ကိုယ့်ရဲ့တန်ဖိုးလည်း မြင့်တက်လာလေလေပါပဲ။ 💎

ဒါကြောင့် ဘဝမှာ အောင်မြင်ချင်ရင်—

🌱 ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် လေ့လာပါ။
🎯 ရည်မှန်းချက်ရှိရှိ နေထိုင်တတ်အောင် လေ့ကျင့်ပါ။
💡 ကိုယ့်အရည်အချင်းကို လူအများအတွက် အသုံးဝင်အောင် အသုံးချပါ။
🤝 ကိုယ်တစ်ယောက်တည်း အောင်မြင်ဖို့ထက် တခြားသူတွေရဲ့ တိုးတက်မှုအတွက်ပါ တန်ဖိုးပေါင်းထည့်ပေးပါ။

“လူအများကို တန်ဖိုးပေါင်းထည့်ပေးနိုင်လေလေ မိမိ၏တန်ဖိုး တက်လေလေ ဖြစ်သည်။”

ကိုယ့်ရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးကို တစ်ဆင့်ချင်း မြှင့်တင်ပြီး ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ချင်သူတွေအတွက် ဖတ်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ 📖✨

📕 ကိုယ်ရည်ကိုယ်သွေးမြင့်မားစွာ အောင်မြင်ခြင်း
✍️ လင်းသိုက်ညွန့်
15000ks

မှာယူအားပေးနိုင်ပါတယ်ရှင် 📚

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လ...
06/09/2026

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လိုက်ရှာကြပါတယ် ။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လားလို့ ပြန်မေးကြည့်ရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာမတွေ့ကြပါဘူး ။

လိုချင်တာရရင်ပျော်မယ် ၊ ပိုက်ဆံအဆင်ပြေရင်ပျော်မယ် ၊ ရာထူးတိုးရင်ပျော်မယ်လို့ တွေးထင်တတ်ကြပေမဲ့ တကယ့်တကယ် လိုချင်တာတွေရလာတဲ့အခါမှာလည်း မပျော်နိုင်ကြပါဘူး ။ ပျော်ရွှင်မှုဟာ အတောမသတ်နိုင်ကြပါဘူး ။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံခြင်းတွေ၊ ပစ္စည်းဥစ္စာတွေအပေါ်မှာပဲ အပြည့်အဝ မမှီခိုပါဘူး ။ တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဟာ မိမိကိုယ်မိမိနဲ့ ဆက်ဆံရေး ၊ အခြားသူတွေရဲ့ ဆက်ဆံရေး ၊ ဘဝမှာ လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်အားထက်သန်မှု ၊ မိမိကိုယ်မိမိ ချစ်ခင်ခြင်း ၊ မိမိပုံစံနဲ့မိမိ ပျော်ရွှင်တတ်ခြင်းတွေအပေါ်မှာပဲ မူတည်ပါတယ် ။

ကျွန်မတို့ ဝေးဝေးလိုက်ရှာနေတဲ့ ပျော်ရွှင်မှုတွေဟာ တကယ်တော့ အဝေးကြီးမှာ ရှိနေတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာ ဖြစ်ပါတယ် ။ ဒါကို တန်ဖိုးထား သတိထားကြည့်မယ်ဆိုရင် သေချာပေါက် ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။

"ပျော်ရွှင်ခြင်းသို့ လက်တစ်ကမ်း" ဆိုတဲ့ စာအုပ်လေးမှာတော့ ဘဝမှာ အခက်အခဲတွေကြား ပျော်ရွှင်အောင် ဘယ်လိုနေမလဲ ၊ ဘယ်လို အေးချမ်းအောင်နေမလဲ ၊ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အကြောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ် ။

"ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပျော်ရွှင်ဖို့ မမေ့ကြစေချင်ဘူး ။ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုဟာ အသုံးအဆောင်တစ်ခုလို စွဲမြဲနေစေချင်တယ် ။ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်လေးရှိစေချင်တယ် ။ ညနေခင်းတိုင်းမှာ ကျေးဇူးတင်စရာလေးတစ်ခု ရှိစေချင်တယ် ။ ဘဝရဲ့ နေ့ရက်တိုင်းမှာ ကြီးကြီးမားမား မဟုတ်ရင်တောင် မဆိုသလောက်လေးဖြစ်ဖြစ် ပျော်ရွှင်နိုင်စေချင်ပါတယ် ။ "

#ပျော်ရွှင်ခြင်းသို့လက်တစ်ကမ်း
#စူးရှမေ

မှာယူအားပေးနိုင်ပါတယ်ရှင်📚

05/09/2026

မိန်းမ တစ်ယောက်ဟာ
ငယ်ရွယ်နုပျိုပြီး ထက်ထက်မြက်မြက် နဲ့
ငွေလဲရှာနိုင်တယ် ။
အိမ်မှုကိစ္စလဲ စီမံနိုင်တယ် ။
လူမှုဆက်ဆံရေးလဲ ကောင်းတယ် ။
ကြင်လဲ ကြင်နာတတ်ပါတယ် ဆိုတိုင်း
အချစ်ခံရမယ် လို့ ထင်လား …

#မယ်ညို

05/09/2026

မေတ္တာပဲဖြစ်ဖြစ်
စေတနာပဲဖြစ်ဖြစ်

အပေးများသွားရင်
တန်ဖိုးမဲ့သွားတတ်သလို

လူပေးမှားခဲ့ရင်လည်း
ကိုယ်ပဲ နာကျင်ရတတ်တယ် ။

#ကျေးကို

အသစ်ရောက်ရှိစာအုပ်များ (၁၆/၈/၂၀၂၆)မြသန်းတင့် - သုခမြို့တော်ထဲက စိတ်သတ္တိ - ၁၅၀၀၀မြသန်းတင့် - နှစ်တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္...
17/08/2026

အသစ်ရောက်ရှိစာအုပ်များ (၁၆/၈/၂၀၂၆)

မြသန်းတင့် - သုခမြို့တော်ထဲက စိတ်သတ္တိ - ၁၅၀၀၀

မြသန်းတင့် - နှစ်တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ - ၅၀၀၀၀

မင်းလူ - ဝတ္ထုတိုပေါင်းချုပ် - ၃၅၀၀၀

နိုင်ဇော် - အယ်ဖြူပုံတူကောက်ကြောင်း - ၁၂၅၀၀

ကိုနေ(Y.I.E) - စေ့စပ်ညှိနှိုင်းမှုအတတ်ပညာ - ၂၄၀၀၀

ဂျွန်ပါးထော - ပုံပြင်ငါးပုဒ် - ၃၂၀၀၀

မိုးကျော်ဇင် - အခန်းထဲက သစ်ပင် - ၁၀၀၀၀

လင်းတည်ဦး မြန်မာပြန် - ဒေစီရဲ့ဘဝဇာတ်ကြောင်း - ၈၀၀၀

ထက်ထက်တင်ဇာ - အင်တာနက်မရှိခင်က ငါတို့ ဘယ်လိုနေခဲ့ကြလဲ - ၂၄၀၀၀

ဝိပ္ပံမောင်လှ(ယောဂီ) - ခဏိက သမာဓိနှင့် နေ့စဥ်ဘဝဝိပဿနာ - ၁၅၀၀၀

တက္ကသိုလ်ဘုန်းနိုင် - ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ - ၁၄၀၀၀

ဇော်ဇော် - မနုဿရိက္ခာ - ၁၅၀၀၀

နိုရာ - ကလေးများအတွက် ရင်းနှီးမြှုပ်နှံခြင်း - ၁၂၀၀၀

Address

Mandalay

Telephone

+959760410202

Website

Alerts

Be the first to know and let us send you an email when Shwe Shwe Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category