08/07/2016
လွယ်လွယ်နဲ့ သွယ်လျလှပ အဆီကျချင်သလား?
ပိန်ဆေးသုံးလို့ရော အဆင်ပြေပါ့မလား?
ပိန်ဆေးတွေအကြောင်း ဝင်ပြီးလေ့လာကြည့်လိုက်ပါ
မဖတ်ဖြစ်သေးရင် share ပြီးသိမ်းထားလိုက်နော်
ခန္တာကိုယ် ဝလာတာကို ကျွန်မတို့သိနိုင်ကြပေမယ့် ဘယ်လောက်ဝနေရင် ဝိတ်ချဖို့ လိုပြီဆိုတာကိုတော့သိတဲ့သူနည်းကြပါတယ်။
သင်ရော ဝိတ်ချဘို့လိုနေပြီလား?
သင်အဝလွန်ရောဂါများဖြစ်နေပြီလား?
ပုံထဲကဇယားလေးကိုကြည့်လျှင် အဲဒီအဖြေကို သင်သိနိုင်ပါတယ်.....
ကဲကျွန်မတို့ လေ့လာကြည့်ရအောင်
သင့်အရပ်နဲ့ ကိယ်အလေးချိန်ဟာ မမျှတတော့ဘူးဆိုရင် သင်ဝိတ်ချဘို့ သေချာပေါက်လိုအပ်နေပါပြီ။
မျိုးရိုးကြောင့်ပဲဖြစ်ဖြစ်
စားသောက်နေထိုင်မှုကြောင့်ပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။
ဒါပေမယ့် ဒါဟာ ဖြေရှင်းရခက်ခဲတဲ့ပြသနာတော့ မဟုတ်ပါဘူး
သင်ဝိတ်ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ ပထမ ခြေလှမ်းတစ်လှမ်းစတင်ဘို့ပဲလိုပါတယ်....
စနစ်တစ်ကျ စားသောက်ပြီး လုံလောက်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းက အထိုက်အလျှောက် ဝိတ်ကျနိုင်ပေမယ့် ထိထိရောက်ရောက် ဖြစ်ဖို့ ကူညီပေးနိုင်တဲ့ ပိန်ဆေး တစ်မျိုးတော့သုံးသင့်ရင်လည်း သုံးရပါလိမ့်မယ်
ဒါမှလည်း ရည်ရွယ်ချက်ပန်းတိုင်ကို မြန်မြန်ဆန်ဆန်နဲ့ အရောက်လှမ်းနိုင်မှာပါ
ပိန်ဆေးဆိုတာ ဟာဗယ်ဆေးတွေများပြီး အစာစားချင်စိတ်ကို နည်းစေပါတယ်။
ဟာဗယ်ဖြစ်လို့ ဘေးထွက်နည်းတယ်လို့လည်း ယူဆကြပါတယ်။ ဒါပေမယ့် ဟာဗယ်ပိန်ဆေးဆိုတိုင်းလည်း 100% စိတ်မချရပါဘူး။
ပိန်ဆေးတော်တော်များများမှာ ဘာတွေပါလဲဆိုရင်
Ingredients(ပါဝင်ပစ္စည်း)
Aloe 23%,
Cassia Seed 18%,
Lotus Leaf 13%,
Garcinia Cambogia 11%,
Starch 35%
ဆေးညွှန်းအရ တရက်တလုံး အစာနဲ့ဝေးအောင် နာရီဝက် ကြိုသောက်ခိုင်းတယ်။ ဆေးကို သုံးလလောက်သောက်ရတယ်။ လေ့ကျင့်ခန်းတောင်လုပ်ဖို့မလိုပဲ တပတ်အတွင်း အဆီတွေကျသွားစေပါတယ်။ ဒါပေမယ့်လည်း ပိန်ဆေးတိုင်းဟာရေရှည်စွဲသောက်ဖို့ မသင့်တော်ပါဘူး အများဆုံး သုံးလမှ ငါးလလောက်(တစ်နှစ်အတွင်းအများဆုံးပမာဏ)ထိပဲဖြစ်သင့်ပါတယ်
ပိန်သွားလို့ သုံးလလောက်နေတော့ ဆေးဖြတ်လိုက်
အသားကုန်စားပြီးအိပ်လိုက် ပုံမှန်လေ့ကျင့်ခန်း (အနည်းဆုံးလမ်းလျှောက်) တာလေးတောင်မှ မလုပ်ချင်ဘူးဆိုရင်တော့ မလှချင်ပါနဲ့တော့နော်
ပိန်ဆေးသောက်ပြီး ကိုယ်ကလည်း body weightကိုဆက်မထိမ်းဘူးဆိုရင် ဒုံရင်းက ဒုံရင်းဖြစ်ပြီး ပိန်ဆေးအသောက်လွန်လို့ ရောဂါရဖို့သာပဲရှိတော့မှာပဲ
ဒါပေမယ့် သတိပြုစရာလေးတွေတော့ ရှိတယ်။အသက်(၁၈)အောက်နဲ့ (၆၀)အထက်တွေမသုံးသင့်ဘူး။နှလုံး၊သွေးတိုး၊ဆီးချိုသမားတွေ မသောက်သင့်ဘူး၊အသည်းကျောက်ကပ်ရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေမှာ သတိထားသုံးစွဲသင့်ပါတယ်။
credit