The Book Bazaar - စာအုပ်စျေး

Directions

The Book Bazaar - စာအုပ်စျေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Book Bazaar - စာအုပ်စျေး, Gift Shop, Chanmyatharsi Township, Mandalay.

သုတ၊ ရသ နှစ်ဖြာသော စာအုပ်များကို
စာအုပ်တိုက်ထုတ်​ စျေးနှုန်းများအတိုင်း
စုံလင်စွာ မှာယူ ရရှိနိုင်ပါပြီ ခင်မျာ 💙💙

Telegram link >>> https://t.me/thebookbazaarmdy

မန္တလေး အွန်လိုင်းစာအုပ်အရောင်းဆိုင်

လူမိုက်ကြီးများ-----------------------တောင်တွေရွေ့အောင်ဦးခေါင်းနဲ့ ပြေးပြေးဆောင့်ခဲ့ကြကြယ်တွေမြင်ခဲ့၊ လတွေမြင်ခဲ့မီးတွေပ...
14/10/2026

လူမိုက်ကြီးများ

-----------------------

တောင်တွေရွေ့အောင်
ဦးခေါင်းနဲ့ ပြေးပြေးဆောင့်ခဲ့ကြ
ကြယ်တွေမြင်ခဲ့၊ လတွေမြင်ခဲ့
မီးတွေပွင့်ခဲ့
ငါတို့ဦးခေါင်းမှာ
အမာရွတ်နဲ့ချုပ်ရိုးတွေ
ငါတို့အမာရွတ်တွေအကြောင်း
ငါတို့ချုပ်ရိုးတွေအကြောင်း
နှောင်းလူတွေအတွက်
စာစီစာကုံးရေးကြပါစို့ ။

▪နေမျိုး ( ၂၀၁၃.၈.၁၂ ၊ မွန်းလွဲ ၂း၅၅နာရီ )

▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟

▪ ပုံများကို မည်သူ့ကိုမျှ ကူးယူဖော်ပြခွင့်မပြု
မည်သည့် social media တွင်မျှ လုံးဝ လုံးဝ ကူးယူ ဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟

#နေမျိုး

ဤစာအုပ်သည် ဆယ်စုနှစ်များစွာကြာ အစ္စရေး၏ ကျော်ကြားသော ထောက်လှမ်းရေး အဖွဲ့အစည်းဖြစ်သည့် မော့ဆက်၏ သက်တမ်း နှစ်ခြောက်ဆယ်အတွင...
14/10/2026

ဤစာအုပ်သည် ဆယ်စုနှစ်များစွာကြာ အစ္စရေး၏ ကျော်ကြားသော ထောက်လှမ်းရေး အဖွဲ့အစည်းဖြစ်သည့် မော့ဆက်၏ သက်တမ်း နှစ်ခြောက်ဆယ်အတွင်း အေဂျင်စီက လုပ်ဆောင်ခဲ့သော အန္တရာယ်အရှိဆုံး၊ အရေးကြီးဆုံး မစ်ရှင်များအကြောင်း ဖော်ပြ ထားသည့်စာအုပ် ဖြစ်သည်။

ဂျာမနီတွင် နာဇီတို့ကြီးစိုးစဉ်က ဂျူးလူမျိုး သန်းပေါင်းများစွာကို ရက်စက်စွာ သ-တ်ဖြတ်ခဲ့သော
အဒေါ့အိုက်ခမန်းကို ရင်သပ်ရှုမောဖွယ် လိုက်လံဖမ်းဆီးပြီး တရားခွင် တင်ကာ ေသဒဏ်ပေးခဲ့သည်မှ အီရန်၏နျူကလီးယားစီမံကိန်းကို ပျက်ပြားစေပြီး သိပ္ပံပညာရှင်များကို ရှင်းပစ်သည်အထိ
မဖြစ်နိုင်သော ဖြစ်ရပ်မှန်ဇာတ်လမ်းများ
ပါဝင်သည်။

ထို့ပြင် အကြမ်း-ဖက်သမားများ၏ လုပ်ဆောင်ချက်များကို ဟန့်တား ဖျက်ဆီးခြင်း၊ ဆီးရီးယားနျူကလီးယားစက်ရုံကို ဖျက်ဆီးခြင်းစသည့် ထိပ်တန်း လျှို့ဝှက်မစ်ရှင်များ၏ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းများအဖြစ် တင်ပြထားသည်။
မော့ဆက်၏အောင်မြင်မှု များသာမက နိုင်ငံတကာအလယ်တွင် မျက်နှာပျက်ရသော မအောင်မြင်သည့် မစ်ရှင်များအကြောင်းကိုလည်း ချန်မထားဘဲ
ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားသည်။

အစ္စရေးသမ္မတ ရှီမွန်ပဲရက်က “ဒီစာအုပ်က သိထားသင့်တဲ့အရာတွေ၊ မဖြစ်နိုင်တဲ့ အရာတွေကို ပြောပြတယ်၊ အစ္စရေးရဲ့လျှို့ဝှက်စွမ်းအားက ကြောက်မက်ဖွယ် ကောင်းတယ်”ဟု မှတ်ချက်ပေးရလောက်အောင်အထိ နိုင်ငံတကာ သူလျှိုလုပ်မှု၊ ထောက်လှမ်းရေးနှင့် လျှို့ဝှက်စစ်ပွဲများအကြောင်း စိတ်ဝင်စားသူတိုင်းအတွက် မော့ဆက်၏ မရိုးနိုင် သောအကြောင်းအရာများကို ဖော်ပြထားသည်။

▪တန်ဖိုး - တစ်သောင်းရှစ်ထောင်ကျပ်

#မော့ဆက်၏မဟာစစ်ဆင်ရေးများ
#အေးထွန်းမင်း

အရက်ညိုညို ဆိုင်အိုအို-------------------------------------စာရေးဆရာ အယ်ဒီတာတစ်ဦး၏ ဘဝဟူသည် ဆန်းကြယ်လှသည်။ မာကျူရီ မီးရောင...
14/10/2026

အရက်ညိုညို ဆိုင်အိုအို

-------------------------------------

စာရေးဆရာ အယ်ဒီတာတစ်ဦး၏ ဘဝဟူသည် ဆန်းကြယ်လှသည်။ မာကျူရီ မီးရောင်အောက်
စိန်ရောင်၊ မြရောင်၊ ပိုးဖဲရောင် တပြောင် ပြောင်ရှိလှသော နိုင်ငံခြားသံရုံး ဧည့်ခံပွဲများတွင် အကောင်းဆုံး ဝီစကီ အရက်ကို တမြမြ သောက်လျက်ရှိသည့်
ညများလည်း ရှိ၏။ သံအမတ်ကြီးများ၊ နိုင်ငံ့အကြီးအကဲများနှင့် ရယ်မောဖွယ်ရာတို့ကို
တသောသော လည်း ပြောတတ်ရ၏။ ထိုနည်းတူစွာ ညစ်ပတ် ပေရေသော ကုန်သွယ်ရေး (၄) ၏ အရက်ဆိုင်များတွင် ပခုံးထမ်း လုပ်သားကြီးများနှင့် နံစော်စော်အရက်ကို သောက်ရင်း ဒူးတိုက် ဆွေးနွေးရမှလည်း နေသာ ထိုင်သာ ရှိပေသည်။

ဧပြီလ ၂၁ ရက်နေ့ထုတ် သတင်းစာတစ်စောင်၌ အရက်ဖြူဆိုင် များတွင် အရက်ဖြူဖြူကို သန့်သန့်ပြန့်ပြန့် ရောင်းရန်အတွက် သက်ဆိုင်ရာ ကုန်သွယ်ရေး (၄)က ဆိုင်အသီးသီးအား ညွှန်ကြားထားပြီဟု ဖတ်ရှုရ၏။ ကောင်းပါ၏။ ဤအမိန့်မျိုး ထုတ်သင့်သည်မှာ ကြာပြီဖြစ်သည်။ အမိန့်ထုတ်ရုံမျှသာ မဟုတ် တကယ် သန့်သန့်ပြန့်ပြန့် ရောင်း၊ မရောင်း ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တို့က ဆိုင်တွင်း ဝင်ကြည့်သင့်သည်မှာ ကြာပေပြီ။ အရက်ဖြူဆိုင် မဆိုထားနှင့်၊ တစ်ချိန်က ဘားအင်ရက်စ် တောရင့် ခေါ်ခဲ့သည့် ပျော်ပွဲစားရုံများတွင်းသို့
မသောက်သော်လည်း အလည်သဘော ကြွရောက် ရှုစားတော်မူကြပါဟူ၍ ကုန်သွယ်ရေး (၄) မှ ပုဂ္ဂိုလ်တို့အား ဖိတ်ကြားလိုပါသည်။

ကျွန်တော်သည် အရက်ကို အမြတ်တနိုး သောက်သုံးသော အရက် မြတ်နိုးသူများတွင် အသင်းဝင် ဖြစ်၏။ ဒီအတွက် မရှက်ပါ။ ကျွန်တော်သည် ခွက်ပုန်းသမား မဟုတ်၊ ဉာဏ အလုပ်သမား စာရေးဆရာ အယ်ဒီတာ၊ သာမန် လုပ်သားပြည်သူ အရက်မြတ်နိုးသူသာ ဖြစ်၏။ အရက်ဆိုင်များတွင်းသို့ကား ကျွန်တော် မရောက်ဖူးပေ။ သို့သော် တစ်ချိန်သောအခါက သန့်ပြန့် ခမ်းနားလှပါသည် ဆိုသော ဟိုတယ်နှင့် ပျော်ပွဲစားရုံများ၌ပင် ပျက်စီးခြင်းမလှ ပျက်စီးလျက် မသတီချင်စရာ၊ အန်ချင်စရာ ကောင်းလောက်အောင် ယိုယွင်းနေသည်ကို တွက်ဆလျှင် ပခုံးထမ်းလုပ်သား၊ စက်ရုံလုပ်သား၊ အောက်တန်းစာရေး ဉာဏလုပ်သား (ကုန်သွယ်ရေးရုံးများနှင့် ပြည်သူ့ဆိုင်မှ အောက်တန်းစာရေးများ မပါ) တို့ အပန်းဖြေရာ အရက်ဖြူဆိုင်မှာ မည်မျှ အသရေ မဲ့နေမည်ကို မှန်းဆ သိရှိနိုင်ပါသည်။

ပြည်တွင်းဖြစ် နိုင်ငံခြားအရက် ခွက်ခြင် ရောင်းသည်ဆိုသော ဆိုင်တစ်ဆိုင်တွင်းသို့ ဝင်သွားကြပါစို့။ ယင်းဆိုင်မှာ တစ်ချိန်သောအခါက နာမည်ကြီး တရုတ်ဟိုတယ် ပျော်ပွဲစားရုံတစ်ခု ဖြစ်သော် ဖြစ်မည်။ ယနေ့မူ ဆိုင်တွင်း အရက်ကောင်တာတွင် ထိုင်နေသူများမှာ ကုန်သွယ်ရေး (၄) မှ အမှုထမ်း အရာထမ်းများသာ ဖြစ်ကြ၏။ ဆိုင်ထိုင် ငွေကိုင် အရောင်းဈေးသည် စသူတို့မှာ ကောင်တာ၌ ခမ်းနားစွာ ထိုင်နေကြသည်။ သူတို့သည် ဗိုလ်ကြီးဟောင်းသော် လည်းကောင်း၊ ဗိုလ်ဟောင်းသော်လည်းကောင်း၊ တပ်ကြပ်ဟောင်းသော် လည်းကောင်း၊ ရဲဘော် ဟောင်းသော် လည်းကောင်း ဖြစ်ကြ၏။ သူတို့ မျက်နှာထားမှာ စာသုံးသူကို အရေးမထားသည့် မျက်နှာပေါက်များ ရှိကြ၏။ မိတ်ဆွေ အရက် သမားသည် ကောင်တာထောင့် တစ်နေရာတွင် ညစ်ပတ်ပေရေစွာ စုပုံ ထားသော ရုပ်ပျက်ဆင်းပျက် ပလတ်စတစ်ခွက်တစ်ခုကို ပထမ ယူရ၏။ ခွက်မှာ ချေးအထပ်ထပ် တက်နေခြင်းကြောင့် ဘေးနားဇလုံမှ ရေနှင့် ကျင်းလိုပါလျှင် ဇလုံတွင်းမှ ရေမှာလည်း လက်နှီး တစ်ဒါဇင်ကို လျှော် ထားရသည့် ရေပမာ မဲညစ်နေသည်ကို တွေ့ရပေမည်။ မရွံတတ်ပါက ဆေးနိုင်သည်။ ဆေးပြီး
ရေကို ဆိုင်တွင်းတစ်နေရာ ပက်ခြင်သည့် နေရာတွင် ဖျတ်ခနဲ ပက်လိုက်ပါ။ တစ်ဆိုင်လုံး ခြေချစရာ မရှိလောက်အောင် ပေရေနေကာမှာတော့ သင့်ရေတစ်ခွက်နှင့် ဘာမျှ ထူးညစ်ပတ်မည် မဟုတ်တော့။ ကျွန်တော်လည်း ဒီလို အကျင့်ပျက်နေသည်မှာ ကြာပြီ ဖြစ်သည်။

ပလတ်စတစ်ခွက် ကိုင်ရင်း မိမိရှေ့မှ သောက်ဖက်များနောက်တွင် တန်းစီပါ။ သင့်အလှည့်သို့ ရောက်သော် သင်ကြိုက်ရာအရက်၏ အမည် နှင့် ခွက်ခြင်ကို ပြောရပေမည်။ ရမ်၊ ဘရမ်ဒီ၊ အိုးလ်ဘရန်ဒီ ဒါပဲရသည်။ ဂျင်၊ ဝီစကီ မမေးလာနှင့်။ ဘီယာမူ နွေဦးပေါက်ကတည်းက ကုန်ပြီ ဟူသတတ်။ အရောင်းဈေးသည် ခွက်ခြင် မှန်၊ မမှန်ကို မျက် မွေးထော် မော်၍မျှ မကြည့်ပါလျှင် ခွက်ခြင် ပြည့်သည်ဟုသာ ယူဆ လိုက်ပါ။ လတ်တလော သင် စိတ်ချမ်းသာရာ ရမည်။

ငွေရှင်းပြီးသော် ခွက်ကို ကိုင်လျက် ထိုင်စရာ ရှာပါလေ။ ခြေသုံးချောင်းနှင့် တစ်ဝက်မျှသာ ရှိတော့သော ခနော်ခနဲ့ ကုလားထိုင်တစ်လုံး မျှ ထိုင်စရာရလျှင်ပင် ဘုရားသခင်ကို ကျေးဇူးဆိုဖို့ ကောင်းပါသည်။ ကြိမ်ကုလားထိုင် ဆိုသည်မှာလည်း အပေါက်အပြဲ။ ပလတ်စတစ်ကြိုးထိုး ကုလားထိုင်များမှာလည်း ကြိုးစ အူပေါက်ကာ ပရမ်းပတာ
ဖြစ်နေသည်။ အရက်ခွက်ကို စားပွဲပေါ်ချလျက် ယောင်ရမ်း၍များ စားပွဲပေါ် လက်မထောက်လိုက်နှင့် စားပွဲခုံမှာ ကြေးညှော်အထပ်ထပ်နှင့် စေးကပ် ၍များ နေသေးသည်။ စားပွဲခင်း လက်သုတ်ပဝါ ဆိုသည်မှာ အင်းလျားလိတ်ဟိုတယ်၊ စထရင်းဟိုတယ်နှင့် သမိုင်းပြတိုက်တို့၌သာ ရှိတော့မည် ထင်သည်။

ကုန်သွယ်ရေး(၄)နှင့် အတန် ကိစ္စပြီးသော် ဆိုင်ရှင်တရုတ်က မြည်းစရာနှင့် ရေခဲ၊ ဆိုဒါ ရောင်းသူ ဖြစ်ခြင်းကြောင့် သင့်အနား လာရပ်၏။ နိုင်ငံခြား ဟိုတယ်ကြီးများတွင် ကြော့နေအောင် ဝတ်ထားသော စားပွဲထိုး ဘွိုင်များနှင့်သာ အရက်သောက်ဖူးသူတို့ ဤဆိုင်ရှင် တရုတ် ကို လှည့်မကြည့်ရန် တောင်းပန်ပါရစေ။ အတန် ကံမဆိုးလှသေးသော နေ့များတွင် လက်နှီးစုတ်သာသာမျှသော စွပ်ပြဲအင်္ကျီ ဆင်မြန်းထားသည်ကို သင် မြင်တွေ့ရမည်။ အောက်ပိုင်းတွင်မူ လံကွတ်တီသာသာနံငယ်ပိုင်းနှင့် ဆွေမျိုးစပ်၍ ရသော ဘောင်းဘီတို ညစ်ထေးထေးနှင့် မခန့်လေးစား ရပ်နေသည်ကို သင်မြင်တွေ့ရပေမည်။ အများအားဖြင့် သော နေ့များတွင်မူ အင်္ကျီဗလာကျင်း၊ ချိုင်းမွေး ဗရပျစ်၊ ချွေးတဒီးဒီး၊ လက်သည်းတွင် ချေးအထပ်ထပ်နှင့် ရပ်နေသော သကောင့်သားကို သင် မြင်ရချေမည်။ ရေခဲနှင့် ဆိုဒါကို မတန်တဆဈေးနှင့် သူ ရောင်း၏။ လက်သီးဆုပ် သာသာမျှသော ရေခဲတစ်တုံးလျှင် ပြားငါးဆယ်၊ ဆိုဒါ တစ်လုံး ပြားငါးဆယ် ယူ၏။ မြည်းစရာအစား မမှာသော် သူ မကျေနပ်၊ စားပွဲခုံပေါ်မှ စောစောက တစ်ဝိုင်း စားသွားသော စားကြွင်းစားကျန်များ ကိုပင် သုတ်ပေးဖော် မရချေ။ စားပွဲခုံအောက်တွင်
ရက်ပေါင်းများစွာ မသွန်ဘဲ၊ မဆေးကြောဘဲထားသော ထွေးခံကလည်း အနံ့တထောင်းထောင်း
ယင်တလောင်းလောင်းနှင့်။

သင် စားပွဲတွင် ထိုင်မိသည်နှင့် မရှေးမနှောင်း၌ ကုလားလေး ငယ်ငယ်သော် လည်းကောင်း၊ တစ်ခါတစ်ရံ ကိုယ်ဝန်သည် မိန်းမတစ်ဦး သော် လည်းကောင်း လာရပ်ပေလိမ့်မည်။ သူကား ဆိုင်ရှေ့ပလက်ဖောင်း ပေါ်မှ အကြော်အလှော်၊ အသုတ်စသည့် မြည်းစရာများ ရောင်းသော ဆိုင်မှ ရွှေကြို ဖြစ်၏။ ပထမဆုံး သူ မေးမည့်မေးခွန်းမှာ “ဆရာ ဖန်ခွက်ယူမလားမှ အစပြု၏။ သင်သဘောတူသော် နှုတ်ခမ်းပဲ့ မှုန်ဝါးဝါး ထူပျစ်ပျစ်၊ ညစ်တစ်တစ် ဖန်ခွက်တစ်လုံးကို တစ်မတ်နှင့် ငှားနိုင်၏။ ဖောက်သည် ဖြစ်သော် တစ်ဆယ့်ငါးပြား၊ ကွဲသော် ငါးကျပ် (ဖောက် သည် သူစိမ်း မဟူ၊ ဤနေရာ ဈေးတူ)ဆိုင်မှ ပေးသော ပလတ်စတစ် ဖန်ခွက် မှာ သတီချင်စရာ မရှိသောကြောင့် ဖန်ခွက်ငှား သောက်ရ၏။ သို့အတွက် မြည်းစရာ အကြော်အလှော်ကလေးကလည်း မှာရ၏။ စားပွဲ ပေါ် စက္ကူခင်းကာ မြည်းစရာ လာချပေး၏။ ငွေအကြွေလေး ကောက် သိမ်းမည် ကြံခါရှိသေး၊ ကလေးတစ်ဦး ခါးထစ်ခွင်၊ တစ်ဦးကို လက် ဆွဲ၊ ကိုယ်ဝန်ကြီးကလည်း ပြဲပြဲနှင့် မည်သည့်အချိန်က ရောက်နေမှန်း မသိသော သူတောင်းစားမက အစ်ကိုကြီးရယ် ထမင်းဖိုးလေး ဟူသော တေးကို လွှတ်၏။ ငါးပြား ဆယ်ပြား ပေးမှ နောက်စားပွဲ ရွှေ့၏။ သို့ မဟုတ်က ပေကတ်ကတ် ရပ်နေသည်။ ဆိုင်ထိုင်ထက် ဖင်မြဲစွာ ထိုင်တောင်းသူ လေးငါးဦး ရှိမြဲ ဖြစ်၏။

ရမ် သို့မဟုတ် ဘရန်ဒီအရက်ကို ဆိုဒါ သို့မဟုတ် ရေ၊ ကြိုက် ရာနှင့် ရောကာ တစ်စုပ်မျှ ကျိုက်လိုက်၏။ နှစ်ပေါင်း နှစ်ဆယ်ကျော် အရက်ကို မြတ်မြတ်နိုးနိုး သောက်လာသူတစ်ဦးအတွက် ဤအရက် သည် မိမစစ် ဖမစစ် အရက်မှန်း ချက်ချင်း သိ၏။

ဆိုလိုသည်မှာ ရမ်ဖြစ်စေ၊ ဘရန်ဒီဖြစ်စေ၊ မူလဇာတိ ပြည်သူ့ အရက်ချက် စက်ရုံမှ သန္ဓေပေးလိုက်သည့်အတိုင်း မဟုတ်မူတော့ဘဲ ချက်အရက် အညံ့စား တစ်ခုခုနှင့် လော်လည်ဖောက်ပြား ရောယှက်ပြီး ဖြစ်နေမှန်း သိသည်။

သင် ဘာတတ်နိုင်မည်နည်း။

ကောင်တာမှ ပုလင်းကို သွားကြည့်ပါ။ ချိပ်တံဆိပ်ပင် မခွာသေး။ အရက်ရည် ဝနေသော လျှာနှင့် ခံတွင်းက မိမစစ် ဖမစစ် မျိုးပျက် အရက်ကို သိသော်လည်း “ပြောပြန်လျှင်လည်း အောင်မင်း လွန်ရာကျ တော့မယ်” ဟူသော တေးကို နှလုံးသွင်းပြီး ငြိမ်သောက်နေရတော့သည်။

ထုံပေပေ ကြက်သားကို တစ်ချက် ဝါးလိုက်ပြီးနောက် အရိုးကြွင်း ကို စားပွဲအောက် ပစ်လိုက်သည်၌ ‘ဘီယာဖရာ’ မှ လာသည် ထင်ရသော ခွေးနံပိန် သုံးလေးကောင် ဝုန်းဒိုင်းကြဲကြတော့၏။

အရိုးလုတိုက်ပွဲတွင် သင့်ခြေသလုံးသား အဆစ် ပါမသွားစေရန် အတွက် ကုလားထိုင်စုတ်ပေါ် ဆွဲတင်ထားပါလေ။ စားတယ်၊ သောက်တယ် ဆိုသည်မှာလည်း ဤလို လျင်မှ။ ဟိုဘက်စားပွဲတွင် ပေါက်ကွဲလု နီးနီး ဖြစ်နေသော အငြင်းပွားနေသည့် အရက်သမား သုံးဦး၏ ဝိုင်း သို့ လှည့်ကြည့်ထားရသေးသည်။ ပုလင်းပျံ၊ ဖန်ခွက်ပျံများ လာသော် ရှောင်ရ တိမ်းရ ပြေးရလွှားရဦးမည် မဟုတ်လော။

ဉာဏ အလုပ်သမားကြီးသည် ဤသို့လျှင် တစ်နေ့တာအတွက် ပင်ပန်းခဲ့သော ဦးနှောက်ကို ရွှင်လန်းစေရင်း အရက်ညိုညိုကို စုတ်စုတ် ပြတ်ပြတ် ဆိုင်အိုအိုထဲ၌ ညစ်ညစ်ပတ်ပတ် သောက်ကာ ပြည်သူ့အကျိုး ပြု စာပေများ ရေးသားရန် ကြိုးပမ်း တွေးတောနေသတည်း။

▪မောင်သော်က [လုပ်သားနေ့စဉ် ၃-၅-၇ဝ]

မြန်မာစာပေလောကတွင် သရော်စာနဲ့ ပတ်သက်ရင် မပါမဖြစ် ထည့်ပြောရတဲ့ ဆရာတွေထဲမှာ ဆရာ မောင်သော်ကဟာ မပါမဖြစ် ဆရာတစ်ပါး ဖြစ်ပါ တယ်။

အခုစာအုပ်ဟာ မဆလ မဖြစ်သေးခင် တော်လှန်ရေးကောင်စီခေတ်ကို သူ ဖြတ်သန်းခဲ့ဖူး စဉ်က အမြီးအမောက်မတည့်မှု အတွေ့အကြုံများ အပေါ် အခြေခံပြီး "ပါးပါးလေး ဖောင်းထု" ထားတဲ့ သရော်စာတွေ ဖြစ်ပါတယ်။

အခုနေအခါမှာ အရာရာဟာ စိတ်ကျစိတ်ပျက်စရာ တွေချည်း ကြုံနေရကာ "ဘူ" နေကြရလို့ "ပို့သခဲ့ သော မေတ္တာများ" ကို ဖတ်ပြီး ခဏတာ စိတ်လက် ပေါ့ပါး သက်သာရာရစေချင်လို့ တတိယအကြိမ် ထုတ်ဝေလိုက်ရပါတယ်။

▪တန်ဖိုး - တစ်သောင်းငါးထောင်ကျပ်

#ပို့သခဲ့သောမေတ္တာများ
#မောင်သော်က

ဆရာအော်ပီကျယ်ရဲ့ လက်မှတ်နှင့်အတူပိုင်ဆိုင်ခွင့်ရမည့် " သူတွေကိုယ်တွေး "၂၀၀၁ မှ ၂၀၂၆ သို့... နှစ်ပေါင်းများစွာအကြာမှာ ပြန...
14/10/2026

ဆရာအော်ပီကျယ်ရဲ့ လက်မှတ်နှင့်အတူပိုင်ဆိုင်ခွင့်ရမည့် " သူတွေကိုယ်တွေး "

၂၀၀၁ မှ ၂၀၂၆ သို့... နှစ်ပေါင်းများစွာအကြာမှာ ပြန်လည်ဆုံတွေ့ရမည့် "သူတွေးကိုယ်တွေး"✨

၂၀၀၁ ခုနှစ်မှာ ပထမအကြိမ် ထွက်ရှိခဲ့ပြီး အမှတ်တရအဖြစ်သာ ကျန်ရစ်ခဲ့တဲ့ ဆရာအော်ပီကျယ်ရဲ့ သူတွေးကိုယ်တွေး စာအုပ်လေးကို ယခုအခါမှာတော့ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်က ကွန်ပျူတာထဲမှာ ဖွဲ့စည်းထားတဲ့ပုံတွေကို စက္ကူပေါ် ပရင့်ထုတ်၊ ဖလင်ရိုက်၊ Screen Tone ထည့် ပလိပ်ကူးခဲ့ရာကနေ... ယခုအခါမှာတော့ ကွန်ပျူတာကနေ ပလိပ်ပြားပေါ် တိုက်ရိုက်ထုတ်လုပ်ပြီး ပိုမိုသပ်ရပ်အောင် ပြန်လည်ပြင်ဆင်ထားရုံသာမက မူလကမပါဝင်ခဲ့တဲ့ "ပီတေးရှင်း" နာမည်နဲ့ ကာတွန်း (၄) ပုံကိုလည်း ထပ်မံဖြည့်စွက်ပေးထားပါတယ်။

▪တန်ဖိုး - တစ်သောင်းသုံးထောင်ကျပ်

#သူတွေးကိုယ်တွေး
#အော်ပီကျယ်

ကိုယ့်ဘဝရဲ့ စံပယ်မွှေးမွှေးတွေ----------------------အလွယ်တကူနဲ့စံပယ်ဖြူတွေပွင့်ခဲ့ကြတာမဟုတ်ဘူး။တစ်ညလုံး နေဗိမာန်ရှိရာ ငေ...
14/10/2026

ကိုယ့်ဘဝရဲ့ စံပယ်မွှေးမွှေးတွေ

----------------------

အလွယ်တကူနဲ့
စံပယ်ဖြူတွေပွင့်ခဲ့ကြတာမဟုတ်ဘူး။

တစ်ညလုံး နေဗိမာန်ရှိရာ ငေးရင်း
တစ်ညလုံး နေအဆင်းကို တွေးရင်း
မိုးမသောက်မချင်း
အားတင်းပြီး အမှောင်ကို ထွေးပွေ့ခဲ့ရတဲ့
ကိုယ့်ဘဝရဲ့ စံပယ်မွှေးမွှေးတွေ ။ ။

▪ မိုဃ်းဇော်

🔹 ကြိုက်နှစ်သက်၍ မှာယူလိုပါက page chat box
or
Viber no. 09956321205 သို့ဆက်သွယ်မှာယူ
နိုင်ပါတယ်ခင်မျာ✨✨

🔹စင်ကာပူ၊ထိုင်း၊မလေးရှား၊ဂျပန်နှင့် လာအိုနိုင်ငံ
တို့ကို သက်ဆိုင်ရာcargoများဖြင့် ပို့ပေးပါတယ်
ခင်မျာ✨✨

🔹 မန္တလေး၊ရန်ကုန် နှင့်နေပြည်တော်အပြင်အခြားမြို့နယ်များသို့လည်းသက်သာသောနှုန်းထား
များဖြင့် အိမ်ရောက်ငွေချေ ပို့ဆောင်ပေးနေပါတယ်ခင်မျာ✨✨

🔹 အိမ်ရောက်ငွေချေမရတဲ့မြို့နယ်တွေကိုလဲကားဂိတ်တင်၍ ပို့ဆောင်ပေးနေပါတယ်ခင်မျာ✨

#မိုဃ်းဇော်

ဒီကမ္ဘာပေါ်မှာ အပေါဆုံးက အသက်တွေပဲ။ ကြည့်ပါလား၊ ရေလှိုင်းတွေက ဆွဲချဖျက်ဆီးသွားတယ်၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်ရတယ်၊ စည်း...
14/10/2026

ဒီကမ္ဘာပေါ်မှာ အပေါဆုံးက အသက်တွေပဲ။ ကြည့်ပါလား၊ ရေလှိုင်းတွေက ဆွဲချဖျက်ဆီးသွားတယ်၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်ရတယ်၊ စည်းကမ်းမဲ့ယာဉ်အောက် တရွတ်ဆွဲပါသွားတယ်၊ မြို့လယ်ကောင်မှာ လုပ်ကြံသတ်ဖြတ်သွားတယ်၊ မြေမြှုပ်မိုင်းတွေ နင်းမိတယ်၊
လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်
သ-တ်ဖြတ်လိုက်တယ်၊ မြေစာပုံကြီးပြိုကျတယ်၊ ကပ်ဘေးတွေ တွေ့တယ်၊ ကုန်လို့လား။ ကုန်လည်း
မကုန်သလို ဘယ်သူ့ကိုမှလည်း အရေးဆိုလို့
မရဘူး။ အကုန်လုံးအတွက်ပြောစရာက တစ်ခွန်းတည်းရှိတယ်၊ (ကျွတ်ကျွတ် ကျွတ်ကျွတ်)ပဲ။ ခင်ဗျား​ေသရင် ဒါပဲရမယ်။ ကျုပ်​ေသလည်း ဒါပဲရမယ်။ နောက်ဆုံးတော့ ကျုပ်တို့က အစဉ်အဆက် သုံးလာတဲ့ဆောင်ပုဒ်ကြီးကိုပဲ ကိုင်လိုက်ကြရတာ။

ယခုစာအုပ်မှာ မဟေသီမဂ္ဂဇင်း၊ စာရေးဆရာမဂ္ဂဇင်း၊ စာရေးဆရာ သမဂ္ဂမဂ္ဂဇင်း၊ ကျေးရွှေတမာမဂ္ဂဇင်း၊ ပေါ်ပြူလာဂျာနယ်၊ Daily Eleven သတင်းစာတို့တွင် ရေးသားခဲ့သည့် အက်ဆေးများထဲက ရွေးချယ်စုစည်းပြီး ထုတ်ဝေလိုက်ခြင်း
ဖြစ်ပါတယ်။

▪သူသူမေ

▪တန်ဖိုး - ငါးထောင်ကျပ်

▪အိမ်ရောက်ငွေချေဖြင့် မှာယူနိုင်ပါပြီခင်မျာ

#သူသူမေ
#အစိမ်းရောင်အငေးတစ်ကိုယ်ရေအလွင့်အက်ဆေးများ

မင်း လက်ကို ကိုယ် ဆုပ်လိုက်မိတယ်။ ကိုယ့်နှလုံးသားကမင်းမျက်လုံး အမှောင်ထဲကို နစ်မြုပ်သွားပြီးစကားလုံးတွေရဲ့ တိတ်ဆိတ်မှုနေ...
13/10/2026

မင်း လက်ကို
ကိုယ် ဆုပ်လိုက်မိတယ်။
ကိုယ့်နှလုံးသားက
မင်းမျက်လုံး အမှောင်ထဲကို
နစ်မြုပ်သွားပြီး
စကားလုံးတွေရဲ့
တိတ်ဆိတ်မှုနောက်မှာ ပုန်းနေတဲ့
မင်းကို လိုက်ရှာနေမိတယ်။

ဒါပေမဲ့ ကိုယ်ဟာ
ကိုယ်နဲ့ ထိုက်တန်ပြီး
ရှောင်ပြေးသွားတဲ့ ကိုယ့်အချစ်ကို
ကိုယ် ကျေနပ်ပါတယ်ကွယ်။

ဘာဖြစ်လို့လဲဆိုတော့
ကိုယ်တို့ နှစ်ယောက်ဟာ
လမ်းဆုံမှာ ခဏပဲ
တွေ့လိုက်ကြရတာကိုး။

လောကအထွေထွေရဲ့ အလယ်
ဝင်္ကပါလမ်း အသွယ်သွယ်တွေရဲ့ အကြားမှာ
မင်းကို လက်တွဲခေါ်သွားဖို့
ကိုယ့်မှာ
အားခွန်မှ ရှိပါလေရဲ့လား။

ေသခြင်းတရားဆိုတဲ့
ပေါင်းကူးကြီးတွေ မိုးယှက်ထားရာ
အမှောင်လမ်းမှာ မင်းကို ကျွေးမွေးဖို့
ကိုယ့်မှာ
ရိက္ခာမှ ရှိပါသေးရဲ့လား။

▪ရာဘင်ဒြာနတ်သ်တဂိုး // ချစ်သူ့လက်ဆောင်

▪ ပုံများကို မည်သူ့ကိုမျှ ကူးယူဖော်ပြခွင့်မပြု
မည်သည့် social media တွင်မျှ လုံးဝ လုံးဝ ကူးယူ ဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟

#တဂိုး

ပြေးလွှားနေသော တရုတ်လယ်သမားတို့၏ခြေသံများ။တင်းပုတ်ကိုင်ထားသည့် လယ်သမားများ၏လက်ချက်ဖြင့် သေလုမြောပါး ဖြစ်နေသောကျေးလက်လူကု...
13/10/2026

ပြေးလွှားနေသော တရုတ်လယ်သမားတို့၏
ခြေသံများ။

တင်းပုတ်ကိုင်ထားသည့် လယ်သမားများ၏
လက်ချက်ဖြင့် သေလုမြောပါး ဖြစ်နေသော
ကျေးလက်လူကုံထံ၏ အသက်ငင်သံ။

ရွာလူကြီး၏ ရင်၀ကို စိုက်လိုက်သည့်
ဓားရောင်ဖွေးဖွေး။

ပုလိပ်များလက်ချက်ဖြင့် ခေါင်းဖြတ်ခံရ၍
အသည်း အူတို့ကို ဆွဲနုတ်ခံလိုက်ရသော
မိန်းကလေး၏ အလန့်တကြား အော်သံ။

နတ်ဘုရားများကို ပင့်ဖိတ်နေသော
ကျေးလက်ပယောဂဆရာတို့၏ ဂါထာရွတ်သံ။

ဖိနှိပ်သူတယောက်၏ အသားကို ကိုက်ဖြတ်ပစ်
လိုက်သော အမျိုးသမီး၏ ကတ်ကြေးသံ။

မိမိတို့ကို နှိပ်စက်ခဲ့မှုများအား ပြန်၍လက်စားချေသော၊ ကုတ်ဖဲ့ပစ်သော၊ အသားကို လှီးပစ်သော
အမျိုးသမီးတို့၏ တုံ့ပြန်ကြွေးကြော်သံများ -။

လွင်ပြင်တဝန်း တောတန်းတခွင် လယ်ပြင်တဝိုက်
တရုတ်ပြည် မဟာပထဝီမြေ အနှံ့အပြားတွင်
အင်အားသစ်ကြီးတခုသဖွယ်
စုဝေးပေါက်ကွဲလာသော-
ပြည်သူတို့၏ ဆန္ဒပြင်းပြမှု စိတ်ဓာတ်အင်အား ။

—သို့မဟုတ်—

"ကမ္ဘာကို ကိုင်လှုပ်သော တရုတ်ပြည်”

▪ခန့်ချုပ် ( စက္ကူဖြူချော)

▪ စာမျက်နှာ ၆၇၂ ( ၆-၉ လက်မအရွယ် )

▪ တန်ဖိုး - ခြောက်သောင်းကျပ်

🔹 ကြိုက်နှစ်သက်၍ မှာယူလိုပါက page chat box
or
Viber no. 09956321205 သို့ဆက်သွယ်မှာယူ
နိုင်ပါတယ်ခင်မျာ✨✨

🔹စင်ကာပူ၊ထိုင်း၊မလေးရှား၊ဂျပန်နှင့် လာအိုနိုင်ငံ
တို့ကို သက်ဆိုင်ရာcargoများဖြင့် ပို့ပေးပါတယ်
ခင်မျာ✨✨

🔹 မန္တလေး၊ရန်ကုန် နှင့်နေပြည်တော်အပြင်အခြားမြို့နယ်များသို့လည်းသက်သာသောနှုန်းထား
များဖြင့် အိမ်ရောက်ငွေချေ ပို့ဆောင်ပေးနေပါတယ်ခင်မျာ✨✨

🔹 အိမ်ရောက်ငွေချေမရတဲ့မြို့နယ်တွေကိုလဲကားဂိတ်တင်၍ ပို့ဆောင်ပေးနေပါတယ်ခင်မျာ✨

#မြသန်းတင့်
#ကမ္ဘာကိုကိုင်လှုပ်သောတရုတ်ပြည်

ကျဆုံးလေပြီးသော ဖန်ခွက်အဟောင်းများ----------------------------------------------------------------နှစ်ပေါင်း ၂ဝ ကျော်သည်...
12/10/2026

ကျဆုံးလေပြီးသော ဖန်ခွက်အဟောင်းများ

----------------------------------------------------------------

နှစ်ပေါင်း ၂ဝ ကျော်သည်အထိ ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မရှိခဲ့သော အရက်ဖြူဆိုင်ကလေးတစ်ဆိုင် ကျွန်တော်တို့ မြို့ကလေးတွင် ယခုထိ ရှိပါသည်။
သူတို့သည် ယဉ်ကျေးသော ဟူသည့် အသုံးအနှုန်းကို နားမလည်ကြသော်လည်း လွန်စွာမှ တည်ငြိမ်ရင့်ကျက်သော အရက်သမားများ ဖြစ်ကြပါသည်။ ဆိုင်နာမည် အတည်တကျ မရှိသလို ဆိုင်ပိုင်ရှင်များကလည်း အတည်တကျ မရှိပါ။ တစ်ယောက်
လက်မှ တစ်ယောက်ထံ ပြောင်းသွားကြသော်လည်း အရက်သမားများမှာ ထိုဆိုင်ကလေးအား အသွားအလာ မပျက်ကြပါ။ တချို့မှာ ငယ်ငယ်
ရွယ်ရွယ်နှင့် ကွယ်လွန်သွားကြပါသည်။ တချို့မှာ ရူးသွပ်သွားကြပါသည်။ သို့သော် ထိုအရက်ဆိုင်ပိုင်ရှင်များသည် ပါရီက ရိုတွန်းကဖေးဆိုင် ပိုင်ရှင် လီဗီယွန်လိုပင် သူ့ဖောက်သည်များ၏ ချစ်ခင်မှုကို ခံရပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံ
တစ်ပြားမှ မရှိသော်လည်း အကြွေးရောင်း၏။
အမူးလွန်၍ အိပ်ပျော်နေသော သူ့ဖောက်သည်ကို စောင်ခြုံပေး၏။ မိခင်တစ်ယောက်သည် သူ့သား ထိုအရက်ဆိုင်ကလေးသို့ ရောက်နေသည်ဆိုလျှင် အလိုလို စိတ်ချတတ်ကြ၏။ ထိုဆိုင်ကလေးတွင် အရက်မူးနေသည့် သားဆိုးတစ်ယောက်ကို ထမင်းချိုင့်လာပို့သော အမေ တစ်ယောက်ပင် ရှိခဲ့ဖူးပါသည် ။

ကျွန်တော် ငယ်စဉ်က ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းတစ်အုပ်ထဲတွင် "ခုံစာများ" ဟူသည့် စာတစ်ပုဒ် ဖတ်ခဲ့ဖူး၏။ အမှတ်မမှားဘူး ဆိုလျှင် စာရေးဆရာ ဇဝန ဖြစ်မည် ထင်သည်။ ကျောင်းသားအများစု ရေးခဲ့ ကြဖူးပါလိမ့်မည်။ စာသင်ခုံများပေါ်တွင် ခဲတံ၊
ဘောလ်ပင်တို့နှင့် ရေးချင်ရာ ရေးခဲ့ကြသော စာတိုကလေးပေါင်း များစွာကို စာရေးဆရာက ပုံနှိပ် မှတ်တမ်းတင်ပေးလိုက်ခြင်း ဖြစ်၏။ ထိုကဲ့သို့ပင် အရက်ဆိုင် တစ်ဆိုင်နံရံပေါ်မှ စာများကိုလည်း မှတ်တမ်းတင်သင့်သည်ဟု ထင်ပါသည်။ ကျွန်တော်တို့မြို့က အဖြူဆိုင်ကလေး၏ နံရံဝါကြင့်ကြင့်ပေါ် တွင် “ယနေ့ အကြွေးမရောင်းပါ၊ သင် ကောင်းလျှင်ကျွန်ုပ် မဆိုးပါ၊ လူ သာ လာပါ၊ ပြဿနာခေါ်မလာပါနဲ့” ဆိုသည့် ခပ်ညံ့ညံ့ စကားလုံးများ မဟုတ်ပါ။ ဆိုင်၏နံရံပေါ်တွင် လက်ရေးခပ်သော့သော့နှင့် ရေးထား ကြသော စာတန်းများမှာ ...

"အို … မဏိမေခလာ၊ ငါသည် မိတ္ထီလာပြည်ကို မှန်းဆနိုင်၏။ ရောက် မရောက်ကို ငါ မတွေး"

“မလင်းပြာ၊ ငါ ရပ်ရှားဖြစ်ချင်တယ်”

“ငါ သောက်တယ်၊ ထို့ကြောင့် ငါရှိတယ်”

ခင်သန်းနု လင်ယူသွားတဲ့နှစ်မှာ ငါ အရက်စသောက်တယ်” စသည်တို့ ဖြစ်ပါသည်။

သူတို့သည် အရက်မူးလာလျှင် ပို၍ ယဉ်ကျေးလာကြသည်။ တစ်ယောက်ကို တစ်ယောက် အလွန်စောင့်ရှောက်ကြ၏။ အပြန်အလှန် လိုက်ပို့ကြ၏။ ထိုဆိုင်ထဲတွင် အရက်သမား စစ်ဗိုလ်ပြုတ်
တစ်ယောက် သည် ရှေ့တန်းတစ်ခုတွင် ရန်သူကို
သူ ရွပ်ရွပ်ချွံချွံ ချေမှုန်းခဲ့ပုံကို စီကာပတ်ကုံး ပြောပြနေသော်လည်း အပေါစား ဟောလိဝုဒ်စစ်ကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုသာဖြစ်ကြောင်း အားလုံးက
သိနေကြ၏။ ဗေဒင်ဆရာ တစ်ယောက်သည် သူ့ကို အရက်တစ်ပိုင်းတိုက်လျှင် တစ်ပတ်အတွင်း ရှင်ဘုရင် ဖြစ်လောက်သည်အထိ ဟောပြောပေး၏။ ကားဝပ်ရှော့ဆရာ သည် လင်ငယ်နောက် လိုက်သွားသော သူ့မိန်းမအား စိတ်နာကြောင်း ပြောပြပြီး မိန်းမ မကောင်းကြောင်းကို တွင်တွင်ပြောတတ်၏။ ဘုန်းကြီး လူထွက် အရက်သမားတစ်ယောက်ကမူ သာသနာကို မစော်ကားနဲ့ဟု အမြဲပြောကာ ပါဆယ် ဝယ်သွားတတ်၏။ တစ်ခါက ထိုအရက်ဆိုင် ကလေးထဲတွင် ပန်းချီဆရာတစ်ယောက် ရောက်လာကာ သူတို့ စုပေါင်း ပုံတူပန်းချီကားတစ်ကားပင် ရေးပေးသွားခဲ့ဖူးပါသည်။ ထိုအရက်ဖြူ ဆိုင်ကလေးထဲရှိ အရက်သမားအားလုံး၏ တူညီသော ကြွေးကြော်သံ မှာ “ငါတို့ဟာ အရက်သောက်တာက လွဲပြီး ဘုရား မကြိုက်တာ ဘာမှ မလုပ်ဘူး" ဟူ၍ ဖြစ်ပါသည်။

ထိုအရက်ဆိုင်ကလေးတွင် ကြီးမားသော ဖြတ်သန်းမှုတစ်ခု ရှိပါသည်။ ထိုစဉ်က အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်မှာ သူတို့အားလုံး ပါဝင် လိုက်ပါခဲ့ကြဖူးသည်။ တချို့မှာ အရိုက်ခံရပြီး ကွယ်လွန်သွားကြ၍ တချို့မှာ အဖမ်းခံခဲ့ရပါသည်။ သို့ရာတွင် ထို ကမ္ဘာကျော် အရေးအခင်းကြီးအား သူတို့က တသသ လုပ်မနေကြပါ။ ရေဒီယိုကလေး တဂျစ်ဂျစ်နှင့် ရောက်လာတတ်သော ကျောင်းဆရာ ကလေးသည် သူတို့ကို ထိုအရေးအခင်းကြီးအကြောင်း နားထောင်စေ လိုသော်လည်း သူတို့ စိတ်မဝင်စားကြပါ။ သူတို့ စိတ်ဝင်စားကြသည်မှာ နောက်ထပ် အသစ်ရောက်လာသော ဆိုင်ရှင်အား မည်သို့ အကြွေးမှတ်ရမည်၊ မည်သို့ စည်းရုံးရမည်ကိုသာ စိတ်ဝင်စားနေကြပါသည်။ ကဗျာ တစ်ပုဒ်ကိုတော့ သူတို့ အလွန်သဘောကျကြဟန် တူ၏။ ပါရှန်းကဗျာ ဆရာ အိုမာခရမ်၏
“သစ်တစ်ပင်အောက်မှာ၊ ဝိုင်တစ်ခွက်ရယ်၊ ပေါင်မုန့် တစ်လုံးရယ်၊ ချစ်တဲ့သူရယ်ဟု ကျွန်တော်က ပြောပြသည့်အခါ ဒီကောင် မဆိုးဘူးကွ။ ဒါပေမဲ့ "နည်းနည်း လောဘကြီးလွန်းသလားပဲ” ဟုပင် အိုမာခရမ်ကို သွား၍ စောဒကတက်လိုက်ကြပါသေးသည်။ တစ်ရက်တွင်သော် ထိုအရက်ဆိုင်ကလေးထဲမှ အရက်သမားတစ်ယောက် ကွယ်လွန်သွားပါသည်။ သူ့နာရေးသည် ပျော်စရာ အလွန် ကောင်းသည်ဟု အသုဘလိုက်ပို့ကြသူများက သတိရတိုင်း ပြောတတ် ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် စတီရီယို အဆိုတော် စိန်ဝင်းထွန်း၏ စိတ်ညစ်တဲ့ အမူးသမား သီချင်းကို သံပြိုင် သီဆိုကြကာ အသုဘလိုက်ပို့ကြပါသည်။ အမိန့်ပြန်တမ်းကို နောက်ရောက်လာသော ဆိုင်ရှင်အသစ်က ဖတ်ပြပါသည်။ ထိုပြန်တမ်းမှာ “သင်သည် ငါ့ဆိုင်ကို ဝိညာဉ်အဖြစ် လာရောက်၍ ပိုက်ဆံမပါသော်လည်း အချိန်မရွေး သောက်နိုင်ပါသည်”ဟူ၍ ဖြစ်ပါသည်။ ထိုအတိုင်းပင် သူ ထိုင်နေကျ စားပွဲပေါ်တွင် အရက်ဖြူတစ်ခွက် အမြဲ ချပေးထားပါသည်။ တခြားအရက်သမားများသည် သူတို့ ပိုက်ဆံမပါသော်လည်း ဘယ်သူကမျှ ထိုအရက်ခွက်ကို
မပြစ်မှားကြပါ။

ခေတ်များက ပြောင်းလဲသွားပါသည်။ ထိုအရက်ဆိုင်ကလေးသည် နောက်ထပ် ရောက်လာသည့် ဆိုင်ရှင်သစ်၏လက်ထက်တွင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနှင့် တစ်သွေးတစ်မွေး ဖြစ်နေပါပြီ။ အရက်ကုမ္ပဏီကြီးများ၏ စပွန်ဆာနှင့် ပြောင်ပြောင်ရောင်ရောင် ဖြစ်နေပါပြီ။ ဆိုင်ပိုင်ရှင်အသစ်သည် နံရံများကို ဆေးသုတ်ပစ်လိုက်ပါသည်။ ဝီစကီမျိုးစုံ၊ ဘီယာမျိုးစုံလည်း သောက်ချင်လျှင် သောက်လို့ရနေပါပြီ။ သို့သော် ထိုဆိုင်ထဲတွင် ပိုင်ရှင်အမျိုးမျိုးအား သိမီလိုက်ကြသော အရက်သမားများကတော့ အရင်လိုခံစားမှုမျိုး မရှိကြတော့ပါ။ ပြောင်းလဲနေသည့် ခေတ်ကြီးနှင့်အတူ သူတို့ခံစားမှုများက မျောပါသွားကြဟန်
တူပါသည်။ ကောင်တာ စားပွဲပေါ်မှ ပြောင်လက်နေသော ဖန်ခွက်အသစ်များမှာ ကပ်စတန်မာအဟောင်းများကို တအံ့တသြ ငေးမောကြည့်နေပါသည်။

▪ကြည်ဇော်အေး ( June.30.2020) // ကော်ဖီခံစားမှု အက်ဆေးများ _ မှ)

▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟

▪ ပုံများကို မည်သူ့ကိုမျှ ကူးယူဖော်ပြခွင့်မပြု
မည်သည့် social media တွင်မျှ လုံးဝ လုံးဝ ကူးယူ ဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟

#ကြည်ဇော်အေး
#ကော်ဖီခံစားမှု

ဆရာကြည်ဇော်အေးစာအုပ် မရှိဘူးလား...

ဆရာကြည်ဇော်အေးစာအုပ် မရှိဘူးလား...

လို့ တဖွဖွ မေးခဲ့ကြတဲ့ ကဗျာချစ်မိတ်ဆွေတို့အတွက် ဆရာကြည်ဇော်အေးရဲ့ အက်ဆေး
စာအုပ်လေးတအုပ်ထွက်ရှိလို့လာပါပြီခင်မျာ...

ဆရာကြည်ဇော်အေးရဲ့ ရေးသားထုတ်ဝေပြီးဖြစ်တဲ့ "လူငယ်တစ်ယောက်ရဲ့ မှတ်စုများ"၊ "တောလမ်းကလေး" နဲ့ "ကော်ဖီခံစားမှု" အက်ဆေးစာအုပ်သုံးအုပ်ကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ရုပ်ပုံလွှာအဖွဲ့အနွဲ့များနဲ့ အက်ဆေးများ ၆၇ ပုဒ် ပါဝင်ပါတယ်။

▪ စာမျက်နှာ - ၃၄၀ ( စက္ကူဖြူချော)

▪ တန်ဖိုး- နှစ်သောင်းငါးထောင် ကျပ်

▪️ အိမ်ရောက်ငွေချေဖြင့် မှာယူနိုင်ပါပြီခင်မျာ...

#ကြည်ဇော်အေး
#လူငယ်တစ်ယောက်ရဲ့မှတ်စု
#တောလမ်းကလေး
#ကော်ဖီခံစားမှု

Address

Chanmyatharsi Township
Mandalay
-

Website

Alerts

Be the first to know and let us send you an email when The Book Bazaar - စာအုပ်စျေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share