09/03/2021
ဖမ်းခံရတဲ့ခလေးတွေကို
ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ခင်များတို့တွေ
လူစိတ်လေးနဲနဲရှိသေးတယ်ဆိုရင် ဒီစာကို ဖတ်သွား 😠
ဒီခလေးတွေကို ဒီလောက်အထိရိုက်ရလောက်အောင်
ခင်များတို့ အကြမ်းဖက်ပြီး ဖမ်းသွားတဲ့အချိန်မှာ
ခင်များတို့ကို ဘယ်လိုများ ခုခံခဲ့လို့လဲ
အလွန်ဆုံး ကြောက်အား လန့်အားနဲ့
ရုန်းကန်ရုံလောက်ကလွဲပြီး
ခင်များတို့ကို ဘယ်လောက်များနာကျင်စေလို့လဲ
ဖမ်းခံရတဲ့ခလေးတွေမှာ
ခင်များတို့သေစေနိုင်တဲ့လက်နက်
တခုတလေ လေးတောင် ခင်များတို့တွေ့မိလို့လား
ခင်များတို့ က လက်နက်အားကိုးနဲ့ အသိမဲ့နေတဲ့အတွက်
လူ့အသိနဲ့ စဥ်းစားဉာဏ်ရှိတဲ့ ခလေးတွေက
ခင်များတို့ကို တိုက်ခိုက်ဖို့ ခုခံဖို့ စိတ်ကူးမရှိဘူး
ကြောက်လို့ မဟုတ်ဘူး❗
ခင်များတို့လို မထူးဇာတ်ခင်းပြီး အရူးချီးပန်းဖြစ်နေတဲ့
လူတွေကြောင့်
ပြည်သူတွေရဲ့ အနာဂါတ်အတွက်
ဖြောင့်နေတဲ့လမ်းတွေ ကွေ့မသွားချင်လို့
အကြမ်းမဖက် လမ်းပေါ်ထွက်နေကြတာ
ဒါတောင် ခင်များတို့က လူစိတ်မဲ့စွာနဲ့
ရက်ရက်စက်စက် ရိုက်နှက်ရက်တယ် 😠
___________
ခင်များတို့ကို အဲ့လို ရက်ရက်စက်စက် ရိုက်နှက်နေရင်
ခင်များတို့ ခံနိုင်ပါ့မလား❗
ခင်များတို့ မိသားစုကို ရိုက်နှက်နေရင်ရော
ခင်များတို့ ခံနိုင်မှာလား❗
ခင်များတို့ သား၊ သမီး လေးတွေဆိုရင်ရော
အဲ့လို ရက်ရက်စက်စက် ရိုက်နှက်ခံနေရရင်
ခင်များတို့ ခံစားနိုင်ရဲ့လား ❗
အဲ့လောက်လေးတောင်တွေးပေးနိုင်ဖို့ ဦးနှောက်က
ခင်များတို့ ခေါင်းထဲမှာ မရှိတော့ဘူးလား❗
ခင်များတို့ ထမင်းစားထားကြတာ မဟုတ်ဘူးလား❗
အဲ့လောက်လေးတောင် ကိုယ်ချင်းစာဖို့အတွက်
ခင်များတို့မှာ လူ့နှလုံးသားရော မရှိကြဘူးလား ❗
လက်နက်မဲ့တဲ့ ပြည်သူတွေကို
လက်နက်အားကိုးနဲ့ နှိပ်စက်နေရတာ
ခင်များတို့ မရှက်ကြဘူးလား❗
ဘယ်လောက်ပဲ သတ္တိရှိပေမယ့်
တန်ဖိုးရှိတဲ့အသက်တွေတော့ နှမြောကြတာမို့
ခင်များတို့ကို အကြမ်းမဖက်ဘဲ ဘာလက်နက်မှမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာပါ
___________
ခင်များတို့က အမိန့်အရပါ အမိန့်အရပါ နဲ့
"သခင်အားရ ကျွန်ပါးဝ" တွေ လုပ်နေကြတာ
ခင်များတို့ မျက်နှာရဖို့လေးနဲ့
ပြည်သူတွေရဲ့ ဘဝတွေနဲ့ အသက်တွေကို
စတေးနေကြတာ
ခင်များတို့ မရှက်ကြဘူးလား
ခင်များတို့ ဝဋ်လည်မှာ မကြောက်ကြဘူးလား❗
__________
ခင်များတို့ ရိုက်နှက် နှိပ်စက်ခဲ့လို့
နာကျင်ရခဲ့ရတဲ့ ပြည်သူတွေအတွက်
ခင်များတို့ သတ်ခဲ့လို့ သား၊သမီးတွေ ဆုံးရှုံးလိုက်ရလို့
ရင်တွေကွဲပြီး နာကျင်ရတဲ့ မိဘတွေအတွက်
ခင်များတို့ သတ်ခဲ့လို့ အဖေမဲ့သွားရတဲ့
ခလေးလေးတွေအတွက်
ခင်များတို့ သတ်ခဲ့လို အမေမဲ့သွားရတဲ့
ခလေးလေးတွေရဲ့ နာကျင်ကွဲအက်နေတဲ့
နှလုံးသားနုနုလေးတွေအတွက်
ခင်များတို့ သတ်လိုက်လို့ မစုံမလင်ဖြစ်သွားရပြီး
နာကျင်ကြေကွဲနေရတဲ့ မိသားစုလေးတွေ အတွက်
ပြည်သူတွေကို ခင်များတို့ ရိုက်ခဲ့သလို
ပြည်သူတွေကို ခင်များတို့ နှိပ်စက်ခဲ့သလို
ပြည်သူတွေကို ခင်များတို့ သတ်ခဲ့သလို
ခင်များတို့ ပြန်ခံရမှာ
ခင်များတို့ မိဘတွေ ပြန်ခံရမှာ
ခင်များတို့ သား၊ သမီး တွေ ပြန်ခံရမှာ
မကြောက်ကြဘူးလား❗
ခင်များတို့ သိထားရမှာက
'ဝဋ်' ဆိုတာ 'ဘဝ' မကူးဘူးနော်❗
_____________
ခင်များတို့ကို အကြောင်းမဲ့သက်သက်နဲ့
ပြည်သူတွေက မုန်းဖူးကြလို့လား
အရေးခင်းစဖြစ်တုန်းက
ခင်များတို့ကို " ပြည်သူ့ရဲ ပြည်သူ့ရဲ " လို့
မျှော်လင့်တကြီးနဲ့ ယုံကြည်ပေးခဲ့တယ် မဟုတ်ဘူးလား❗
ခင်များတို့ ရှေ့တန်းမှာ သေတာမပြောနဲ့
လုံခြုံရေးပါဆိုပြီး လမ်းပေါ်မှာ မစားမသောက်
မတ်တပ်ရပ်နေရရုံလေးကိုတောင်
ပြည်သူတွေက မကြည့်ရက်လို့ တတ်နိုင်သမျှ
ရေပူရေကြမ်း ကမ်းခဲ့ကြသေးရဲ့ မဟုတ်ဘူးလား❗
"ပြည်သူ့ရဲ ပြည်သူ့ရဲ " ဆိုတဲ့ ဟစ်ကြွေးသံတွေနဲ့အတူ
ပြည်သူတွေရဲ့ မေတ္တာတွေကို ခင်များတို့ ရခဲ့ကြသေးရဲ့
မဟုတ်ဘူးလား ❗
____________
အခုလိုတွေရက်စက်နေတဲ့အချိန်မှာတော့ ပြည်သူတွေက
ခင်များတို့ကို မုန်းတာ လွန်လား လွန်လို့လား❗
ခင်များတို့စဥ်းစားကြည်စမ်းပါ
ခုချိန်မှာ ပြည်သူတွေက ခင်များတို့ကို
မုန်းရုံတင်မကဘူး သတ်ပစ်ချင်လောက်အောင် ကို
ရွံနေကြပြီ❗
ခင်များတို့ မိဘတွေ
ခင်များတို့ သားသမီးတွေအထိပါ သတ်ပစ်ချင်လောက်အောင် ရွံနေကြပြီ❗
____________
အဲ့ဒါ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး
ခင်များတို့ ကိုယ်တိုင်ကြောင့် ပဲ❗
ခင်များတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့်ပဲ❗
ခင်များတို့ရဲ့ မှားယွင်းနေတဲ့ ကိုယ်ချင်းမစာနာတဲ့
လုပ်ရပ်တွေကို ထပ်ပြီးလုပ်နေဦးမယ်
ဆက်ပြီးမိုက်နေဦးမယ် ဆိုရင်
"ပြည်သူတွေရဲ့ မေတ္တာ" အစား "ပြည်သူ့ကျိန်စာ" ကိုပဲ
လက်ခံရဖို့ ခင်များတို့ အသင့်ပြင်ထားပါ❗
ခင်များတို့ မိသားစုတွေပါ အသင့်ပြင်ထားခိုင်းပါ❗
ခင်များတို့ သား၊သမီးလေးတွေ အလှည့်ရောက်လာတဲ့အခါ
ခံနိုင်ရည်ရှိဖို့ သင်ပြထားလိုက်ပါ❗
__________
ပြည်သူတွေက
ခင်များတို့လို သေနက်နဲ့ပစ်မသတ်ပါဘူး
ခင်များတို့ ကိုယ်တိုင်
ခင်များတို့ မိဘတွေကိုယ်တိုင်
ခင်များတို့ သား၊ သမီးတွေ ကိုယ်တိုင်
အသက်မသေခင်က ဘဝတွေသေပြီး
ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်
ခံစားရစေမယ့် "ပြည်သူ့ကျိန်စာ" တွေက
ခင်များတို့အတွက် အင်အားကြီးစွာနဲ့ စောင့်ကြိုနေပါပြီ❗
___________
ခင်များတို့ လုပ်ရက်တွေအတွက်
ခင်များတို့ စဥ်းစားပါ❗
ထပ်ပြီး စဥ်းစားပါ ❗
အမှန်တရားကို မြင်ဖို့ ခင်များတို့ ဦးနှောက်ကို သုံးပါ❗
ကိုယ်ချင်းစာနိုင်ဖို့ ခင်များတို့ နှလုံးသားကိုသုံးပါ❗
"ပြည်သူ့ကျိန်စာ" က ခင်များတို့ကို စောင့်နေပါပြီ❗
"ပြည်သူ့ကျိန်စာ" က ခင်များတို့ကို စောင့်နေပါပြီ❗
"ပြည်သူ့ကျိန်စာ" က ခင်များတို့ကို စောင့်နေပါပြီ❗
နွေဦးခိုင်
10-3-2021 (1:15 AM)
_________________________________________