15/11/2021
"နေတတ်သွားပြီ"
-----------------------
ပျော်တဲ့အရပ်ကိုရှာစရာမလိုဘူး
ရောက်တဲ့အရပ်မှာပျော်အောင်နေတတ်ဖို့ပဲ
အဆင်မပြေလို့လည်း ညည်းတွားမနေနဲ့
အဆင်ပြေအောင်နေတတ်ဖို့ပဲ
စိတ်ဓာတ်ကျဖို့လည်းမရှိဘူး
လဲကျသွားတိုင်းပြန်ထဖြစ်ဖို့ပဲလိုတယ်
ဝမ်းနည်းနေဖို့လည်းမတွေးဘူး
လောကဓံက ငိုပြီးရင် ရယ်ရပါလိမ့်မယ်
မှားသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေလည်းမဖြစ်နဲ့
အမှားထဲကသင်ခန်းစာနဲ့အမှန်ကိုပြင်နိုင်ရမယ်
ဆုံးရှုံးသွားရင်လည်းလက်လွှတ်ရဲတယ်
ဘယ်အရာမှမမြဲမှန်းသိလာလို့
အားငယ်စိတ်တွေလည်းမဖြစ်တော့ဘူး
သူ့တန်ဖိုးနဲ့သူပဲ
ကိုယ်လည်းလုပ်နိုင်တာတွေအများကြီးရှိတယ်
ဘဝကထင်သလောက်မလွယ်ပါဘူး
ဒုက္ခတွေကြုံမယ် သောကတွေရှိမယ်
အကြောင်းတရားမျိုးစုံကိုရင်ဆိုင်ရတယ်
ဒီလောကဓံတွေကပဲ
လောကထဲမှာနေတတ်အောင်ကိုယ့်ကိုသင်ပေးခဲ့ကြတာပါ။