Mandalay Book Shop

Mandalay Book Shop 📚အနာဂတ်အတွက် စာဖတ်ပါ။📖

ရင့်ကျတ်တဲ့သူတစ်ယောက်ဖြစ်ဖို့...📚
09/08/2026

ရင့်ကျတ်တဲ့သူတစ်ယောက်ဖြစ်ဖို့...📚



ဘဝပြောင်းလဲဖို့ စာဖတ်ပါ🫵
08/08/2026

ဘဝပြောင်းလဲဖို့ စာဖတ်ပါ🫵

စိတ်တိုတတ်တဲ့အကျင့် ဖျောက်ပါ🫵
29/07/2026

စိတ်တိုတတ်တဲ့အကျင့် ဖျောက်ပါ🫵

အသက် ၃ဝ ကျော်၊ ၄ဝ နား ရောက်တဲ့အခါ ပေါ့ပေါ့ပါးပါး ရှင်သန်နိုင်ဖို့ဆို ငယ်ရွယ်ချိန်မှာ...- ချစ်သင့်တဲ့သူကို ချစ်ခဲ့ရမယ်။- ...
29/07/2026

အသက် ၃ဝ ကျော်၊ ၄ဝ နား ရောက်တဲ့အခါ ပေါ့ပေါ့ပါးပါး ရှင်သန်နိုင်ဖို့ဆို ငယ်ရွယ်ချိန်မှာ...

- ချစ်သင့်တဲ့သူကို ချစ်ခဲ့ရမယ်။

- လက်ထပ်သင့်တဲ့သူကို လက်ထပ်ခဲ့ရမယ်။

ဘဝအာမခံချက် ရှိရမယ်။ တစ်နည်းအားဖြင့် ထမင်းစားလက်မှတ် တစ်ခုခုတော့ ရှိရမယ်။ (ဈေးရောင်းတာ၊ ကိတ်မုန့်လုပ်တာ၊ စာသင်တာ၊ စီးပွားရေး... တစ်ခုခုပေါ့။)

ကလေးတွေ အများကြီး မမွေးမိဖို့ လိုမယ်။

- ဘဏ်မှာ စုငွေ အနည်းငယ် ရှိရမယ်။

- ကျန်းမာရေး ဂရုစိုက်ရမယ်။

- အသားအရေလှအောင် ထိန်းသိမ်းရမယ်။

- အကောင်းမြင်စိတ်ရှိတဲ့ လူနဲ့သာ ပိုထိတွေ့ ပြောဆိုရမယ်။

- အချစ်အတွက် ဘဝကို ရေစုန် မမျောဖို့လိုမယ်။

- Unhealthy Relationship ကနေ ရုန်းထွက်နိုင်ရမယ်။

- Fake people တွေကို cut out လုပ်နိုင်ဖို့ လိုတယ်။
- စာဖတ်တဲ့အကျင့် ရှိရမယ်။

ဘာသာရေးနဲ့ ပျော်မွေ့တတ်ရမယ်။

- မိတ်ဆွေကောင်း တစ်ယောက်၊ နှစ်ယောက်ဖြစ်ဖြစ် အနားမှာရှိဖို့ လိုပါမယ်။

- ကိုယ့်ဘဝနဲ့ ပျော်ပျော်နေတတ်ပြီး ရောင့်ရဲကျေနပ်တတ်ဖို့ လိုပါ မယ်။

- ငါမလုပ်ခဲ့ရလေခြင်းဆိုတဲ့ စိတ်မျိုး၊ နောင်တတွေ တစ်ပွေ့တစ်ပိုက် မကျန်ခဲ့ဖို့ စားနိုင်သောက်နိုင်ချိန်မှာ စားထားပါ၊ သောက်ထားပါ၊ သွားထားပါ။

လူ့ဘဝ သိပ်တိုတာမို့ ပျော်ပျော်နေရမယ်နော်။ နောင်တတွေ အများကြီး မကျန်ရစ်အောင် အကောင်းဆုံး ရွေးချယ်ရှင်သန်ခဲ့ရ ပါမယ်။

အားလုံးလည်း အနှစ်သာရ ပြည့်စုံတဲ့ဘဝမျိုး ကိုယ်စီ ပိုင်ဆိုင် နိုင်ပါစေလို့ ဆုမွန်တောင်း လိုက်ရပါတယ်။

#နူးနူးအောင်

တိတ်ဆိတ်ခြင်းမှ အေးချမ်းခြင်းစီသို့💛✨ #စာမြည်း
29/07/2026

တိတ်ဆိတ်ခြင်းမှ အေးချမ်းခြင်းစီသို့💛✨

#စာမြည်း

မာနလို့ ဆိုလိုက်တိုင်း မောက်မာတာ ၊ ငါနဲ့ငါသာ နှိုင်းစရာ လို့ ထင်နေတာမျိုး မဟုတ်ပါဘူး ။ မာနမှာ ကောင်းတဲ့မာန နဲ့ မကောင်းတဲ...
28/07/2026

မာနလို့ ဆိုလိုက်တိုင်း မောက်မာတာ ၊ ငါနဲ့ငါသာ နှိုင်းစရာ လို့ ထင်နေတာမျိုး မဟုတ်ပါဘူး ။ မာနမှာ ကောင်းတဲ့မာန နဲ့
မကောင်းတဲ့မာန နှစ်မျိုး ရှိပါတယ် ။

မကောင်းတဲ့မာနက လူကို ကျက်သရေမဲ့စေတယ် ။ သူများကိုလည်း ဖျက်ဆီးတတ်တယ် ။ ကိုယ့်ကိုယ်ကိုယ်လည်း ဖျက်ဆီးတတ်တယ် ။

ကောင်းတဲ့မာနက လူကို သိက္ခာရှိစေတယ် ။ ကိုယ်ကျင့်တရားကို မြှင့်တင်ပေးတယ် ။ လောကကို ကောင်းကျိုးတောင်
ပြုတယ်လို့ ပြောနိုင်ပါတယ် ။

#ထက်ထက်ထွန်း (Waterfall)

❣️ကိုယ်က ဘယ်သူ့ကို အရူးလုပ်နေတာလဲ... ဒါမှမဟုတ် ကိုယ်တိုင်ကပဲ အရူးလုပ်ခံနေရတာလား….။တစ်ခါတလေကျရင် ပတ်ဝန်းကျင်ရဲ့ ချီးမွမ်း...
27/07/2026

❣️ကိုယ်က ဘယ်သူ့ကို အရူးလုပ်နေတာလဲ... ဒါမှမဟုတ် ကိုယ်တိုင်ကပဲ အရူးလုပ်ခံနေရတာလား….။

တစ်ခါတလေကျရင် ပတ်ဝန်းကျင်ရဲ့ ချီးမွမ်းစကားတွေ၊ မြှောက်ပင့်ပေးမှုတွေကြားမှာ ငါဟာ သူတော်ကောင်းကြီးပါ၊ ငါဟာ တော်တဲ့သူပါဆိုတဲ့ အသိနဲ့တင် ကိုယ့်ကိုယ်ကိုယ် သာယာပြီး သားကောင်ဖြစ်မှန်းမသိ ဖြစ်နေတတ်ကြတယ် မဟုတ်လား။
ဒီထဲက ပုံပြင်လေးတစ်ပုဒ်မှာ ကမ်းခြေမှာနေတဲ့ လူတစ်ယောက်အကြောင်း ပါပါတယ်။ လူတွေက သူ့ကို "အရူး" ဆိုပြီး လှောင်ပြောင်ဖို့ ၁၀ တန်ရွက်နဲ့ ၁၀ ပြားတန် အကြွေစေ့ကို ပြပြီး ကြိုက်တာယူခိုင်းကြတယ်။ သူက အမြဲတမ်း ၁၀ ပြားတန် အကြွေစေ့ကိုပဲ ရွေးယူတော့ လူတွေက သူ့ကို ကြည့်ပြီး "အရူးကြီး၊ တန်ဖိုးတောင် မခွဲခြားတတ်ဘူး" ဆိုပြီး ဝိုင်းလှောင်ရင်း ကျေနပ်နေကြတာပေါ့။ နှစ်ပေါင်း ၂၀ လောက်အထိ ဒီလိုပဲ အရူးလုပ်ခံခဲ့ရတယ်။

ဒါပေမဲ့ တကယ်တော့ သူက အရူး မဟုတ်ခဲ့ပါဘူး။
"ငါသာ ပထမဆုံးအကြိမ်မှာတင် ၁၀ တန်ရွက်ကို ယူလိုက်ရင် ဒီပွဲက အဲ့မှာတင် ပြီးသွားမှာပေါ့။ ငါ မသိသလို ဟန်ဆောင်နေခဲ့လို့သာ အခုလို ရာ၊ ထောင်၊ သောင်းချီပြီး ပိုက်ဆံတွေ အများကြီး ရနေတာ။ သူတို့လည်း ငါ့ကို အရူးလုပ်ရလို့ ပျော်တယ်၊ ငါလည်း ပိုက်ဆံရလို့ အဆင်ပြေတယ်လေ" ဆိုတဲ့ အဖြေက လူတိုင်းကို ပါးရိုက်လိုက်သလို ဖြစ်သွားစေခဲ့တယ်။
ဒီအဖြစ်အပျက်ကို ပြန်ကြည့်ရင် တကယ်တမ်း ဘယ်သူက အရူးဖြစ်နေတာလဲ….၁၀ ပြားတန်ပြပြီး လှောင်ပြောင်နေကြတဲ့ "လူလည်ကြီး" လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့သူတွေလား... ဒါမှမဟုတ် အခွင့်အရေးကို ပါးပါးနပ်နပ် ဆုပ်ကိုင်ထားတဲ့ ထိုလူကြီးလား...။
ကျွန်တော်တို့လည်း နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး၊ လူလည်ကြီးလို့ ထင်နေချိန်မှာ ကိုယ့်ထက် ပါးနပ်တဲ့သူတွေက ကိုယ့်ဘေးနားမှာ ပြုံးပြုံးကြီး ကြည့်နေနိုင်တာကို အမြဲ သတိထားဖို့ လိုပါတယ်။ အပေါ်ယံ အမြင်တွေနဲ့ လူတစ်ယောက်ကို အကဲမဖြတ်မိဖို့နဲ့၊ ပတ်ဝန်းကျင်ရဲ့ အမြှောက်အပင့်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မသွားဖို့ ဒီစာအုပ်လေးက စာဖတ်သူကို နက်နက်နဲနဲ စဉ်းစားစေမှာပါ။

စိတ္တဇဗေဒနဲ့ ဘဝအမြင်တွေကို အဆင့်မြင့်မြင့် တွေးခေါ်တတ်စေဖို့အတွက် ဆရာထက်မြက်နိုင်ဇင်နဲ့ ဆရာမယွန်း (Precious Y) တို့ ရေးသားထားတဲ့ "High Class Mindset (အဆင့်မြင့် စိတ်ဓာတ်)" စာအုပ်လေးကို လက်မလွှတ်တမ်း ဖတ်ရှုကြည့်ဖို့ ညွှန်းဆိုပါရစေ….။

#ထက်မြက်နိုင်ဇင် #ယွန်းpreciousY
#အဆင့်မြင့်စိတ်ဓာတ်

ဆရာကြီးမြသန်းတင့်ရဲ့ ဒီ၅အုပ်ထဲက တစ်အုပ်ရွေးဆိုရင် ဘယ်စာအုပ်ကိုရွေးမလဲ
26/07/2026

ဆရာကြီးမြသန်းတင့်ရဲ့ ဒီ၅အုပ်ထဲက တစ်အုပ်ရွေးဆိုရင် ဘယ်စာအုပ်ကိုရွေးမလဲ

သဘာဝ + လုပ်အား = တန်ဖိုး။(သဘာဝ၊ အပေါင်း၊ လုပ်အား၊ ညီမျှခြင်း၊ တန်ဖိုး)အဲဒီမှာ သဘာဝကို ဖြုတ်လိုက်လို့ရှိရင် လုပ်အားသည်သာလ...
26/07/2026

သဘာဝ + လုပ်အား = တန်ဖိုး။

(သဘာဝ၊ အပေါင်း၊ လုပ်အား၊ ညီမျှခြင်း၊ တန်ဖိုး)

အဲဒီမှာ သဘာဝကို ဖြုတ်လိုက်လို့ရှိရင် လုပ်အားသည်သာလျှင် တန်ဖိုး။ အဲဒီတော့ မင်းကိုမင်း တန်ဖိုးတက်လာစေချင်လို့ရှိရင် လုပ်အား သွင်းပေးရတယ်။ အဲဒီလို လုပ်အားဟာ ဘယ်မှာသွင်းရသလဲဆိုတော့ အချိန်။ အဲဒီလုပ်အား သွင်းတာများလေလေ တန်ဖိုးတက်လေလေပဲ။ ကောင်းပြီး တန်ဖိုးမှာကျတော့ တန်ဖိုးသုံးမျိုးရှိတယ်။ ဘာတွေလဲဆိုတော့ -

၁။ ပင်ကိုတန်ဖိုး၊

၂။ ဖလှယ်ရည်တန်ဖိုး၊

၃။ မြတ်နိုးမှုတန်ဖိုးတဲ့။

၁။ ပင်ကိုတန်ဖိုးဆိုတာက အခု ဒီရေခွက်ထဲကရေဆိုပါတော့ မသောက်လို့ကို မရဘူးသောက်နေရတာ။ အဲဒါ ပင်ကိုတန်ဖိုးပဲ။ သူဟာ မင်းပေးထားတာမဟုတ်ဘူး။ သူ့ဟာသူကို ရှိပြီးနေတာ ပင်ကိုတန်ဖိုး၊ ဆန်တို့၊ ဆီတို့၊ ပဲတို့ စသည်ဟာ ပင်ကိုတန်ဖိုးတွေပဲ။
၂။ ဖလှယ်ရည်တန်ဖိုးဆိုတာက ငွေစက္ကူငါးကျပ်တို့၊ တစ်ဆယ်တန်တို့၊ တစ်ရာတန်တို့၊ နှစ်ရာတန်တို့ဆိုတာတွေဟာ ဒါ ဖလှယ်လို့ရတယ်။ အဲဒီနှစ်ရာတန် ငွေစက္ကူရှိရင် တစ်ခုခုသွားဝယ်လို့ ရတယ်။ အဲဒါဖလှယ်လို့ရလို့ တန်ဖိုးရှိတာ။ အဲဒီဥစ္စာကို အစိုးရကနေ ဒီငွေစက္ကူကို တရားမဝင် ကြေငြာလိုက်တယ်ဆိုလို့ရှိရင် အဲဒီစက္ကူဟာ စက္ကူစုတ်ဖြစ်သွားတာ။ ဘာတန်ဖိုးမှ မရှိတော့ဘူး။

၃။ နောက်တစ်ခုက မြတ်နိုးမှုတန်ဖိုးတဲ့။ မြတ်နိုးမှုတန်ဖိုး ဆိုတာ ဘယ်သူကမှပေးထားတာမဟုတ်ဘူး။ ကိုယ့်ဟာကို မြတ်နိုးလို့ တန်ဖိုးထားတာ။ ကိုယ်ချစ်တဲ့သူကပေးလိုက်တဲ့ လက်ကိုင်ပဝါလေးမို့လို့ နှာခေါင်းလေးတရုတ်ရှုတ်နဲ့ အိပ်ယာခေါင်းအုံးဘေး ထားအိပ်တယ်ဆိုပါ တော့၊ အဲဒီကျေတော့၊ သူ ဘာတန်ဖိုးမှ မရှိဘူး၊ မြတ်နိုးလို့တန်ဖိုးရှိနေတာ။ တန်ဖိုး (၃) မျိုးက ဘာတဲ့တုန်း။

ပထမဆုံးက ပင်ကိုတန်ဖိုး။

ဒုတိယက ဖလှယ်ရည်တန်ဖိုး။

တတိယက မြတ်နိုးမှုတန်ဖိုး။

အဲဒီတော့ မင်းကို၊ အဖေက သားသမီးမို့လို့ ချစ်တဲ့သဘော မျိုးနဲ့ ကလေးကိုချစ်နည်းမျိုးနဲ့ ချစ်နေလို့ရှိရင် မင်းမှာ ပင်ကိုတန်ဖိုး မရှိလို့ ရှိရင်၊ အဲဒါမြတ်နိုးမှုတန်ဖိုးပဲရှိတယ်။ မင်းမှာ ပင်ကိုတန်ဖိုး မရှိဘူး။ မင်းကိုယ်တိုင်ကနေ အသုံးဝင်လာအောင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိလာအောင် လုပ်နိုင်မှ လုပ်အားရှိလာအောင် လုပ်နိုင်မှ၊ လုပ်အား သွင်းနိုင်မှ၊ မင်းအချိန်ကို ကျကျနနအသုံးချပြီး လုပ်အားသွင်းနိုင်မှ၊ မင်းမှာ ပင်ကိုတန်ဖိုးထွက်တာ။ အဲဒီပင်ကိုတန်ဖိုးရှိလာအောင် လုပ်ရတယ်။ အခုပြောတဲ့ဥစ္စာတွေ နားလည်တယ်နော်။

#အောင်သင်း
#လူငယ်ရဲ့ဘဝနှင့်တန်ဖိုး

လူငယ်များအတွက် ဖတ်စာ🩵 #မှာယူနိုင်ပါတယ်  #စာမြည်း
26/07/2026

လူငယ်များအတွက် ဖတ်စာ🩵

#မှာယူနိုင်ပါတယ်
#စာမြည်း

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category