15/08/2026
Felicity 48V 5000W Inverter
Felicity Inverter ဖီလီစီတီ အင်ဗာတာ နဲ့ Lithium battery လီသီယမ်ဘတ္ထရီ များကို မြန်မာနိုင်ငံမှာ စိတ်ချယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ Guangzhou Felicity စက်ရုံမှ ထားရှိတဲ့ After sales service team ကိုယ်တိုင် မြန်မာနိုင်ငံမှာ spare parts အစုံအလင်နဲ့ ready ရှိပါတယ်။
Inverter နဲ့ Lithium battery မှာဆိုရင် Inverter က ပိုပျက်နိုင်ပါတယ်။ Inverter ပျက်ရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ AC အဝင် Voltage နဲ့ Frequency မမှန်လို့ပါ။ မီးပျက်ပြီး မီးပြန်လာတဲ့အခါမျိုး၊ မီးစက်စနှိုးတဲ့ အခါမျိုးတွေမှာ Voltage များနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက် Inverter ရဲ့ အဝင်မှာ Voltage+Ampere Safeguard တပ်ဆင်အသုံးပြုသင့်ပါတယ်။ Voltage အတက်အကျအပြင် မီးစဝင်ဝင်ချင်းမှာ စက္ကန့်အနည်းငယ် delay ခံပြီးမှ inverter ကို မီးဝင်ပေးသင့်ပါတယ်။
မီးစက်နဲ့ inverter ကို သုံးပြီး battery ကို အားသွင်းမယ်ဆိုရင်လဲ သုံးမယ့်မီးစက်က Voltage ရော frequency Hz ရော ငြိမ်ပြီး မှန်တဲ့ မီးစက်ဖြစ်ဖို့ လိုပါတယ်။ မီးစက် Frequency မငြိမ်တာ၊ နည်းနေတာ များနေတာတွေက Inverter မှာ မီးမဝင်တာ Inverter လောင်တာမျိုး ဖြစ်တတ်ပါတယ်။ Inverter ကို မီးစက်နဲ့ အားသွင်းမယ်ဆိုရင် မီးစက် Output Voltage နဲ့ Frequency တွေကို အရင် စစ်ဆေးသင့်ပါတယ်။ 3phase မီးစက်တွေဆိုရင်လည်း Line balance မမျှတာတွေကို အရင် ညှိရပါတယ်။
Inverter AC အဝင် Ampere Limit ကိုလဲ battery က ထုတ်သုံးနိုင်တဲ့ အများဆုံး Ampere + အားသွင်းမယ့် အများဆုံး AC Ampere နှစ်မျိုးပေါင်းကို Safeguard မှာချိန်ပြီး limit လုပ်ထားသင့်ပါတယ်။ Inverter မှာ ပြတဲ့ battery အားသွင်းတဲ့ Ampere က DC Ampere နှုန်းပါ။ AC Ampere ကို ပြန်ပြောင်းပြီး Safeguard မှာ ချိန်ထားပေးရပါတယ်။
Inverter အထွက် AC Ampere ကိုလည်း limit လုပ်ထားသင့်ပါတယ်။ Battery နဲ့ Inverter က ထုတ်ပေးနိုင်တာထက် ကျော်သုံးမိရင် အရင်ဆုံး Safeguard က ဖြတ်ချအောင်လို့ပါ။
Update များ သိရှိဖို့ ကျေးဇူးပြုပြီး Viber group ကို join ထားပေးပါ။
https://connect.viber.com/business/fd77a4aa-d6eb-11ef-ab1a-72f35a22e4f4?utm_source=manage&utm_medium=copy_link
Mandalay Head Office
အမှတ် (147) ၊ 83 လမ်း ၊ 24လမ်းx 25 လမ်းကြား ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့ ။
02-4069200 , 02-4036271 , 02-4036209
Hotline : 09441044900 , 09262009495 , 09695007800 , 09695007900
Viber : 09441044900 , 09262009495
Email : [email protected]
Yangon Office
အမှတ် (10) ၊ သစ္စာလမ်း၊ 106လမ်းx108လမ်းကြား ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ရန်ကုန်မြို့။
Phone: 01-9000250 , 01-9000929 , 01-9000429
Viber : 09972001212