19/12/2016
လွမ်းရတာ အရမ်းပင်ပန်းတဲ့အခါ
ငါလွမ်းသလို နင့်ကို မလွမ်းစေချင်တော့ဘူး ။
ငါ မရှိတဲ့ အရပ်တပါးမှာ
ငါ မဟုတ်တဲ့အခြားသူတစ်ယောက်နဲ့ဆိုလည်း
နင်သာ ပျော်ရင် ကျေနပ်နိုင်ရဲ့
အဲလောက်ထိ ချစ်တယ် ။
ကံတရားကို စိတ်ကြိုက်ဖန်တီးခွင့်မရရင်တောင်
တစ်ချို့ တစ်ချို့အရာတွေကို
စီမံခွင့်ရရင် ကောင်းမယ် ။
ငါတို့နှစ်ယောက်စာပျော်ရွှင်မှုတွေ
နင့်တစ်ယောက်တည်း ပုံပေးလိုက်ပြီး
နာကျင်ကြေကွဲစရာတွေကိုတော့
ငါ တစ်ယောက်တည်း ခံယူလိုက်ချင်တာပဲ
အဲလောက်ထိ ချစ်တယ် ။
နင့်နားမှာ နေခွင့်ရဖို့ထက်
နင့် လိုအင်တွေ အမြဲဖြည့်ဆည်းပေးနိုင်သူမျိုး/
နင့် ရယ်မောသံကို နားစွင့်ဖို့ထက်
နင့် အပြုံးကို ဖန်ဆင်းပေးနိုင်သူမျိုး/
နင့် လက်ကို တွဲကိုင်ထားဖို့ထက်
နင် လျှောက်မယ့်လမ်းကို ခင်းပေးနိုင်သူမျိုး/
နင့်အတွက် ငါက အဲဒိလို လူမျိုး ဖြစ်စေမှာ
အဲလောက်ထိ ချစ်တယ် ။
ပေးဆပ်ခြင်းတွေ စွန့်လွှတ်ခြင်းတွေ
ရလိုခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ
ဘာဆို ဘာမှ မသိဘူး ။
နောက်ဆုံး
နင်နဲ့ပတ်သက်လာရင်
ငါ့ကိုယ် ငါတောင် မသိတော့ဘူး ။
အဲလောက်ထိ နင့်ကို ချစ်တယ် ။
ချယ်ရီ
18'Dec;2016 ( 10:00 )AM