J Mart International Trading

J Mart International Trading One Stop Consumer and Construction Materials Solution.

27/05/2026

#⚡ မီးပျက်တဲ့အချိန်တိုင်း ဖုန်းအားမရှိ၊ မီးမရှိလို့ စိတ်ညစ်နေပြီလား?

# Metal frame နဲ့လုပ်ထားတဲ့အတွက်အကြမ်းခံပြီး သယ်ရတာလည်းပေါ့ပါးလွယ်ကူတဲ့အတွက် ဒီ Solar Power Station လေးတစ်လုံးရှိရုံနဲ့
🔋EV bike အားသွင်း
📱 ဖုန်းအားသွင်း
💡 မီးထွန်း
🌀 ပန်ကာနှင့် Air cooler
💻 TV ကြည့်၊ Laptop သုံးပြီး အသေးစား Device တွေ အသုံးပြုနိုင်ပါတယ်။
✔️ USB Output ပါဝင်
✔️ 220V AC Output ပါဝင်
✔️ Solar နဲ့လည်း အားသွင်းအသုံးပြုလို့ရ
အိမ်သုံး / ဆိုင်သုံး အတွက် အသုံးဝင်ပြီး မရှိမဖြစ် item လေး 💯













Seagull Portable Power Station နေရာမရွေး လျှပ်စစ်အားကို အလွယ်တကူ အသုံးပြုနိုင်ပါပြီ!အိမ်သုံးအတွက်ဖြစ်စေ၊ ခရီးသွားရန်အတွက...
10/03/2026

Seagull Portable Power Station
နေရာမရွေး လျှပ်စစ်အားကို အလွယ်တကူ အသုံးပြုနိုင်ပါပြီ!
အိမ်သုံးအတွက်ဖြစ်စေ၊ ခရီးသွားရန်အတွက်ဖြစ်စေ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်ဓာတ်အား အမြဲရရှိဖို့ Seagull Portable Power Station က သင့်အတွက် အကောင်းဆုံးအဖော်ပါခင်ဗျာ။
မော်ဒယ်များ
✅ SP Series
• SP-50-600 (600W) – 640WH ဘက်ထရီပါဝါ၊ Controller Charged Current 10A
• SP-100-1200 (1200W) – 1280WH ဘက်ထရီပါဝါ၊ Controller Charged Current 30A
👉 နှစ်မျိုးစလုံးက ပါဝါထွက်ရှိမှု 220VAC, ဘက်ထရီဗို့အား 12V, Output Frequency 50HZ ±5%, နှင့် အတက်အကျ ပုံပျက်မှုမရှိတဲ့ စံပြလှိုင်းပုံစံ (sine wave) အတိအကျထုတ်ပေး နိုင်ပါတယ်ခင်ဗျာ။
🔋 Lithium Battery Technology
• 1200W (100Ah) / 600W (50Ah)
• အားသိုလှောင်နိုင်မှု မြင့်မားပါတယ်ခင်ဗျာ။
• ကြာရှည်ခံပြီး ယုံကြည်စိတ်ချရပါတယ်ခင်ဗျာ။
☀ Solar Panel ဖြင့်အားသွင်းနိုင်ပြီး
• 315W / 100W Solar Panel များ အသုံးပြုသည့် watt အလိုက်ထည့်ပေးထားပါတယ်ခင်ဗျာ။
• နေရောင်ရှိရုံနဲ့ အားပြန်သွင်းနိုင်ပါတယ်ခင်ဗျာ။
• မီးမရှိတဲ့နေရာတွေမှာ အကောင်းဆုံး အဖော်မွန်ဖြစ်ပါတယ်ခင်ဗျာ။
🔌 Multiple Charging Options
• AC Charging Adapter ပါရှိပြီး
• Solar Charging လည်းရသည့်အတွက်
• လျှပ်စစ်မရှိတဲ့အချိန် Backup အဖြစ် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
🛠 Complete Set
• Photovoltaic Cable
• MC4 Connector
• DC Power Jack Connector
Accessories အပြည့်အစုံပါဝင်ပါတယ်ခင်ဗျာ။
🧳 Portable Design
• သယ်ယူရလွယ်ကူပြီး
• အိမ်သုံး / ဆိုင်သုံး / Camping / ခရီးသွား လို့ရလို့
• Remote Area / IDP Camp တွေမှာ အထူးအသုံးဝင်ပါတယ်ခင်ဗျာ။
အားသာချက်များ
🔹 (Pure Sine Wave) – စက်ပစ္စည်းတွေအတွက် အန္တရာယ်ကင်းပြီး စွမ်းဆောင်ရည်မြင့်မားခြင်း
🔹 ကာကွယ်မှုစနစ်များ – ဗို့အားနည်း/များခြင်း၊ ဝန်ပိုခြင်းတို့မှ ကာကွယ်ပေးခြင်း
🔹 အပူချိန်ဒဏ်ခံနိုင်မှု – လည်ပတ်အပူချိန် 0°C~40°C၊ သိုလှောင်မှု -15°C~45°C
🔹 ဘက်ထရီနှင့် Controller ပါဝင်ပြီး – ချက်ချင်းအသုံးပြုလို့ရ၊ သယ်ဆောင်ရလွယ်ကူပါသည်။

အသုံးပြုနိုင်မယ့်နေရာများ
🏠 အိမ်သုံး Backup Power
✔ ဆိုင်သုံး လျှပ်စစ် Backup
⛺ ခရီးသွား၊ စခန်းချ Camping
🔧 လုပ်ငန်းခွင်သုံး ကိရိယာများ
📡 ဆက်သွယ်ရေးစနစ်များ
အခုပဲ မှာယူလိုက်ပါ
Seagull Portable Power Station နဲ့အတူ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို စိတ်ပူစရာမလိုတော့ပါဘူး။
Seagull – သင်ယုံကြည်ရတဲ့ ဓာတ်အားအဖော် 💡
Price – 600 Watt (1,300,000) ကျပ်
Cash back - 50,000 ကျပ်

1200 Watt (2,300,000) ကျပ်
Cash Back -100,000 ကျပ်
📦 Limited Stock Available
600W / 1200W Model များ ရရှိနိုင်ပါသည်။
📞 Order & Inquiry – J Mart International Trading
Address: လမ်း ၃၀ ၊ ၅၈*၅၉ လမ်းကြား၊ မန္တလေးမြို့
Phone number: 095012481, 09269300001, 09792549144

Portable Power Station ဆိုတာ ဘာလဲ?Portable Power Station ဆိုသည်မှာ အဓိကအားဖြင့် အတွင်းဘက်တွင် အင်ဗာတာ (inverter) တပ်ဆင်ထ...
05/03/2026

Portable Power Station ဆိုတာ ဘာလဲ?
Portable Power Station ဆိုသည်မှာ အဓိကအားဖြင့် အတွင်းဘက်တွင် အင်ဗာတာ (inverter) တပ်ဆင်ထားပြီး၊ ပလပ်ပေါက်မျိုးစုံနှင့် မျက်နှာပြင်ဖန်သားပြင် တစ်ခုပါဝင်သော အားပြန်သွင်း၍ရသည့် ဘက်ထရီအကြီးစားတစ်ခု ဖြစ်သည်။ ၎င်းသည် ဓာတ်ဆီသုံး generator ၏ ခေတ်မီသော ဗားရှင်းဖြစ်ပြီး၊ ဘေးကင်း၊ တိတ်ဆိတ်၊ မီးခိုးအနံ့ကင်းသော ခေတ်မီအစားထိုးပစ္စည်းတစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။
Key Components (အဓိက အစိတ်အပိုင်းများ):
• Battery (ဘက်ထရီ): များသောအားဖြင့် Lithium-ion (ဥပမာ LiFePO₄) အမျိုးအစားဖြစ်ပြီး၊ ကြာရှည်ခံကာ စွမ်းဆောင်ရည် ကောင်းမွန်သည်။
• Inverter (အင်ဗာတာ): ဘက်ထရီမှ ထွက်လာသော တိုက်ရိုက်လျှပ်စစ် (DC) အား သင့်လျှပ်စစ်ပစ္စည်းများအတွက် လိုအပ်သော လျှပ်စစ် (AC) အဖြစ်သို့ ပြောင်းလဲပေးသည်။
• Display Screen (မျက်နှာပြင်): ဘက်ထရီပမာဏ၊ အားသွင်း/အားထုတ်နေသည့် ပါဝါနှင့် အားသွင်းချိန်/အားကုန်ချိန်တို့ကို ပြသပေးသည်။
• Output Ports (ပလပ်ပေါက်များ): နံရံကပ်ပလပ်ပေါက်များနှင့်တူသော AC ပလပ်ပေါက်များ၊ USB ပေါက်များနှင့် DC ပလပ်ပေါက် (ကားမီးခြစ်ပေါက် ပုံစံ) တို့ ပါဝင်သည်။
• Input Ports (အားသွင်းပေါက်များ): နံရံကပ်ပလပ်ပေါက်၊ ဆိုလာပြားများ သို့မဟုတ် ကားအားသွင်းကိရိယာများမှ အားသွင်းရန်အတွက် ဖြစ်သည်။
Portable Power Station ကို ဘယ်လိုအသုံးပြုမလဲ?
Portable power station ကို အသုံးပြုခြင်းသည် အလွန်ရိုးရှင်းပါသည်။
Charging the Power Station (အားသွင်းခြင်း)
အောက်ပါနည်းလမ်းများဖြင့် အားသွင်းနိုင်ပါသည်။
၁။ နံရံကပ်ပလပ်ပေါက်မှ အားသွင်းခြင်း
• ချိတ်ဆက်နည်း- ပါဝါဘူးနှင့်ပါလာသော AC အားသွင်းကြိုးကိုအသုံးပြု၍ နံရံကပ်ပလပ်ပေါက်သို့ တိုက်ရိုက်ချိတ်ဆက်ပါ။
• အကောင်းဆုံးအသုံးပြုနိုင်သည့်အချိန်- မီးလင်းချိန် (Grid မီးရှိချိန်) တွင် အမြန်ဆုံးအားသွင်းလိုပါက ဤနည်းလမ်းကို သုံးပါ။
၂။ ဆိုလာပြား (နေရောင်ခြည်) ဖြင့် အားသွင်းခြင်း
• ချိတ်ဆက်နည်း- ဆိုလာအားသွင်းကြိုးကိုအသုံးပြု၍ ဆိုလာပြားများကို ပါဝါဘူး၏ ဆိုလာအားသွင်းပေါက်သို့ ချိတ်ဆက်ပါ။
• အကောင်းဆုံးအသုံးပြုနိုင်သည့်အချိန်- မီးလိုင်းမရှိသောနေရာများတွင် နေထိုင်သူများ၊ လျှပ်စစ်မီတာခ သက်သာလိုသူများနှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများအတွက် အကောင်းဆုံးဖြစ်သည်။
၃။ ကားမီးခြစ်ပေါက်မှ အားသွင်းခြင်း
• ချိတ်ဆက်နည်း- ကားအားသွင်းကြိုးကိုအသုံးပြု၍ ကားမောင်းနေစဉ် အတွင်း အားသွင်းနိုင်သည်။
• အကောင်းဆုံးအသုံးပြုနိုင်သည့်အချိန်- စခန်းချခရီးထွက်ခြင်း၊ ကားခရီးရှည်သွားခြင်းနှင့် အရေးပေါ်အခြေအနေများတွင် သင့်တော်သည်။
အရေးကြီးသော ဘေးကင်းရေး အချက်များ
• Power Station အား အရည်များနှင့် စိုစွတ်သောနေရာများနှင့် ဝေးဝေးတွင်ထားပါ။
• လေဝင်လေထွက် ကောင်းမွန်စေရန် သေချာစေပါ။ အပူထုတ်ပေါက်များကို ပိတ်ဆို့ခြင်းမပြုပါနှင့်။
• ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ။
• Power Station ပျက်စီးယိုယွင်းမှုတစ်စုံတစ်ရာ တွေ့ရှိပါက ချက်ချင်းအသုံးပြုခြင်းကို ရပ်နားပါ။
အထူးအကြံပြုချက်
မီးပြတ်ချိန်တွင် ရေခဲသေတ္တာကဲ့သို့သော အာရုံခံနိုင်စွမ်းမြင့်မားသည့် ပစ္စည်းများကို အသုံးပြုမည်ဆိုပါက သင့်Power Station တွင် UPS/EPS mode (လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိအောင် ထိန်းပေးသည့်စနစ်) ပါ မပါ စစ်ဆေးပါ။ ဤစနစ်ပါဝင်ပါက မီးလင်းချိန်မှ မီးပြတ်ချိန်သို့ ကူးပြောင်းရာတွင် လျှပ်စစ်ဓာတ်အား ချက်ချင်း ချောမွေ့စွာ ဆက်လက်ရရှိစေမည် ဖြစ်သည်။

Power Station သုံးရန်အတွက် သင့်တော်သည့် အကြောင်းရင်းများ
၁. မီးရှိချိန်တွင် အားသွင်းထား၍ မီးပြတ်ချိန်တွင် အသုံးပြုနိုင်သည်။
၂.ဆိုလာဖြင့် အားသွင်းနိုင်ခြင်း - နေရောင်ခြည်မှ အခမဲ့ စွမ်းအင်ရရှိခြင်း
၃.လုံးဝတိတ်ဆိတ်စွာ အလုပ်လုပ်ခြင်း
၄.မီးခိုးငွေ့ လုံးဝမရှိခြင်း၊ အိမ်တွင်း၌ စိတ်ချလက်ချသုံးနိုင်ခြင်း
၅.လောင်စာဆီ လုံးဝမလိုအပ်ခြင်း - ဘက်ထရီအား သိုလှောင်အသုံးပြုရုံသာ

လက်တွေ့အသုံးချနည်းများ
မြို့ပြနေအိမ်များအတွက် (တိုက်ခန်း/ကွန်ဒို)
• ညအချိန် ၄ နာရီ မီးပြတ်ချိန်တွင်- LED မီးများ၊ Wi-Fi Router ၊ ဖုန်းအားသွင်းခြင်းနှင့် ပန်ကာတစ်လုံးကို အသုံးပြုနိုင်သည်။
• နေ့ခင်းအချိန် မီးပြတ်ချိန်တွင်- အလုပ်လုပ်ရန်အတွက် လက်ပ်တော့ပ်၊ တီဗီ သို့မဟုတ် ရေခဲသေတ္တာအသေးတစ်လုံးကို အသုံးပြုနိုင်သည်။
• ပြင်ဆင်အသုံးပြုပုံ- မီးရှိချိန်တွင် နံရံကပ်ပလပ်ပေါက်မှ အားသွင်းထားရှိပါ။
မီးလိုင်းမရှိသော ကျေးလက်နေအိမ်များအတွက်
• ဆိုလာပြားများဖြင့် တွဲဖက်အသုံးပြုခြင်း- လျှပ်စစ်မီးလိုင်းနှင့် လုံးဝမချိတ်ဆက်ရဘဲ သီးခြားစနစ်တစ်ခု တည်ဆောက်နိုင်သည်။
• နေ့စဉ်အသုံးပြုပုံ- ညအချိန်တွင် မီးများထွန်းညှိရန်၊ ဖုန်းများအားသွင်းရန်နှင့် ရေဒီယို/တီဗီအသေးစားများ ဖွင့်ရန်။
• ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်- ကျောင်းသားများ ညအချိန်တွင် စာကျက်နိုင်ခြင်း၊ အိမ်တွင်းအခြေပြု လုပ်ငန်းငယ်များ လည်ပတ်နိုင်ခြင်း။
စီးပွားရေးလုပ်ငန်းငယ်များအတွက် (ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဈေးသည်)
• အလင်းရောင်- ညနေပိုင်း မီးပြတ်ချိန်တွင် ဆိုင်ကို ဆက်လက်ဖွင့်နိုင်ခြင်း။
• အအေးပေးစနစ်- ပန်ကာအသေး သို့မဟုတ် အအေးခံဘူးအသေး လည်ပတ်နိုင်ခြင်း။
• အားသွင်းဝန်ဆောင်မှု- ဖုန်းအားသွင်းရန် ဝန်ဆောင်မှုပေးခြင်းဖြင့် ဝင်ငွေရှာနိုင်ခြင်း။
ဆေးခန်းများနှင့် ကျန်းမာရေးဌာနများအတွက်
• ကာကွယ်ဆေး သိုလှောင်ရန်- ပါဝါဘူးအချို့သည် ဆေးဘက်ဆိုင်ရာ ရေခဲသေတ္တာအသေးစားများကို လည်ပတ်နိုင်သည် (သဟဇာတဖြစ်မှုကို ကြိုတင်စစ်ဆေးပါ)။
• အလင်းရောင်- မီးပြတ်ချိန်တွင် ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် သေချာစေခြင်း။
• ကိရိယာများ အားသွင်းရန်- ဆက်သွယ်ရေးကိရိယာများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ အားအပြည့်ရှိနေစေရန်။

ဘယ်ပစ္စည်းတွေ သုံးလို့ရလဲ? - လက်တွေ့ဥပမာများ
အောက်ပါဇယားသည် 300Wh (ဝပ်-နာရီ) ဆိုသည်မှာ အလယ်အလတ်တန်းစား Portable Power Station တစ်လုံးကို ဆိုလိုပြီး၊ ၎င်းဖြင့် ပစ္စည်းတစ်ခုချင်းစီကို မည်မျှကြာအောင် သုံးနိုင်သည်ဆိုသည့် အချိန်ကို ဖော်ပြထားပါသည်။ (1000Wh+ ကဲ့သို့ ပိုကြီးသော ပါဝါဘူးများသည် ပိုကြီးသည့် ပစ္စည်းများကို ပိုကြာအောင် လည်ပတ်နိုင်သည်ကို သတိပြုပါ။)
ပစ္စည်း W ကြာချိန်
LED မီးလုံး 5-10 W ၃၀-၆၀ နာရီ
ဖုန်းအားသွင်း 10-15 W ၂၀-၃၀ ကြိမ် အားသွင်းနိုင်
Wi-Fi Router 10-20 W ၁၅-၃၀ နာရီ
လက်ပ်တော့ပ် 40-60 W ၅-၇ နာရီ
ပန်ကာ 40-60 W ၅-၇ နာရီ
TV(Small) 50-80 W ၄-၆ နာရီ
ရေခဲသေတ္တာအသေး 60-100 W (အဆက်မပြတ်မဟုတ်) ၃-၅ နာရီ (လက်တွေ့သုံးချိန်)

ကုန်ကျစရိတ် နှိုင်းယှဉ်ခြင်း
အောက်ပါဇယားသည် မတူညီသော လျှပ်စစ်မီးရရှိရေး နည်းလမ်းများ၏ ကုန်ကျစရိတ်နှင့် အားသာချက်/အားနည်းချက်များကို နှိုင်းယှဉ်ဖော်ပြထားပါသည်။
နည်းလမ်း ကနဦးကုန်ကျစရိတ် နေ့စဉ်ကုန်ကျစရိတ် အားသာချက်/အားနည်းချက်
ဓာတ်ဆီမီးစက် အလယ်အလတ် မြင့်မား (လောင်စာဆီစရိတ်) ဆူညံသည်၊ အနံ့ရှိသည်၊ လောင်စာလိုအပ်သည်၊ ပါဝါကောင်းသည်။
Portable Power Station အလယ်အလတ်မှ မြင့်မား အလွန်နည်းသည် (ဆိုလာဖြင့် အားသွင်းပါက အခမဲ့) တိတ်ဆိတ်သည်၊ သန့်ရှင်းသည်၊ ဘေးကင်းသည်၊ စွမ်းရည်ကန့်သတ်ချက်ရှိသည်။
နေရောင်ခြည်စနစ် (Solar Home System) မြင့်မား အလွန်နည်းသည် အမြဲတမ်းအဖြေဖြစ်သည်၊ အိမ်တစ်အိမ်လုံးကို မီးပေးနိုင်သည်၊ ကနဦးကုန်ကျစရိတ်များသည်။

၄။ မဝယ်မီ စဉ်းစားရန် အချက်များ
၁။ ပမာဏ (Capacity)
• အသေး (၂၀၀-၃၀၀Wh): ဖုန်းများ၊ မီးများ၊ ပန်ကာ နာရီအနည်းငယ်ကြာအောင် အသုံးပြုနိုင်သည်။
• အလတ် (၅၀၀-၇၀၀Wh): အထက်ပါပစ္စည်းများအပြင် Labtop ၊ TV၊ ရေခဲသေတ္တာအသေး နာရီအနည်းငယ်ကြာအောင် အသုံးပြုနိုင်သည်။
• အကြီး (၁၀၀၀Wh+): ပစ္စည်းမျိုးစုံ၊ ကြာရှည်စွာ အသုံးပြုနိုင်သည်။
၂။ အားသွင်းနည်းလမ်းများ
• ဆိုလာအားသွင်းစနစ် ပါဝင်ရန် အထူးအကြံပြုလိုပါသည်။
• ဆိုလာပြားများ ပါဝင်လာခြင်း ရှိ/မရှိ သို့မဟုတ် သီးခြားဝယ်ယူရခြင်း ရှိ/မရှိ စစ်ဆေးပါ။
၃။ ပလပ်ပေါက်များ (Output Ports)
• သင့်လိုအပ်ချက်အတွက် AC ပလပ်ပေါက် အရေအတွက် လုံလောက်စွာပါဝင်ကြောင်း သေချာပါစေ။
• ခေတ်မီကိရိယာများအတွက် USB-C ပေါက် ပါဝင်ခြင်းသည် ကောင်းမွန်သည်။
၄။ ကြာရှည်ခံမှု (Durability)
• လေဝင်လေထွက်ကောင်းမွန်သော အပူထုတ်ပေါက်များ ပါဝင်သည့် ပစ္စည်းများကို ရွေးချယ်ပါ။
• ဖုန်နှင့် စိုထိုင်းဆ ကာကွယ်မှုပါဝင်ခြင်းကို ထည့်သွင်းစဉ်းစားပါ
၅။ ရရှိနိုင်မှု နှင့် ဘယ်နေရာတွင် ဝယ်ယူနိုင်မလဲ
• ရန်ကုန်၊ မန္တလေးရှိ ပြည်တွင်းအီလက်ထရွန်နစ်ဆိုင်များတွင် မေးမြန်းကြည့်ပါ။
• သို့မဟုတ် J Mart International Trading မှတင်သွင်း ဖြန့်ချီသော Portable Power Station ကို အသုံးပြုကြည့်ပါ။

J Mart International Trading
Address: လမ်း ၃၀ ၊ ၅၈*၅၉ လမ်းကြား၊ မန္တလေးမြို့
Phone number: 095012481, 09269300001, 09792549144

📌We are Hiring Marketing Staff - (Male/Female - 5 ) Posts✅အတွေ့အကြုံ ရှိ (သို့) မရှိ လဲ လျှောက်ထားနိုင်ပါသည်။✅ဘွဲ့ရဖြစ်ရ...
21/01/2026

📌We are Hiring

Marketing Staff - (Male/Female - 5 ) Posts

✅အတွေ့အကြုံ ရှိ (သို့) မရှိ လဲ လျှောက်ထားနိုင်ပါသည်။
✅ဘွဲ့ရဖြစ်ရမည်။
✅လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်ပြီး လစာ ညှိနှိုင်းပေးမည်။

Working Hour : 8:30 AM - 5:30 PM
Off Day : Sun & Public Holiday

📌ရုံးလိပ်စာ - 30 လမ်း၊58*59လမ်းကြား၊မန္တလေးမြို့။

☎️Viber - 09 269 30000 1
☎️Viber - 09 269 30000 2

⚡မီးပျက်လဲ စိတ်ပူစရာမလိုတဲ့ Table Lamp⚡စာကြည့်တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် အရမ်းကိုအသုံးဝင်တဲ့ Table Lamp လေးပါနော...
11/12/2025

⚡မီးပျက်လဲ စိတ်ပူစရာမလိုတဲ့ Table Lamp⚡

စာကြည့်တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် အရမ်းကိုအသုံးဝင်တဲ့ Table Lamp လေးပါနော်

မီးပျက်နေရင်လဲ Power Bank နဲ့တွဲပြီး အသုံးပြုလို့ရတာကြောင့် မီးမလာလဲ စိတ်ပူစရာမလိုတော့ပါဘူး

မီးအရောင်(3)ရောင် ပြောင်းလို့ရပြီး အလင်းအတိုးအလျော့လဲ စိတ်တိုင်းကျ Adjust လုပ်လို့ရပါတယ်ခင်ဗျာ

အာမခံ(1)နှစ် ပေးထားပြီး Error ဖြစ်ခဲ့ရင်လဲ အသစ်နဲ့ ချက်ချင်းပြန်လဲပေးတာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်

Price - 75,550 Ks

ဆက်သွယ်ဝယ်ယူလိုပါက

Address - 78*79လမ်း၊26*27လမ်းကြား၊မန္တလေးမြို့။

☎️09 269 30000 1
☎️09 269 30000 2

Quality ​ကောင်း​​ကောင်းနဲ့ Safey အဖြစ်ဆုံး Lighting ကိုရှာ​နေတယ်ဆိုရင် EVE Lighting ကို သတိရလိုက်ပါ‼️🏷EVE Lighting ထဲကမှ...
17/11/2025

Quality ​ကောင်း​​ကောင်းနဲ့ Safey အဖြစ်ဆုံး Lighting ကိုရှာ​နေတယ်ဆိုရင် EVE Lighting ကို သတိရလိုက်ပါ‼️

🏷EVE Lighting ထဲကမှ လူကြိုက်အများဆုံးဖြစ်တဲ့ TD Panel Series ပဲ ဖြစ်ပါတယ်ခင်ဗျာ

အားသာချက်​တွေအ​နေနဲ့က​တော့
📌အပူဒဏ်ခံနိုင်တဲ့ Aluminum frame များနဲ့ ထုတ်လုပ်​ပေးထားခြင်း
📌Energy Saving ဖြစ်ပြီး Lumen များစွာပါ၀င်တာ​ကြောင့် လင်းအား ​ကောင်းမွန်ခြင်း
📌UV Light များ မပါ၀င်တာ​ကြောင့် မျက်စိကိုထိခိုက်မှု မရှိ​စေခြင်း
📌IP-20 ဖြစ်ပြီး Long Lifespan က နာရီ​ပေါင်း 23,000 ​ကျော် အထိ ​ရေရှည်​​ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း
📌အာမခံ 1 နှစ် ပါရှိပြီး Error ဖြစ်ခဲ့ပါက အသစ်1လုံး ချက်ချင်းပြန်လဲ​ပေးခြင်း

ဒီလို Quality မျိုးကို အာမခံချက်အပြည့်နဲ့ J Mart International Trading မှာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ💯

အ​သေးစိတ်သိရှိလိုပါက
J Mart International Trading
78*79 လမ်း၊ 26*27လမ်းကြား၊မန္တ​လေးမြို့။

☎️09 269 30000 1
☎️09 269 30000 2

#အာမခံ

"တန်ဆောင်မုန်း လပြည့်နေ့" အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်အေးချမ...
04/11/2025

"တန်ဆောင်မုန်း လပြည့်နေ့" အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်အေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏


#တန်ဆောင်တိုင်

‼️Furniture လှလှလေးတွေကြိုက်သူများအတွက် အရမ်းတန်တဲ့ Promotion‼️ လူကြီးမင်းတို့စိတ်ကြိုက် ပုံလေးတွေကြည့်ရင်း တစ်ပုံချင်းစ...
21/10/2025

‼️Furniture လှလှလေးတွေကြိုက်သူများအတွက် အရမ်းတန်တဲ့ Promotion‼️

လူကြီးမင်းတို့စိတ်ကြိုက် ပုံလေးတွေကြည့်ရင်း တစ်ပုံချင်းစီအောက်မှာလဲ ဈေးနှုန်းလေးတွေ ထည့်ပေးထားပါတယ်ခင်ဗျာ💯

ဆက်သွယ်မှာယူလိုပါက
J Mart International Trading
78*79 လမ်း‌၊ 26*27လမ်းကြား၊မန္တလေးမြို့။

☎️09 269 30000 1
☎️09 269 30000 2

သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်ရသောသူများနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေခင်ဗျာ🙏🙏🙏J Mart...
05/10/2025

သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်ရသောသူများနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေခင်ဗျာ🙏🙏🙏
J Mart International Trading

#သီတင်းကျွတ်

‼️အတန်ဆုံးနဲ့အကြမ်းဆုံး သီတင်းကျွတ် Promotion လာပါပြီ‼️📌EVE Solar စလိုက်နဲ့ လမ်းမီးတွေကို တစ်ခုဝယ်ရင် တစ်ခုလက်ဆောင်ရရှိမ...
02/10/2025

‼️အတန်ဆုံးနဲ့အကြမ်းဆုံး သီတင်းကျွတ် Promotion လာပါပြီ‼️

📌EVE Solar စလိုက်နဲ့ လမ်းမီးတွေကို တစ်ခုဝယ်ရင် တစ်ခုလက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ

✅ Promotion ကာလကတော့ 1.Oct.25 ကနေ 31.Oct.25 ရက်နေ့ထိ ဖြစ်ပါတယ်

✅အရမ်းကိုတန်တဲ့ Promotion ဖြစ်တာကြောင့် အမြန်‌ဆုံးလက်ဦးထားဖို့ လိုပါမယ်နော်

ဆက်သွယ်ဝယ်ယူလိုပါက
𝐉 𝐌𝐚𝐫𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨.,𝐋𝐭𝐝
78*79လမ်း၊ 26*27 လမ်းကြား၊မန္တလေးမြို့။

☎️09 269 30000 2
☎️09 269 30000 1

#စလိုက် #လမ်းမီး

Address

58th & 59th Street, 30th Street, Chanayetharzan Township. , Myanmar (Burma)
Mandalay
05024

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959269300002

Alerts

Be the first to know and let us send you an email when J Mart International Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to J Mart International Trading:

Share