24/06/2026
📚 သောကမလာရ
မူရင်းရေးသားသူ-ဒေးလ်ကာနေဂျီ (Dale Carnegie)
မြန်မာပြန်-ဇေရတု
စာမျက်နှာ-၁၁၉ မျက်နှာ
တန်ဖိုး-၅,၅၀၀ ကျပ်
❝ သောကကြောင့် ကိုယ်စိတ်နှလုံး မညှိုးချုံးရလေအောင် ❞
လူတိုင်းလိုလိုမှာ သောကကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အနာဂတ်အတွက် ကြိုတင်ပူပန်တတ်တဲ့ ဒီ "သောက" တရားတွေကြောင့်ပဲ လူအများစုဟာ ကိုယ်စိတ်နှလုံး ဖိစီးပြီး ကျန်းမာရေး ထိခိုက်ကာ အရွယ်မတိုင်ခင် ဘဝကို စောစီးစွာ လက်လွှတ်လိုက်ရတတ်ပါတယ်။
ကမ္ဘာကျော် စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ "သောကမလာရ"မှာတော့ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့၊ ခွဲခြမ်းစိတ်ဖြာတတ်ဖို့နဲ့ မလိုလားအပ်တဲ့ သောကတွေ ဝင်မလာအောင် ငြိမ်းချမ်းပျော်ရွှင်တဲ့ စိတ်မွေးမြူနည်းတွေကို အသေးစိတ် လမ်းညွှန်ပြသပေးထားပါတယ်။
☘️ ဒေးလ်ကာနေဂျီ၏ စိတ်အေးချမ်းခြင်းဆိုင်ရာ နိဂုံးချုပ်အကြံပြုချက် (၈) ချက်
တစ်နေ့တာအတွက် အသက်ရှင်ပါ
အတိတ်နဲ့ အနာဂတ်ကို ခဏမေ့ထားပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။
ဘဝကို အကောင်းမြင်စိတ်ဖြင့် ကြည့်ပါ
အမြင်မှန်ရင် ဘဝဟာ ပျော်စရာတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။
အလုပ်များအောင် နေပါ
သင် တက်ကြွစွာ လှုပ်ရှားနေချိန်မှာ သောကတွေဟာ အလိုလို ပျောက်ကွယ်သွားပါလိမ့်မယ်။
ပျမ်းမျှခြင်းဥပဒေသဖြင့် စစ်ဆေးပါ
သင် အခု တွေးပူနေတဲ့ကိစ္စဟာ တကယ်ဖြစ်လာနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာ တွေးဆကြည့်ပါ။
အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ပါ
ကိုယ်လုပ်နိုင်သမျှကို အားသွန်ခွန်စိုက် ကြိုးစားလိုက်ပါ။
အခြေအနေဆိုးကို အခွင့်အရေးပြောင်းပါ
"ကံတရားက သင့်ကို သံပရာသီးပေးလာရင်၊ သံပရာဖျော်ရည်ဖြစ်အောင် လုပ်လိုက်ပါ"
သူတစ်ပါးအကျိုးကို စွမ်းဆောင်ပါ
ကိုယ့်အတ္တကို ခဏမေ့ပြီး တစ်ပါးသူအတွက် အကျိုးရှိမယ့်အရာကို လုပ်ဆောင်ကြည့်ပါ။
တစ်နေ့တစ်ကြိမ် အလှူတစ်ခုပြုပါ
တစ်စုံတစ်ယောက်ကို ပြုံးပျော်စေမယ့် ကောင်းမှုကုသိုလ်တစ်ခု နေ့စဉ်လုပ်ပါ။
ဒုက္ခတွေပွေလီပြီး သောကတွေ ရှုပ်ထွေးနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို အေးချမ်းတည်ငြိမ်စေဖို့အတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။