Two Babies flagship store

စုပ်ယူမှူအားကောင်းပြီး ယိုစိမ့်မှူမရှိစေဖို့ အဆင့်ဆင့်Quality Control များနဲ့စစ်ဆေးထုတ်လုပ်ထားတဲ့ Two Babies ဘေဘီဒိုက်ဘာ...
15/06/2025

စုပ်ယူမှူအားကောင်းပြီး ယိုစိမ့်မှူမရှိစေဖို့ အဆင့်ဆင့်Quality Control များနဲ့စစ်ဆေးထုတ်လုပ်ထားတဲ့ Two Babies ဘေဘီဒိုက်ဘာ❤️

#ဒိုက်ဘာမှာဆိုTwoBabies_ကမ္ဘာ့စံချိန်အမှီထုတ်လုပ်သည်

#ကလေး #မိခင် #အမေ #ကိုယ်ဝန်ဆောင် #မေမေ

မီးတွင်းကာလမှာ Two Babies မီးနေသည်ဒိုက်ဘာနဲ့ဆို ရာသီသွေးအဆင်းများလဲ စိတ်ပူစရာမလိုတော့ပါ....💁‍♀️မီးနေသွေးဆိုတာ ကိုယ်ဝန်ဆေ...
14/06/2025

မီးတွင်းကာလမှာ Two Babies မီးနေသည်ဒိုက်ဘာနဲ့ဆို ရာသီသွေးအဆင်းများလဲ စိတ်ပူစရာမလိုတော့ပါ....

💁‍♀️မီးနေသွေးဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို အာဟာရပေးခဲ့ရတဲ့ တစ်ရှူးတွေ၊ သန္ဓေသားနေဖို့ သားအိမ်နံရံထူးပေးခဲ့ရတာတွေက မီးဖွားပြီးချိန်မှာ သွေးရော အချွဲတွေအနေနဲ့ပါ ဆင်းခြင်းဖြစ်ပါတယ် မီးနေသွေးဆင်းတာကို ရိုးရိုးမွေးတဲ့သူတွေမှာရော ခွဲမွေးထားတဲ့ မေမေတွေပါ ကြုံတွေ့ကြရပါတယ် ✅

🤱 မီးနေသွေးက ပုံမှန်ရာသီသွေးထက် အများကြီးဆင်းတာမို့ ဒီလို ပုံမှန်ရာသီသွေးထက်များတဲ့ မီးနေသွေးကိုထိန်းဖို့ မေမေအများစုက Pad ကို အသုံးပြုချင်‌ပေမယ့် ...
➡️ မကြာခဏထလဲရမှာ၊
➡️ အပြင်ဘက်ကို ပေစွန်းပြီး အနံ့ဆိုးထွက်မှာကို စိတ်ပူတတ်ကြပါတယ်။ ခွဲမွေးထားတဲ့ မေမေတွေကလည်း ရိုးရိုးအတွင်းခံနဲ့ ဂွမ်းထုပ်တွဲသုံးရင် ချုပ်ရိုးထိမိမှာကို စိတ်ပူတတ်ကြပါတယ် 😪😪

💁‍♀️ ဒါကြောင့် မေမေတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ယိုစိမ့်မှုကင်းဝေးပြီး သက်သောင့် သက်သာရှိတဲ့ Two Babies မီးနေသည်ဒိုက်ဘာကို ထုတ်ပေးထားခြင်းဖြစ်ပါတယ် ✅✅

💚 Two Babies မီးနေသည်ဒိုက်ဘာလေးမှာ စုပ်ယူအားကောင်းတဲ့ Absorbent Core ပါဝင်လို့ မီးနေသွေးကို လျင်မြန်စွာ စုပ်ယူနိုင်ပြီး မျက်နှာပြင်ကို အမြဲခြောက်သွေ့ သန့်ရှင်းနေစေပါတယ် 😍😍

💚 Two Babies မီးနေသည်ဒိုက်ဘာ ပတ်ပတ်လည်က Leak-proof ဖြစ်တာကြောင့် မေမေတို့အနေနဲ့ ရာသီသွေး ဘယ်လိုအဆင်းများပါစေ ယိုစိမ့်မှုကင်းစေပြီး အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်

💁‍♀️ ခွဲမွေးထားတဲ့မေမေတို့အတွက်လည်း Two Babies မီးနေသည်ဒိုက်ဘာရဲ့ မျော့ကြိုးနေရာမှာ အနူးညံ့ဆုံးမျော့ကြိုးကိုသာ အသုံးပြုပေးထားတာဖြစ်လို့ စိတ်ချစွာ အသုံးပြုပေးလို့ရပါတယ်နော် ✅✅

💚 မေမေတို့အနေနဲ့ မီးတွင်းကာလမှာ မီးနေသွေးအဆင်းများလို့ စိတ်ဒုက္ခရောက်ရခြင်းမှကင်းဝေးပြီး Pad မကြာခဏထလဲရတဲ့ ဒုက္ခမှကင်းစေဖို့ Two Babies မီးနေသည်ဒိုက်ဘာကို ရွေးချယ်အသုံပြုဖို့ မမေ့ပါနဲ့နော် 😍😍

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်လန်းဆန်းဖို့ကွယ် Two Babies Shower Gel လေးနဲ့ ရေချိုးမယ် .... ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြေ...
13/06/2025

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်လန်းဆန်းဖို့ကွယ် Two Babies Shower Gel လေးနဲ့ ရေချိုးမယ် ....

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဂျိုင်းမဲ၊ ဂုတ်မဲလို့ စိတ်ညစ်နေရပြီလား မေမေတို့ရေ ... ??

ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်ကာလမှာ နူးညံ့လွန်းတဲ့မေမေတို့အသားအရည်က Chemical များတဲ့ ဆပ်ပြာတွေနဲ့ အဆင်မပြေတာကြောင့် မြန်မာ့နံ့သာရနံ့နဲ့ စိတ်ကိုလန်းဆန်းစေတဲ့ Two Babies ရဲ့ Shower Gel လေး သုံးပေးနိုင်ပါတယ်

နေ့စဉ်ရေချိုးချိန်တိုင်းမှာ အသုံးပြုနိုင်တဲ့ Two Babies Shower Gel လေးက စိတ်ကိုလန်းဆန်းစေတဲ့ မြန်မာ့နံ့သာရနံ့လေးနဲ့ ထုတ်လုပ်ထားသလို ကိုယ်ဝန် ဆောင်ချိန်နဲ့ မီးတွင်းကာလမှာ အသုံးပြုနိုင်အောင် ဘဘာဝ Herbal စစ်စစ်များဖြင့် ထုတ်လုပ်ထားတာမို့ စိတ်ချအသုံးပြုလို့ရပါတယ်

ရွေးချယ်စရာရနံ့အနေနဲ့ ကင်ပွန်းတောင်နံနဲ့ နံနွင်းတောင်နံဆိုပြီး နှစ်မျိုးပါတယ်။ မြန်မာ့နံ့သာရနံ့လေးကြောင့် စိတ်ကိုလန်းဆန်းစေသလို ဟော်မုန်းအပြောင်းအလဲကြောင့် မဲညစ်နေတဲ့ အသားအရည်ကိုလည်း ပြန်လည်ဖြူဝင်းစေပါတယ်
Two babies Shower gel လေးကို 100ml Showe Gel ဘူးလေးအဖြစ် ပုံစံသုံးပေးထားပါတယ်
သယ်ကူကလွယ်ကူပြီး အိတ်ဆောင်အနေနဲ့လဲ သွားရာသယ်လို့ လွယ်ကူတာမို့ မေမေတို့ အကြိုက်ပါဘဲနော်🥰

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies

ဗိုက်စည်းစည်းခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တဲ့ အချက်များ .....မီးဖွားပြီးတဲ့အခါ အမျိုးသမီးတိုင်းက ဆယ်လတာလုံး သန္ဓေသားလေးက...
11/06/2025

ဗိုက်စည်းစည်းခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တဲ့ အချက်များ .....

မီးဖွားပြီးတဲ့အခါ အမျိုးသမီးတိုင်းက ဆယ်လတာလုံး သန္ဓေသားလေးကို သားအိမ်ထဲမှာ လွယ်ပိုးခဲ့ရလို့ သားအိမ်ကျယ်ပွပြီး ဝမ်းဗိုက်ကြွက်သားတွေ လျှော့ရဲလာပါတယ် 🤰

ဒါကြောင့် မီးဖွားပြီးတဲ့ မေမေတွေက သားအိမ်ပြန်ကျုံ့ပြီး ကျယ်ပွနေတဲ့ဝမ်းဗိုက်နဲ့ လျှော့ရဲနေတဲ့ကြွက်သားတွေ မူလခန္ဓာကိုယ်အတိုင်း ပြန်လည်ကျစ်လစ်စေဖို့ မီးဖွားပြီးပြီဆိုတာနဲ့ ဗိုက်စည်းစည်းဖို့လိုအပ်ပါတယ် ✅

မီးဖွားပြီးတဲ့ မေမေတို့ ဗိုက်စည်းသုံးတဲ့အခါမှာ ဗိုက်ချပ်စေဖို့အတွက် အပျိုလေးတွေ အဆီကျဖို့သုံးသလို သာမာန်ဗိုက်စည်းတွေ သုံးလို့မရပါဘူးနော် 🙅🙅

ဒါကြောင့် မေမေတို့ဗိုက်စည်းသုံးတဲ့အခါ ဘယ်လိုမျိုးဗိုက်စည်းကို ရွေးချယ်သင့်လဲဆိုတာရယ် ဗိုက်စည်းစည်းခြင်းနဲ့ ပက်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးပါမယ်နော် 💓💓

❇️မီးဖွားပြီးစမေမေတို့အနေနဲ့ ဗိုက်စည်းရွေးချယ်မယ်ဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပုံမှန်ပြန်မဖြစ်သေးတာကြောင့် မိခင်တွေရဲ့ခန္ဓာကိုယ်ပြောင်းလဲမှူကို အခြေခံပြီး သီးသန့် Design ဆွဲထုတ်ထားထားတဲ့ဗိုက်စည်းကို ရွေးချယ်သင့်ပါတယ် ... 💯💯

❇️ဗိုက်စည်းစည်းထားတဲ့အချိန် အစာစားရင် အစာအိမ်က အစားတွေအများကြီးကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် ထမင်းလို heavy foods တွေ စားရင် အစာအိမ်ကိုလွတ်လပ်စွာထားသင့်တာမို့ ထမင်းစားချိန် ဗိုက်စည်းချွတ်ပေးထားခြင်းက အစားများများစားနိုင်စေပါတယ်✔️✔️

❇️နောက်ပြီး ညဘက်အိပ်စက် အနားယူတဲ့အခါမျိုးမှာ လူကနားနေပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အလုပ်လုပ်ကြတာမို့ ညအိပ်တဲ့အခါ ဗိုက်စည်းစည်းမထားသင့်ပါဘူး 😴😴

❇️ရိုးရိုးမွေးထားတဲ့ မေမေတွေအနေနဲ့ မွေးဖွားပြီးတာနဲ့ ဗိုက်စည်းကိုစိတ်ရှိသလို ချက်ချင်းစည်းပေးလို့ပြီး ခွဲမွေးထားတဲ့ မေမေတွေက မွေးပြီး‌နောက် 24 နာရီ ကြာရင် ဗိုက်စည်း စစည်းလို့ရပါပြီ 💁🏻‍♀️

❇️၉လကြာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေ မူလအတိုင်းပြန်ဖြစ်စေဖို့ ဗိုက်စည်းကို အနည်းဆုံး အချိန်သုံးလလောက် စည်းပေးသင့်ပါတယ် ✅✅

❇️မွေးမွေးပြီးချင်း ကာလမှာ ဗိုက်စည်းစည်းတဲ့အခါ အရမ်းတင်းကြပ်နေအောင်မစည်းဘဲ သက်သောင့်သက်သာရှိစေတဲ့ အနေအထားမျိုး စည်းပေးသင့်ပါတယ် ♥️♥️

💁🏻‍♀️ဒါဆို ဗိုက်စည်းစည်းတာနဲ့ ပက်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ သိထားပြီးပြီဆိုတော့ ဗိုက်စည်းရွေးတော့မယ်ဆို မေမေအားလုံးရဲ့ ရွေးချယ်မှုဖြစ်တဲ့ Two Babiesဗိုက်စည်းကို သတိရလိုက်ပါရှင့်😘😘😘

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်လန်းဆန်းဖို့ကွယ် Two Babies Soap & Scrub လေးနဲ့ ရေချိုးမယ် ....💁‍♀️ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန...
10/06/2025

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်လန်းဆန်းဖို့ကွယ် Two Babies Soap & Scrub လေးနဲ့ ရေချိုးမယ် ....

💁‍♀️ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဂျိုင်းမဲ၊ ဂုတ်မဲလို့ စိတ်ညစ်နေရပြီလား မေမေတို့ရေ ... ??

🤰 ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်ကာလမှာ နူးညံ့လွန်းတဲ့မေမေတို့အသားအရည်က Chemical များတဲ့ ဆပ်ပြာတွေနဲ့ အဆင်မပြေတာကြောင့် မြန်မာ့နံ့သာရနံ့နဲ့ စိတ်ကိုလန်းဆန်းစေတဲ့ Two Babies ရဲ့ Soap and Luxury Scrub လေး သုံးပေးနိုင်ပါတယ် 💚💚

💁‍♀️ နေ့စဉ်ရေချိုးချိန်တိုင်းမှာ အသုံးပြုနိုင်တဲ့ Two Babies Soap လေးက စိတ်ကိုလန်းဆန်းစေတဲ့ မြန်မာ့နံ့သာရနံ့လေးနဲ့ ထုတ်လုပ်ထားသလို ကိုယ်ဝန် ဆောင်ချိန်နဲ့ မီးတွင်းကာလမှာ အသုံးပြုနိုင်အောင် ဘဘာဝ Herbal စစ်စစ်များဖြင့် ထုတ်လုပ်ထားတာမို့ စိတ်ချအသုံးပြုလို့ရပါတယ် 💚💚

💁‍♀️ ရွေးချယ်စရာရနံ့အနေနဲ့ ကင်ပွန်းတောင်နံနဲ့ နံနွင်းတောင်နံဆိုပြီး နှစ်မျိုးပါတယ်။ မြန်မာ့နံ့သာရနံ့လေးကြောင့် စိတ်ကိုလန်းဆန်းစေသလို ဟော်မုန်းအပြောင်းအလဲကြောင့် မဲညစ်နေတဲ့ အသားအရည်ကိုလည်း ပြန်လည်ဖြူဝင်းစေပါတယ် ✅✅

💚 သဘာဝ Herbal များဖြင့်သာ ထုတ်လုပ်ထားတဲ့ Two Babies Luxury Scrub လေးကို တစ်ပတ်မှာ နှစ်ကြိမ်ခန့်အသုံးပြုပေးယုံနဲ့ မဲညစ်ပွယောင်းနေတဲ့ အသားအရည်ကို ဖြူဝင်းကျစ်လျစ်စေတဲ့အပြင် မြန်မာ့နံ့သာရနံ့ကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ် 😍😍

ရွေးချယ်စရာအနေနဲ့ -
🔶 ကင်ပွန်းတောင်နံနဲ့
🔶နနွင်းတောင်နံဆိုပြီး နှစ်မျိုးရှိပါတယ်။

💁‍♀️ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးချိန်မှာ ပင်ပန်းထားသမျှ ဖြေပျောက်ပြီး စိတ်ကိုကြည်လင်လန်းဆန်း‌စေဖို့ Two Babies Soap & Luxury Scrub နဲ့ ရေချိုးကြပါစို့နော် ✅✅

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ဒိုက်ဘာလောင်ခြင်း ....အခုခေတ်မှာ ဖေဖေရော၊ မေမေပါ အလုပ်များကြတာရယ်၊ ကိုယ်ခွဲမရှိလို့ ဘေဘီလေး ရှူ...
09/06/2025

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ဒိုက်ဘာလောင်ခြင်း ....
အခုခေတ်မှာ ဖေဖေရော၊ မေမေပါ အလုပ်များကြတာရယ်၊ ကိုယ်ခွဲမရှိလို့ ဘေဘီလေး ရှူးပေါက်တာ‌၊ အီးပါတာကို အချိန်ပြည့်စောင့်ကြည့်မနေနိုင်တာရယ်ကြောင့် ကလေးဒိုက်ဘာကို မဖြစ်မနေ သုံးလာကြတာပါ ✅✅
ဒါကြောင့် ဘေဘီလေးတွေမှာ ဒိုက်ဘာက မရှိမဖြစ် လိုအပ်သလို နေ့စဉ်ဝတ်နေရတဲ့ဒိုက်ဘာကြောင့် ဘေဘီလေးမှာ ဒိုက်ဘာလောင်တာမျိုး ဖြစ်တတ်ပါတယ် 😔
ကလေးငယ်တွေမှာ ဒိုက်ဘာလောင်တဲ့အခါ နေရခက်တာရော၊ နာကျင်ယားယံတာရောကြောင့် ခံစားရတာကို ပြောမပြတတ်သေးတဲ့ ဘေဘီလေးတွေခမျာ သနားစ‌ရာကောင်းလှပါတယ်နော် 👍👍
ကလေးငယ်တွေမှာ ဘာကြောင့်ဒိုက်ဘာလောင်ရသလဲဆိုတော့ ...
🟢 ဒိုက်ဘာကတင်းကြပ်လွန်းပြီး သက်သောင့်သက် သာမရှိတာ
🟢 သေးတအားစိုနေတာ သို့မဟုတ် အညစ်အကြေးတွေ ပေကျံနေတာကို အချိန်အကြာကြီး လဲမပေးဘဲ ပစ်ထားမိတာ
🟢 မေမေတို့ရွေးချယ်တဲ့ဒိုက်ဘာက ဘေဘီလေးတို့ အသားအရည်နဲ့ ဓာတ်မတည့်တာ
🟢 ဒိုက်ဘာရဲ့မျက်နှာပြင်က အမြဲစိုစွတ်နေတာမို့ ဘတ်တီးရီးယားပိုးဝင်တာ အစရှိသဖြင့် ကလေးရဲ့ အသားအရည်တွေ နီမြန်းပွန်းပဲ့ပြီး ဒိုက်ဘာလောင်တာမျိုး ဖြစ်တတ်ပါတယ် ✅✅
ဒါကြောင့် မေမေတို့အနေနဲ့ ဘေဘီလေးတွေ ဒိုက်ဘာလောင်ခြင်းကင်းဝေးစေဖို့ ....
🟢 ဒိုက်ဘာရွေးချယ်တဲ့အခါ ပါးလွှာပြီး စုပ်ယူအား ကောင်းတဲ့ ဒိုက်ဘာရွေးချယ်ခြင်းက ဘေဘီလေးကို သက်သောင့်သက်သာရှိစေပါတယ်။
🟢ကလေးကိုဒိုက်ဘာလဲပေးတိုင်း ပေါင်ခြံနဲ့တင်ပါးတစ်ဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
🟢 ဒိုက်ဘာဝတ်ပေးတဲ့အခါ ခါးမျော့ကြိုးနေရာကို အတင်းကြပ်မနေစေဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေတာမျိုး ရွေးချယ်ပေးပါ။
🟢 ဒိုက်ဘာရွေးချယ်တဲ့အခါ ဘေဘီလေးတွေရဲ့ အသားအရည်နဲ့ ဓာတ်မတည့်တဲ့ Chemical မပါဝင်တာမျိုးကို ရွေးချယ်သုံးပေးပါ။
💁‍♀️ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာမို့ကလေးဒိုက်ဘာလောင်ခြင်း ကင်းဝေးစေဖို့ မေမေတို့အနေနဲ့ ဒိုက်ဘာစရွေးချယ်ကတည်းက နူးညံ့တဲ့ ဘေဘီလေးတို့အသားအရည်အတွက် စိတ်ချစွာသုံးပေးနိုင်တဲ့ Two Babies ကလေးဒိုက်ဘာကို ‌ရွေးချယ်သုံးပေးဖို့ မမေ့ပါနဲ့နော်

Two Babies ဗိုက်စည်းနဲ့ဆို ခွဲမွေးထားတဲ့မေမေတို့ ‌အနေနဲ့ ခွဲဒဏ်ရာနာကျင်မှာကို စိတ်ပူစရာ မလိုပါ ...🤰 ဘေဘီလေးကို ခွဲမွေးတယ...
07/06/2025

Two Babies ဗိုက်စည်းနဲ့ဆို ခွဲမွေးထားတဲ့မေမေတို့ ‌အနေနဲ့ ခွဲဒဏ်ရာနာကျင်မှာကို စိတ်ပူစရာ မလိုပါ ...

🤰 ဘေဘီလေးကို ခွဲမွေးတယ်ဆိုတာ မေမေတို့ရဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံး စွန့်စားမှုဖြစ်သလို အကြီးစားခွဲစိတ်မှုဆိုလည်း မမှားပါဘူးနော်။

🤱 ခွဲမွေးထားတဲ့မေမေတွေ မီးဖွားချိန် ခွဲစိတ်ခန်းထဲမှာသာ ထုံဆေးကြောင့် နာကျင်မှုကို သိပ်မခံစားရပေမယ့် ထုံဆေးအာနိသင်စပြယ်လာပြီဆိုတာနဲ့ ခွဲဒဏ်ရာနာကျင်မှုကို စပြီးခံစားလာရပြီး ဘေဘီလေးကိုလည်း ဂရုစိုက်ရသလို ခွဲချုပ်ရိုးအနာကျက်မြန်စေဖို့လည်း ဂရုစိုက်ကြရပါသေးတယ် ✅

🤱 ခွဲမွေးထားတဲ့ မေမေတို့အတွက် ခွဲချုပ်ရိုးနာကျင်မှုက ထိုင်ရင်လည်းနာ၊ ထရင်လည်းနာ၊ ‌ခန္ဓာကိုယ်ဘယ်ညာ လှည့်မိရင်လည်းနာ၊ နှာချေ၊ ချောင်းဆိုးမိရင်တောင် အဆမတန် နာကျင်ရကြရတာပါ 😔😔

🟢 ဒါကြောင့် Two Babies က မေမေတို့ရဲ့ နာကျင်မှုကို အကောင်းဆုံးကုစားပေးနိုင်ဖို့ Two Babies ဗိုက်စည်းကို ခွဲမွေးထားတဲ့မေမေတို့အတွက်ပါ အဆင်ပြေအောင် Design ဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ် ✅✅

🟢 Two Babies ဗိုက်စည်းမှာ ပါဝင်တဲ့ Pelvic Belt ကို ‌ခွဲမွေးထားတဲ့ မေမေများရဲ့ ခွဲဒဏ်ရာအပေါ်ကနေ ညင်သာစွာစည်းပေးထားခြင်းဖြင့် ခွဲဒဏ်ရာနာကျင်မှုကို 80% အထိ သက်သာစေပြီး မေမေတို့ကို လှုပ်ရှားရပိုလွယ်ကူစေပါတယ် 👍👍

🟢 Two Babies ဗိုက်စည်းရဲ့ အားသာချက်လေးက ခွဲမွေးထားတဲ့ မေမေတို့ရဲ့ ခွဲဒဏ်ရာအပေါ်ကနေ တစ်စုံတစ်ယောက်က လက်နဲ့အသာအယာ ထိန်းပေးထားသလိုဖြစ်စေပြီး ခန္ဓာကိုယ်လှုပ်ရှားမှူပြုတိုင်းမှာ ခွဲဒဏ်ရာတစ်ဝိုက်လိုက်ပါ လှုပ်ရှားမှုမဖြစ်အောင် ထိန်းပေးထားနိုင်လို့ ...

💁‍♀️ Two Babies ဗိုက်စည်းနဲ့ဆို ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ခွဲဒဏ်ရာနာကျင်မှုကို လုံးဝစိတ်ပူစရာမလိုတော့ဘူးနော် 💚💚

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies
#ဗိုက်စည်း #အမေ #မေမေ #ကလေး #ခွဲမေွေး

🤱နို့တိုက်ပေါက်ပါတဲ့ ကိုယ်ဝန်ဆောင် ချည်သားဝမ်းဆက်🤰Two Babies ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ TBC clothing brandက ကိုယ်ဝန်ဆောင...
06/06/2025

🤱နို့တိုက်ပေါက်ပါတဲ့ ကိုယ်ဝန်ဆောင် ချည်သားဝမ်းဆက်🤰

Two Babies ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ TBC clothing brandက ကိုယ်ဝန်ဆောင်ချည်သား ဝမ်းဆက်လေးတွေပါ😍

ကိုယ်ဝန်ဆောင်ကာလ သက်တောင့်သက်သာရှိဖို့ ဒီလိုချည်သား ဝမ်းဆက်လေးတွေက မရှိမဖြစ်ပါပဲ…✔️

မီးဖွားဖို့ဆေးရုံသွားတဲ့အချိန်မှာလဲ ဆရာဝန်ကြီးတွေကိုယ်တိုင် ဒီလိုနို့တိုက်ရလွယ်ကူတဲ့ ချည်သားပေါ့ပေါ့ပါးပါးအကျီတွေယူဆောင်လာဖို့ မှာကြားကြတာမို့ ဝယ်ကိုဝယ်ထားသင့်ပါတယ်…✔️

နို့တိုက်စဉ်ကာလတစ်လျှောက်မှာလဲ လွယ်ကူအဆင်ပြေစေပြီး သက်တောင့်သက်သာရှိလှတာမို့ မေမေတို့အကြိုက်တွေ့စေမှာပါ❣️

💛ဘောင်းဘီလေးက မျှော့ကြိုးအတင်းအလျှော့နဲ့ချုပ်လုပ်ထားတဲ့ ကိုယ်ဝန်ဆောင်ဘောင်းဘီလေးဖြစ်တာမို့ ကိုယ်ဝန်နဲ့လဲ လရင့်တဲ့အထိအတိုးအချဲ့ရတာကြောင့် အဆင်ပြေပြီး မွေးပြီးတဲ့အခါလဲ မျှော့ကြိုးကိုလျှော့ပြီး သာမန်ဘောင်းဘီတွေလို ဝတ်ဆင်နိုင်ပါတယ်…

💛နို့တိုက်ပေါက်လေးကလဲ အပေါက်ပါမှန်းမသိသာအောင်ချုပ်ပေးထားတာမို့ အပြင်သွားလာဝတ်လို့လဲလှပြီး နို့တိုက်တဲ့အခါလဲ လွယ်လွယ်ကူကူကြယ်သီးလေးဖြုတ်ပြီး ရင်သားအများကြီးပေါ်စရာမလိုဘဲ လုံလုံခြုံခြုံ နို့တိုက်နိုင်ပါတယ်…

ဒီလိုမေမေတိူ့အတွက် မရှိမဖြစ် နို့တိုက်ပေါက်ပါတဲ့ ကိုယ်ဝန်ဆောင် ချည်သားဝမ်းဆက်လေးတွေကို အရောင်အစုံရွေးချယ်နိုင်ပြီး ဆိုဒ်အနေနဲ့လဲ ပေါင် ၁၀၀ ကနေ ပေါင် ၁၈၀ထိ ဝတ်ဆင်နိုင်အောင် M, L , XL ဆိုပြီး ၃ဆိုဒ် ထုတ်လုပ်ပေးပါတယ်ရှင့်💛💛💛

မေမေတို့ သင့်တင့်တဲ့စျေးနှုန်းနဲ့ဝယ်ယူနိုင်အောင် ရောင်းချပေးနေပါပြီရှင့်😘😘😘



#ကလေး #မေမေ #မီးနေသည် #ကလေးပစ္စည်း #မိခင် #ဗိုက်စည်း #အမေ #ကိုယ်ဝန်ဆောင်

မီးတွင်းကာလမှာ မီးနေသည်မေမေတို့ကို ပြုစုစောင့်ရှောက်ပေးပါ ...🤱 မီးတွင်းကာလကို ရောက်လာပြီဆိုတာနဲ့ ကိုးလလွယ်ပြီး ဆယ်လလောက်...
05/06/2025

မီးတွင်းကာလမှာ မီးနေသည်မေမေတို့ကို ပြုစုစောင့်ရှောက်ပေးပါ ...

🤱 မီးတွင်းကာလကို ရောက်လာပြီဆိုတာနဲ့ ကိုးလလွယ်ပြီး ဆယ်လလောက်တောင့်ခံလာသမျှ မိခင်အဖြစ်ကို ရောက်ရှိလာပြီမို့ ဂုဏ်ယူပါတယ် မေမေတို့ရေ ... 😍😍

🤱ရိုးရိုးမွေးတဲ့မေမေတွေရော၊ ခွဲမွေးတဲ့မေမေတွေရော ၄၅ရက်တာ(၆ပတ်) ဆိုတဲ့ကာလကို မီးနေသည်အနေနဲ့ ဖြတ်သန်းကြရပါတယ်။ ဒီလိုကာလမှာ မိခင်အဖြစ်ကို ရုတ်တရက်ရောက်သွားတဲ့အမျိုးသမီးတို့အနေနဲ့ အပြောင်းအလဲတွေအများကြီးကို ကြုံတွေ့လာရမှာမို့ မိသားစုဝင်များရဲ့ကူညီဖေးမမှု‌လေးတွေ၊ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်နော် ✅✅

ဒါကြောင့် ဒီကာလမှာ မီးနေသည်မေမေတို့အနေနဲ့ ဘာတွေကြုံတွေ့လာနိုင်တယ်၊ မီးနေသည်တွေအနေနဲ့ ဘာတွေလိုက်နာရမယ်၊ မီးနေသည်လေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ပေးရမလဲဆိုတာ ပြောပြပေးပါမယ်နော် 👍👍

🔶 ပထမဦးဆုံးအနေနဲ့ မီးဖွားပြီးတဲ့အခါ ပထမဆုံးကြုံတွေ့ရမှာက မီးနေသွေးဆင်းတာပါ။ ရာသီသွေးဆင်းတာနဲ့တူပေမယ့် ဆယ်လတာကိန်းအောင်းနေတဲ့ ရာသီသွေးတွေဆင်းတာဖြစ်လို့ အဆင်းများပြီး အနံ့ဆိုးတတ်ပါတယ်။ မွေးပြီး 3 ရက်ကနေ 10 ရက်အတွင်း အဆင်းများတတ်လို့ ရိုးရိုး Pad တွေနဲ့ မထိန်းနိုင်ဘူးထင်ရင် မီးနေသည်ဒိုက်ဘာ သုံးပေးနိုင်ပါတယ်။

🔶 ရိုးရိုးမွေးတဲ့ မေမေတို့အနေနဲ့ ကလေးမွေးထားတာဖြစ်လို့ မွေးလမ်းကြောင်းစုတ်ပြဲတာ အနည်းအ ကျဉ်းတော့ ရှိနိုင်တာမို့ ဆီးသွားပြီးတိုင်း ကြက်သီးနွေး ရေနွေးနဲ့ဆေးပေးပါ။ အနာသက်သာစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးကို သောက်နိုင်ပါတယ်။ ခွဲမွေးထားတဲ့မေမေဆို ခွဲချုပ် ရိုး ပြည်မတည်စေဖို့ သေချာသန့်ရှင်းရေး လုပ်သင့်ပါတယ်နော်။

🔶 မီးနေသည်မေမေတို့ ဝမ်းမချုပ်ဖို့ ဂရုစိုက်ပေးပါ။ မွေးမွေးပြီးချင်းမှာ ဝမ်းသွားဖို့ အခက်အခဲရှိနိုင်ပေမယ့် ဝမ်းသွားဖို့ အတင်းမကြိုးစားပါနဲ့။ မီးနေသည်မေမေကို ဝမ်းပျော့ဆေးတိုက်ပေးပါ ✅

🔶 မွေးပြီး မကြာခင်မှာ မေမေတို့ ရင်သားတင်းပြီး နာနေတတ်တာမို့ အနာသက်သာဖို့ ကလေးကို နို့မကြာခဏတိုက်ကျွေးပေးပါ။ ရင်သားကို ရေနွေး အိတ် ကပ်ပါ။ နို့မတိုက်တဲ့အချိန်တွေမှာ နို့တိုက် Bra ဝတ်ထားပါနော် 👍👍

🔶 မီးနေသည်မေမေတွေကို အာဟာရပြည့်ဝစေချင်တယ်ဆို ကိုယ်ဝန်ဆောင်ကာလကလို တစ်နေ့ကို ၅ ခါလောက် နည်းနည်းနဲ့ ခဏခဏကျွေးပေးသင့်ပါတယ်။ အစားစားတဲ့အခါလည်း အာဟာရဓာတ်တွေ စုံ‌လင်မျှတစွာပါအောင် ကျွေးပေးပါ။ မီးနေသည်မေမေတို့အနေနဲ့ ရေများများသောက်သင့်ပါတယ်။

🔶 မီးဖွားပြီးနောက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ ဘယ်လိုပဲမွေးမွေး လမ်းပုံမှန်လျှောက်ပေးတာက သွေးလည်ပတ်မှုကို ကောင်းစေသလို ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ် ✅✅

ကလေးမွေးတယ်ဆိုတာ အမျိုးသမီးတိုင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခက်အခဲတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရတာမို့ မိသားစုဝင်များရဲ့ ဖေးမမှုက ခွန်အားဖြစ်စေပါတယ်။ မီးနေသည်မေမေတို့အနေနဲ့လည်း အထက်ပါနည်းလမ်းတွေကိုလိုက်နာသင့်သလို မိသားစုဝင်တွေကလည်း မီးနေသည်ကိုစောင့်ရှောက်ကူညီပေးပါနော် ✅✅

#မိခင်အားလုံးကျန်းမာလှပစေရမည်TwoBabies
#မေမေ #အမေ #မီးနေသည် #မိခင် #ကိုယ်ဝန်ဆောင် #ကလေး #မီးဖွားပြီး #မီးတွင်း

💓ဆိုဒ်လေးတွေ ရွေးချယ်ကြမယ်💓မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလနေ မွေးပြီးနှစ်ကြာတဲ့မေမေတွေထိ ဆိုဒ်ရွေးချယ်ရအဆင်ပြေအောင် Two Babi...
04/06/2025

💓ဆိုဒ်လေးတွေ ရွေးချယ်ကြမယ်💓

မေမေတို့ရေ

ကိုယ်ဝန်ဆောင်ကာလနေ မွေးပြီးနှစ်ကြာတဲ့မေမေတွေထိ ဆိုဒ်ရွေးချယ်ရအဆင်ပြေအောင် Two Babies ရဲ့ ဘူးပါကင်နောက်ကျောမှာလဲ size chartလေးထဲ့ပေးထားပါတယ်ရှင့်💚

ဆိုင်မှာသွားဝယ်ဝယ်၊pageမှာပဲ ဝယ်ဝယ် နားမလည်ရင်လဲ Adminတို့ကို အချိန်မရွေးမေးနိုင်ပါတယ်နော်😘

ဒီsize chart က မြန်မာနိုင်ငံအမျိုးသမီးများ ပျမ်းမျှခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ရေးဆွဲထားတာမို့ ကိုက ပုံမှန်ထက်အရပ်ရှည်ရင်(သို့) ပုံမှန်ထက် အရပ်နိမ့်ရင် တော့ Adminတို့နဲ့ တိုင်ပင်ပြီးရွေးချယ်နိုင်ပါတယ်ရှင့်💚

#မိခင်အားလုံးကျမ်းမာလှပစေရမည်TwoBabies
#သုံးထပ်ဗိုက်စည်း

Address

Conor Of 64street-38street
Mandalay
05050

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959457759969

Alerts

Be the first to know and let us send you an email when Two Babies flagship store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Two Babies flagship store:

Shortcuts

Share