07/09/2026
ဆန်းလွင်
လူတို့ ကိုးကွယ်ရာ ဘာသာကြီးများ
[ နောက်ခံ သမိုင်းနှင့် အဆင့်မြင့် ဒဿနများ ]
John B. Noss
Man's Religions
ဤစာအုပ်တွင်
ကမ္ဘာ့ လူသားများ ကိုးကွယ်နေသော
ဘာသာကြီး ၁၁ ခု အကြောင်း အပြည့်အစုံကို
သမိုင်း နောက်ခံများ၊ အဆင့်မြင့် ဒဿန အမြင်များနှင့်
တိုးတက် ပြောင်းလဲလာပုံ၊ စတင် ဖြစ်ပေါ်လာပုံ
အလုံးစုံကို အသေးစိတ် တင်ပြထားသည်။
ထို ဘာသာကြီး ၁၁ ခု ဖြစ်သော
ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာ၊
ဆိခ်ဘာသာ၊ တောက်ဘာသာ၊
ကွန်ဖြူးရှပ်ဘာသာ၊ ရှင်တိုဘာသာ၊
ဇိုရိုအက်စတာဘာသာ၊ ယုဒဘာသာ၊
ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာတို့ အကြောင်းကို
သမာသမတ်ကျကျ သုံးသပ် တင်ပြထားသော
ကျမ်းကြီး တစောင် ဖြစ်ပါသည်။
ဤစာအုပ်သည် အပျင်းပြေ ဖတ်ရမည့် စာအုပ် မဟုတ်။
လူတို့ ကိုးကွယ်ရာ ဘာသာကြီးများ အကြောင်း သိလိုသမျှကို
ရှာဖွေ ဖတ်ရှုနိုင်သည့် ရည်ညွှန်းကျမ်း စာအုပ် ဖြစ်ပါသည်။
မည်သည့် ဘာသာဝင် ဖြစ်ပစေ၊
ကိုယ့်ဘာသာ အကြောင်းနှင့်
တခြား ကိုးကွယ်ရာ ဘာသာများ အကြောင်း
သိကောင်းစရာများကို သိရှိ မှတ်သား ကိုးကားနိုင်ရန်
ဆောင်ထားသင့်သော ကျမ်းစာအုပ် တအုပ် ဖြစ်ပါသည်။
တန်ဖိုး = ၅၀၀၀၀ ကျပ်။
ဘဝတက္ကသိုလ်စာပေ၏ ရည်ညွှန်းစာအတိုင်း ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်