16/06/2026
Areca palm@အုန်းမွှား
🌴Areca palm is a air purifier plant.
အုန်းမွှားပင်လေးဟာ လေသန်စင်မှုပေးတဲ့ အပင်လေးဖြစ်ပါတယ်။
🌴Areca palms are Perfectly suited for a modern living room or office, dim bedroom, or cozy study.
အုန်းမွှား အပင်လေးတွေဟာ ခေတ်မှီ ဧည့်ခန်း၊ ရုံးခန်း နှင့် အလင်းရောင်မှိန်တဲ့ အိပ်ခန်း၊ စာကြည့်ခန်းတွေမှာ ထားပြီးစိုက်ပျိုးရင် အင်မတန် လိုက်ဖက်တဲ့ အပင်လေးတွေ ဖြစ်ပါတယ်။
🌴 Areca palms can place indoors;a bright area with some direct sunlight is ideal.
အုန်းမွှားပင်လေးတွေကို အိမ်ထဲမှာ စိုက်ပျိုးမယ်ဆိုလျှင် အလင်းရောင်ကောင်းတဲ့နေရာမှာစိုက်ပျိုးနိုင်ပါတယ်။မနက်ပိုင်းနေရောင်ခြည်နုနုလေးတွေ နဲ့ ထိတွေ့ရတာကိုကြိုက်နှစ်သက်ပါတယ်။
🌴Areca palms can keep the soil evenly moist but not soggy.
အုန်းမွှားပင်လေးတွေကို မြေဆီလွှာအစိုဓာတ်လေးရှိနေအောင်ထားပေးနိုင်ပါတယ်။သို့သော် ရေနှစ်နေအောင်တော့မထားရပါဘူး။
🌴Areca palms allow soil to dry out between waterings.
အုန်းမွှား ပင်လေးတွေကို ရေလောင်းမယ်ဆိုရင် အပေါ်ယံ မြေဆီလွှာ ခြောက်မှ တစ်ခါ လောင်းပေးရင်လည်း ရပါတယ်။
🌴For the best results,use a houseplant fertilizer once a month.
အပင်အတွက် အကောင်းဆုံးရလာဘ်များ ရရှိစေဖို့ မြေဆီသြဇာများ တစ်လတစ်ကြိမ်ထည့်ပေးလို့ရပါတယ်။
🌿A common problem with Areca palm is called "tipping" when the tips of the leaves dry out and turn brown. This can be caused by a variety of issues like overwatering,too much fertilizer,etc.
အဖြစ်များတဲ့ ပြဿနာကတော့ tipping လို့ ခေါ်တဲ့ အရွက်ဖျားလေးတွေ ခြောက်ခြင်း၊ညိုခြင်းတို့ဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်း များစွာ ရှိတဲ့ အထဲမှ ရေလောင်းများခြင်းနဲ့ မြေသြဇာ လွန်ကျွံစွာထည့်ခြင်း အစရှိတဲ့ အကြောင်းအရင်းများလည်း ပါပါတယ်။
Above facts are care tips for Areca palm and we are sharing with love from Memoria.
အထက်ပါ အချက်များကတော့ အုန်းမွှား အပင်လေးအတွက် ပြုစု စောင့်ရှောက်ရမယ့် နည်းလေးတွေ ဖြစ်ပါတယ်။ မေတ္တာဖြင့် Memoria မှ မျှဝေပေးလိုက်ပါတယ်ရှင့်…
🏡Memoria Floral House Mdy
🏡62ASt*32St May
📱09965064146/09-5064146