Eternal Taste Food House

Eternal Taste Food House ဆော်ဒါ၊ဆိုးဆေး၊တာရှည်ခံဆေးလုံးဝမပါဝင်ပါ � 09-2018606
09-952255606

ဘေးကင်းလုံခြုံကြပါစေ… Photo:crd to NUG
07/09/2021

ဘေးကင်းလုံခြုံကြပါစေ…

Photo:crd to NUG

(မူရင်းရေးသားသူအား credit ပေးပါသည်)ဒီရက်ပိုင်း အရမ်းမေးလာကြတဲ့ ကိုဗစ်ထိုးဆေးတွေက တကယ်လိုအပ်လား၊ ဘယ်အချိန်လိုတာလည်း၊ ဘယ်သ...
25/07/2021

(မူရင်းရေးသားသူအား credit ပေးပါသည်)
ဒီရက်ပိုင်း အရမ်းမေးလာကြတဲ့ ကိုဗစ်ထိုးဆေးတွေက
တကယ်လိုအပ်လား၊ ဘယ်အချိန်လိုတာလည်း၊
ဘယ်သူတွေဆို သတိထားပြီး သုံးရမှာလည်းဆိုတော့

စပြောချင်တာက ကိုဗစ်ပိုးဟာ Virusပါ
နှာခေါင်းထဲ ပါးစပ်ထဲကနေ အဓိကဝင်မယ်
အထဲရောက်တာနဲ့ မျိုးပွားမယ် ပိုးကောင်ရေတက်မယ်
လုံလောက်သည့် ပိုးကောင်ရေ ပြည့်တာနဲ့ ဒုက္ခပေးမယ်

တချို့လူတွေမှာ ဘာလက္ခဏာမှ မပြလိုက်ဘူး
အလွန်ဆုံးဖြစ်မှ မသိမသာ ငွေ့ငွေ့ဖျားမယ်
ကိုယ်လက်မအိမသာ ဖြစ်မယ် နွမ်းနယ်မယ်
ဒီလောက်ပဲ ဘာဖြစ်လိုလည်းဆိုတော့
အပေါ်က ပြောသလို ပိုးကောင်ရေပွားနေတုန်းမှာပဲ
ကိုယ်တွင်းခုခံအားက အပြုတ်တိုက်လိုက်နိုင်လို့ပဲ
အအိပ်အစား မှန်အောင်နေပါဆိုတာ အဲ့တာကြောင့်ပါ

အဲတော့ ဖျားပြီ ချောင်းဆိုးပြီ လက္ခဏာအနည်းငယ်ပြပြီ ဆိုကတည်းက ကိုယ်ခံအား သိပ်မကောင်းချင်လို့ပါ
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့ဗျာ၊
ဒီအချိန်မှာ အားဆေးတွေ အဖျားကျဆေးတွေ ပေးတယ်ဆိုတာလည်း ပိုးကို တိုက်နေချိန် ကိုယ်တွင်းလိုတဲ့ ဓါတ်တွေ ဖြည့်ပေးတာပါ၊ Azithromycinလိုမျိုး ပိုးသတ်ဆေးကလည်း ကိုဗစ်ကို မသေပါဘူး၊ ပိုးကြောင့် ပျက်စီးသွားတဲ့ အဆုတ်နံရံတွေ လေပြွန်တွေမှာ အပြင်လေထဲက တခြားတနေရာရာက ဘက်တီးရီးယားပိုး ထပ်ဝင်ပြီဆိုမှ ပေးတာပါ၊ ကြိုသောက်လည်း အလကားပါပဲ။

ပြောချင်တာက အခုမှ လာတာ...
ကိုဗစ်ဆိုရင် ထိုးဆေး နှစ်မျိုး သုံးမျိုးရှိတယ်ဆိုပြီး
တော်တော်များများအခု သိနေကြပြီ ဝယ်နေကြပြီ

၁။ ဒက်ဆာဆိုတဲ့ steroidဆေးပါ
ထိုးဆေး စားဆေးလာပါတယ်၊ လုံးဝကြိုမသုံးသင့်ပါ။
ကိုဗစ်ဖြစ်ရင် အဆုတ်ရောင်တယ် နမိုးနီးယားပေါ့၊
တော်ရုံဆို Paraတို့ Ibuprofenတို့ အကိုက်ခဲပျောက် အရောင်ကျသောက်ဆေးတွေနဲ့ အဆင်ပြေသွားမယ်၊ ဒါပေမယ့် အရမ်းဆိုးလာရင် ဥပမာ ချောင်းဆိုးမရပ်တော့ဘူး၊ ချွဲတွေ ပျစ်ခဲလာတယ်၊ ဒါတွေမဖြစ်လည်း အောက်စီဂျင် ပမာဏ 90%အောက်ကို တော်တော်လေးကျသွားပြီ၊ ဒီဆေးသုံးမှ အဆင်ပြေမယ်ဆိုသည့်အချိန်မှာ ထိုးဆေးအဖြစ်နဲ့ လိုအပ်သည့် ပမာဏကို အကြောထဲ သွင်းပြီး စောင့်ကြည့်ရပါတယ်၊ ဘာလို့လည်းဆိုတော့ တချို့ဓါတ်တွေ ဖောက်ပြန်တတ်လို့ပါ၊ ဥပမာ ဒီဆေးထိုးရင် ဆီးချို စောင့်တက်တတ်တယ်၊ ကိုဗစ်နဲ့ မသေပဲ ဆီးချိုနဲ့ အရင်သေသွားတဲ့သူတွေ တပုံကြီးပဲ၊ တကယ်ပြောတာပါ။ တန်ဆေးလွန်ဘေးပေါ့ဗျာ။ အချိန်မှန် သုံးတတ်ရင်တော့ တကယ့်အသက်ကယ်ဆေးကောင်းပါ။

၂။ ရမ္မဒီစီဗား ခေါ် Virus တားဆေး

ဒီဆေးကို မူရင်းက Ebola အီဗိုလာ ခေါ် သွေးလွန်သွေးခဲပိုးတစ်မျိုးကို သတ်ဖို့ ဖော်စပ်ထားတာကနေ တမ္ဘာလုံး ကိုဗစ်လည်း ဖြစ်ရော ကိုရိုနာအတွက်ဆိုပြီး WHOက 2020မှာ အရေးပေါ်သုံးခွင့်ပြုထားတာ၊ အခုထိ စာတန်းတွေ ထွက်နေတုန်း၊ သမားတော်တွေ ဖတ်နေရတုန်း၊ ကောင်းကျိုးဆိုးကျိုးတွက်နေတုန်း ဆေးပဲ။

အဓိကကတော့ ပိုး မျိုးပွားတဲ့ viral replication ဆိုတဲ့ အပိုင်းကို ပိတ်ဆို့ပေးတဲ့ဆေးပါ၊ ဖြစ်နေပြီးသား ကိုဗစ်ပိုးကိုတော့ သူက သွားမသတ်ပါဘူး၊ အဲ့တော့ ဘယ်မှာသုံးလည်းဆိုတော့ ပိုးကောင်ရေ အရမ်းပွားနေလို့ အဆုတ်ရောင်နေပြီး ဆေးရုံတင်ရမယ် ICUကြပ်မတ်ကုသဆောင်ထဲ ထည့်တော့မယ်ဆိုတဲ့ လူနာတွေမျိုးမှာ ပိုးထပ်ပွားမလာအောင် ပိတ်တဲ့ဆေးအနေနဲ့ အသုံးပြုတယ်၊ ရိုးရိုးချောင်းဆိုး ဖျားရင်ကော မသုံးဘူးလားဆိုတော့ သူရဲ့ဘေးထွက်ဆိုးကျိုးက လူတိုင်းမှာ မရှိပေမယ့် တချို့ အသည်း ကျောက်ကပ် ထိထားသူတွေ ရောဂါအခံတစ်ခုခုရှိနေတာကို မသိပဲ သုံးမိမှာ စိုးလို့၊ မလိုအပ်ရင် ပိုးတွေ့လူတိုင်းမှာ မသုံးဖို့ ပြောထားတာပါ။ တကယ်လို့ မဖြစ်မနေ သုံးမယ်ဆိုရင်တောင် အသည်းဓါတ်တွေ ကျောက်ကပ်ဓါတ်တွေ သွေးစစ်ပြီးမှ ဆရာဝန်တွေက ထိုးပေးတာပါ။ ကိုဗစ်ဖြစ်တာနဲ့ သုံးရတာ လုံးဝမဟုတ်ပါဘူး။ အချိန်အခါနဲ့ အသုံးချရသည့် ဆေးတစ်မျိုးပါပဲ။

ပြီးတော့ ဒီဆေး Remdesivir မထိုးလိုက်ရလို့ လူနာသေသွားတယ် မထင်ပါနဲ့၊ Meta Analysisခေါ် သုတေသနစစ်တမ်းတွေကို ခြုံငုံသုံးသပ်ရာမှာ Mortalityခေါ် လူနာရဲ့သေဆုံးမှုတွေနဲ့ Ventilator ခေါ် အဆုတ်တွင်း အသက်ရှူပြွန်ထည့်သွင်းရန် လိုအပ်မှုတွေက ဆေးထိုးသူ မထိုးသူမှာ အတူတူတွေ့နေရပါတယ်၊ ဆေးရဲ့ အားသာချက်ကတော့ ပြန်ကောင်းနိုင်သည့်သူတွေမှာ ရက်အနည်းငယ်စောပြီး ပြန်ကောင်းလာရယ်၊ ပိုးကောင်ရေကျသွားလို့ ပြန်ကောင်းချိန် အဆုတ်ထိခိုက်မှု နည်းတာရယ် စစ်ဆေးတွေ့ရှိရပါတယ်။ အဲတော့ အဲဒီဆေး မထိုးလို့ သေတာ ပြန်မကောင်းတာ မဟုတ်ပါဘူးလို့ပဲ စိတ်ထဲမှာ မှတ်ထားလို့ရပါတယ်။
ဆေးက စထိုးရင် Double dose တင်ရသလို 5ရက် ထိုးပုံ၊ 10ရက်ထိုးပုံ ထိုးနည်းတွေလည်း ရှိပါသေးတယ်။

၃။ ခေါ် သွေးမခဲဆေး သွေးခဲမပိတ်ဆေး
အလွယ်ရှင်းရရင် ကိုဗစ်ပိုးကောင်ရေများလာရင် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ချိန်မှာ အဆုတ်ပျက်စီးတယ်၊ သွေးကြောတွေ ပေါက်တယ်၊ အဲတော့ သွေးကြောအသေးလေးတွေ ခဲကုန်တယ်၊ ဘေးက လေအိတ်သေးလေးတွေပါ လိုက်ပိတ်တယ်၊ ဒါတွေများပြီး စုလာရင် အဆုတ်ခဲလာတယ်လို့ တင်စားခေါ်ဆိုတယ်။ အသက်ရှူကြပ်လာမယ်၊ အဆုတ်အောက်ပိုင်းတွေမှာ စဖြစ်တယ်၊ Chest Xrays ခေါ် အဆုတ်ဓါတ်မှန်ရိုက်ကြည့်ရင် သိနိုင်တယ်၊ DDimerခေါ် သွေးဓါတ်တစ်ခုကို စစ်ကြည့်ရင်လည်း သွေးခဲနေပုံကို သုံးသပ်လို့ရတယ်၊ အဲဒါတွေစစ်ပြီးလို့ လိုအပ်ရင် ဒီသွေးမခဲဆေးကို အရေပြားအောက်မှာ စထိုးတယ်၊ နေ့တိုင်းထိုးရတယ်၊ တစ်ရက် တစ်ကြိမ်မှ နှစ်ကြိမ်ထိ ထိုးရသည့် Dose ပမာဏနှစ်မျိုးရှိတယ်။ တခြားသွေးခဲတတ်သည့် ကျန်းမာရေးပြဿနာတွေမှာလည်း သူ့ကိုအသုံးပြုတယ်၊ ကိုဗစ်အတွက် သီးသန့်ထွက်လာတာ မဟုတ်ပေမယ့် အဆုတ်သွေးခဲသည့် လက္ခဏာတွေပြပြီဆို တော်တော်အသုံးသည့် မရှိမဖြစ် အရေပြားထိုးဆေးတစ်မျိုးပါ။ အဆုတ်တွင်း သွေးခဲ မခဲ သိဖို့လိုတယ်။

၄။ တခြားပိုးသတ်ဆေးတွေ အကြောဆေး ထိုးဆေးတွေလည်း အသုံးပြုတယ်ဆိုပေသော်လည်း ရောဂါအခြေအနေ၊ အဆုတ်ရောင်သည့် အတိုင်းအတာ၊ တခြားပိုးတွေ ဝင်ရောင်စီးနင်းမှုတွေပေါ်မူတည်ပြီး သေချာစမ်းသပ် တွက်ချက် အသုံးပြုသွားရတာပါ။

အပေါ်က ပြောသွားသည့် ဆေးတွေ အားလုံးဟာ ကိုဗစ်ပိုးဝင်ပြီး 10%တောင် မပြည့်သည့် ရာခိုင်နှုန်းအနည်းငယ်သာရှိသော ရောဂါပြင်းထန်သူတွေမှာ သုံးရတာ ဖြစ်သည့်အတွက် ဝယ်ဆောင်ထားခြင်း၊ မလိုအပ်ပဲ ဆေးထိုးကုသခြင်းများကို မပြုလုပ်ကြပဲ မိမိအခြေအနေကို ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ လိုအပ်သည်များ ဆောင်ရွက်သည့်ကြောင်းကို ထပ်လောင်းအကြံပြု ပြောကြားလိုပါတယ်။

*အဓိကအရေးကြီးဆုံးကတော့ #အောက်စီဂျင် ပါပဲ

ကိုဗစ်ရှေ့တန်းမှာ ပိုးအကူးခံတိုက်ပွဲဝင်နေသောကျန်းမာရေး ညီအကိုမောင်နှမများ အားလုံးကို လေးစားစွာဖြင့်

မိသားစုတိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ...

Dr. Hadee Maung (10.7.2021)



Efficacy and harms of remdesivir for the treatment of COVID-19: A systematic review and meta-analysis
https://www.ncbi.nlm.nih.gov/pmc/articles/PMC7728272/

Remdesivir as a broad-spectrum antiviral drug against COVID-19
https://pubmed.ncbi.nlm.nih.gov/33506946/

Use of Enoxaparin to Counteract COVID-19 Infection and Reduce Thromboembolic Venous Complications: A Review of the Current Evidence
https://www.ncbi.nlm.nih.gov/pmc/articles/PMC7525088/

Photo credit

🙏🏻🙏🏻🙏🏻
23/07/2021

🙏🏻🙏🏻🙏🏻

Photo credit:
23/07/2021

Photo credit:

ကိုဗစ်ဖြစ်ရင် စားဆိုလို့သာစားရတာ။ဘာကြောင့်စားရတယ်၊ ဘာတွေစားရမယ်ဆိုတာ သိဖို့လိုပါတယ်။  🔹 အမေရိကန်အာဟာရအဖွဲ့အစည်း (ASPEN) ...
16/07/2021

ကိုဗစ်ဖြစ်ရင် စားဆိုလို့သာစားရတာ။ဘာကြောင့်စားရတယ်၊ ဘာတွေစားရမယ်ဆိုတာ သိဖို့လိုပါတယ်။

🔹 အမေရိကန်အာဟာရအဖွဲ့အစည်း (ASPEN) က ကိုဗစ်ဖြစ်တဲ့ လူနာတွေ ဘာ့ကြောင့်စားရသလဲ၊ ဘာတွေစားရမလဲ၊ ဘယ်လိုစားရမလဲဆိုတာ ရှင်းပြထားပါတယ်။

🍎 အစာအာဟာရ နှင့် ကိုဗစ်-၁၉

🔹 ကိုဗစ်ဖြစ်ရင် အိမ်မှာနေပြီး ပြန်ကောင်းသွားတာ ၈၈% ပါ။ ၁၂% ကပဲ ဆေးရုံတက်ဖို့ လိုတာပါ။

🔹 အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဖျားတယ်၊ချောင်းဆိုးတယ်၊ မောတယ်။ ပြီးရင် လူနှုံးတာနဲ့ အစာမစားချင်တာ လိုက်လာပါတယ်။

🔹အဲဒီအချိန်မှာကိုဗစ်ရောဂါပိုးကို တိုက်ထုတ်ပြီး ပြန်လည်နာလန်ထူဖို့အတွက် အာဟာရနှင့်ရေဓာတ်ဖြည့်တင်းခြင်းက က အဓိကအချက်ဖြစ်လာပါတယ်။

🦠 ရောဂါကူးစက်မှုတစ်ခုဝင်လာရင် ကိုယ်ခန္ဓာက ခုခံအားစနစ်နဲ့ ပြန်လည်တုံ့ပြန်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်ရပါတယ်။

🦠 အပြင်းဖျားခြင်းဆိုတာ မိမိရဲ့ကိုယ်ခံစွမ်းအားစနစ်က “ရောဂါပိုးကိုတိုက်ထုတ်ခြင်း” ဖြစ်ပါတယ်။

🦠 ဖျားနာခြင်းက အရည်များဆုံးရှုံးမှု၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့်အာဟာရလိုအပ်ချက်များကိုပိုမို မြင့်တက်စေပါတယ်။

🔹 ဒါ့အပြင် COVID-19 ကြောင့် စိတ်ဖိစီးမှုများလာခြင်းကြောင့် မိမိပုံမှန်အစားအစာထက် ကယ်လိုရီပိုလိုအပ်လာပါတယ်။

လိုအပ်တဲ့ အစားအသောက်တွေက

၁။ အရည်ဓါတ်
၂။ အသားဓါတ်
၃။ ကယ်လိုရီ ဖြစ်ပါတယ်။

၁။ အရည်ဓါတ်

🔹 အရည်ဓါတ်က တစ်ရက်ကို ၃ litres(ရေသန့်ပုလင်း ၃ ပုလင်းစာ) အနည်းဆုံး ဝင်ဖို့ လိုပါတယ်။

🔹 ရေမဆာလည်း ၁၅ မီနစ်ခြား ၂-၄ အောင်စ(အရည် ၃ ငုံ ကနေ ၅ ငုံ) လောက်သောက်ပါ။

၁။ အရည်အမျိုးအစားတွေကတော့

၁။ ရေ
၂။ ဓါတ်ဆားရေ
၃။ အဖတ်ဖယ်ထားတဲ့ ဖျော်ရည်( စပျစ်သီး၊လိမ္မော်သီး၊ ပန်းသီး ဖျော်ရည်)
၄။ အားကစားသမားတွေ သောက်တဲ့ အရည်များ ဥပမာ။ RoyalD, Pocari Sweat, 100 plus
၅။ အသားဓါတ်နဲ့ ကယ်လိုရီပါတဲ့ အရည် စတဲ့ အရည်များဥပမာ။ Ensure၊ Pediasureစတဲ့ Protein Energy Drink များ သောက်လို့ရပါတယ်။

၂။ အသားဓါတ်နဲ့ ကယ်လိုရီ ပါတဲ့ အစာများ

🔹 အသားဓါတ်ပြည့်ဝစွာပါတဲ့ အစားအစာများကတော့ မြေပဲသို့မဟုတ်အခွံမာသီး၊ နို့၊ ကြက်ဥ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အသား၊ ငါး၊ ကြက်၊ စသဖြင့်တို့ ဖြစ်ပါတယ်။

🍎 ၇၅ ဂရမ် ကနေ ၁၀၀ ဂရမ် အထိ အသားဓါတ်ကို စားပေးပါ။

🍎 တစ်နေ့လျှင် ၆ ကြိမ်၂-၃ နာရီတိုင်းစားပါ။ ဗိုက်မဆာလည်း မိမိစားနိုင်သလောက် နည်းနည်းချင်း စားပေးပါ။

🦠 ရောဂါကြောင့် အစာစားချင်စိတ်နည်းလာတာကြောင့် နေမကောင်းဖြစ်နေတဲ့ အချိန်က ကယ်လိုရီကိုကန့်သတ်ရန် အစာလျှော့စားရမယ့်အချိန်မဟုတ်ပါ။

🍎 သစ်သီးဖျော်ရည်၊ နို့ သို့မဟုတ်အခြားကယ်လိုရီပါသည့်အဖျော်ယမကာများ၊ စွတ်ပြုတ်၊ အရိုးပြုတ်ရည်တို့ကိုသောက်ပါ။

🗝🗝🗝 အနှစ်ချုပ်ကတော့ အရည်နဲ့ အာဟာရဓာတ်များကိုများများစားပေးပါ။

🗝🗝🗝 နည်းနည်းနဲ့ မကြာခဏစားပေးပါ။

နေမကောင်းတဲ့အခါ အစားအစာသည်ဆေးဖြစ်ပါတယ်။

Food is medicine when you are ill.

Reference: American Society for Parenteral and Enteral Nutrition(ASPEN)

Credit - Tele Clinic Monywa-TCM https://www.facebook.com/%E1%80%80%E1%80%AD%E1%80%AF%E1%80%97%E1%80%85%E1%80%BA-19-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%86%E1%80%BD%E1%80%B1%E1%80%B8%E1%80%94%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-Tele-Clinic-Monywa-TCM-104644801902031/

https://www.facebook.com/%E1%80%80%E1%80%AD%E1%80%AF%E1%80%97%E1%80%85%E1%80%BA-19-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%86%E1%80%BD%E1%80%B1%E1%80%B8%E1%80%94%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-Tele-Clinic-Monywa-TCM-104644801902031/

အောက်ဆီဂျင်အလွယ်တကူမရရှိနိုင်သေးတဲ့ အချိန်မျိုးမှာ နေသင့်တဲ့ အနေအထားလေးတွေပါ…အားလုံးပဲ ကပ်ကြီးဘေးမှ ကျော်လွှားနိုင်ကြပါစ...
16/07/2021

အောက်ဆီဂျင်အလွယ်တကူမရရှိနိုင်သေးတဲ့ အချိန်မျိုးမှာ နေသင့်တဲ့ အနေအထားလေးတွေပါ…

အားလုံးပဲ ကပ်ကြီးဘေးမှ ကျော်လွှားနိုင်ကြပါစေရှင့်
🙏🏻🙏🏻🙏🏻

Photo: credit

Covid 19 ကူးစက်မှုအခြေအနေမြင့်မားလာမှုကြောင့် ကြက်ဥခေါက်ဆွဲချပ်အော်ဒါများအားလုံးကို (15.7.2021) နေ့မှစ၍ ခေတ္တရပ်ဆိုင်းထာ...
15/07/2021

Covid 19 ကူးစက်မှုအခြေအနေမြင့်မားလာမှုကြောင့်

ကြက်ဥခေါက်ဆွဲချပ်အော်ဒါများအားလုံးကို

(15.7.2021) နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားပါမည်ရှင့်…

ပြန်လည် ဝယ်ယူနိုင်မည့် နေ့ကို ထပ်မံကြော်ငြာပေးပါ့

မယ်ရှင့်….

မိတ်ဆွေ ၊သူငယ်ချင်းများအားလုံး ကျန်းမာစွာဖြင့်

ကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေကြောင်း

Eternal Taste မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ရပါ

တယ်ရှင့် 🙏🏻🙏🏻🙏🏻

If you don’t take care of your body, your body didn’t take care of you! (BUBGreat)
03/07/2021

If you don’t take care of your body,

your body didn’t take care of you!
(BUBGreat)

ကျန်းမာရေးကို ဂရုစိုက်ကြပါနော်…
02/07/2021

ကျန်းမာရေးကို ဂရုစိုက်ကြပါနော်…

13/06/2021

သဘာဝကြက်ဥခေါက်ဆွဲချပ်လေးများကို ရန်ကုန်

စံသု -food house

https://www.facebook.com/%E1%80%85%E1%80%B6%E1%80%9E%E1%80%AF-food-house-103747208291136/

Address: အမှတ်(၁၂၁၆)၊ ဒေဝဒဟ လမ်း၊(၃၄)လမ်း၊ (၁၃)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

Phone: 09-698682844

တွင် ထပ်မံဝယ်ယူရရှိနိုင်ပါပြီရှင့် ☺️☺️☺️

Life is short. Enjoy eat.

Address

No(13B), 31street, Between (86 Street And 87 Street), Chan Aye Tharsan Township
Mandalay
05023

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Eternal Taste Food House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share