08/09/2024
Acid ဆိုတာ နဲ့ ကြောက်ဖို့ မလိုတဲ့ ingredients လေးများ ❣️
SKINCARE ingredients တွေ ဖတ်တဲ့အခါ
Acid မြင်တာနဲ့ လန့်ဖြန့်ပြီး ဇွတ်ကြောက်နေသူများ
အတွက် ကောင်းကျိုးများသော Acid 5 မျိုး အကြောင်း ပြောပြပေးပါမယ်။
Acid တွေအများကြီးရှိတဲ့ အထဲကမှ
လူသုံးအများဆုံးနဲ့ လူကြိုက်အများဆုံး
Acid 5 မျိုး ကတော့
1.Glycolic Acid
သူကတော့ All skin types သင့်တော်ပြီး
Wrinkles & Fine lines တွေ အတွက်ပိုကောင်းပါတယ်နော် ။exfoliate အာနိသင်ရှိပြီး dark spots
တွေလဲ လျော့ပါးစေပါတယ်။
2.Salicylic Acid
သူကတော့ combination , Oily နဲ့ acne prone
Skin တွေ အတွက် အထူးသင့်တော်ပါတယ်။
BHA လို့လဲ လူသိများကြပါတယ်ရှင်။
Breakouts တွေကိုလဲ သက်သာစေပါတယ်။
ဝက်ခြံ သမားတို့ အကြိုက်တွေ့စေမဲ့ Acid ပါပဲ။
3.Hyaluronic Acid
သူကတော့ all skin types သင့်တော်တဲ့ အပြင်
အထူးသဖြင့် အသားခြောက်တဲ့ သူတွေနဲ့
Sensitive သမားတွေ အတွက် ပိုကောင်းပါတယ်။
ဘာသုံးရမလဲ မသိရင် Hyaluronic ပါတာသာ
ရွေးဝယ်ပေါ့ 😁
4.Citric Acid
သူ့ကိုတော့ AHA လို့ လူသိများကြပါတယ်။
Skin pH level ကို balance ဖြစ်စေတယ်။
Cells သစ်တွေ ထုတ်ပေးတယ်။ တင်းတိပ်သမားတွေ
နဲ့ အမည်းစက်တွေ များနေတဲ့
သူတွေ သုံးသင့်ပါတယ်။
5.Lactic Acid
AHA အမျိုးစားဖြစ်ပြီး exfoliates အာနိသင်ရှိပါတယ်။all skin types သုံးလို့ရပြီး တော့
ဝက်ခြံ အမာရွတ်တွေ ကို လျော့ပါး သက်သာ
စေတဲ့ အာနိသင် ရှိပါတယ်။
ဒီလောက် သိထားရင်ကို အတော်လေး
အသုံးတည့်မှာ ဖြစ်ပါတယ်။
ဘူးဖတ်ကြည့်ပြီး acid တွေ့တာနဲ့
မျက်နှာ စားကုန်မှာကြောက်တယ်ဆိုတဲ့
အမတို့ အခု မကြောက်လဲ ရပြီနော် 🥹
အားလုံး ကျန်းမာ ပျော်ရွှင် ချမ်းမြေ့ပါစေ။
ချစ်တဲ့ မြမြ ❤️❤️❤️