Choice for u

Choice for u Ur needs are available here!

Mini donut လေးတွေ စိတ်ဝင်စားနေတယ်ကွယ်။
16/02/2025

Mini donut လေးတွေ စိတ်ဝင်စားနေတယ်ကွယ်။

I need happiness!
08/11/2024

I need happiness!

အပေါ်ယံတွေကို တကယ်မုန်းတယ်။========================ကောင်းစားစေချင်လို့ဆိုပြီးလူကြားထဲမှာအရှက်ခွဲခဲ့တဲ့လူတချို့ရယ်ခင်လို့...
27/10/2022

အပေါ်ယံတွေကို တကယ်မုန်းတယ်။
========================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်

မူရင်းရေးသူကို credit ပေးပါတယ်။
#နန်းနှောင်းယိန်း ပြန်လည်မျှဝေသည်။

တစ်ခါတစ်လေမှာလေ မြင်မြင်သမျှက ဒေါသထွက်ချင်စရာတွေချည်း ဖြစ်နေတတ်သဘိုတချို့ရက်တွေမှာကျဘယ်သူနဲ့မှ ဘယ်အကြောင်းကိုမှ စကားမပြေ...
05/10/2022

တစ်ခါတစ်လေမှာလေ
မြင်မြင်သမျှက
ဒေါသထွက်ချင်စရာတွေချည်း ဖြစ်နေတတ်သဘို

တချို့ရက်တွေမှာကျ
ဘယ်သူနဲ့မှ
ဘယ်အကြောင်းကိုမှ
စကားမပြောချင်လောက်အောင်
ပင်ပန်းနေတယ်ပဲ ဆိုပါတော့ ။

ဒါပေမယ့်
ဘာကြောင့်လဲဆိုပြီး
မေးခွန်းတွေ မေးရင်
သေသေချာချာ သိမနေတော့ဘူး
ဘာကြောင့်ဆိုတဲ့
အဖြေတွေလည်း ရှိမနေဘူး ။

ဘယ်ဒဏ်ရာက နာတာပါဆိုပြီး
ဒဏ်ရာတစ်ခုကို
လက်ညှိုးထိုးပြရင်
တခြားဒဏ်ရာကကော
မနာလို့လားဆိုပြီး မေးစရာတွေ
ဖြစ်လာမှာပေါ့

ရင်ဘတ်ထဲ စုပြုံလာတဲ့အခါ
တစ်ခါတစ်လေမှာ
ဘယ်ဒဏ်ရာက နာလို့နာမှန်း
မပြောတတ်တော့ဘူး ။

#ကျေးကို

I'm in depressed mood during these days!!! There's no one to ease my feelings and pain. Wanna run away from where i stay...
06/09/2022

I'm in depressed mood during these days!!!
There's no one to ease my feelings and pain.
Wanna run away from where i stay!
My tears are coming out automatically everytime i face with them!
What shall i do?????

😞😞😞

06/09/2022

credit!!!

လူတ်ိုင်း လူတိုင်းမှာလေ Depression ရှိတယ် ..... ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသူပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ စိတ်ဓါတ်ကျ တတ်ကြတယ်......

ဆိုပါတော့..... လူဟာ အသိုင်းအဝိုင်းဆိုတဲ့ စက်ဝိုင်းထဲမှာ နေတယ် ...... နေရင်း နေရင်း နဲ့ အပြိုင်အဆိုင် အတိုက်အခိုက်တွေ ကြောင့်, အချစ်ရေး ပြသနာ ကြောင့်, မျှော်လင့်ချက် ပျက်စီးသွားရလို့ , ချစ်တဲ့ အရာတွေ ဆုံးရှုံးသွားရလို့ စိတ်ဓါတ်က ကျတယ် ..... တခိ်ျု့လူတွေက စိတ်မာတယ် .... ကျလဲ ခဏပဲ.... တခ်ျု့က နဂိုထဲက စိတ်ပျော့တော့ စိတ်ဓါတ်ကျပြီးရင် တော်ရုံ နလန်မထူနိုင်ဘူး ....... အများစုက သာမာန် စိတ်ကြံ့ခိုင်မှုရှိတဲ့လူတွေပါ ..... ဒါပေမဲ့ ထပ်ခါ ထပ်ခါ ကျရှုံးစရာကြူံလာကြရတဲ့အခါ depression ဟာ စိတ်ထဲ အမြစ်တွယ်လာတော့တယ် ......

Depression ဝင်ပြီဆိုတာနဲ့ တပြိုင်နက် ခုနက ပြောခဲ့တဲ့ စက်ဝိုင်း အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်လာကြတော့တာပါပဲ ...... ခြေတလှမ်းချင်း ဆုတ်ရင်း ဆုတ်ရင်း နဲ့ စက်ဝိုင်းအပြင်ဘက်ရောက်မှန်းမသ် ရောက်နေကြသူတွေချည်းပဲ ...... ကျွန်မတို့ကိုယ်တ်ုင်ရော စက်ဝိုင်းထဲမှာ ဆိုတာ သေချာရဲ့လား ? မသေချာဘူးနော် .... ဝင်လိုက် ထွက်လိုက်ပဲ ......
ဒါပေမဲ့ This is just normal ပါ ...... ကျရှုံးတယ် စိတ်ဓါတ်ကျတယ်.... ပြီးရင် ပြန်တည်ဆောက်တယ် ... ပြန်ထတယ်...... Then its ok လေ ....... ဒါပေမဲ့ တချု့တွေကျတော့ စိတ်ထဲမှာ Deep depression ရှိနေတယ် .......

သူဟာ ဘာလုပ်လုပ် မပျော်ဘူး ...... ရူံးတက်တယ် ... အလုပ်လုပ်တယ် .... တာဝန် ဝတ္တရားကြောင့်ပဲ .... သူ့မှာပျော်ရွှင်မှု ခံစားချက်မရှိဘူး ......
ပြန်လာတယ် .... မိဘ မောင်နမ ချစ်သူ တို့နဲ့ တွေ့တယ် .... စကားပြောတယ် .... မုန့်စားတယ် ..... ဒါဟာလဲ ဝတ္တရားပဲ .... ပျော်ရွှင်မှု ဝမ်းသာမှု ဝမ်းနည်းမှု ဘာမှ မရှိဘူး ........ ဘာလို့လဲဆိုတော့ သူက သူ့ဘဝသူ ပျောက်ဆုံးနေတာလေ...... စိတ်ရဲ့ ဟ်ုးအောက်ခြေမှာ Deep depression ရနေတယ် .... ရလို့ ရနေမှန်း သူ့ကိုယ်သူတောင် သိချင်မှ သိမယ် ...... အဲလို လူမျိူးတွေ တယောက်မဟုတ် တယောက် ပတ်ဝန်းကျင်မှာ ရှိကိုရှိတယ် .... ကိုယ်တောင်ဖြစ်ချင် ဖြစ်နေမှာ ....

ကျွန်မတို့က ဒီဘဝမှာ လူဖြစ်လာကြပြီ ..... နောက်ဘဝဆိုတာ မသေချာဘူး.... လူဖြစ်ချင်မှ ဖြစ်မှာ .... ဖြစ်ရင်တောင် အခုလို ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ ကျန်းမာရေးကောင်းတဲ့လူ ဖြစ်ချင်မှ ဖြစ်မှာ ..... အဲဒီတော့ ဒီဘဝမှာ လုပ်ချင်တာကို လုပ်ခွင့်ရှိတဲ့ အချိန်မှာ လုပ်ရမယ် ..... Depression ရဲ့ သားကောင် ဖြစ်နေရင် နှမြောစရာကြီး.......

🖤ကိုယ့်ကိုယ်ကို ပြန်ရှာဖွေပါ ....... ကိုယ့်ပတ်ဝန်းကျင်ကို တချက် သတိပြုပါ ...... ကိုယ်လျှေက်နေတဲ့ လမ်းကို ပြန်ကြည့်ပါ ......
🖤လူတိုင်း စိတ်ဓါတ်ကျပါတယ် ..... ကျွန်မလဲ စိတ်ဓါတ်ကျတာပဲ .... သတ်မသေရဲလို့ မသေကြပေမဲ့ ပျော်လဲ မပျော် စိတ်လဲမကြည်သာတဲ့ ဘဝမှာ မနေပါနဲ့တော့ ......
🖤လူ့အသိုင်းအဝိုင်း စက်ဝိုင်းထဲကို ပြန်ဝင်ပါ ...... လူတွေကို ပြန်ထိတွေ့ပါ ...... လူတိုင်းဟာ ကိုယ့်အပေါ် မဆိုးကြပါဘူး ......
🖤လေလွင့်နေတဲ့ စိတ်ကို ဖိဖိစီးစီး စုစည်းပါ ..... ( ဘုရားစာရွတ်တာမျူ်း , တရားထိုင်တာမျိူး )
🖤စိတ်ကို ပိတ်လှောင် မထားပါနဲ့ ... ထွက်ပေါက်ပေးပါ ( ရုပ်ရှင်ကြည့် သီချင်းဆို သီချင်းနားထောင် ဂိမ်းဆော့)
🖤နာကျင်ခဲ့ရတာတွေကို မေ့ပစ်ပါ ....
🖤ပြီးတော့ ပတ်ဝန်းကျင် အသစ်ကို ထိတွေ့ပါ ( ခရီးမသွားနိုင်ရင်တောင် ပန်းခြံထဲ လမ်းလျှေက်တာဖြစ်ဖြစ် , ဘုရား သွားတာဖြစ်ဖြစ် ) ပေါ့....

ကျွန်မလေ အကြီးအကျယ် စိတ်ဓါတ်ကျဖူးတယ် .... သောက်လို့မူးလဲ မူးတဲ့ အချိန်ပဲ စိတ်ပျော်ရတာ .... ပြီးတော့ hangover ဖြစ်တာနဲ့ ဘာနဲ့ မကာမိဘူး ..... နောက်ဆုံး ဘာကြောင့်လွတ်မြောက်လာသလဲဆိုရင် ဘုရား သွားတာပဲ ...... ဘာဆုမှ မတောင်းပဲနဲ့ ငြိမ်ငြိမ်လေးထိုင်နေရင်း တခါတလေ တရားမှတ်ချင် မှတ်တယ် .... တခါတလေ ဒီတိုင်းထိုင်နေတယ် .... တရက်ပြီး တရက်ကြာလာတော့ စိတ်အေးချမ်းမှု ကိုရလာတယ် .... စိတ်က ပြန်ကြည်လင်လာတယ်... အချိန်တော့ ပေးရတယ် ....... ကျွန်မက ပြသနာကို ဘယ်သူနဲ့မှ မတိုင်ပင် တတ်သူဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်အဖြေရှာခဲ့တာ ......

ဘုရားဟောလဲရှိပါတယ် ..... စိတ်သာ အဓိက ပါ .....
ပျော်ရွှင်တဲ့ စိတ်ကပဲ ကိုယ့်ကို အနိုင်ယူပါစေ .....

credit to original writer!!!!

06/09/2022

ဒီရက်ပိုင်း local made body scrub တွေကို တအားသုံးချင်နေမိတာ😬။

Local brand -   sal suePrice - 7500 (estimate)Amount - 50 mlRating - 3 starsသူလေးကတော့ mdyက နာမည်ကြီး make up cele တယောက...
04/09/2022

Local brand - sal sue
Price - 7500 (estimate)
Amount - 50 ml
Rating - 3 stars

သူလေးကတော့ mdyက နာမည်ကြီး make up cele တယောက်ထုတ်ထားတဲ့ brand လေးပါ။ shampoo နဲ့ hair oil 2မျိုးထုတ်တာ။ shampoo တော့ မကြိုက်လို့ မပြောတော့ဘူး။ ဒီ treatment oil လေးကတော့ သုံးရတာ ကောင်းလို့ short review လေးပေးမယ်နော်။

ဘယ်လိုလူတွေ အဓိကသုံးသင့်လဲဆို ဆံသားအုံထူပီး အရမ်းဖွာတဲ့သူ၊ ကြမ်းတဲ့သူ၊ မွဲခြောက်ခြောက်ဖြစ်နေသူတွေပါ။ ကိုယ်ကတော့ ဘယ်အချိန်သုံးလဲဆို shampoo တခုခုမကောင်းလို့ ဆံပင်အရမ်းခြောက်ပီး ဖွာသွားတဲ့အခါမျိုး၊ ခေါင်းလျှော်ထားတာ တရက်ဘဲရှိသေးတယ် ဒါမဲ့ ထပ်လျှော်ချင်တယ် ဆံပင်အရမ်းခြောက်သွားမှာလည်းစိုးတယ်ဆိုတဲ့အခါမျိုးတွေမှာ သူ့ကိုသုံးတယ်။ ခေါင်းမလျှော်ခင် 15min အလို တခေါင်းလုံး လိမ်းပီးနှပ်ထား။ ပီးမှခေါင်းလျှော်ချ။ ဆံသားက အိအိလေးနဲ့ ဝပ်ဝပ်ကလေး ကပ်ကပ်ရပ်ရပ်လေး ဖြစ်သွားရော။

အဓိက သူ့ရဲ့အသက်ကတော့ အနံ့ပါဘဲ။👈👈👈 အဖုံးဖွင့်လို့ အနံရတာနဲ့ လိမ်းချင်တော့တာဘဲ။ ကော်ဖီနဲ့လုပ်ထားလို့ ကော်ဖီနံ့ လေးကိုသင်းနေတာဘဲ။ ကျန်တာကတော့ အုန်းဆီတို့ သံလွင်ဆီတို့ လိမ်းရသလိုပါဘဲ။ 50ml ဘဲပါလို့ အရမ်းကြီးတော့ အသုံးမခံလောက်ဘူး။ ကိုယ်က လိမ်းလိုက်မလိမ်းလိုက်ဆိုတော့ ကြာကြာခံနေတာ😁။ စျေးကလည်း 7500 ဆိုတော့ သုံးပျော်ပါတယ်။ ဒါမဲ့ HOP လောက်တော့ မတန်ဘူးပေါ့ သူက 100mlကို 7000ကျော်ဘဲ ပေးရတာဆိုတော့။😂 budget အရမ်းတွက်ဝယ်တတ်သောကိုယ်ပါ။😁😁

ခြုံပြောရရင်တော့ ကြိုက်ပါတယ် သုံးလို့ကောင်းတယ်။ local madeမို့ ပိုသဘောကျတယ်။ ကိုယ်စိတ်ကူးပေါက်ရင်ပေါက်သလို treatment oil 2မျိုးကို အလှည့်ကျသုံးတယ်။ ဘယ် saloon မှလည်းသွားပီး treatment မယူဖူးဘူး။ စျေးကြီးပေးရတဲ့ ပေါင်းဆေးတို့ ပျော့ဆေးတို့လည်း မသုံးဖြစ်တာကြာပီ။ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ result မတန်ဘူးထင်လို့။ ခုတော့ ဒါလေးတွေက အဆင်ပြေနေတယ်။ တခြား သုံးလို့ကောင်းမယ်ထင်တာလေးတွေလည်း တွေ့ထားသေးလို့ ဝယ်သုံးကြည့်ဖို့ plan ရှိသေးတယ်။😁 blogger တွေ သုံးကောင်းတယ်ဆိုပီး review ပေးတိုင်းလည်း မသုံးတဲ့သူ၊ အကြိုက်မတွေ့တဲ့သူမျိုးမို့ product မျိုးစုံသုံးနေတာမျိုးတော့ ကိုယ့်ဆီမှာ တွေ့ရမှာ မဟုတ်ပါဘူးနော်။🤗🤗🤗

admin - P

ဒါလေး မနေ့ကသုံးဖြစ်ပီး review ရေးချင်စိတ်ပေါက်လာလို့💁💁💁Local brand -   hair oilPrice - 7200Amount - 100 mlBenefit - prom...
02/09/2022

ဒါလေး မနေ့ကသုံးဖြစ်ပီး review ရေးချင်စိတ်ပေါက်လာလို့💁💁💁

Local brand - hair oil
Price - 7200
Amount - 100 ml
Benefit - promote hair growth, strong & shiny hair
Quality - very good
Rating - 4 stars for me

ဒီ local brand လေးက သိသင့်သ​ လောက် သိကြ​မေယ့် နာမည်ကြီးတဲ့ထဲ မပါဘူး။ ကိုယ်ကတော့ စျေးသက်သာတယ် ပါဝင်တဲ့amount ကလည်း များတယ်ဆိုပီး စမ်းသုံးဖို့ ဝယ်လိုက်တာ။ ဝယ်ထားတာ ကြာပီ။ အမြဲတော့စွဲမသုံးဖြစ်ဘူး။ စိတ်ကူးပေါက်မှ ထသုံးတဲ့ ပစ္စည်းလေး။

ပေးရတဲ့စျေးနဲ့ ရတဲ့ result တန်လားမေးရင် တန်တယ်။ ကိုယ့်အတွက်တော့ conditioner တွေကို စျေးကြီးပေး ဝယ်သုံးမယ့်အစား သူ့ကိုဘဲ လိုရင်လိုသလို သုံးဖြစ်တော့တယ်။ treatment hair oil အမျိုးအစားဖြစ်လို့ ဆံပင်သန်ချင်သူ၊ ဆံပင်အရမ်းကျွတ်သူ၊ အဖျားနှစ်ခွနဲ့ ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်တွေ အတွက် သင့်တော်တယ်လို့ သူက ပြောထားပါတယ်။ အဲ့ effect တွေကတော့ အမြဲစွဲသုံးပေးရင်တော့ သိသာတဲ့ result ကို ရမယ်ထင်တယ်။ ကိုယ့်အနေနဲ့ကတော့ တကြိမ်သုံးပီးတိုင်း ကိုယ်လိုချင်တဲ့ဆံသားအနေအထားလေး ရလို့ အမြဲကျေနပ်မိတယ်။

ကိုယ့်ဆံပင်က ခြောက်တယ် ဖွာတယ် shampoo မကိုက်ရင် ကြမ်းတယ်၊ သပ်သပ်ရပ်ရပ်မရှိဘဲ ဆံသားတွေက ထိုးထိုးထောင်ထောင် ဖြစ်နေတတ်တယ်။ hair coat တွေ ခွလိမ်းပြန်တော့လည်း ဆံသားတွေ ကပ်သွားပြန်ရော။ အုံမထူဘဲ ခြောက် ကြမ်း ဖွာတတ်တဲ့ အမျိုးအစားမို့ အတော်လေး ခေါင်းစားရတယ်။ ဘယ် conditioner သုံးသုံး ပျော့သွားရုံကလွဲလို့ ဖြစ်နေတဲ့ဆံသားအနေအထားကို ပြောင်းလဲမပေးနိုင်ဘူး။ ဒီ hair oil လေးကတော့ အဲ့ဒါတွေအကုန်လုံးကို တကြိမ်သုံးရုံနဲ့ ရှင်းပေးနိုင်လို့ အရမ်းသဘောကျတယ်။

ခေါင်းမလျှော်ခင် 15min ကြိုပီး ဆံသားကိုဦးစားပေးပီး လိမ်းထား ပီးရင်ခေါင်းလျှော်။ ဒါမှမဟုတ် တညလုံးလိမ်းပီးအိပ်လည်းရတယ်။ လိမ်းထားရင်တော့ အဆီဖြစ်တဲ့အတွက် အုန်းဆီလိမ်းသလိုဘဲ ခံစားရလိမ့်မယ်။ ခေါင်းလျှော်ပီးသွားရင်တော့ စေးကပ်တာလည်းမရှိ၊ အဆီတွေလည်းမကျန် ဆံသားဖွာလန်ကျဲတာလည်းမဖြစ် ခြောက်ပီးကြမ်းသွားတာမျိုးလည်း မရှိဘဲ နဂိုဆံသားကို ဝိတ်ရှိရှိလေးနဲ့ ပျော့ပျော့ အုံထူထူပုံစံမျိုးလေး ရတာ။ ကိုယ့်အကြိုက်ဘဲ။ ဘာconditioner မှ ထပ်မသုံးတော့ဘူး အလုပ်ရှုပ်လို့။ သူ့တမျိုးတည်းနဲ့ ဆံပင်က သပ်ရပ်သွားတာမျိုး။

7200တည်းနဲ့ လိုချင်တဲ့ effect ရလို့ local brand ပေမယ့် တကယ်သဘောကျမိတာ အမှန်ဘဲ။ အနံ့လေးကလည်း ယဥ်ယဥ်လေးဘဲ။ ဘာအနံ့မှ စွဲကျန်နေခဲ့တာမျိုး မရှိဘူး။ ဆံသားကို သပ်သပ်ရပ်ရပ်ဖြစ်ချင်တယ်၊ အချိန်လည်းမပေးနိုင်ဘူး၊ saloon တွေလည်း စျေးကြီးပေးမသွားချင်ဘူး၊ budget လည်း ချွေတာချင်တယ်ဆိုတဲ့ ကိုယ့်အတွက်ကတော့ must have လေးဘဲ။ သူသုံးပီးခေါင်းလျှော်တာနဲ့ မသုံးဘဲခေါင်းလျှော်တာ အတော်သိသိသာသာ ကွာတယ်။ ပျင်းတဲ့အခါတော့ မသုံးဖြစ်ဘူး။😁 ဆံပင် တော်တော်အခြေအနေဆိုးနေတယ်လို့ ခံစားရရင်တော့ ထသုံးလိုက်တယ်။ အိုကေမှာ စိုပြေသွားရော😂😂😂။

ဝယ်သုံးကြည့်ကြပါလို့။ စျေးပေါပေါနဲ့ ကောင်းတာလေးတွေ့ရင် ကိုယ်လည်း ကြိုက်သလို သူများကိုလည်း သုံးကြည့်စေချင်တာ ကိုယ့်စိတ်ရင်းအမှန်ပါလို့။ 😇😇😇

admin - P

31/08/2022

ခေတ်ပျက် ဆုတ်ကပ်ကြီးထဲမှာ အရာရာ အဆမတန်စျေးကြီးနေလေတော့ skincare ကအစ အဝတ်အစားအဆုံး ကောင်းနိုးရာရာ local brand local product လေးတွေဘဲ ဝယ်သုံးဖြစ်လာတယ်။ တချို့ local made လေးတွေက reasonable price အပြင် တကယ် quality ကောင်းတာလေးတွေ ရှိတော့ အတော်လေး သုံးပျော်ပါတယ်။ နိုင်ငံခြားဖြစ်မှ အထင်ကြီး သုံးကောင်းတယ်ထင်သူတွေအတွက်ကတော့ စိတ်ဝင်စားစရာ မရှိဘူးပေါ့လေ။🤥🤥🤥

Address

Mandalay
MANDALAY

Opening Hours

09:00 - 17:00

Telephone

+959763044286

Website

Alerts

Be the first to know and let us send you an email when Choice for u posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share