15/10/2020
# ကျွန်တော်နှင့် မစ္ဆရိယတရား(၅)မျိုး
နှလုံးသားကို မစ္ဆရိယ ဖုံးအုပ်ခံရတဲ့အခါ အမှန်တရားဟာ မှောင်ကျသွားတယ်။ပေးကမ်းမယ်။ဝေငှမယ်။မျှဝေခံစားမယ်ဆိုတဲ့ စိတ်ဓါတ်ကိုလည်း သော့ခတ်ခံရတယ်။ မစ္ဆရိယဟာ နှလုံးသားကိုသာမက တစ်လောကလုံးကိုပင် အမှောင်ဖုံးနိုင်တဲ့ စွမ်းအင်သတ္တိ အပြည့်ရှိပါတယ်။
သည်နေ့လို ကပ်ဘေးကြီးကြောင့် အိမ်ထဲမှာ စတေးဟုမ်း
နေရတဲ့ကာလမှာ ကျနော်တို့တစ်တွေ အထိန်းချုပ်ရဆုံးက
ကျနော်တို့ရဲ့ စိတ်တွေက်ုပဲလို့ ထင်မိပါတယ်။သွားချင်လာချင်စိတ် စားချင်သောက်ချင်စိတ် စတဲ့ စိတ်ဆန္ဒများကို ကျ
နော်တို့စိတ်ထဲမှာရှိသလောက် လုပ်ခွင့်မရကြတော့ဘူး။အ
တတ်နိုင်ဆုံး ထိန်းချုပ်ပြီး နေထိုင်နေရပါတယ်။
အပေါင်းအသင်းမိတ်ဆွေများနဲ့လည်း ယခင်ကလို လွတ်
လပ်ပွင့်လင်းစွာ တွေ့ဆုံခွင့်မရကြတော့ဘူး။ သို့သော် ပြင်ပ
လက်တွေ့ဘဝမှာ လူချင်းမတွေ့နိုင်သော်လည်း လူမူကွန်ယက်လို့ ခေါ်တဲ့ ဖေ့စဘွတ်မှာတော့ နေစဥ်တွေ့မြင်နေရပါတယ်။ သူငယ်ချင်း မိတ်ဆွေများရဲ့ နေ့စဥ်ဖြတ်သန်းမူ ဘဝ
တွေကိုလည်း မျက်ချေမပြတ်ခဲ့ပါ။
သည်အခါမှာ လူတစ်ယောက်ရဲ့ မျက်လုံးကို စိတ် ရဲ့ ပြတင်းပေါက်လို့ ပြောဆိုကြသလို လူမူကွန်ယက် ဖေ့စဘွတ်
ကြီးကိုတော့ လူ့စိတ် ရဲ့ တံခါးမကြီးလို့များ ခေါ်ဆိုရမလောက် မြင်သာလာပါတယ်။မြင်လာရပါတယ်။
နေ့စဥ် တွေ့ကြုံခံစားရတဲ့ ခံစားမူများကို မိမိတို့ ပိုင်ဆိုင်တဲ့ ဖေ့စဘွတ် ဝေါ်ပေါ်မှာ ရင်ဖွင့်ကြ ပေါက်ကွဲကြ ဖောက်ခွဲကြတာတွေကို တံခါးမကြီးကနေ တွေ့မြင်နေရသလို မြင်တွေ့နေရပါတယ်။ တချ်ု့က မိမိတို့ ခံစားမူများကို သာ
မာန်ပေါ့ပေါ့ပါးပါး ရင်ဖွင့်ကြသော်လည်း တချို့ကမူ မိမိတို့နဲ့
မသင့်မြတ်သူများကို ထေ့ငေါ့ စောင်းမြောင်းကာ ရေးသား
နေကြတာကိုလည်း တွေ့မြင်ရပါတယ်။
ကျနော်သည်လည်း တစ်ခါတရံမှာ ခံစားမိပါတယ်။ မိမိ
စိတ်ထဲမှာ ခံစားနေရတဲ့ အကြောင်းတစ်ခုခုနဲ့ တိုက်ဆိုင်မူရှိတဲ့ စတေးတပ် တစ်ခုကို ဖတ်မိရင်ဖြင့် ငါ့ကိုများ စောင်းရေး
လိုက်သလား။ သည်သို့ ခံစားတွေးမိပါတယ်။ တိုပ်တိုပ်ဆိုင်ဆိုင် ကိုယ်က မည်သူ့ကိုမျှမရည်ရွယ်ဘဲ ရင်ဖွင့်လိုက်တဲ့ စတေးတပ်တစ်ခုကို သိပ်မကြာခင်မှာ စောင်းမြောင်းရေးတင်
လာတဲ့ ပို့စ် တစ်ခုကို ဖတ်ရရင်လည်း ထို ရေးသူကို ဒေါသ
ထွက်မိပါတယ်။
ဒီ စိတ်တွေကို မစ္ဆရိယစိတ်တွေလို့ ထင်မိပါတယ်။
မစ္ဆရိယဆိုတာ ဝန်တိုခြင်းပါပဲ။ မစ္ဆရိယကို ဝန်တိုခြင်း
ပေါင်းထည့်ပြီး " ဝန်တို မစ္ဆရိယ " လို့ ပြောလေ့ရှိပါတယ်။
မစ္ဆရိယကို က္ကုသာနဲ့ တွဲစပ်ပြီး " က္ကုသာမစ္ဆရိယ" လို့လည်း
ပြော့လေ့ရှိပါတယ်။
"က္ကုသာနာ" ကို "ပရသမ္ပတ္တိ ပဒဌာနံ" လို့ စာပေမှာ ဖွင့်ဆိုပါတယ်။
သူများတွေရဲ့ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာမူ ၊ကျော်ကြားမူတွေကို အခြေခံပြီး ဖြစ်ပေါ်လာတတ်တဲ့ အကုသိုလ်တရားပါ။
"မစ္ဆရိယ" ကတော့ "အတ္တသမ္ပတ္တိ ပဒဌာနံ" ။
မိမိ ပိုင်ဆိုင်တဲ့ ကြွယ်ဝချမ်းသာမူတွေကို အကြောင်းပြုပြီး နှလုံးသားမှာ ဖြစ်ပေါ်လာတတ်တဲ့ အကုသိုလ်တရားပါ။
ဆိုလိုတာက "က္ကုသာ" ဟာ သူများရဲ့ ပြည့်စုံချမ်းသာမူကို
ကြည့်ပြီး မနာလိုတာ။ "မစ္ဆရိယ" ကတော့ ကိုယ့်ရဲ့ အောင်မြင်မူ ကို သူနစ်ပါးအား မျှဝေသုံးစွဲခြင်း မပြုချင်တာ။
ဘာပဲပြောပြော " က္ကုသာမစ္ဆရိယ " စိတ် ရှိသူဟာတိုင်းဟာ မျှဝေခံစားနိုင်တဲ့စိတ် မရှိသူတိုင်းမှာ ရှိနေတတ်ပါတယ်။
စာပေကျမ်းဂါမှာတော့ မစ္ဆရိယ တရား (၅)မျိုးတောင်
ဖော်ပြထားပါတယ်။
(၁) အာဝါသ မစ္ဆရိယ
စိတ်ဆိုတာက မိမိပိုင်ဆိုင်တဲ့ အိမ်၊ခြံမြေ၊တိုက်တာ အဆောက်အအုံတွေမှာ အများသူငှာကို နား
ခိုမူ မပေးချင်တာ။
(၂) ကုလ မစ္ဆရိယ
စိတ်ဆိုတာက အမျ်ုးအနွယ်နဲ့ ပတ်သက်ပြီး ဝန်တိုမူ။ ကိုယ့်မိသားစု၊ ကိုယ့် အသိုင်းအဝိုင်းမှ လွှဲလို့ တ
ခြားသူတွေကို လက်မခံချင်တာ။ နေရာမပေးချင်တာ။
(၃) လာဘ မစ္ဆရိယ
စိတ်ဆိုတာက လာတ်လာဘနဲ့ ပတ်သက်တဲ့ ဝန်တိုမူ။ မိမိလုပ်ငန်း၊ မိမိ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ၊
ချမ်းသာမူတွေကို မိမိသာလျှင် ဆုပ်ကိုင်ထားချင်တာ။
(၄) ဝဏ္ဏ မစ္ဆရိယ
စိတ်ဆိုတာက ရုပ်ရည်အဆင်း လှပမူနဲ့
ပတ်သက်တဲ့ ဝန်တိုမူ။ ငါ ရုပ်ချောသလို သူ့ကို မချောစေချင်
ဘူး။ ငါ အောင်မြင်သလို သူ့ကို မအောင်မြင်စေချင်ဘူး။
(၅) ဓမ္မ မစ္ဆရိယ
စိတ်ဆိုတာက မိမိ သိ့တဲ့ မြင်တဲ့ တရားကို
သူတစ်ပါး မမြင်အောင် မတတ်အောင် ပိတ်လှောင်တားဆီး
ခြင်း။
ယနေ့ လူမူကွန်ယက် ဖေ့စဘွတ်ကို ဖွင်ြကြည့်မိတဲ့ အခါတိုင်း သူ တစ်ပါးတင်ထားတဲ့ ပို့စ်တွေကို ကြည့်ပြီး ရင်ထဲမှာ တစ်ခုခု ခံစားသွားရရင်ဖြင့် ငါ့ နှလုံးသားဟာ ဒီ မစ္ဆရိယ တရား ငါးပါးထဲက တစ်ခုခုနဲ့များ သွားငြိနေမလား
ဆိုတဲ့ အတွေးကို ခု နောက်ပိုင်း တွေးမိလာပါတယ်။ မိတ်ဆွေများလည်း ထိုသို့ တွေးမိနိုင်ပါစေ....။
ဒီ ကဗျာလေးကိုလည်း ရွတ်ဆို ကြည့်စေချင်ပါတယ်...
# ဝန်တိုခြင်းက မစ္ဆရိယ ရင်မှ ထုပ်ပယ်ရှင်း
ပေးပါ။ ငှပါ။ ဖြန့်ဝေပါ။ အဲ့ဒါ ဝန်တိုကင်း
ဝန်တိုကင်းမှ ချမ်းသာရ ဘဝပြည့်စုံခြင်း
( Crd ; အတွေးအမြင် စာစောင်မှ ဆောင်းပါး တစ်ပုဒ်ကို
တဆင့် ခံစားမျှဝေပေးခြင်း ဖြစ်ပါတယ် )
[ Photo ; Nay( Blue sea ) ]