Skywalk Shopping Mall

Skywalk Shopping Mall Welcome To Skywalk Shopping Mall
(225)

 #ငှားရန်ရှိသည်၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ ရတနာပုံဈေး ပထမထပ်တွင် စတုရန်းပေ ၆သောင်းကျော် ကျယ်ဝန်းသော နေရာအား ငှားရန်ရှိပါ...
16/05/2022

#ငှားရန်ရှိသည်
၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ ရတနာပုံဈေး ပထမထပ်တွင် စတုရန်းပေ ၆သောင်းကျော် ကျယ်ဝန်းသော နေရာအား ငှားရန်ရှိပါသည်
မိမိစိတ်ကြိုက် ပြင်ဆင်လို့ရပြီး စိတ်တိုင်းကျ အခန်းဖွဲ့လို့ရပါသည်
ဆက်သွယ် စုံစမ်းရန်
၀၉-၄၃၀၆၀၈၀၉
၀၉-၄၄၄၀၃၇၂၂၀
၀၉-၉၇၅၂၁၃၀၉၇

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ Skywalk ပထမထပ်မှာဆောင်ရွက်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းများအတွက် မန္တလေးမြို့တော်ဝန် ဆရာဦးရဲလွင် ဦးဆ...
23/01/2020

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ Skywalk ပထမထပ်မှာဆောင်ရွက်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းများအတွက် မန္တလေးမြို့တော်ဝန် ဆရာဦးရဲလွင် ဦးဆောင်သောအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပါတယ်။

လောင်ကျွမ်းပြီး အမှိုက်များနဲ့ ပြာတွေကို အမြန်ရှင်းလင်းဖို့
ဖန်ကွဲ သံချောင်းတွေနဲ့ ရိုက်သံတွေ အလူမီနီယံချောင်းတွေ ရှင်းလင်းဖို့
ပစ္စည်းများမြေညီထပ်ကိုချတာ လွယ်ကူလျှင်မြန်စေဖို့
ပထမထပ်က အလင်းဝင်ရောက်မှုနည်းတဲ့အတွက် LED မီးလုံးတွေတပ်ဆင်ပြီး မီးစက်အသေးနဲ့ တစ်ထပ်လုံးလင်းအောင် အသေးစိတ်စီမံညွန်ကြားပေးခဲ့ပါတယ်။

၎င်းအပြင် Skywalk ဆိုင်ခန်းပိုင်ရှင်များနှင့်အတူ Management Team ကိုပါ စည်ပင်ရုံးမှာ ညနေ ၅နာရီမှာ တွေ့ဆုံ ညှိနှိုင်းခဲ့ပါတယ်။ မီးလောင်လို့ဆုံးရှုံးမှုရှိနေပေမယ့် ဆိုင်ရှင်တွေအနေနဲ့ စည်ပင်ရဲ့ ဆောင်ရွက်ပေးနေမှုတွေအပေါ် ကျေးဇူးတင် ဝမ်းသာကြောင်း နှင့် ယုံကြည်ကိုးစားပါကြောင်း ပြောဆိုတင်ပြခဲ့ကြပါတယ်။ ယခုလည်း Skywalk ၏ Facebook စာမျက်နှာကပါတစ်ဆင့် ထပ်ဆင့် ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။

Skywalk Shopping Mall မှလည်း မီဘေးအန္တရယ်ငြိမ်းသတ်နေစဉ်အတွင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ပုလဲငွေရောင်အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုဟိန်းထက်အောင် ဒဏ်ရာဝေဒနာများမှ အမြန်ဆုံးသက်သာပျောက်ကောင်း အောင် တတ်စွမ်းသမျှကူညီထောက်ပံ့ပေးလျှက်ရှိပါတယ်

မီးဘေးကြောင့်ဖြစ်ပေါ်ခဲ့တဲ့ လောင်ကျွမ်းပြီးပြာများ အမှိုက်များ နှင့် အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းပေးနေတဲ့ ပြည်သူ့ဝန်ထမ်းများအတွက်လည်း နေ့စဉ် နေ့လည်စာ ထမင်းဟင်း မုန့်ပဲသွားရေစာ နှင့် ရေသန့်အချိုရည်များ တတ်နိုင်သမျှထောက်ပံ့ကူညီပေးနေပါတယ်။

မထင်မှတ်ထားတဲ့ မီးဘေးအန္တရယ်ကြောင့် ပျက်စီးဆုံးရူံးမှုများကြားထဲမှ အမြန်ဆုံးသက်သာရာရအောင် ကူညီပံ့ပို့းပေးကြသူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🙏

Jan-21-2020 နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ ကိုဟိန်းထက်အောင် ၏ မေးရိုးကို အောင်မြင်စွာ ခွဲစိတ်ပီးစီးသွားပါတယ်လို့ သိရှိရပါတယ်။...
22/01/2020

Jan-21-2020 နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ ကိုဟိန်းထက်အောင် ၏ မေးရိုးကို အောင်မြင်စွာ ခွဲစိတ်ပီးစီးသွားပါတယ်လို့ သိရှိရပါတယ်။ ရှေ့ဆက် ခွဲစိတ်ကုသရမယ့် လုပ်ငန်းဆောင်တာ တွေ အများကြီးရှိနေသေးပေမယ့် ပထမဆုံး ခွဲစိတ်အောင်မြင်မှုအတွက် ကြည်နူးဝမ်းသာရပါတယ်။ ခံစားရတဲ့ ဝေဒနာများမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ

" ကိုဟိန်းထက်အောင် ၏ ခွဲစိတ်မှုအောင်မြင်ပါစေ" Skywalk Shopping Mall ၏ မီးဘေးငြိမ်းသတ်ရာမှာ စွမ်းစွမ်းတမံ ပါဝင်ကူညီရင်း ထ...
21/01/2020

" ကိုဟိန်းထက်အောင် ၏ ခွဲစိတ်မှုအောင်မြင်ပါစေ"

Skywalk Shopping Mall ၏ မီးဘေးငြိမ်းသတ်ရာမှာ စွမ်းစွမ်းတမံ ပါဝင်ကူညီရင်း ထိခိုင်ဒဏ်ရာ ရရှိခဲ့တဲ့ "ပုလဲငွေရောင် အရန်မီးသတ်တပ်ဖွဲ့မှ ကိုဟိန်းထက်အောင်" ယနေ့ ၂၁ ရက်နေ့မနက် ၉နာရီမှာ မေးရိုး နှင့် ဂုံညင်းရိုး အကြီးစားခွဲစိတ်မှု ပြုလုပ်မယ်လို့ သိရှိရပါတယ်။

ခွဲစိတ်မှုအောင်မြင်ပြီး ခံစားနေရတဲ့ဝေဒနာများမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Skywalk Shopping Mall မိသားစု

၁၇ - ၁ - ၂၀၂၀ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ( ၃၄ လမ်း၊ ၇၈ လမ်း) တွင်ဖွင့်လှစ်ထားသော Skywalk Sho...
20/01/2020

၁၇ - ၁ - ၂၀၂၀ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ( ၃၄ လမ်း၊ ၇၈ လမ်း) တွင်ဖွင့်လှစ်ထားသော Skywalk Shopping Mall အနေဖြင့် ၁၁နာရီခန့်ကြာ မီးဘေးသင့်ခဲ့ရပါသည်။

သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅၀)ဦး
အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀၀)ဦး
တပ်မတော်သား(၂၃၀)ဦး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၂၅၀)ဦး
ကြက်ခြေနီ(၁၀၀)ဦး
စည်ပင်ဝန်ထမ်း (၅၀)ဦး၊
ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းတို့နှင့် ပူပေါင်းငြှိမ်းသတ်ခဲ့ရာ (၁၈ - ၁ - ၂၀၂၀)ရက်နေ့၊ (၀၂ : ၀၂)အချိန် မီးထိန်းနိုင်ခဲ့ပြီး (၀၅:၀၃)အချိန် မီးငြိမ်းခဲ့ပါသည်။ 🙏

အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ပုလဲငွေရောင်အရန်မီးသတ်တပ်ဖွဲ့မှ ကိုဟိန်းထက်တို့ (ပြင်းထန်စွာ) ထိခိုက်ဒဏ်ရာရစွာ သိရှိရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ 😢

ယခုရရှိခဲ့သော ဒဏ်ရာများ နှင့် ခံစားရသော ဝေဒနာများမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရပါတယ်။ 🙏

Skywalk မိသားစု

Ref : Myanmar Fire Services Department

၁၇ - ၁ - ၂၀၂၀ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ( ၃၄ လမ်း၊ ၇၈ လမ်း) တွင်ဖွင့်လှစ်ထားသော Skywalk Sho...
20/01/2020

၁၇ - ၁ - ၂၀၂၀ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ( ၃၄ လမ်း၊ ၇၈ လမ်း) တွင်ဖွင့်လှစ်ထားသော Skywalk Shopping Mall အနေဖြင့် ၁၁နာရီခန့်ကြာ မီးဘေးသင့်ခဲ့ရပါသည်။

မီးဘေးစတင်ခဲ့ချိန်မှ စတင်ပြီး စာနာစွာဖြင့်
message, comment, ဖုန်းများဖြင့်ဆက်သွယ်ပြီး မေးမြန်းအားပေးခဲ့ကြသူ တစ်ဦးတစ်ယောက်စီတိုင်း

ဝိုင်းဝန်းစိုးရိမ်ပေးခဲ့ကြသူများ

မီးဘေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးခဲ့ကြသော အစိုးရ ၊ ပရဟိတ အဖွဲ့အစည်း အသင်းအဖွဲ့တစ်ဖွဲ့စီတိုင်း

ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းကို

နှလုံးသားမှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း Skywalk Shopping Mall လေးစားစွာဖြင့် မှတ်တမ်းအပ်ပါသည်။

07/01/2020

Address

78 Street, Between 33 & 34 Street, Yatanarpon Super Centerst Floor
Mandalay
1

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 21:00
Thursday 09:00 - 20:30
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959402692941

Website

Alerts

Be the first to know and let us send you an email when Skywalk Shopping Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Skywalk Shopping Mall:

Share